မွန်မွန့် အတွက် လှတစ်မျက်နှာ

ဇီဇီOctober 8, 20133min40334

ကဲဗျာ။
မွန်မွန်လေးက အသားအရေအတွက် ရော စားဖို့ရော တပြိုင်နက် လုပ်ချင်လို့တဲ့။

😀

အဲဒါ ဟိုရှာ ဒီရှာနဲ့ ရှာလိုက်တာ။
ကိုယ်တိုင်ရေးရင် မပြည့်စုံမှာစိုးလို့။
 
~~~~~~~~~~~~~~~~~~ 

 A) အသားအရေကို​လှပစေသော သစ်သီးများ

အသားအရေ လှပချောမွေ့ဖို့အတွက် အချို့သောသီးနှံများဟာ အထောက်အကူများစွာ ဖြစ်စေနိုင်ပါတယ်… သဘာဝအသီးအနှံတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အလှပြုပြင်ထိန်းသိမ်းရေး (skin care products) တွေလည်း မြောက်များစွာ ရှိတာကို တွေ့ရမှာပါနော်… ဒါကြောင့် မိမိအနီးအနားမှာ ရှိနေတတ်တဲ့ အသီးအနှံတွေဟာ မိမိရဲ့ အရေပြားကို သန့်စင်လှပ ဝင်းမွတ်ဖြူစင်ဖို့အတွက် ဈေးကြီးပေးစရာမလိုတဲ့ အလှပြုပြင်ရေးပစ္စည်းများ ဖြစ်နေပါတယ်.. ဒါကြောင့် ဘယ်လိုအသီးအနှံက ဘယ်လို အစွမ်းထက်တယ်ဆိုတာ ရှာဖွေ ဖတ်မိတာလေးကို ပျိုမေတို့ အကျိုးရှိစွာအသုံးချဖို့ ပြန်လည်ဝေမျှပါမယ်ရှင်။

သင်္ဘောသီး (Papaya)

သဘောင်္သီးတွင်ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝ ဆေးတစ်လက်ဖြစ်ပါတယ်.. အရေပြား လန်းဆန်းတောက်ပစေဖို့အတွက် ချေမွထားသော သင်္ဘောသီးနဲ့ ရှားစောင်းလက်ပတ် ၃ဇွန်းခန့်ကို အရေပြားပေါ်သို့ ၅မိနစ်ခန့် လိမ်းကျံပေးပြီး ရေနှင့်စင်အောင်ဆေးကြောရပါမယ်.. ၎င်းနည်းကို တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးပါက သန့်စင်တောက်ပသော အရေပြားကို ရရှိနိုင်ပါတယ်.. အရေပြားထိခိုက်လွယ်သူများ  ပထမဦးဆုံးအကြိမ် စလိမ်လိမ်းချင်းမှာ သတိထားပြီး လိမ်းသင့်ပါတယ်.. အခန့်မသင့်ပါက ၎င်းအရေပြားပိုင်ရှင်များတွင် အဖုအပိန့်စသော လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်..

 

ပန်းသီး (Apples)

ပန်းသီးဟာ အသားအရေးကို လန်းဆန်းစေနိုင်တဲ့အစွမ်း ရှိတာကြောင့် Toner နဲ့ Conditioner အဖြစ် အသုံးဝင်ပါတယ်.. အရေပြားကို ကုစားပေးနိုင်စွမ်းရှိတာကြောင့် အလှကုန်ပစ္စည်းများထဲတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ထည့်သွင်းဖော်စပ်ခဲ့ကြပါတယ်.. မိမိချိုးမည့်ရေထဲသို့ ပန်းသီးရည် တစ်ခွက်ခန့် ပေါင်းစပ်ကာ ရေချိုးပါက အသားအရေကို သန့်ရှင်းစင်ကြယ်စေပြီး အရေပြားကို နူးညံ့ ပျော့ပြောင်းစေနိုင်ကြောင်း သိရပါတယ်.. ထို့ပြင် ပန်းသီးအရည်ဟာ ဦးရေပြားတွင်ဖြစ်တတ်သော ဗောက်များကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်.. ခေါင်းလျှော်ပြီးနောက် ပန်းသီးရည်ကို ဦးရေပြားတွင် သုတ်လိမ်းပြီး ရေစင်အောင်ဆေးပါက ဗောက်များကို ကင်းစင်စေနိုင်စွမ်း ရှိပါတယ်.. မျက်နှာပြင်ပေါ်တွင်ဖြစ်တတ်သော ဝက်ခြံများကိုလည်း ပန်းသီးရည်က ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

 

ရှောက်သီး (Lemons)

အလှအပအတွက် မပါမဖြစ် အသီးအနှံတစ်မျိုး ဖြစ်ပါတယ်.. ရှောက်သီးဟာ အရေပြားနဲ့ ဆံပင်ကို လန်းဆန်းစေတယ်.. သန့်စင်စေနိုင်ပါတယ်..  ခြောက်သွေ့ကြမ်းတမ်းနေတဲ့ အရေပြားနဲ့ တံတောင်ဆစ်နဲ့ ခြေဖနောင့်က အသားမာတွေကိုလည်း ရှောက်သီး ဖြင့် ပွတ်တိုက်ပေးပါက အရေပြားများ နူးညံ့သန့်စင်စေလာနိုင်ပါတယ်.. ရေချိုးသောအခေါ ချိုးရေထဲသို့ ရှောက်ရည် အနည်းငယ်ရောစပ်၍ ချိုးပေးပါက တစ်နေ့တာလုံး လန်းဆန်း တက်ကြွစေနိုင်တယ်လို့ ဆိုပါတယ်.. ဦးရေပြားကိုလည်း သန့်စင်စေနိုင်စွမ်းရှိတာကြောင့် ခေါင်းလျှော်တိုင်း ရှောက်ရည်၊သံပုရာရည် လိမ်းကျံကာ နှိပ်နယ်ပြီးမှ ရေစင်အောင်ဆေးချလိုက်ပါက ဦးရေပြားသန့်စင်ကာ ဗောက်များ ကင်းစင်နိုင်စေပါတယ်.. အမာရွတ်များ ထင်ကျန်နေခဲ့ပါက ရှောက်သီး(သို့) သံပုရာသီးဖြင့် ပွတ်တိုက်ပေးပါက ထင်နေသော အမာရွတ်များ၊ အမဲစက်များကို လျှင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ကြောင်းလည်း သိရပါတယ်..

 

သခွားသီး ( Cucumber)

သခွားသီးသည်လည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝခြင်းကြောင့် အရေပြားကို သန့်စင်စေခြင်း သွေးလှည်ပတ်မှုအားကောင်းစေခြင်း၊ အသားအရေကို စိုစွတ်ချောမွေ့စေခြင်း၊ အရေပြားတွန့်ခြင်း၊ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကို သက်သာစေခြင်း စသည်တို့အတွက် အထူးကောင်းမွန်စေပါတယ်… အဆီပြန်တတ်သူများအတွက်လည်း ချွေးပေါက်များကိုကျဉ်းစေရန် အသုံးပြုနိုင်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သခွားသီးကို ပါးပါးလွှာ၍ မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ဖုံးအုပ်ထားပြီး ရေစင်အောင်ဆေးလိုက်ပါ.. ထိုသို့ ပုံမှန်ပြုလုပ်ပါက နူးညံ့တောက်ပနေသော မျက်နှာပြင်လေးကို စိတ်ကျေနပ်ဖွယ်တွေ့ရှိရမှာ ဖြစ်ပါတယ်.. သခွားသီးကို နွားနို့နှင့် ရောမွှေ၍ မျက်နှာပေါင်းတင်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပြီး မျက်နှာပြင်ကို နူးညံ့သန့်စင်စေပြီး ချွေးပေါက်များကိုလည်း ကျဉ်းစေနိုင်ပါတယ်..

 
မက်မွန်သီး (Peaches )

မက်မွန်သီးသည်လည်း အရေပြားအတွက် အလွန်ကောင်းမွန်သော အစွမ်းထက် သဘာဝပစ္စည်းဖြစ်ပါတယ်.. ခြောက်သွေ့သော အသားအရေပိုင်ရှင်များအတွက် မက်မွန်သီးနဲ့ ဒိန်ချဉ်တို့ကို ရောစပ်၍ မျက်နှာပေါ်တွင် ပေါင်းတင်ပေးနိုင်ပါတယ်.. မိနစ်၂ဝခန့်ထားပြီး ရေခပ်နွေးနွေးဖြင့် ဆေးကြောသန့်စင်ပြီးတဲ့အခါ ထူးထူးခြားခြား နူးညံ့စိုပြေလှပသော မျက်နှာအလှကို ပိုင်ဆိုင်နိုင်ကြောင်း သိရပါတယ်…. မက်မွန်သီးမှာ ဗီတာမင် အေနှင့် စီ ပါရှိခြင်းကြောင့် အရေပြားကို တောက်ပစေခြင်း၊ နူးညံ့ပျော့ပြောင်းစေခြင်း၊ အမဲစက်များကို လျော့ပါးစေခြင်း၊ ရေဓာတ်ကို ဖြည့်တင်းပေးခြင်း စသော အစွမ်းသတိ္တများကြောင့် အလှအပပစ္စည်းများတွင် တွယ်ကျယ်စွာ အသုံးပြုကြပါတယ်..

 

နာနတ်သီး (Pineapple)
 သင်္ဘောသီးကဲ့သို့ပင် နာနတ်သီးသည်လည်း အရေပြားကို နုညံ့ပျော့ပြောင်းစေကာ ခြောက်သွေ့ထိုင်းမှိုင်းသော အသားအရေများကိုပင် စိုပြေကာ နုပျိုသစ်လွင်လာစေနိုင်သော အစွမ်းသတ္တိများရှိကြောင်း သိရပါတယ်.. နာနတ်သီးအလွှာများကို ကြမ်းတမ်းသော အရေပြားနေရာများဖြစ်သည့် ဒူးခေါင်း၊ တံတောင်ဆစ်၊ ခြေဖနောင့် ၊ ခြေမျက်စိတို့တွင် ပွတ်တိုက်ပေးပါက အသားမာများကို နုညံ့ပျော့ပြောင်းလာစေနိုင်ပါသည်။ ရေချိုးသောအခါတွင်လည်း ခန္ဓာကိုယ်အား နာနတ်သီးလွှာဖြင့် ပွတ်တိုက်ပေးပါက နုညံ့သန့်စင်သော အရေပြားကို ရရှိစေနိုင်ပါတယ်…

 

သလဲသီး (Pomegranates)

အနီရောင်သလဲသီးမှာ အဆီပြန်တတ်သော အသားအရေအတွက် အထူးသင့်တော်ပါတယ်.. သလဲသီးမှာ အရေပြားအတွက် အကျိုးဖြစ်စေသော AHA  ပါဝင်သောကြောင့် ချွေးပေါက်များကို ကျဉ်းစေနိုင်ပြီး ဗီတာမင်စီလည်း ပေါများစွာ ပါဝင်သောကြောင့် သဘာဝ တိုနာအဖြစ် အသုံးပြုနိုင်ပါတယ်.. ကြိတ်ချေထားသော သလဲသီးစေ့များဖြင့် မျက်နှာပြင်ပေါ် ဖြေးညှင်းစွာ ပွတ်တိုက်ပေးပါက အဆီပိုများကို ဖယ်ရှားပစ်ပြီး မျက်နှာပြင်အရေပြားကို လန်းဆန်းလာစေနိုင်ပါတယ်.. သလဲသီးရည်ဖြင့် မျက်နှာပြင်ပေါ် ၁ဝမိနစ်ခန့် နှိပ်နယ်ပြီး ရေစင်အောင်ဆေးလိုက်ပါက တောက်ပကြည်လင်နေသော မျက်နှာပြင်ကို ပိုင်ဆိုင်စေနိုင်ပါတယ်..

 

ငှက်ပျောသီး (Bananas )

ငှက်ပျောသီးဟာ အရေပြားနာကျင်မှုကို သက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လက်လို အသုံးဝင်ပါတယ်… ငှက်ပျောသီးမှာ ပရိုတိန်းနဲ့ သဘာဝ အဆီဓာတ်များ ပေါများစွာ ပါဝင်သောကြောင့် မည်သည့်အရေပြား အမျိုးအစားနဲ့မဆို သင့်လျော်ပါတယ်.. ငှက်ပျောသီးကို လက်နှင့်ချေမွ၍ မျက်နှာပေါ်တွင် မိနစ် ၂ဝခန့် မျက်နှာပေါင်းတင်ထားပြီး ရေခပ်နွေးနွေးဖြင့် သန့်စင်ဆေးကြောကာ Moisturize လိမ်းပေးပါက အရေပြားကို နုညံ့သန့်စင်စေသလို ချေမွထားသော ငှက်ပျောသီးကို ပျားရည်တစ်ဇွန်းဖြင့် ရောစပ်၍ ဆံပင်အတွက် Conditioner  အဖြစ်အသုံးပြုပါက တောက်ပနူးညံ့သော ဆံပင်သားကို လှပစွာ ဖန်တီးနိုင်ပါတယ်..

 

ခရမ်းချဉ်သီး ( Tomato)

ခရမ်းချဉ်သီးသည်လည်း အရေပြားအတွက် အစွမ်းထက်သော အထောက်အကူပြု အသီးတစ်မျိုးဖြစ်ပါတယ်.. နေပူထဲ အချိန်ကြာကြာသွားလာ၍ နေလောင်ခြင်းဖြစ်ပါက ခရမ်းချဉ်သီးနှင့် သခွားသီးအရည်ကို ရောနှော၍ နေလောင်သော နေရာသို့ ၁ဝမိနစ်ခန့် လိမ်းပြီး ရေဖြင့် ဆေးကြောလိုက်ပါက နေလောင်ခြင်းမှ သိသိသာသာ သက်သာသွားစေနိုင်ပါတယ်.. ပျားရည်နှင့် ခရမ်းချဉ်သီးအရည် အရောအနှောကို မျက်နှာပေါ်တွင် ၁၅မိနစ်ခန့် ပေါင်းတင်ထားပြီး ရေဖြင့်ဆေးကြောလိုက်ချိန်တွင် မှန်ထဲတွင် သန့်ရှင်းတောက်ပြောင်၍ ဝင်းလက်နေသော မျက်နှာပြင်ကို ဖန်တီးနိုင်ပါတယ်.. ခရမ်းချဉ်သီးကို အရေပြားသန့်စင်လှပဖို့ ပုံမှန်အသုံးပြုပါက ထူးခြားထင်ရှားစွာ ဝင်းလဲ့တောက်ပသော အရေပြားအလှကို တွေ့ရမှာ ဖြစ်ပါတယ်..

အလှအပကို နှစ်သက်သူ မိန်းခလေး၊ ယောက်ျားလေးများအားလုံး အိမ်မှာရှိတဲ့ အသီးအနှံများဖြင့် လှပ လန်းဆန်းသော မျက်နှာအလှကို ဖန်တီးနိုင်ကြပါစေရှင်။

Ref:  Funzug.com and John Edward’s Natural skin care from your kitchen
Posted by popozaw

 ~~~~~~~~~~~~~~~~~~

B) သဘာဝ သီးနှံများနဲ့ အသားအရည် ထိန်းသိမ်းနည်းးး

 

ကျန်းမာရေးနဲညီညွတ်ပြီး အသားအရေ တွေနူံးညံ့ပျော့ပြောင်း လှပစေဖို့ သဘာဝရဲ့ပေးစွမ်းတဲ့ အသီးအရွက်များနဲ့ လွယ်လွယ်ကူကူ ငွေမကုန်ပဲအလှပြင်ကြစေချင်လို့  ဖတ်မိမှတ်မိသမျှ အသားအရေ အမျိုးမျိုးအတွက် နည်းမျိုးစုံစွာ ဆောင်ရွက်နိုင်ပုံတွေကိုသူငယ်ချင်းများအတွက်တင်ပြပေးလိုက်ပါတယ်။

အသားပတ်သူများအတွက်

ထောပတ်သီး

 ဆောင်းရာသီမှာ အသားအရမ်းပတ်တတ်တဲ့ ခြောက်သွေ့အသားအရေရှိသူတွေအတွက် ထောပတ်သီးနဲ့ မျက်နှာပေါင်းတင်တာ အကောင်းဆုံးပဲ။ လုပ်ရတာလည်း လွယ်တယ်နော်။ ထောပတ်သီးအသားကို ခက်ရင်းနဲ့ချေပြီး သံလွင်ဆီနည်းနည်း ရောမွှေလိုက်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အထိ ချေနော်။
 ပြီးတော့မျက်နှာအနှံလိမ်း..နာရီဝက်နေရင် ရေဆေးချလိုက်ရုံပါပဲ။မျက်နှာလေးက နူးညံချောမွေ့
သွားလိမ့်မယ်နော်။

ဂျူံမှုန့်

ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင်လုပ်ပေးမယ့် နည်းလေးပါပဲ။ ဂျုံမုန့်၊ ကြက်ဥအနှစ်နဲ့ ပျားရည်ကို ဆတူရောမွှေပါ။ မျက်နှာပေါ်မှာ မိနစ်၂ဝ ထားပြီး ရေနွေးလေးနဲ့ ဆေးချလိုက်တဲ့အခါ နူးညံ့ စိုပြေဝင်းပတဲ့မျက်နှာလေး ဖြစ်သွားလိမ့်မယ်နော်။

ငှက်ပျောသီး

ပေါင်းစပ်အသားအရေပိုင်ရှင်တွေ ဆောင်းရာသီမှာ မျက်နှာပေါင်းတင်ချင်ရင် ဌက်ပျော်သီးလေးကိုပဲ သတိရလိုက်ပါ။ ငှက်ပျောသီးလေးကို သေချာချေပြီး မျက်နှာအနှံလိမ်းပြီး နာရီဝက်နေရင် ရေဆေးချလိုက်..
အသားအရေကို နူးညံ့စေတဲ့ ချောမွေ့စေတဲ့ အာဟာရဓာတ်တွေဖြည့်ပေးတဲ့ ငှက်ပျောသီးလေးရဲ့ အံ့ဖွယ်စွမ်းပကားကို အရမ်းကျေးဇူးတင်သွားမှာနော်။ဒီနည်းလမ်းတွေကို တစ်ပတ်ကို ၁ – ၂ ကြိမ်သာလုပ်သွားလိုက်ဆောင်းရာသီမှာအသားခြောက်၊အသားပတ်တတ်တယ်ဆိုတာကိုပါ
 ပျောက်သွားပါလိမ့်မယ်….

 

ဝက်ခြံထွက်နေသူတွေအတွက်

ဖီကြမ်းငှက်ပျောသီးအခွံနဲ့ ပွတ်ပေးရင်ပါးပြီးပျောက်သွားပါလိမ့်မယ်တဲ့ …

 

ဆားဝက်ခြံရှိနေသူတွေအတွက်

– ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ ရှိတဲ့နေရာပေါ်မှာ ၁၅ -၂ဝ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့ ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို ချက်ချင်းမလိမ်းရဘူး။

– ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅ -၂ဝ မိနစ်ခန့်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ လူသုံးများပြီးအလွန်ထိရောက်မုှရှိပါတယ်။

– မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက် ရေနွေးလေးနဲ့ ဆေးချပါ။

– အမြှပ်ထအောင် ခေါက်ထားတဲ့ ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်ကတစ်ရှုးလေးကပ်လိုက်ပါ။နာရီဝက်ဒါမှမဟုတ် ခြောက်သွားတဲ့အခါ ဖြေးဖြေးလေးဆွဲခွာပြီး
 ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် Ok ပြီ။

 

အဆီပြန်သူတွေအတွက်

(၁) နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာကိုရောပြီးရင် မျက်နှာအနှံ့လိမ်းပြီး ၁ဝ မိနစ် ထားထားနော်။ ပြီးတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ သူငယ်ချင်းရဲ့မျက်နှာလေးဟာ သန့်စင်ပြီး ဝင်းပလာပါလိမ့်မယ်။

(၂) ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကို ရောမွှေလိုက်နော်။ သေသေချာချာကြေညက်သွားရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ပါးပါးလေး သုတ်လိမ်းပြီး ၁၅ မိနစ် လောက်ထားလိုက်ပါ။
 ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်စေပါတယ်။

(၃) ခရမ်းချဉ်သီး (အလတ်စား) တစ်လုံးကို အရည်ထွက်လာအောင် ကြိတ်ပါ။ ပြီးရင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာလိမ်း၊ ၁ဝ မိနစ်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့အပြင် ဝက်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။

(၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်ရီသီး ၄ – ၆ လုံးကို ခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်။ ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ရောပြီး မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂ဝ ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွာ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ် ပြည့်ရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။
 ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ။

 နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို အခွံခွာပြီး ရေနွေးထဲမှာ ခဏစိမ်လိုက်နော်။ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဂျုံမှုန့် ၂ ဇွန်းရယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ။ပြီးတော့မျက်နှာပေါ်မှာ၁ဝမိနစ်ထားပြီး ရေဆေးချလိုက်ပါ။
 ချွေးပေါက်တွေကျယ်ပြီး ဝက်ခြံလည်းရှိတဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။

(၆) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိ ထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁ဝ မိနစ်လိမ်းထားပြီး မျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်စေပြီး ဝက်ခြံတွေလည်း သက်သာစေပါတယ်။

သဘာဝ အသီးအနှံ တွေ အသုံးဝင်ပုံတွေအကြောင်း သိရှိသလောက် တင်ပြပေးပါဦးမယ်။သူငယ်ချင်းတို့တွေကလည်းပိုပိုမသိသေးတဲ့အကြောင်းလေးတွေထူးခြားတာလေးတွေ
သိရင်လဲပိုပိုရဲ့ mail ကိုစာရေးလို့ပို့ပေးကြပါဦးနော်။ပိုပိုရဲ့mail လိပ်စာကတော့ popozaw@yahoo.com ဖြစ်ပါတယ်။သူငယ်ချင်းများရဲ့ကောင်းမူ့ဆိုးမူ့ဝေဖန်မူ့အကြံညံပေးတဲ့mailတွေကို
လည်းမျှော်နေမယ်။အားလုံးလှပပျော်ရွှင်ကြပါစေလို့ ………

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

C) အသားအရည်ကောင်းစေဖို့ လွယ်ကူ နည်းလမ်းးးးများ

 

အသားအရည် လှပ ခြင်းက ရုပ်ရည် ချောမော လှပ ခြင်းထက် အများကြီး အများ ကြီး ပိုအရေး ပါပါတယ်နော်…

ရုပ်ချော ဖို့ဆိုတာ.. တချို့က ဘုရား ပေးတဲ့ ဆုရယ် လို့တောင် ပြောနေကြတော့… ကံတရား ပေါ် ဘယ်လောက်တောင် မူတည်တယ် ဆိုတာ… သိသာလွန်းတယ်..။

ဒါမဲ့ ခုများတော့လဲ ဆေးပညာ တွေ တိုးတက်မှု ကြောင့် ခွဲစိတ်ပြုပြင်ရင်း.. လိုတိုး ပို လျော့ လုပ်နိုင်လို့ လှပတဲ့ ရုပ်အဆင်းကို ပြုပြင် ယူနိုင်ကြပါပြီ။
သို့ပေမဲ့လဲ..

ဆေးပညာ ဘယ်လောက် ကောင်းကောင်း… ရေရှည် ကျန်းမာ ရေးနဲ့ သင့်တော်ပြီး.. ပိုက်စံအကုန်အကျလည်း လဲ နည်းတဲ့.. ဘေးအန္ထရယ်လည်း ကင်းတဲ့ သဘာသ အတိုင်း အသားအရည် ထိန်းသိမ်း နည်းလောက်တော့ …. ဘယ် စိတ်ချ ရပါ့မလဲနော့… ဟုတ်ဖူးလား… ။

အသား ဖြူတာ မဲတာ ညိုတာ ကို မေ့ထားလိုက် ။

နှာ တံပေါ် လား မပေါ်လား ခေါက်ထားလိုက်…. မျက်နပေါက် ဆိုးလား ချော လား ဝဲပလိုက်။

အဓိက က အသားအရည်လေး.. သန့် ရှင်း တင်းရင်း နေဖို့။

ဝင်းပနေ ဖို့။ ကျန်းမာ တဲ့ အသားအရည် ကို ပိုင်ဆိုင်နိုင်ဖို့ ပဲ.လေ..။

 

၁။ ဆန်ဆေးရည် နှင့် မျက်နှာသစ်ပါ။

ဆန် မှာ ပါတဲ့ ပရိုတင်း ဓါတ်က မျက်နှာကို အားဖြည့် ပေးတဲ့ နေရာမှာ တခြား ဆေးဝါးတွေထက် အဆ များစွာ ပို ထိရောက်နေလို့ပါ။ နေ့စဉ် မဆေး နိုင်ရင်တောင် တပတ်ကို ၂ ရက် ပုံမှန် ဆေးပေးယုံနဲပ လဲ ထိရောက် တဲ့ အစွမ်းကို တွေ့နိုင်ပါတယ်။ ဆန်ဆေးရည်က မျက်နှာကို နုပျိုစေတယ်။ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော် ခြင်းကို ကာကွယ်တယ်။ အရေးအကြောင်းတွေ ပျောက်ပြီး တင်းရင်းစေတယ်။

 

၂။ သခွား သီးနဲ့ မျက်နှာပေါင်းတင်ပါ။

တပတ်ကို ၂ ခါ လုပ် နိုင်ပါတယ်…။ သခွား စိတ်လေးတွေကို အအေးခံ ( ရေခဲသေတ္တာ ထဲ ၂ မိနစ်လောက် ထည့်)

ပြီးရင် မျက်နှာကို ဆပ်ပြာနဲ့ သန့်စင်အောင် ဆေးပြီး…

မျက်နှာ ရဲ့ ပါးပြင်၂ဖက်၊ နဖူး၊ မေးစေ့ နဲ့ မျက်စိ ၂ဖက်တို့ မှာ တင်ပြီး ၂ဝ မိနစ်လောက်.. လဲလျောင်းနေလိုက်ပါ…။

သခွားသီးက အသားအရည်ကို တင်းရင်းစေတယ်။ မျက်စိကို အပူထွက်စေတယ်။ မိနစ် ၂ဝလောက်အတွင်းမှာ.. စိတ်ကို ရှင်း နေအောင်ထားပြီး…. အသက်ရှု လေ့ကျင့်ခန်း (ဝင်သက်ထွက်သက်ရှု သလို ) ကို လုပ်ပေးရင်း.. အသားအရည် အတွက် ပို အကျိုးဖြစ်သလို.. စိတ်ကို အနားပေးရာလဲ ရောက်ပါတယ်..။

 

၃။ ချွေးထွက်ပါစေ….

ချွေးထွက်များ ခြင်းက ခန္ဒာကိုယ်မှာ ရှိတဲ့ အပူအပုတ်တွေကို သန့်စင်ပေးပါတယ်..။ ခန္ဒာကိုယ်ပူ လာတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ ကယ်လိုရီ တွေကို ကျွမ်းလောင်စေတဲ့ အတွက်… ဝိတ်လျော့ ချင်တဲ့ မမ များ အတွက်လည်း.. တစ်ချက်ခုတ် နှစ်ချက်ပျက် အသုံးဝင်ပါတယ်။

“အားကစား” လို့ ပြောလိုက်ရင်.. လူတော်တော်များများ စိတ်ထဲမှာ လေးသလိုလို ပင် သလိုလို ဖြစ်သွားလေ့ ရှိတတ်ပါတယ်..။ ဒါဟာ အလုပ်ကြီး တခုပဲ လို့ ထင်ချင် ထင်နိုင်ပါတယ်…။ အားကစား လုပ်တဲ့ ရုံတွေ သွားစရာ မလိုပဲ… အားကစား ရယ်လို့ တကူးတက မဟုတ်ပဲ.. နေ့စဉ် လုပ်နေကျ အလုပ်တွေထဲက… နေ ချွေးထွက်များ အောင် လေ့ကျင့်ရအောင်.။
a) လမ်းကို မြန်မြန် လျှောက်ပါ။

လှလှ ပြင်ပြီး ကျော့ကျော့ သွားရမဲ့ ခရီး မဟုတ်ရင်.. လမ်းကို မြန်မြန်လျှောက်ပါ။ ( ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ဖူးပေါ့၊ ဒါပေမဲ့ ခြေတလှမ်း ကုဋေ တစ်သန်းတန်မလို တော့ မလျှောက်ပါနဲ့။) လမ်းလျှောက်နေတဲ့ အချိန် သွေးလည်ပတ်မှု မြန်ဆန်ပြီး ခန္ဒာကိုယ်ရဲ့ အစိတ်အပိုင်း အားလုံးစီကို သွေးစီးဆင်းမှု မှန်ကန် စေပါတယ်..။

b) အိ်မ်က ၂ထပ် အိ် မ် မို့လို့ လှေကားတွေ ဘာတွေ ရှိရင်.. တနေ့ကို (လှေကား အဆင့်ပေါ်မူတည်ပြီး) အနည်းဆုံး ၆ ခေါက် လောက် အတက်အဆင်း လုပ်ပေးပါ။

လှေကားကို တက်တဲ့ ဆင်းတဲ့ အခါ ခြေထောက်ကို ကွေးညွတ် ထားရတယ် ပြီး ပြန် ဆန့်ထုတ်ရတယ်။ (စက်ဘီးစီးသလို) အဲ့ဒိအတွက် ကြွက်သားကို တင်းရင်းစေတယ် ( ခြေသလုံးကြီးလာခြင်း မဟုတ်ပါ။)

c ) joking ခုန်ပါ။ ပြေးသလိုမျိုး နေရာမရွေ့ပဲ.. တနေရာထဲမှာပဲ ခြေထောက်ကို အသုံးပြုပြီး ခုန်ပေးပါ။ ( စုံ ခုန်တာ မဟုတ်ဖူးနော်..ပြေးနေသလို)
d) စက်ဘီးကို ပုံမှန် စီးပေးပါ။

 

 

၄။ အိပ်ရေး ဝဝ အိပ်ပါ။

အိပ်ရေး မဝရင် မျက်နှာ အသားအရည်က ညစ်ပတ်နေတတ်တယ်။
အချိန်မှန် အိပ် အချိန်မှန် ထ ပါ။

 

 

၅။ ဘဲဥ၊ ကြက်ဥနဲ့ ပေါင်းတင်ပါ။
ဒါကတော့ ပေါင်းတင်နည်းတွေမှာ အလွယ် ဆုံး နဲ့ ထိရောက်တဲ့ နည်းပါပဲ။
အကာ နဲ့ အနှစ်ကို ခွဲ ထည့်ပါ။
မျက်နှာကို စင်အောင် ဆပ်ပြာနဲ့သစ်ပါ။
ပထမ တစ်ကြိမ် အကာကို အသုံးပြုပါ။
အကာကို ခရင်းနဲ့ အမြှုပ် ထွက်လာသည် အထိ ခေါက် ပေးပါ။
သန့်စင်သည့် မျက်နှာပေါ်တွင် ( မျက်နုံးတဝိုက် ဖယ် ရှားပြီး ) သုတ်လိမ်းလိုက်ပါ။
ခြောက်ပြီး တင်းလာသည် အထိစောင့်ပါ။ ( အနေတော် လေး တင်းတယ်ဆို လုံလောက်ပါပြီ )
ပြီးလျှှင်.. ရေးအေးနှင့် ဆေး လိုက်ပါ။
ဒုတိယ အကြိမ် အနှစ်ကို အသုံးပြုပါ။
လက်သည်းခွံေလောက် ပမာဏ အနှစ်ကို ယူလိုက်ပါ။
မျက်လုံး တဝိုက် ဖယ်ပြီး မျက်နှာကို သုတ်လိမ်းလိုက်ပါ။
ခြောက်သညိ အထိထားပြီး မှ ရေဆေး လိုက်ပါ။
တပတ်ကို တစ်ကြိမ် ထက် ပို မလုပ်သင့်ပါ။
ပေါင်းတင်နေသည့် အချိန်တွင် ရယ် ခြင်း ပြုံးခြင်း မလုပ်ရပါ။ ( အရေးအကြောင်း ပေါ်တတ်သည်.)
၆။ ရေကို တနေ့ အနည်းဆုံး တစ်လီတာ သောက်ပါ။ ၂လီတာ သာမန်ပါ။

ရေထက်ကောင်းတဲ့ ဆေးကတော့ မရှိ။

 

၇။ ရောင်စုံ အသီးအရွက် များများ စားပါ။

မုန်လာဥ နီက မျက်လုံးအားတောင် ကောင်းတယ်နော်။
ကဲ.. ဒါတွေကတော့.. လုပ်ဖို့ လည်း ခက်ခဲမယ် မထင်ပါဘူး….။ တကယ်လည်း ထိရောက်တဲ့ နည်းကောင်းလေးတွေ မို့လို့.. မိန်းခလေးတိုင်း.. လုပ် နိုင်ကြမယ်ထင်ပါတယ်။။

အားလုံးပဲ အဆင်းရော အချင်းပါ လှနိုင်ပါစေ။

http://weekeebimber.blogspot.sg/2010/11/blog-post.html

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

D) ပေါင်းတင်ခြင်း (၁)

 

ဆောင်းတွင်း (သို့) အေးတဲ့နေရာတွေမှာနေရလို့ ကိုယ့်မျက်နှာလေးက ခြောက်သွေ့လာလို့ပဲဖြစ်ဖြစ် ….

နွေပူပူမှာ မျက်နှာအဆီပြန်လာလို့ပဲဖြစ်ဖြစ်….

ဝက်ခြံ မဲ့ခြောက် မပေါက်အောင် ကာကွယ်ချင်လို့ပဲဖြစ်ဖြစ်…

ကိုယ့်မျက်နှာလေးကို တစ်ပတ်တစ်ခါ သို့ တစ်လတစ်ခါ ဂရုစိုက်ပေါင်းတင်ချင်ကြမယ့် ပျိုပျိုမေတွေအတွက် ရော ကိုကို တို့ အတွက်ပါ အသုံးဝင်တဲ့ ပိုက်ဆံလည်းမကုန် ကိုယ့်မီးဖိုချောင်က ရှိပြီးသား ပစ္စည်းလေးတွေနဲ့ အလွယ်တကူ ပေါင်းတင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

၁)  အဆီပြန်ခြင်းကို ကာကွယ်သည့် ကြက်ဥ အကာ ဖြင့် မျက်နှာပေါင်းတင်နည်း

ကြက်ဥ အကာကို အနှစ်နဲ့ မရော အောင် သပ်သပ်ခွဲထုတ်ပြီး မျက်နှာပေါ် ကိုသုတ်လိမ်းပေးပါ။ မျက်စိထဲမဝင်မိပါစေနဲ့။နာရီဝက်ကြာ ထားပြီး တင်းနေတဲ့ မျက်နှာကို ရေနှင့်စင်အောင် ပြန်ဆေးပါ။
ကြက်ဥ အနံ့ပျောက်အောင် ကြိုက်နှစ်သက်ရာ မျက်နှာသစ်ဆေးရည် နဲ့ တစ်ထပ်ပြန်ဆေးနိုင်ပါတယ်။
ဒီ မျက်နှာပေါင်းတင်နည်း ဟာ အဆီပြန်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကိုယ့်အသားအရေက နွေမှာ အဆီပြန်တတ်တယ်ဆိုရင်လည်း နွေမှာ ဒီ နည်းလေးနဲ့ အများဆုံး တစ်ပတ်တစ်ခါ ပေါင်းတင်လို့ရပါတယ်။

ခြောက်သွေ့တဲ့ အသားအရေတွေအတွက် တော့ ဒီနည်းဟာ မသင့်တော်ပါဘူး ။ ပိုပြီး ခြောက်သွေ့လာနိုင်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေအတွက် ပေါင်းတင်နည်းကို ဆက်လက်ဖော်ပြသွားပါမယ်။

 

၂)   အသားအရေ ခြောက်ခြင်းကို ကာကွယ်သည့် ခရမ်းချဉ်သီး နှင့်သကြား ဖြင့် မျက်နှာ ပေါင်းတင်နည်း

ခရမ်းချဉ်သီးအမည့်ကို ကန့်လန့်ဖြတ် ပုံစံ အကွင်းပြားလေး မထူမပါး လှီးဖြတ်ပါ။
သကြားကို ပန်းကန်အပြန့်ပေါ် လက်ဖက်ရည်စွန်းတစ်စွန်း ခပ်ထည့်ပါ။
ခရမ်းချဉ်သီးအပြား ကို သကြားနှင့်လူးပြီး မျက်နှာပေါ် အနှံ့ ခရမ်းချဉ်သီးအရည် အကုန်ကြေသည်အထိ သုတ်လိမ်းပါ။
သုတ်လိမ်းပြီးပါက ၁ဝ မိနစ်ခန့် ထားပြီး ဆေးကြောသန့်စင်နိုင်ပါပြီ။
ဒီမျက်နှာပေါင်းတင်နည်း ဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးသင့်လျော်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့နည်းဖြစ်ပါတယ်။ ဆောင်းတွင်းဘက် ကိုယ့်အသားအရေ ခြောက်လာတယ်လို့ ခံစားရရင်လည်း ဒီနည်းလေးနဲ့ အများဆုံး သုံးရက်တစ်ခါ ပေါင်းတင်နိုင်ပါတယ်။

ဆက်လက်ပြီး မည်သည့်အသားအရေမဆို သုံးလို့ရတဲ့ တိုနာ အစားထိုး မျက်နှာဆေးနည်း တစ်ခုဝေမျှချင်ပါသေးတယ်။

၃)    ချွေးပေါက်ကျဉ်းစေတဲ့ ရေနွေးကြမ်း (သို့ )လက်ဖက်ရည်ကြမ်းရေခဲ နှင့် မျက်နှာပေါင်းတင်နည်း

လက်ဖက်ခြောက် အထုပ် ဖြစ်ဖြစ် အမှုန့်ဖြင့်ဖြင့် တစ်ခွက်ကို ရေနွေးဖြင့်ဖျော်ပြီး လက်ဖက် အရောင်ကျပြီး နောက်တဲ့ အထိထားပါ
လက်ဖက်ခြောက်ရည်ထဲကို ဗီတာမင် E အဆီလေးပါ ထည့်မွှေပေးပါ (ဒီအဆင့်က မထည့်လည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းပါတယ်။)
အရောင်ကျနေတဲ့ လက်ဖက်ရည်ကြမ်းကို မွှေပြီး ရေခဲတုံးပြုလုပ်တဲ့ ခွက်အကန့်လေးထဲသို့ လောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ပြီး နောက်တစ်နေ့ ရေခဲတုံးဖြစ်တဲ့ အထိစောင့်ပါ။
နောက်တစ်နေ့ ရေခဲသေတ္တာထဲကနေ လက်ဖက်ခြောက် ရေခဲတုံးလေးတွေကို တစ်နေ့တစ်တုံး ထုတ်ပြီး မျက်နှာသစ်ဆပ်ပြာဖြင့် ဆေးကြောသန့်စင်ပြီး တဲ့ မျက်နှာပေါ်မှာ နေရာအနှံ့ကို ပွတ်တိုက်နိုင်ပါပြီ။
ဒီနည်းဟာ မျက်နှာပေါ်က ချွေးပေါက်တွေကိုကျဉ်းစေနိုင်တဲ့ Toner အစားထိုး သဘာဝနည်းလေးဖြစ်တဲ့ အပြင် နေ့စဉ် သုံးခြင်းဖြင့် မျက်နှာကို ပိုမို လင်းလက် တောက်ပ လာစေတာကို သတိထားမိမှာပါ။ မည့်သည့် အသားအရေအမျိုးအစားနှင့်မဆိုလည်း သင့်တော်တဲ့ နည်းလေးဖြစ်ပါတယ်။

ကိုယ့်အသားအရေ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ နည်းနဲ့ ဝက်ခြံ မဲ့ခြောက်ရန်က ကင်းအောင် ကိုယ့်မျက်နှာလေးကို အိမ်မှာ ဂရုစိုက်ပေါင်းတင်နိုင်ကြပါစေ။

http://shwebeauty.com/?p=505

~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

E) ပေါင်းတင်ခြင်း (၂)

 

မျက်နှာပေါင်းတင်ခြင်းဆိုသည်မှာ သင်၏ အသားအရေ ကောင်းမွန်စေရန်အတွက်သာ မဟုတ်ပဲ သင်၏ စိတ်ချမ်းမြေ့ စေရန် အနားပေးသော အချိန်လည်း ဖြစ်ပါသည်။ အောက်ပါ ညွှန်ကြားချက်များဖြင့် သင်၏ အသားအရေ ချောမွတ် စေရန် သင့်အိမ်တွင် ရှိပြီးသား အလွယ်တကူ ရရှိနိုင်သော ပစ္စည်းများကို အသုံးပြု၍ မျက်နှာပေါင်းတင်နိုင်ပါသည်။

အဆင့်(၁)
အကောင်းဆုံး အကျိုးကျေးဇူးများ ရရှိစေရန်အတွက် သင်၏ မျက်နှာကို သန် ့စင်စေပြီး အစိုဓာတ် ရှိအောင် ပြုလုပ် ထားပါ။ အစိုဓာတ်ခံလိမ်းဆေးကို လိမ်းပေးခြင်းဖြင့် သင်၏ မျက်နှာ အသားအရေကို ချောမွတ်၍ ကျန်းမာစေပါသည်။ ထိုသို ့ ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံနှင့် ကြမ်းတမ်းသော အရေပြား ဖြစ်နိုင်မှု အခွင့်အလမ်းများကို လျှော့ချ ပေးပါသည်။

အဆင့်(၂)
လတ်လတ်ဆတ်ဆတ် ငှက်ပျောသီးတစ်ဝက်ကို ခက်ရင်းဖြင့် ချေပြီး ဒိန်ချဉ် လက်ဘက် ရည်ဇွန်း ၂ဇွန်း ထည့်ကာ သမအောင် ရောမွှေပါ။ ၎င်းတို ့ကို သေချာနှံ ့စပ်စွာ မွှေပြီးမှသာ ပျားရည် လက်ဖက်ရည် ဇွန်း ၁ဇွန်း ထပ်ရောပြီး သမအောင် မွှေပါ။

အဆင့်(၃)
သမစွာ ရောမွှေထားသော ၎င်းအနှစ်များကို မျက်နှာပေါ်တွင် ညီညာစွာ သုတ်လိမ်းပြီး ၁၅ မိနစ်၊ မိနစ် ၂ဝ ခန် ့ထားပါ။ ပြီးလျှင် ရေအေးဖြင့် ဆေးကြောပါ။ နူးညံ့ပြီး သန် ့ရှင်းသော အဝတ်စဖြင့် မျက်နှာပေါ်တွင် တင်ကျန်ရစ်ခဲ့သည်များကို ဖယ်ရှားပေးပါ။ အေး၍ သန် ့စင် သောလေဖြင့် ထပ်မံ ဆေးကြောပေးပါ။

Credit to- Original Uploader

~~~~~~~~~~~~~~~~~~~~~~~~~~~~~

F) ဝက်ခြံကင်းသော အသားအရေဖြစ်ဖို့

 

ဝက်ခြံပေါက်နေရင် အရေပြားကို မသက်မသာ ဖြစ်စေပြီး လူမှုဘဝကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေ ကင်းစင်ပြီး အသားအရေ ချောမွေ့လှပနေအောင် အောက်ပါ နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။

ရေဓာတ် ပြည့်ဝခြင်း
ရေကို လိုအပ်တဲ့ ပမာဏ သောက်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ထွက်သွားပြီး အရေပြား စိုပြည်နေပါလိမ့်မယ်။ သစ်သီးဖျော်ရည် ကို သောက်တာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ရရှိသလို အသားအရေကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ် အနည်းဆုံး ရေတစ်လီတာနဲ့ လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည်စတဲ့ သစ်သီး ဖျော်ရည်တွေကို သောက်ပေးဖို့ လိုပါတယ်။

သန့်စင်ခြင်း
အရေပြားရှိ ချွေးပေါက်တွေ ပိတ်ဆို့နေတာက ဝက်ခြံဖြစ်စေနိုင်တဲ့ အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ အရေပြားကို ကောင်းကောင်း သန့်စင်ပေးတာက ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ မျက်နှာကို အပျော့စား ဆပ်ပြာသုံးကာ တစ်နေ့ အနည်းဆုံး နှစ်ကြိမ် သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်တဲ့အခါ စက်ဝိုင်းပုံစံအတိုင်း လှည့်လည်ပြီး ပွတ်တိုက်ကာ ရေဆေးချပါ။ မျက်နှာအသားအရေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ အရေပြားကို ထိခိုက် ပျက်စီးစေနိုင်လို့ပါ။

အိမ်တွင်း ကုထုံးများ
ဝက်ခြံပျောက်စေတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေက သင့်အိမ်မှာ ရှိနေပါတယ်။ ဥပမာပြောရရင် ပျားရည်နဲ့ သံပရာသီးတို့လို မီးဖိုချောင်သုံး ပစ္စည်းတွေပါ။ ပျားရည်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ၁၅-၂ဝ မိနစ်လောက် ထားကာ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးပါ။ ပျားရည်မှာ ပိုးသတ် အာနိသင်ပါတာကြောင့် ဝက်ခြံ ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ အိပ်ရာမဝင်ခင်မှာ သံပရာသီးကို သုံးပြီး မျက်နှာအရေပြားကို ပွတ်တိုက်ကာ ရေနဲ့ ဆေးချလိုက်ပါ။ ဝက်ခြံ ကာကွယ်ကုသရေးမှာ အရေးပါတဲ့နည်း ဖြစ်ပါတယ်။

အစားအသောက်
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေလို သဘာဝအစားအစာတွေက ဝက်ခြံရှိသူတွေအတွက် သင့်တော်တဲ့ အာဟာရပါ။ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် အရေပြားကို သန့်စင် ကြည်လင်စေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အရေပြားကို တင်းရင်း လှပစေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

ဗီတာမင်များ
အရေပြားမှာ ဘက်တီးရီးယား ဝင်ရောက်မှုနဲ့ ပိုးဝင်ရောင်ရမ်းမှုတို့ မဖြစ်အောင် ဗီတာမင် အားဖြည့်ဆေးတွေကို မှီဝဲသင့်ပါတယ်။ ဗီတာမင်အီးနဲ့ ဗီတာမင်စီတို့ဟာ အရေပြားမှာ ကော်လာဂျင် ထွက်ရှိရေးနဲ့ ခုခံအားစနစ် ကောင်းမွန်ရေးတို့အတွက် အရေးပါတဲ့ ဗီတာမင်တွေ ဖြစ်ကြပါတယ်။ ဒီဗီတာမင်တွေက သစ်သီးတွေ၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီစတဲ့ ဘယ်ရီသီးတွေထဲမှာများစွာ ပါဝင်ပါတယ်။ လေ့လာမှုအရ ဗီတာ မင်အေ ဖြည့်စွက်ဆေးဟာ အရေပြားရဲ့ အကာအကွယ် တစ်သျှူးတွေကို သန်စွမ်းအောင် ကူညီပေးကာ ဝက်ခြံတွေကို ကင်းစင်စေပါတယ်။
Ref: Good Health
http://news.yatanarpon.com.mm/cp/goodhealth/article-

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

G) ပျိုမေတို့အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ

 
၁။ ပျိုမေတို့ရဲ့ ချိုင်းသားလေးတွေ လှပ သန့်ရှင်းချောမွေ့စေဖို့ လျှို့ဝှက်ချက် ကတော့ ပျားရည်ပဲ ဖြစ်ပါတယ်။ ချိုင်းအောက်အရေပြားကို ပျားရည် (သို့မဟုတ်) ပျားရည်နဲ့ သံပုရာသီးရောပြီး တစ်လ တစ်ကြိမ်လောက် ပုံမှန်လိမ်းပေးသင့်ပါတယ်။ သံပုရာသီးကတော့ ချိုင်းအောက် အရေပြားမည်းနေသူတွေ အတွက် အသင့်တော်ဆုံးပါပဲ။ နေ့စဉ်နေ့တိုင်းရေချိုး ခါနီးတိုင်း သံပုရာသီးနဲ့ ချိုင်းအောက်က မည်းတဲ့နေရာတွေကို ညင်ညင်သာသာ ပွတ်တိုတ်ပေးသင့်ပါတယ်။
၂။ ဦးရေပြားက အဆီခန်းခြောက်လို့ ဆံပင်တွေခြောက်ပြီးပွယောင်းယောင်း ဖြစ်နေသူတွေ အတွက် ပျားရည်နဲ့ နွားနို့ဟာ အကောင်းဆုံး ဗီတာမင်ပါပဲ။ နွားနို့ဖန်ခွက်နဲ့ တစ်ဝက်ခန့်ကို ပျားရည် လက်ဖက်ရည် ဇွန်းတစ်ဇွန်းနဲ့ ရောစပ်ပြီး ဆံနွယ်ဆံသားတွေကို နှံ့စပ်အောင် ပွတ်လိမ်းရပါမယ်။ ၁ဝ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပြီးချိန်မှာတော့ ဆံနွယ်ဆံသားလေးတွေသိသိသာသာ ပျော့ပျောင်းနူးညံ့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။
၃။ သင့်မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်က အသားအရေ နူးညံ့ချောမွေ့စေဖို့ ပျားရည်က အကောင်းဆုံး အဖော်မွန်ပါပဲ။ ငှက်ပျောသီး မှည့်မှည့်တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့လည်ပင်းကို ခပ်ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ဆေးကြောလိုက်ချိန်မှာတော့ သင့်ရဲ့ အသားအရေဟာ မွေးကင်းစ ကလေးငယ်တွေလို နူးညံ့ချောမွေ့ သွား မှာ သေချာပါတယ်။ မနက်အိပ်ရာထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာရင် ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောသန့်စင်လို့လည်း ရပါသေးတယ်။ မနက်အိပ်ရာထချိန်မှာလည်း ပျားရည်နဲ့ မျက်နှာ သစ်ခြင်း အားဖြင့် နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

“ကိုယ်စိတ်နှလုံးချမ်းသာပြီး ကျန်းမာပျော်ရွင်ပါစေလို့

ဆုတောင်းပေးလိုက်ပါတယ်။”

ref :သုတဘဏ်(KI)

Post by : Villager Myanmar

Re-Post By ACM 8-4-2013
အေးချမ်းမွန် Credit & Copy From > Villager Myanmar<< Thank

~~~~~~~~~~~~~~~~~~~~~~~~~~~

 

H) ထမင်းရည် အသုံးဝင်ပုံ

(ဦးနွေဦး ကျေးဇူးနဲ့ ဖဘက တွေ့လို့)  :mrgreenn:

 

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်

မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်

ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်

ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂ဝ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၄။ ကျန်းမာရေးအတွက်

ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း

ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

အိဖြူ(ဆေးဝါးတက္ကသိုလ်)

By Good Health

~~~~~~~~~~~~~~~~~~~~~~~~~~

 

အဟွတ်။

  • အမေဆဲရင် :mrgreenn:
  • ပရွက်ဆိတ်တက်ရင် :mrgreenn:
  • ချစ်သူက ကိုယ့်မက်နှာကြီး ကိုက်စားမိရင်   :mrgreenn:

အနော်မပါဘူးနော်။ လုံမလေးကို ပြောပါ။
ပိုလှလာတယ်ဆိုရင်တော့ အနော့ကို မုန့်ကျွေးကြပါ။ အဟိ!!

:mrgreen:  

 

34 comments

  • Wow

    October 8, 2013 at 3:31 pm

    အသားအရေ ထိမ်းသိမ်းဖို့အတွက် အသီးအနှံဒွေ ဝယ်ထားဖူးပါတယ် ဆွိရယ်….
    စားလိုက်ရင်များ ပိုလှလာမလားဆိုပီး.. စားလိုက်မိတာများလို့ ညက်နှာပေါ်တင်ခန်း တစ်ခါမှ မရောက်ပါဝူး.. :mrgreen:

    • KZ

      October 8, 2013 at 3:38 pm

      နုပျိုလှပဖို့….

      အရွယ်အိုမင်းတာ၊ ခရမ်းလွန်ရောင်ခြည် ကြောင့် ထိခိုက်တာနဲ့ ပတ်ဝန်းကျင်အကြောင်း အချက် တွေကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ်္စည်းတွေကအသားအရေကိုထိခိုက်စေနိုင်ပါတယ်။
      ဒါကြောင့် အသက်ကြီးလာပေမဲ့ အသား အရေတောက်ပမြဲ တောက် ပနေအောင် မိခင် တွေ ထိန်းသိမ်း သင့်တဲ့ သဘာဝအသားအရေ ထိန်းသိမ်းနည်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

      (၁) သင်္ဘောသီး… သင်္ဘောသီးမှာ ကယ်ရိုတင်း၊ ဗီတာမင်စီ၊ မရှိမဖြစ်သတ်္တုဓာတ် နဲ့ ပက်ပိန်းအင်ဇိုင်း ပါဝင်မှုများတာကြောင့် သဘာဝအသားအရေ ချောမွေ့စေတဲ့ အစိုဓာတ် ထိန်းခရင်မ် ဖြစ်ပါတယ်။ သင်္ဘောသီးကို ပါးပါး လှီးပြီး ပုံမှန်လိမ်းပေးတာက အသားအရေ ကို တောက်ပစေပြီး သက်ကြီးအစက် အပြောက်တွေကို လျော့ကျစေ ပါတယ်။ သင်္ဘောသီးဟာ ချွေး ပေါက်ပိတ်ဆို့တာကို ပွင့်စေတာကြောင့် လည်း အရေပြားကို နူးညံ့ပြီး ချောမွေ့တောက်ပစေပါ တယ်။
      ဘယ်လိုလိမ်းသင့်သလဲ… သင်္ဘောသီးက အသုံးပြုရလွယ်ပါတယ်။ သင်္ဘောသီးအနှစ်ကို ကြေညက်အောင် ချေပြီး မျက်နှာပြင်ပေါ်ကို စက် ဝိုင်းပုံစံလှည့်ပြီး တိုက်ရိုက်လိမ်းပေးပါ။ လိမ်းတဲ့ အခါ နည်းနည်းပဲ ကုန်မှာ ဖြစ်တာကြောင့် ကျန် တဲ့သင်္ဘောသီးကို စားပေးနိုင်ပါတယ်။ အမျှင် ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်အေ၊ စီတို့ ပါဝင်တာကြောင့် အကျိုးရှိပါတယ်။

      (၂) ထောပတ်သီး… အသားအရေ နူးညံ့ ချောမွတ်နေစေဖို့အတွက် ဗီတာမင်တွေ လိုအပ် နေပါတယ်။ ထောပတ်သီးမှာ ဗီတာမင်အေ၊ ဘီ၊ ဒီနဲ့ အီးတွေ ပါဝင်မှုများပါတယ်။ ငှက်ပျော သီးတစ်လုံးမှာထက် ပိုတက်စီယမ် ပါဝင်မှုပို များပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါတာကြောင့် သဘာဝ အစိုဓာတ် ထိန်းပစ္စည်း အဖြစ် သုံးနိုင်ပါတယ်။ ထောပတ်သီးဟာ အရေး ကြောင်းတွေထင်တာနဲ့ ပါးရေတွန့်တာတွေလို အိုမင်းတဲ့ လက်္ခဏာတွေကို လျော့ကျစေပါတယ်။ထောပတ်သီးမှာပါတဲ့ သဘာဝ အဆီဓာတ်က မျက်နှာပြင် အညစ်အကြေးတွေကို ကင်းဝေး စေပြီး နှင်းခူ၊ အနီရောင်အစက်အပြောက်နဲ့ ထိလွယ်ခိုက် လွယ်တဲ့ အသားအရေအတွက် အ ကောင်းဆုံးကုသနည်းဖြစ်ပါတယ်။

      ရွှေပန်းချီ

  • Myo Thant

    October 8, 2013 at 3:32 pm

    သားသားတို့ လူပျိုသိုးတွေအတွက်လည်း

    ဆောင်ရန် ရှောင်ရန်လေးတွေ စဉ်းစားပြီး

    ရေးပေးပါလား အန်တီကေဇက်ရယ် ၊

    🙂

    • KZ

      October 8, 2013 at 3:38 pm

      အမျိုးသားတို့အတွက် အခြေခံ အသားအရေ ထိန်းသိမ်းနည်းများ

      အမျိုးသားတွေ အနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်ပြီး အသား အရေ၊ ဆံကေသာ၊ လက်သည်းခြေသည်း တွေ ကြည့်ကောင်းနေစေဖို့ သိထားသင့် တဲ့ အခြေခံ ထိန်းသိမ်းနည်းတွေကို ရေး သားလိုက်ရပါတယ်။

      (၁) အသားအရေ ကြေးချွတ် သန့်စင်ပါ
      အမျိုးသား တွေအဖို့ တစ်ပတ်မှာ အနည်းဆုံး သုံးကြိမ်ခန့် မျက်နှာကို ကြေးချွတ်သန့်စင် ပေးသင့်ပါတယ်။ တကယ်လို့ သင့်အသားအရေက အလွန် အမင်း ကြမ်းတမ်း ခြောက်သွေ့ပျက်စီး နေရင် တစ်နေ့တစ်ကြိမ် ကြေးချွတ်သန့် စင်ပေးပါ။ ကြေးချွတ်ပေးတာကြောင့် အရေပြားဆဲလ်သေတွေကို ကင်းစင် စေပြီး အသားအရေ စိုပြည်လန်းဆန်း စေပါတယ်။ ဒါ့အပြင် အရေပြား ပေါ်မှာ အစိုဓာတ် ထိန်းခရင်မ်ကို လိမ်းရင် စုပ်ယူအား ပိုမိုကောင်းမွန်စေပြီး စိုပြည် တင်းရင်း လှပစေပါတယ်။

      (၂) အစိုဓာတ်ထိန်းရာတွင် လက်သည်း၊ ခြေသည်းကိုပါ မမေ့ပါနှင့်
      ထိန်းပေးရုံ သာမက လက်သည်း၊ ခြေ သည်းခြောက်သွေ့ြွကပ်ဆတ်နေရင် ရေ နံဂျယ်လီခပ်ထူထူလိမ်းပြီး လက်သည်း၊ ခြေသည်းတစ်ဝိုက်မှာ အစိုဓာတ်ထိန်းပါ။ အိပ်ရာဝင်ချိန်မှာ အစိုဓာတ်ထိန်းပြီးရင် ချည်သားလက်အိတ်ကို စွပ်ပေးရပါမယ်။ ဥယျာဉ်ခြံမြေစိုက်ပျိုးတဲ့အခါနဲ့ ကားရေဆေးတဲ့အခါတွေမှာ သားရေ လက်အိတ်စွပ်ပေးပါ။ ဒါဆိုရင် လက် အရေပြား ထိခိုက်မှု ကင်းစေပါတယ်။

      (၃) အသားအရေထိခိုက် ပျက်စီးစေသည့် အပြုအမူရှောင်ပါ
      အမျိုးသားတွေအတွက် အသားအ ရေ ထိခိုက်စေတဲ့ အပြုအမူတွေက ဆေး လိပ်သောက်တာ၊ အရက်အလွန်အမင်း သောက်တာနဲ့ အကာအကွယ်မပါဘဲ နေ ပူထဲ ထွက်တာတို့ ဖြစ်ကြပါတယ်။ နံနက်စောစော နေခြည်နုနု ခံယူတာက အဆင်ပြေပေမယ့် နေပူရှိန်ပြင်းတဲ့ အချိန်အပြင်မှာ ခပ်ကြာကြာ နေတာမျိုး ကို ရှောင်ပါ။ နေပူရှိန်ပြင်းတဲ့အချိန်မှာ အပြင်ကို သွားရမယ်ဆိုရင် နေကာနိုင် စွမ်း SPF အဆ ၃ဝ ပါတဲ့ နေကာခရင်မ် ကို လိမ်းသင့်ပါတယ်။ ဆေးလိပ်၊ အရက်နဲ့ ခရမ်းလွန်ရောင်ခြည် သုံးမျိုးစလုံးဟာ အသားအ ရေကို အလွန်အမင်း ထိခိုက်မူ ဖြစ်စေနိုင်သလို အသက်အန္တရာယ် ထိခိုက်မှုကိုပါ ဖြစ်စေနိုင်ပါတယ်။

      (၄) ဆံပင်ကို ကြက်ဥ၊ ဘဲဥသုံးပြီး ပေါင်းတင်ပါ
      ရှမ်ပူအနည်းငယ်ထဲကို ကြက်ဥ ဒါမှ မဟုတ် ဘဲဥထည့်မွှေပြီး ဆံပင်သားအနှံ့ သုတ်လိမ်းပေးပါ။ အချိန် ငါးမိနစ်ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံပင် သားကို ပရိုတင်းဓာတ် ရရှိစေပါတယ်။

      (၅) မျက်နှာကို သဘာဝပစ္စည်းများသုံးပြီး ဆေးကြောသန့်စင်ပါ
      မျက်နှာနဲ့ လည်ပင်းကို သဘာဝ အအေးခရင်မ် (Cold Cream) လိမ်းပြီး ဂလစ်ဆရင်းနှင်းဆီရေနဲ့ သန့်စင်ပါ။ မျက်နှာအရေပြားကို ထိခိုက်စေတဲ့ ကြေး တွေနဲ့ အညစ်အကြေးတွေကို ကင်းစင် စေပါတယ်။

      http://singaporefeelfeel.blogspot.sg/2013/06/blog-post_16.html
      ~~~~~~~~~~~~

      😀

      • Myo Thant

        October 8, 2013 at 4:03 pm

        ( အစိုဓာတ် ထိန်းခရင်မ် ) ( ရေနံဂျယ်လီ )
        ( သဘာဝ အအေးခရင်မ် ) ( ဂလစ်ဆရင်းနှင်းဆီရေ )

        အမယ်လေးဗျာ ၊ ငါ မသိတာတွေချည်းပဲ ၊
        ဘယ်သူ့မေးရပါ့ ၊ 🙂

  • မဟာရာဇာ အံစာတုံး

    October 8, 2013 at 3:38 pm

    ပို လှလာလို့ …
    ကြိုက်သူ များလာလို့ …
    ကျော့်ကို စွန့်သွားရင်တော့ …
    ပတ်သနာ ရှာမှာနော် ….

    • KZ

      October 8, 2013 at 3:42 pm

      သခွားသီးဟာ မြန်မာ လူမျိုးတွေ ကြိုက်နှစ်သက်တဲ့ အသီးလို့ ပြောရင်လည်း မမှားပါဘူး။

      သခွားသီး အစိမ်းကို သုပ်စားကြသလို၊ ထမင်းဝိုင်းမှာ ငါးပိ ရည်နဲ့ တွဲဖက်ပြီး တို့စရာ အနေနဲ့လည်း စားသုံး တတ်ကြပါတယ်။ အကင်ဆိုင် တွေမှာ သခွားသီးကို အရှည်လိုက် လေးတွေ လှီးထားပြီး အချဉ်ရည်နဲ့ တို့လို့ စားသုံး လာတတ်ကြပါတယ်။

      တချို့ အိမ်ရှင်မတွေ ကတော့ သခွားသီးကို အသားဟင်း ချက်တဲ့ အထဲမှာထည့်ပြီး ချက်တာပဲ ဖြစ်ဖြစ်၊ မြေပဲမှုန့်၊ ပဲမှုန့်ပတ်ကို နှစ်ကြိမ်လောက် သခွားသီးကို မျက်နှာမှာ ကပ်ပေး သင့်ပါတယ်။ လေနဲ့ရေကြောင့် အသားအရေ ပျက်စီးတာ တွေကိုလည်း ကာကွယ် ပေးပါတယ်။

      ဂျုံမှုန့် အနည်းငယ်၊ ကြက်ဥအကာ အနည်းငယ်၊ သခွားသီးရည် အနည်း ငယ်နဲ့ သံပရာသီးရည် တစ်စက်၊ နှစ်စက် လောက်ကို ပန်းကန် တစ်ခုထဲမှာ သမအောင် ရောမွှေကာ မျက်နှာပြင်ကို လိမ်းပေးပြီး နာရီဝက်လောက် အကြာမှာ ရေနဲ့ ဆေးချ လိုက်ပါ။ အလုပ် မအားလပ်သူ တွေနဲ့ သဘာဝ ပစ္စည်းများ တို့နဲ့လည်း သခွားသီးသုပ် သုပ်လို့ပဲဖြစ်ဖြစ် စားတတ် ကြပါတယ်။

      သခွားသီးဟာ စားသုံးလို့ ကောင်းတဲ့ အသီးတစ်မျိုး ဖြစ်သလို အသားအရေ ကောင်းမွန်ဖို့ အတွက်လည်း အထောက် အကူပေးတဲ့ အသီး တစ်မျိုးပါ။ သခွားသီးမှာ Vitamin A.B.C နဲ့ ရေဓာတ် များစွာ ပါဝင်တာမို့ ပါးပါးလေး လှီးထားတဲ့ သခွားသီး လေးတွေကို မျက်နှာပြင် အနှံ့ ကပ်ပေးရင် အသားအရေကို တင်းရင်းစေပြီး မျက်နှာလည်း ကြည်လင် စေပါတယ်။ သဘာဝတရားက ပေးစွမ်းတဲ့ ပေါင်းတင်ဆေး ဖြစ်တာမို့ တစ်ကိုသာ အသုံးပြု ချင်တဲ့ ပျိုမေတွေ အတွက် သဘာဝ ပေါင်းတင်ဆေး တစ်မျိုးပါ။ ကြိုက်နှစ်သက် သူများ ပြုလုပ် ကြည့်လို့ ရပါတယ်။ သခွားသီးကို စားသုံးခြင်းဖြင့် အစာချက်(Diet ) တဲ့ နေရာမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။ သခွားသီးဟာ အရည်ရွှမ်းတဲ့ အသီးတစ်မျိုး ဖြစ်တာမို့ စားသုံးပေးရင် ဆီးကိုလည်း ရွှင်စေပြီး မိမိ အသားအရေ အတွက်လည်း အသုံးတည့်တဲ့ သခွားသီးကို ပုံမှန်လေး စားသုံး ပေးပါလို့ တိုက်တွန်းစကား ဆိုပါရစေ။ ။

      မြနေရိပ်သွင်
      မြဝတီ

    • alinsett

      October 8, 2013 at 3:44 pm

      နီ ့ကို မွန်မွန် စွန် ့သွားရင်…
      ဒေါ်ဖွားမေဂျီးနဲ ့ နီ ့ကို စီစဉ်ပေးမယ်တွာ…
      တိတ်တိတ်နေ..။

      🙂

    • Myo Thant

      October 8, 2013 at 4:06 pm

      အဲဒါပဲ အဲဒါပဲ

      ယောင်္ကျားဈေး မကျစေနဲ့ ၊

      ကိုမိုက်တို့ အဘဖောတို့ ကိုဘလက်တို့ကို ဆရာတင်လိုက်ကွာ ၊

      🙂

    • Wow

      October 8, 2013 at 4:18 pm

      မွန်မွန်လေးထားသွားရင် နိကို သခွားသီးနဲ့နေခဲ့တဲ့ ဆွိပေါနေဒယ်… အံချာ :mrgreen:

  • Ko chogyi

    October 8, 2013 at 4:23 pm

    အစားအစာတွေကို ခုံမင်မြတ်နိုးသလောက်
    ကောင်းကျိုး၊ ဆိုးကျိုးတွေကို
    စုံလင်အောင်စုဆောင်းနိုင်သမို့
    တော်ပါပေတယ်။

    • KZ

      October 8, 2013 at 4:33 pm

      ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း…တွေ ရှိပါတယ်။ သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။

      နည်းလမ်း (၁)
      ~~~~~~~

      – အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။

      – အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

      – အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

      – ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

      – တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

      နည်းလမ်း (၂)
      ~~~~~~~~

      – နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

      – စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

      – ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

      – နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

      နည်းလမ်း (၃)
      ~~~~~~~~

      – နွာနို့က ဆံပင်ဖြောင့်စင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ နွားနို့ကို ဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ပြီး ဆံပင်ပေါ်ကို ဖျန်းပေးပါ။

      – အဲဒီနောက် ဆံပင်ကို ရှမ်ပူနဲ့ လျှော်ပါ။

      – ဆံပင်တွေ ရေစိုနေတုန်းမှာ ညင်သာစွာ ဘီးနဲ့ဖြီးပါ။

      နည်းလမ်း (၄)
      ~~~~~~~~

      – သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ဆံသားအားလုံးအနှံ့ လိမ်းပေးကာ ဦးရေပြားကို ညင်သာစွာ နှိပ်နှယ်ပေးပါ။

      – အဲဒီနောက် တဘက်နဲ့ ခေါင်းပေါင်းပြီး နာရီဝက်ကြာမှ ခေါင်းလျှော်ပါ။

      – ဆံသားကို တောက်ပြောင်စေရုံ သာမက အရှည်မြန်စေပါတယ်။

      ဒီနည်းလမ်းတွေထဲက တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါက ဆံသားဖြောင့်စင်း စေပါတယ်။

      Credit to Original Uploader

      • Ko chogyi

        October 9, 2013 at 8:26 am

        သားသားရဲ့ ကတုံးဆံပင်ကျတော့ဘယ်လိုလုပ်ရမလဲ။

  • အယ် မမဂျီး
    အားဂျီးအားဂျီး ချစ်ဖို့ကောင်းတာပဲ
    မွမွ အာဘွားအကြီးကြီး
    တကယ် တကယ် သာမီးက အဲ့ဒါတွေအရမ်းသဘောကျတာ။ ပရင့်ထုတ်ပီး သိမ်းမယ်။ လုပ်ကြည့်မယ်

    @ကိုကိုအံစာ
    ထားသွားပါဝူးနော်။ ပိုချစ်အောင်လို့ပါ ဟိဟိ

    • KZ

      October 8, 2013 at 4:31 pm

      ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန်

      ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း ကင်းစေရန် ဆံပင်သားကို အရောင်ဆိုးဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင် လိမ်းဂျဲလ်၊ ဆံပင်ဖျန်းစပရေးနဲ့ ဆံပင်လေမှုတ်စက် စတာတွေ ထိတွေ့မှုကြောင့် ဆံပင်သား ခြောက်သွေ့ပျက်စီးမှု ဖြစ်စေရုံ သာမက ဆံပင်အဖျား နှစ်ခွကွဲတာကိုလည်း ဖြစ်စေနိုင်ပါတယ်။

      ဦးရေပြားကို ပုံမှန်နှိပ်နယ်ပြီး ရေနွေးငွေ့ပေးပါ

      ဦးရေပြားကို အုန်းဆီ၊ သံလွင်ဆီနဲ့ မုန်ညင်းဆီတို့ လိမ်းပြီး တစ်ပတ် နှစ်ကြိမ် အနည်းဆုံး ၁၀-၁၅ မိနစ်ခန့် နှိပ်နယ်ပေး ပါ။ လိမ်းပြီးနောက် အချိန် ၅-ရ မိနစ်ကြာ ဆံပင်သားကို ရေ နွေးငွေ့နဲ့ ပေါင်းခံပေးပါ။ ဒါဆိုရင် ဆံပင်သားထဲကို အဆီ ဝင် ရောက်မှု ကောင်းစေပြီး ဆံပင်သား အရင်းနေရာမှာ သွေးလှည့် ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဆံပင်သား စိုပြည်စေတဲ့ အတွက် ဆံပင်အဖျားနှစ်ခွကွဲတာကို လျော့ပါးစေပါတယ်။

      ဆံပင်ကို လေပြင်းပြင်း တိုက်ခတ်မှု မရှိစေရန် ကာကွယ်ပါ

      ဖစ်နိုင်ရင် လေပြင်းပြင်း တိုက်ခတ်တဲ့ နေရာကို မသွားပါနဲ့။ သွားမယ်ဆိုရင် အနည်းဆုံး ပဝါစည်းနှောင်ထားသင့်ပါတယ်။ နေပူထဲ သွားမယ်ဆိုရင် ထီးကို အမြဲဆောင်းသင့်ပါတယ်။

      ဆံပင်ကို ခပ်ပြင်းပြင်း မပွတ်သပ်ပါနှင့်

      ခေါင်းလျှော်ပြီးနောက် ချက်ချင်း ခေါင်းမဖြီးပါနဲ့။ ပဝါနဲ့ ခပ်ကြမ်းကြမ်း သုတ်တာကိုလည်း ရှောင်ပါ။ ဒီနည်းတွေက ဆံပင် အဖျားနှစ်ခွ ကွဲစေနိုင်ပါတယ်။ (၁) ဆံပင်အရင်းနေရာကို ကြက်ဥ/ဘဲဥအကာတစ်လုံး၊ သံပရာရည် ထမင်းစား ဇွန်း နှစ်ဇွန်း၊ မုန်ညင်းဆီ ထမင်းစားဇွန်း တစ်ဇွန်း ဒါမှမဟုတ် သံလွင်ဆီကို ထည့်ပြီး လိမ်းကာ နှိပ်နယ် ပေးပါ။ အချိန် တစ်နာရီအကြာမှာ ခေါင်းလျှော်လိုက်ရင် ဆံပင် သားကို နူးညံ့ပျော့ပျောင်းစေပါတယ်။

      သင့်တော်သော အာဟာရ

      အာဟာရပြည့်ဝတဲ့ အစာဟာ ဆံပင်အဖျားနှစ်ခွ ကွဲတာကို သက်သာစေ ပါတယ်။ သင်စားတဲ့ အစာမှာ ဗီတာမင် အေ၊ ဘီနဲ့ ဒီ၊ ပရိုတင်းနဲ့ ကယ်လ်စီယမ် ပါဝင်စေဖို့ နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲပုပ်စေ့၊ သစ်သီး၊ ဟင်းရွက်စိမ်း စတာတွေကို ထည့်စားသင့် ပါတယ်။ ရေကိုလည်း များများသောက်ပါ။

      လမ်းလျှောက်ခင်းနှင့် အခြားလေ့ကျင့်ခန်း

      မနက်ခင်းနဲ့ ညနေခင်းမှာ လမ်းလျှောက်တာနဲ့ တခြား လေ့ ကျင့်ခန်းတွေကို လုပ်ဆောင်ပါ။

      ခေါင်းဖြီးခြင်း

      အိပ်ရာမဝင်ခင် ခေါင်းဖြီးပါ။ ဒီနည်းလမ်းဟာ ဦးရေပြားရှိ အဆီဂလင်းက အဆီထွက်ရှိအောင် လှုံ့ဆော်ပေးပါတယ်။ ဆံပင်အဖျားကို မကြာခဏ တိပေးသင့်ပါတယ်။

      Credit to _ original uploader

    • Ma Ma

      October 8, 2013 at 4:59 pm

      မွန်မွန့်စာကို ထရန်စလိတ်လုပ်ရရင်…..
      ကိုကိုအံ ကို ပိုဂျစ်ပါ့မယ်တဲ့။
      ခ ခွေးနဲ့ မဟုတ်ပဲ ဂ ငယ်နဲ့နော်။ :mrgreen:

  • TNA

    October 8, 2013 at 8:36 pm

    တကယ့်ကို ပြည့်စုံလှချည်လား ကေဇီရေ့။ မမှတ်နိုင်တော့လို့ ကူးပဲသွားတော့တယ်။ ကျေးကျေးပါ။ သားလေးကိုလုပ်ပေးလိုက်ပါမွယ် ချွေးမလေးရေ 😀

    • KZ

      October 9, 2013 at 9:16 am

      သဘာဝဖြစ် အသားဖြူနည်းများ

      သဘာဝဖြစ် ပစ္စည်းတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေ အရင်ဖော်ပြသွားပါမယ်။ ကရိကထလည်း မများ၊ ဈေးလည်း မကုန်တဲ့ ပစ္စည်းတွေနဲ့ အများသူငါ လက်လှမ်းမီ သုံးလို့ရတာတွေကို ဦးစားပေး တင်ပြသွားမှာ ဖြစ်ပါတယ်။

      လိမ္မော်ခွံနဲ့ အသားဖြူနည်း

      လိမ္မော်သီးအခွံကို နေပူထဲ လှမ်းပေးပါ။ လုံးလုံးခြောက်သွေ့သွားတဲ့ အချိန်မှာ ကြိတ်ပြီး ပေါင်ဒါလို အမုန့်ဖြစ်သွားအောင် လုပ်ပါ။ ပြီးမှ နို့အစိမ်းနဲ့ ရောပြီး ပျစ်ခဲနေအောင် ဖျော်ပါ။ အဲဒီ့အရည်ကို အရေပြားကို လိမ်းပါ။ နေ့စဉ် လိမ်းပေးပါ။ လိမ်းပြီးသွားလို့ အရေပြားပေါ် လုံးလုံး ခြောက်သွေ့သွားတဲ့ အချိန်ကျရင် ရေနွေးနွေးလေးနဲ့ ဆေးကြောသန့်စင်ပေးပါ။

      ခရမ်းချဉ်သီးနဲ့ အလှပြင်မယ်

      ခရမ်းချဉ်သီး ၂-၃ လုံးလောက်ကို ကြိတ်ပြီး အရည်ညှစ်ချပါ။ အဲဒီ့ အရည်ထဲကို သံပရာရည် တစ်စက် နှစ်စက်ထည့်ပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် နှစ်ဆယ်လောက် အခြောက်ထားပြီးမှ ဆေးကြောသန့်စင်ပေးပါ။ တစ်နေ့ကို ၂ ကြိမ် လုပ်ပေးပါ။ ၁၅ ရက်ကနေ ရက် ၂ဝ အတွင်း သိသာထင်ရှားလာပါလိမ့်မယ်။

      အမဲကွက်နဲ့ အစက်အပြောက်တွေ ပျောက်ဆေး

      အာလူးအစိမ်းတစ်လုံးကို ယူပြီး ပါးပါးလှီးပါ။ လှီးထားတဲ့ အစိတ်လေးတွေကို မျက်နှာပေါ် ကပ်ပေးပါ။ မျက်နှာပေါ်က မှဲ့ခြောက်တွေ။ တခြားအမဲကွက်တွေကို ပျောက်စေပါတယ်။

      နေပူလောင်အတွက်

      နေပူလောင် ခံထားရတဲ့ အသားရေများအတွက် နနွင်းမှုန့်နဲ့ သံပုရာရည် ရောပြီး လိမ်းပေးပါ။ နေလောင်ဒဏ်ခံရတဲ့ အသားရေတွေအတွက် အရမ်းကောင်းပါတယ်။

      နနွင်းကို တခြားအမယ်ပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါသေးတယ်။ နနွင်းဟာ အသားရေ ဖြူဝင်းလှပဖို့အတွက် အကောင်းဆုံး သဘာဝပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အိပ်ရာထဲ မဝင်ခင် တစ်နာရီ အလိုမှာ နွားနို့နွေးနွေး တစ်ဖန်ခွက်ထဲကို နနွင်းမှုန့် ဇွန်းဝက်ခန့်(လက်ဖက်ရည်ဇွန်း) ရောစပ်ပေးပါ။ အချိုကြိုက်ရင် သကြား အနည်းငယ် ထည့်ပေးပါ။ ဒါပေမဲ့ သကြားနည်းလေ ပိုကောင်းလေ ဖြစ်ပါတယ်။

      အဲဒါကို လအနည်းငယ်ခန့်လောက် သောက်သုံးပေးတာနဲ့ သိသာထင်ရှားလာပါလိမ့်မယ်။ ဒါပေမဲ့ ပူပြင်းတဲ့ နွေရာသီလို ကာလမျိုးမှာတော့ ဒီနည်းကို အသုံးမပြုပါနဲ့။ နနွင်းဟာ ကိုယ်တွင်းအပူချိန်ကို မြှင့်တင်ပေးတာမို့ အေးမြတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

      အိမ်တွင်းဖြစ် အသားဖြူ Lotion

      သခွားသီးအရည် (စားပွဲတင်ဇွန်း) တစ်ဇွန်းထဲကို သံပရာရည် တစ်စက် နှစ်စက်ရောပေးပါ။ သမအောင်ရောပြီးသွားရင် အဲဒီ့အရည်ကို မျက်နှာနဲ့ လည်ပင်းကို လိမ်းပေးပါ။ နာရီဝက်လောက် အခြောက်ခံပြီးသွားရင် မပူမအေး ရေနွေးနွေးလေးနဲ့ ဆေးကြော သန့်စင်ပေးပါ။ ပျိုတို့ရဲ့ အသားရေဟာ အရင်ကထက် ပိုပြီး တောက်ပြောင ်ရွန်းလဲ့ လာပါလိမ့်မယ်။

      အိမ်တွင်းဖြစ် Facial Mask

      ပျားရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ သင်္ဘောသီး အရည်တစ်ဇွန်း (စားပွဲတင်ဇွန်း)တို့ရောပြီး လိမ်းပေးပါ။ ၁၅ မိနစ် ခန့်စောင့်ပြီးမှ ရေနဲ့ ပြန်ဆေးကြောပေးပါ။

      ရှောင်ကြဉ်ရမည့် အချက်များ

      အသားဖြူချင်တဲ့သူတွေ ရှောင်ကြဉ်ရမယ့် အချက်တွေ ရှိပါတယ်။ Whitening Product များ ဝယ်ရတာကအစ သတိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

      ပျိုတို့အနေနဲ့ Whitening Product တွေ ဝယ်ယူသုံးစွဲတဲ့ အခါမှာ မဝယ်ခင် ကိုယ့်အသားအရေရဲ့ အမျိုးအစားကို သိပြီးမှ အသားအရေ အမျိုးအစား အလိုက် ရွေးချယ်ဝယ်ယူသုံးစွဲသင့်ပါတယ်။ တချို့အသားဖြူ အလှကုန်တွေဟာ အဆီပြန်တဲ့ အသားအရေ၊ ခြောက်သွေ့တဲ့ အသားအရေ အမျိုးအစားတွေနဲ့ သင့်တော်ခြင်း မရှိလို့ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအစာတွေ၊ ပူစပ်တဲ့ အစားအစာများ၊ ဆီကြော်အစားအစာများကိုလည်း မစားပါနဲ့။ ဒီအစားအစာတွေဟာ အရေပြားပေါ်က ရေဓာတ်ခြောက်ခမ်းမှုကို ဖြစ်ပေါ်စေပြီး အရေပြားကို ခြောက်သွေ့မည်းကွက် လာစေပါတယ်။ ဘယ်လောက်ပဲ Whitening Product သုံးသုံး၊ အသားဖြူဆေး သုံးသုံး ကိုယ်ကာယ လေ့ကျင့်ခန်းတွေ မလုပ်လို့ကတော့ အကျိုးထိရောက်မှု မရှိပါဘူး။ ကာယလေ့ကျင့်ခန်းကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါမှ သွေးလေလည်ပတ်မှု ကောင်းမွန်ပြီး အသားထဲ ဆေးစိမ့်ဝင်မှု ပိုမိုမြန်ဆန်နိုင်မှာ ဖြစ်ပါတယ်။

      ပျိုမေ၊မောင်မယ်များအာလုံး ဖြူစင်သောအလှများပိုင်ဆိုင်နိုင်ကြပါစေ..။

      အသားဖြူချင်သူများအတွက်နည်းလမ်းများ – Myanmar Network http://www.myanmar-network.net/profiles/blogs/

      • TNA

        October 9, 2013 at 12:41 pm

        ကျေးကျေးပါချွေးမွလေးရေ။ အမလဲ မျက်နှာမယ် အမဲကွက်ကလေးပေါ်နေတာ အာလူးနဲ့လုပ်ကြည့်လိုက်အုံးမယ်။

  • black chaw

    October 9, 2013 at 9:05 am

    မဖတ်ရသေးဘူးဗျာ…။
    ကွန်းမန့်လေးတော့ ဝင်ရေးချင်စိတ် ဖြစ်နေတာကြောင့်…
    ရေးသွားတယ်ပေါ့…။
    ဆက်လုပ်ပါ မခိုင်ဇာ လို့ပဲ ပြောခဲ့ပါရစေဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    😀

    • KZ

      October 9, 2013 at 9:15 am

      ဘာဆက်လုပ်ရမှာတုန်းးးး ဒီလူဂျီး မရှင်းမရှင်းနဲ့။

      😀

      ~~~~~~~~~~~~~~~~~~~~~
      အသားဖြူချင် သူတွေအနေနဲ့ အသားဖြူဖွေး လှပစေဖို့ ဆိုပြီး အသားအရေ ထိန်းပစ္စည်းတွေ၊ မိတ်ကပ်တွေကို အစုံ အသုံးပြု ကြပါတယ်။ တချို့ အသားအရေ ထိန်းပစ္စည်းတွေနဲ့ မိတ်ကပ်တွေက အသားဖြူစေတယ် ဆိုပေမယ့် ဓာတုပစ္စည်း တွေကြောင့် ဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ အသားဖြူစေမယ့် နည်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

      အရေပြားကို ပုံမှန် ကြေးချွတ်ပါ

      အရေပြားကို ကြေးချွတ်တာက အရေပြားရဲ့ အပြင်ဘက်ဆုံး အလွှာက ဆဲလ်သေတွေကို ကွာကျစေပြီး အသားအရေကို တောက်ပ စေပါတယ်။ အရေပြား ဆဲလ်ဟောင်းတွေက ကီရာတင် (Keratin) တွေနဲ့ ပြည့်နေပါတယ်။ အသက်ကြီးလာတဲ့ အခါမှာ ဆဲလ်သေအလွှာက စုပုံနေပြီး အရေပြားမှာ ကြမ်းတမ်းတဲ့ အလွှာတစ်လွှာ ဖြစ်လာကာ အရေပြား ညစ်နွမ်းတယ်လို့ ထင်ရစေပါတယ်။ ဒါပေမဲ့ ဒီဆဲလ်တွေက အရေပြားရဲ့ ကာကွယ်ရေး လုပ်ငန်းမှာလည်း အရေးပါ နေတဲ့အတွက် အလွန်အမင်း ကြေးချွတ်တာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ အိမ်လုပ် သဘာဝ ကြေးချွတ်ပစ္စည်းနဲ့ ကြေးချွတ်ပေးတာက အရေပြား ကျန်းမာတောက်ပစေတဲ့ နည်းလမ်းကောင်း တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် သဘာဝကျတဲ့ ကြေးချွတ်ပစ္စည်းတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

      (၁) သကြားနဲ့ ဩဂဲနစ် အဆီစစ်စစ်တို့ကို ရောပြီး အရေပြားကို လိမ်းကာ ကြေးချွတ်ပေးတာ ဖြစ်ပါတယ်။ ဆား၊ ကော်ဖီစေ့မှုန့်နဲ့ ဩဂဲနစ်အဆီတို့ကို ရောပြီး ကြေးချွတ်တဲ့ နည်းကိုလည်း သုံးနိုင်ပါတယ်။ ဒီနည်းကို သုံးဖို့ အဆင်မပြေသူတွေ အတွက် ဒုတိယနည်းကို သုံးပါ။

      (၂) ဆော်ဒါမှုန့်ကို ရေနဲ့ရောပြီး မျက်လုံးတစ်ဝိုက်ကို ချန်ကာ မျက်နှာ တစ်ပြင်လုံးအနှံ့ လိမ်းပြီး ကြေးချွတ် ပေးနိုင်ပါတယ်။ ဒီလို ကြေးချွတ်ပေးတာကို တစ်ကိုယ်လုံး အနှံ့ ပြုလုပ်ပေးတဲ့ အခါ လက်မောင်း၊ တံတောင်ဆစ်၊ ခြေချင်းဝတ်၊ ခြေဖနောင့်နဲ့ ခြေထောက်နေရာရှိ အရေပြား ဆဲလ်သေတွေကိုပါ ကင်းဝေးစေပါတယ်။

      အသားဖြူစေသော ပေါင်းတင်ပစ္စည်း သုံးပါ

      အသားဖြူစေတဲ့ ပေါင်းတင် ပစ္စည်းကို သုံးပြီး တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပေါင်းတင်ပေးရင် မျက်နှာကို တောက်ပစေပါတယ်။

      (၁) အပျော့စား ဆပ်ပြာသုံးကာ မျက်နှာသစ်ပါ

      သင်္ဘောသီး (Papaya) နဲ့ အနက်ရောင်နွယ်ချို (Black Licorice) စတာတွေလို သဘာဝအသားဖြူစေတဲ့ ပါဝင်ပစ္စည်းတွေပါတဲ့ ဆပ်ပြာနဲ့ မျက်နှာသစ်ပါ။

      (၂) အရေပြားကို စိုစွတ်နေအောင် ထားပါ

      တချို့ အသားဖြူစေတဲ့ အလှကုန် ပစ္စည်းတွေက သဘာဝ ကျပေမယ့် အရေပြားကို ခြောက်သွေ့စေ နိုင်ပါတယ်။ ဒါကြောင့် အရေပြားကို ဗီတာမင်အီး အဆီနဲ့ ရှားစောင်းလက်ပပ် လိမ်းပြီး စိုပြည်နေအောင် ထားပါ။ အရေပြား ပြဿနာများအတွက် အမျိုးသမီး အများစုဟာ အသားအရေကို တောက်ပစေဖို့ထက် အရေပြား ပြဿနာတွေ ကင်းဝေးဖို့ကို ပိုလိုလားကြပါတယ်။ ဝက်ခြံကြောင့် အမာရွတ်ဖြစ်တာ၊ နေဒဏ်ကြောင့် အရေပြား ပျက်စီးထိခိုက်တာနဲ့ သက်ကြီး အစက်အပြောက် ဖြစ်တာတွေ ဖြစ်တတ်တာကြောင့် ဒီလို အရေပြား ပြဿနာတွေ ကင်းအောင် အောက်ပါနည်းတွေကို လိုက်နာပေးပါ။

      (၁) သံပရာရည်၊ ရှောက်ရည်

      သံပရာရည်၊ ရှောက်ရည်က သက်ကြီး အစက်အပြောက်တွေနဲ့ တင်းတိပ်တွေ ကင်းစေဖို့အတွက် ကျော်ကြားတဲ့ ရိုးရာပစ္စည်း ဖြစ်ပါတယ်။ သံပရာရည်၊ ရှောက်ရည်က အရေပြားကို ယာယီ အရောင်ကျွတ်စေပါတယ်။ စစ်ထရစ်အက်စစ် ပါဝင်လို့ပါ။ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပရာရည်ကို စိုစွတ်တဲ့ ပိတ်စထဲ ထည့်ပြီး အရေပြားပေါ်က အစက်အပြောက်တွေပေါ်မှာ လိမ်းပေးပါ။ မခြောက်သေးဘဲ နေရောင်ထဲ မသွားပါနဲ့။ သံပုရာရည်၊ ရှောက်ရည်ကို မျက်လုံးနဲ့ ပြတ်ရှရာတွေထဲ မဝင်ပါစေနဲ့။

      (၂) နို့

      နို့ထဲမှာ ပါတဲ့ လက်တစ်အက်စစ်က အရေပြားကို ကြေးချွတ် သန့်စင်ပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ နို့ထဲမှာပါတဲ့ အဆီက အရေပြားကို အေးမြစေပါတယ်။ အရေပြား ချောမွတ်အောင် မျက်နှာကို တစ်နေ့နှစ်ကြိမ်ခန့် နို့နဲ့ ဆေးကြောပြီးမှ ကြက်သီးနွေး ရေနဲ့ ဆေးချလိုက်ပါ။ အရေပြား တောက်ပပြီး အမည်းစက်တွေ ကင်းအောင် ရှားစောင်းလက်ပပ်၊ ရှလကာရည်၊ ကြက်ဆူဆီတို့ကိုလည်း လိမ်းပေးနိုင်ပါတယ်။

      မီးဖိုချောင်သုံး ပစ္စည်းများဖြင့် အသားဖြူအောင် ပေါင်းတင်နည်း

      မီးဖိုချောင်ထဲကရတဲ့ ပစ္စည်းတွေသုံးပြီး မျက်နှာကို ပေါင်းတင် ပေးနိုင်ပါတယ်။

      နွားနို့၊ သံပရာရည်ဖြင့် ပေါင်းတင်နည်း

      ဂျုံမှုန့် ထမင်းစားဇွန်း တစ်ဇွန်း၊ နွားနို့ ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံပရာရည် အစက်နှစ်စက်တို့ကို ရောပြီး မျက်နှာကို လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ လေးပတ်ကြာတဲ့ အထိ နေ့စဉ် ပေါင်းတင်ပေးပြီး နောက်ပိုင်းမှာ တစ်ပတ်တစ်ကြိမ် ပေါင်းတင် ပေးနိုင်ပါတယ်။

      ခရမ်းချဉ်သီး၊ သံပရာရည်ဖြင့် ပေါင်းတင်နည်း

      ကြိတ်ခြေထားတဲ့ ခရမ်းချဉ်သီး တစ်လုံးကို သံပရာရည် နှစ်စက်- သုံးစက် ရောထည့်ပြီး မွှေကာ မျက်နှာပေါ် လိမ်းပါ။ မိနစ် ၂ဝ ကြာမှ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းကို တစ်နေ့နှစ်ကြိမ် ပြုလုပ်ပြီး ၁၅-၂ဝ ရက် ကြာတဲ့အခါ သိသာတဲ့ အကျိုးကျေးဇူးကို တွေ့ရပါလိမ့်မယ်။

      ဂျုံမှုန့် နှင့် ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း

      ဂျုံမှုန့်၊ ဒိန်ခဲနဲ့ ခရမ်းချဉ်သီး အရည်တို့ကို ရောပြီး မျက်နှာပေါ် လိမ်းပေးပါ။ မိနစ် ၂ဝ လောက်ကြာမှ ရေအေးနဲ့ ဆေးချလိုက်ပါ။ အရေပြားပေါ်က နေလောင်ဒဏ်ရာတွေကို ကင်းစင်စေပြီး အသားအရေကို တောက်ပစေပါတယ်။

      အသားအရေ ဖြူဝင်းလှပစေမည့် နေထိုင်မှုပုံစံ

      စားတဲ့ အစားအသောက်နဲ့ အနေအထိုင်တွေကလည်း အသားအရေ လှပမှုအပေါ် မူတည်နေပါတယ်။

      ရေသောက်ပါ

      ရေက ခန္ဓာကိုယ်တွင်း စနစ်ထဲက အဆိပ်တွေကို ကင်းစေတာကြောင့် အသားအရေ ကြည်လင်စေပါတယ်။ ရေကို လုံလုံလောက်လောက် သောက်တာက အသားအရေကို တောက်ပ ကျန်းမာစေပါတယ်။

      သစ်သီးနှင့် ဟင်းသီးဟင်းရွက် စားပါ

      နေ့စဉ် အစားအစာထဲမှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများပါအောင် ထည့်စားပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေထဲမှာ ပါတဲ့ အင်တီ အောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပါတယ်။ ဒါကြောင့် အသားအရေကို နုပျို ကျန်းမာစေပါတယ်။

      နေရောင်ခြည် အောက်မှာ သိပ်မနေပါနှင့်

      နေရောင်ခြည်ထဲမှာ နေတာကို တတ်နိုင်သမျှ လျှော့သင့်ပါတယ်။ နေရောင်ခြည်နဲ့ လုံးဝ မထိတွေ့ရဘူး လို့လည်း မဆိုလိုပါဘူး။ နေရောင်ခြည်ကနေ အရေးကြီးတဲ့ ဗီတာမင်ဖြစ်တဲ့ ဗီတာမင်ဒီကို ရရှိနိုင်လို့ပါ။

      လေ့ကျင့်ခန်း လုပ်ပါ

      လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ထွက်လာတဲ့ ချွေးကနေ တစ်ဆင့် အဆိပ်တွေ ထွက်သွားပါတယ်။ ချွေးထွက်တာက သွေးလှည့်ပတ်မှုကို ကောင်းစေပြီး အရေပြားဆီက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းက တစ်နေ့တာရဲ့ အလေ့အထ တစ်ရပ်လို သဘောထားပေးပါ။

      အိပ်ရေးဝဝ အိပ်ပါ

      တစ်ညကို အိပ်ချိန် အနည်းဆုံး ခုနစ်နာရီလောက် မရှိရင် သင့်အနေနဲ့ ပင်ပန်း နွမ်းနယ်နေတဲ့ ပုံပေါ်နေနိုင်ပြီး အသားအရေလည်း နွမ်းနယ် နေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်စက် အနားယူပါ။

      Credit to ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်)

      :mrgreenn:

  • kyeemite

    October 9, 2013 at 9:09 am

    ပရင့်ထုတ်ပီး သမော်ဒီးကိုပေးဖတ်လိုက်မယ် ကြံမိတယ်
    ပြန်စဉ်းစားတော့မှ အင်း…သစ်သီးဖိုးတွေ နာ့ပိုက်ဆံနဲ့ဝယ်ဂျတော့မှာပဲ
    ဆိုပြီး..ပြတော့ဘူး 😀

    • KZ

      October 9, 2013 at 9:20 am

      😀

      မျက်နှာအသားအရေ စိုပြေစေဖို့

      ဆောင်းရာသီမှာ အသားအရေ ချောက်သွေ့နေတဲ့သူတွေနဲ့ မျက်နှာအသားအရေ ကြမ်းနေတဲ့ သူတွေ အတွက် အဆင် ပြေစေမယ့် နည်းလမ်းလေးတချိုပါ။ အခုလို ဆောင်းရာသီရောက်တဲ့အတွက် မျက်နှာ အရေပြားခြောက်သွေ့တဲ့ သူ တွေအတွက် အသားအရည်စိုပြေ နုပျိုသွားစေဖို့အတွက် ပေါင်းတင်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေပါ။
      လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ ပျားရည်၊ သနပ်ခါး၊ လိမ္မော်သီး တို့ဖြစ်ပါတယ်။ မျက်နှာကိုပေါင်း မတင်ခင် ပထမ အဆင့်အနေနဲ့ မျက်နှာကိုဆေးကြော သန့်စင်ပေးရပါမယ်။ ပြီးရင်တော့ ခွက်အသန့် တစ်ခု ထဲကို သနပ်ခါးအနှစ်၊ ပျားရည်အနည်းငယ်၊ လိမ္မော်သီးအရည် ၃ မျိုးကို သမအောင် ရောမွှေပြီး မျက်နှာ
      ပြင်ကို လိမ်းပေးရပါမယ်။ မိနစ် ၃ဝ လောက်ကြာ ထားရှိပေးရပါမယ်။
      ပြီးရင်တော့ မျက်နှာကို ဆေး ကြောပေးလိုက်ပါ။ အဲဒီလို ၁ ပတ်ကို ၂ ကြိမ် လုပ်ပေးရင်တော့ အကောင်း ဆုံးပါဘဲ။ သနပ်ခါးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်တမျိုးက မျက်နှာအသားအရည်ကို နဂိုထက်နုပျို သွားပါ လိမ့်မယ်။ မျက်နှာ အသားအရေ ကြမ်းတဲ့သူတွေ အတွက် ပိုပြီး အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါ တယ်။

      နောက် နည်းလမ်း ၁ခုကတော့ အသားအရေတွေခြောက်သွေ့တာ၊ အသားအရည် တင်းပြီး အရေခွံ ကွာနေတဲ့ သူ တွေအတွက် ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥ၊ ဒိန်ချဉ်၊ ငှက်ပျော်သီး တို့ဖြစ်ပြီးတော့ ကြက်ဥကို သုံးတဲ့ အခါမှာ အကာကို မသုံးဘဲ အနှစ်ကိုဘဲသုံးရပါမယ်။

      ဒီနည်းကို မလုပ်ခင်မှာတော့ ထုံးစံအတိုင်း မျက်နှာကိုဆေးကြော ပေးရပါမယ်။ လုပ်ပုံလုပ်နည်းတွေ ကတော့ ခွက် ၁ ခု မှာ ငှက်ပျော်သီး ၁ လုံးကို ညက်နေအောင်လုပ်ပြီး ထည့်ရပါမယ်။ ပြီးရင် ဒိန် ချဉ် ၁ ဇွန်းထည့်ပါ။ ပြီးရင်တော့ ကြက်ဥ ၁ လုံးရဲ့ အနှစ်ဘဲ ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ မျက် နှာပြင်မှာ လိမ်းထားပါ။

      မိနှစ် ၂ဝ လောက် ထားပေးပြီး မျက်နှာကို ဆေးကြောပေးလိုက်ပါ။ မျက်နှာကို ဆေးကြောတဲ့ အခါမှာ
      ရေနွေး နွေးနွေးလေးနဲ့ ဆေးကြောပေးရပါမယ်။

      ပြီးတော့မှ ရေ အေးလေးနဲ့ ပြန်ပြီး ဆေးကြောပေးရပါမယ်။ ရေနွေးနဲ့ ဆေးကြောပေးခြင်းဟာ မျက်နှာပြင်
      ချွေးပေါက်တွေ ပွင့်ထွက်ဖို့ အတွက်ပါ။ ရေအေးနဲ့ တဖန်ပြန်လည်ဆေးကြောပေး တာကတော့ မျှက်နှာ မှာ သွေးလည်ပတ်မှုကို ကောင်းစေဖို့ပါ။ ငှက်ပျော်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဟာ အသားအရေ အတွက် ကောင်းပါတယ်။

      ဒိန်ချဉ်မှာ ပါဝင်တဲ့ ဓာတ်တမျိုး ကြောင့် မျက်နှာပေါ်ကအမည်းစက်ကအစအကွက်တွေကိုပါ ပျောက်ကင်း
      စေပါတယ်။ အခုပြောတဲ့ နည်းတွေကတော့ သဘာဝ နည်းတွေနဲ့ မျက်နှာ အသားအရေတွေကို ချော်မွှေ့ သွားအောင် ပေါင်း တင် ပေးနိုင်တဲ့ နည်းကောင်းလေးတွေပါ။

      ဓာတု ဖန်တီးချက်တွေမပါတဲ့ အသီးအနှံတွေနဲ့ ပေါင်းတင်ပေးခြင်းဖြင့် ကိုယ့် မျက်နှာအသားအရေနဲ့ မတည့် မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ မျက်နှာအတွက် ကောင်းမွန်တဲ့ ပစ္စည်းတွေပါ။ အထက်ပါ မျက်နှာပေါင်းတင်နည်း ၂ ခုကတော့ ဆောင်းရာသီမှာ ကြုံ တွေ့နေရတဲ့ အသားအရေ ခြောက်သွေ့ ကြမ်းနေတဲ့သူတွေအတွက် ပြုလုပ်ပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးပါ။

      မျက်နှာ အသားအရေကို ထိန်းသိမ်းရာမှာ ကိုယ့်လက်ကလေးနဲ့ မျက်နှာက အကြောတွေကို အသာ အယာနှိပ်နယ်ပေး ခြင်းဖြင့်လည်း မျက်နှာကြောတွေ ပြေလျော့ပြီး နုပျိုမှုကို ဖြစ်စေပါတယ်။ ပျိုမေတို့တွေ လွယ်ကူစွာနဲ့ အသားအရေ ထိန်းသိန်းနိုင်ပြီး လှပစေဖို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။

      Credit to အိမ့်သံစဉ်

  • ဦးကျောက်ခဲ

    October 9, 2013 at 9:34 am

    ကျောက်စ်လို ကြေးနီရောင် အသားအရည်အတွက် ဆေးနည်းပေးပါ…
    😀

    • KZ

      October 9, 2013 at 9:51 am

      ကိုဘလက် ကို ရီပလိုင်းထားတာ ကြည့်လိုက်။

      😀

  • Crystalline

    October 9, 2013 at 9:45 am

    အားကြီးပဲ.. မှတ်မိတော့ဘူး.. ကော်ပီလုပ်သွားပါတယ် အလှအပ အကြံပေးပညာရှင်ဆရာမ ကေကေဇီရယ်.. :))

    • ဦးကြောင်ကြီး

      October 9, 2013 at 9:50 am

      များများ မှတ်စရာ အလိုဗူးလေ ခရစ်လေးရဲ့ နှစ်လုံးထဲ မှတ်ထား…. ဘာဒဲ့……………………………………………………………………………………………………………………..ကြောင်………………………………………………………………………………………………………………………..ကြီး

    • KZ

      October 9, 2013 at 9:52 am

      မေးလို့ ပြောပြရတာပါ။
      :mrgreenn:

  • Mahar Myanmar

    October 9, 2013 at 11:22 am

    အစ တစ်လုံး ကဲ နဲ့ နောက်ဆုံး တစ်လုံး ဟိ ကို
    ချုံ့ ဖတ် လိုက် ပါ ကြောင်း..
    လှပြီး သား အသားအရေ ပိုင် ချင် မို့
    အသုံး မလိုပါ .
    အသုံးလို သူ များ ကို မလှ ဘူ း ဟု
    ဆိုလို ခြင်း
    မဟုတ်ပါ…

  • Swal Taw Ywet

    October 9, 2013 at 11:26 am

    စားသောက်ဆိုင် အပြင် လှပခြင်းအကျိုးပြု သစ်သီးဆိုင်ပါတွဲဖွင့်ပါဗျို့
    ရွာကွပ်ပျစ်လေးကိုလာရင်လည်းယူခဲ့ပေါ့နော်၊ပေါ့နော်ာ်ာ်။
    Let’s try our best for our mother land, start from MG.
    With respect,
    Swal Taw Ywet.

  • Nay Chi

    October 9, 2013 at 4:44 pm

    နည်းလမ်းတွေ များလွန်းလို့ မှတ်လို့ မနိုင်တော့ဘူး..။ အဲဒါကြောင့် အသီးထဲမှာ ကြက်သွန်၊ ဂျင်း၊ ငရုတ်သီး အဲဒီ ၃မျိုးကလွဲရင် တွေ့တာကောက်ပြီး မျက်နှာမှာ လိမ်းပစ်လိုက်တော့မယ်..။ 😀

  • padonmar

    October 9, 2013 at 9:55 pm

    ငယ်ငယ်ကတော့ အဲဒါတွေ လိုက်မှတ်၊တခုလောက်စမ်းလုပ်ပြီးရင် ထပ်မလုပ်ဖြစ်နဲ့။
    ခုတော့ ရွာထဲဝင်ရတာ အချိန်မလောက်လို့ ခြေသည်းတောင် ဆိုးထားမိတာ ကွက်ကျားကို ပြန်မဖျက်နိုင်ဖြစ်နေတယ်။
    ဒီအသက်မှတော့ ဒါတွေလုပ်လည်း နဂို ဆိုးတဲ့ရုပ်က လှမလာတော့ပါဘူးလေလို့ စိတ်ကိုလျှော့ပြီး စားပဲစားပလိုက်တော့မယ်။

  • KZ

    October 10, 2013 at 10:03 am

    ဟိ၊.၊အာတီဒုံ။
    ကျနော်လည်း စားတဲ့လိုင်းပဲရွေးတော့တယ်။
    ~~~~
    မဟာတို့ လှပြီးသားမှန်း သိပြီးသားးးး
    ~~~~~
    ကို ၂ လွှာပေါင်းမှ ၁ ရွက် ရဲ့ နေရာငှါးမယ်ဆို ၂ ဆိုင်လုံး လာဖွင့်လိုက်မယ်။
    ~~~~~~
    နေခြည် အဲဒါတွေနဲ့ ပေါင်းတင်တဲ့ နည်း ရှာလိုက်ဦးမယ်။ ဟီးဟီးးးး
    ~~~~~~

    :mrgreen:

Leave a Reply