နိုင်ငံအကျိုးပြုမယ့်10နိုင်ငံပြန်ပြည်ခိုင်ဖြိုးပါတီသတင်းသမားလား။ဂုဏ်သိက္ခာမဲ့အတင်းသမားလား

 

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နေတဲ့အစိုးရသစ်လက်ထက်မှာအာဏာရပါတီဖြစ်တဲ့
ပြည်ခိုင်ဖြိုးပါတီရဲ့အရေးပါပုံကိုတွေ့မြင်နိုင်သလို။နိုင်ငံတာဝန်
ထမ်းဆောင်တဲ့အခန်းကဏ္ဍတွေမှာပါတီဝင်တွေနဲ့ပါတီတာဝန်ရှိသူတွေဟာအထူးတာဝန်

တစ်ရပ်အနေနဲ့ပြည်သူအပေါ်စေတနာထားတာဝန်ထမ်းဆောင်ကြတာလည်းတွေ့မြင်ရပါတယ်။

၂၀၁ဝမှာပြည်ခိုင်ဖြိုးအသင်းကနေပါတီအသွင်ပြောင်းလဲဖွဲ့စည်းခဲ့
ပြီးပါတီတွင်းကအလားအလာရှိတဲ့လူငယ်တွေကိုရွေးချယ်ပြီး၁ဝနိုင်ငံလေ့လာရေးခရီးတွေနိုင်ငံတော်

အစီအစဉ်နဲ့စေလွှတ်ခဲ့ပါတယ်။ နိုင်ငံတကာအတွေ့အကြုံယူပြီးကိုယ့်နိုင်ငံကိုယ့်ဒေသမှာဖွ့ြံဖိုးရေးလုပ်

ကိုင်နိုင်အောင်ဒေသအသီးသီူလူငယ်တွေအပေါ်မြေတောင်မြှောက်ပေးနေရာတွေပေးခဲ့ကြပါ
တယ်။ ကိုယ်နိုင်ငံကိုယ့်လူမျိုးကိုယ့်ဒေသ
ကိုယ့်မြို့ကိုယ့်ရွာမှာနိုင်ငံတော်နဲ့အတူပူးပေါင်းလုပ်ဆောင်စေချင်တဲ့နိုင်ငံတော်အကြီးအကဲများရဲ့စေတနာ

လို့တွေးထင်မိပါတယ်။သို့သော်အချို့သောစေလွှတ်ခံရသူလူငယ်တွေမှာ၁ဝနိုင်ငံပြန်ဆိုတဲ့ဂုဏ်ကိုနားထင်

အထိရောက်အောင်တင်လူကြီးတွေမြေတောင်မြောက်ပေးမှုကိုအရာမထင်အောင်အောက်ခြေလွတ်ပရမ်းပ

တာအနေအထိုင်နဲ့မိမိဒေသမြို့ရွာအတွက်အသုံးမဝင်အံဝင်ဂွင်ကျမဖြစ်ဘဲအမှိုက်ရှုပ်အမှိုက်ထုပ်သဖွယ်ဖြစ်နေ

ကျင့်ကြံနေတဲ့လူငယ်တွေကိုကျနော်တို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာတွေ့မြင်နေရပါတယ်။ပြည်ခိုင်ဖြိုးပါတီရဲ့လမ်း

စဉ်နဲ့မူဝါဒရည်ရွယ်ချက်တွေနောက်မှာချန်ပြီးအရက်သေစာမူးအောင်သောက်ပါတီနံမည်တပ်ပြီးဆဲရေးတိုင်း

ထွာမြို့အာဏာပိုင်ဌာနအကြီးအကဲမှန်သမျှနဲ့ဒေသနေပြည်သူတွေကိုအပုပ်ချရေးသား၁ဝနိုင်ငံပြန်လူရမ်းကား

အဖြစ်ကိုရောက်နေတဲ့လူငယ်တွေကျနော်တို့မြို့မှာအထင်အရှားတွေ့မြင်ရပါတယ်။ဧရာဝတီတိုင်းဒေသကြီးရဲ့၂၆မြို့နယ်

မှာပါဝင်တဲ့ကျနော်တို့ရဲ့အိမ်မဲမြို့လေးဟာကျေးရွာ၉ရအုပ်စုမြို့ရပ်ကွက်၅ခုနဲ့တည်ဆောက်ထားပါတယ်။အိမ်မဲမြို့လေး

ဟာအေးချမ်းသာယာပြီးဒေသဖွံ့ဖြိုးရေးလုပ်ဆောင်တိုင်းမှာမြို့နေပြည်သူတွေညီညွတ်ပြီးအားကြိုးမာန်တက်ပူးပေါင်းပါ

ဝင်လုပ်ကိုင်တတ်တဲ့မြို့လေးအဖြစ်အိမ်မဲရောက်လာကြတဲ့ဝန်ထမ်းအရာရှိတွေရဲ့ချီးကျူးထောပနာပြုမှုကိုခံရတဲ့မြို့လေး

ပါ။ပြည်ခိုင်ဖြိုးအသင်းကနေပါတီပြောင်း၁ဝနိုင်ငံလေ့လာရေးခရီးစဉ်ထဲမှာအိမ်မဲမြို့ကတပ်မတော်အငြိမ်းစားဗိုလ်ကြီးတင့်

လွင်ရဲ့သားဇွဲမာန်လွင်ဆိုတဲ့လူငယ်တစ်ဦးပါသွားခဲ့ပါတယ်။၁ဝနိုင်ငံခရီးစဉ်ပြန်ရောက်တဲ့လူငယ်တွေကိုအဆင့်ဆင့်

သင်တန်းတွေပေးတာဝန်တွေထမ်းဆောင်စေခဲ့တာအိမ်မဲမြို့ကဇွဲမာန်လွင်ဆိုတဲ့လူတစ်ယောက်ဟာအိမ်မဲမြို့ပြည်ခိုင်ဖြိုး

ပါတီမှာECအလုပ်အမှုဆောင်သတင်းတာဝန်ခံအဖြစ်မြေတောင်မြောက်ပေးခြင်းခံခဲ့ရပါတယ်။နိုင်ငံတိုးတက်ံပြောင်းလဲ

လာတဲ့အခြေအနေမှာမီဒီယာလွတ်လပ်ခွင့်နဲ့နည်းပညာတိုးတက်လာမှုအပေါ်အင်တာနက်အသုံးပြုမှုတွေတွင်ကျယ်လာခဲ့

ပါတယ်။နိုင်ငံတော်အကြီးအကဲတွေရဲ့မြေတောင်မြောက်ပေးမှုနဲ့ပါတီသတင်းတာဝန်ထမ်းဆောင်နေတဲ့ဇွဲမာန်လွင်ဟာသတင်းမီ ဒီယာကိုအခြေပြုခုတုံးလုပ်ပြီးနိုင်ငံတော်စေတနာနဲ့အိမ်မဲမြို့ကောင်းကျိုးများစတင်ပြုလုပ်ခဲ့ပါတယ်။အင်တာနက်ဖေ့ဘုတ်မှာ

အိမ်မဲသား။ကိုဇွဲမာန်။media watch။Shwe  kayin။အစိမ်းရောင်ကွန်မြူနစ်၊စနေမင်းသားစတဲ့နံမည်တွေနဲ့အိမ်မဲမြို့ကမဲဆန္ဒနယ်အမှတ်၁တ စ ည  ပါတီကိုယ်စားလှယ်မန်းညိမ်းရွှေ။မဲဆန္ဒနယ်အမှတ်၂ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဦးမြသန်း။
မြို့နယ်အုပ်ချုပ်ရေးမှူးဦးရာဇာဝင်း။
မြို့နယ်မြေစာရင်းဦးစီးမှူးဦးခင်မောင်ဝင်း။
ဒုမြေစာရင်းဦးစီးမှူးဦးဇော်ဇော်ဦး။မထသဥက္ကဌဦးမြင့်သိန်း။အိမ်မဲပြည်ခိုင်ဖြိုးရုံးတာဝန်ခံဦးကြည်လှိုင်။ကြက်ခြေနီအကြီးအကဲ
ဦးတင်ဦး။စည်ပင်သာယာအဖွဲ့၏လမ်းခင်း
ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ချက်နှင့်စည်ပင်အဖွဲ့အပေါ်၌၎င်း။သတင်းစာဆရာအသင်းတိုင်းအလုပ်အမှုဆောင်ဦးဦးဇော်မင်းထက်(ခ)စာရေးဆရာထက်ဝေး။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ။ အိမ်မဲမြို့
envoyဂျာနယ်။မှုခင်းရှုထောင့်ဂျာနယ်သတင်းထောက်ဦးသူရစိုး။စသည့်တို့အပြင်
အိမ်မဲမြို့နေပြည်သူများ၏နံမည်များတပ်၍ရေးသားခြင်း။ဓါတ်ပုံများခိုးယူတင်ခြင်း
သတင်းအသွင်မဆောင်ဘဲ။နားအကြားမိမိအတွေးအထင်များဖြင့်ဂုဏ်သိက္ခာကျဆင်းအောင်အပုပ်ချရေးသားစော်ကားခြင်းများပြုလုပ်ပြီးကျေးဇူးပြု

လုပ်ဆောင်လျှက်ရှိပါတယ်။သတင်းပညာရပ်မပါသောရေးသားမှု။သတင်းသမားနှလုံးသားမရှိဘဲမိမိအတွေး။မိမိအထင်။လေ့လာမှုမရှိအကြားတစ်ခု

တည်းဖြင့်ကိုယ်ပိုင်သုံးသပ်ချက်များနှင့်အကြည်အညိုပျက်လောက်အောင်ရက်ရက်ရောရောရေးသားပြီးကျနော်တို့မြို့ကိုကောင်းကျိုးပြုတာဗြောင်း

ဆန်နေလေရဲ့။နိုင်ငံတော်စေတနာနဲ့အကုန်အကျခံမြေတောင်မြောက်ပေးတဲ့စေတနာကိုသိရှိနားလည်ပြီးနိုင်ငံတော်ကိုအကျိုးပြုနေတယ်လို့ထင်မြင်

မိပါတယ်။၎င်း၏ဂုဏ်သိက္ခာမဲ့ရေးသားတိုက်ခိုက်မှုများကြောင့်အိမ်မဲစာပေသမားများသာမက၊ပြည်ခိုင်ဖြိုးပါတီဝင်များ၊တ.စ.ညပါတီဝင်များ၊
Nldပါတီဝင်များ၊ယခုအသစ်ဖွဲ့စည်းထားသောတောင်သူလယ်သမားပါတီဝင်များအပါအဝင်၊အိမ်မဲမြို့၌တာဝန်ထမ်းဆောင်နေသောပြည်သူ့ဝန်

ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများအကြောင်းများကိုပါကျင့်ဝတ်မဲ့သောအရေးအသားများ၊သူတစ်ဦးတစ်ယောက်အပေါ်ဂုဏ်သိက္ခာညှိုးနွမ်းစေသော

အရေးအသားများဖြင့်ရေးသာတိုက်ခိုက်လျှက်ရှိပါသည်။နိုင်ငံတော်အာဏာရပါတီမှအမှုဆောင်ECသတင်းတာဝန်ခံတစ်ယောက်အနေဖြင့်ယခုကဲ့သို့ဂုဏ်

သိက္ခာမရှိပြုမူဆောင်ရွက်နေခြင်းများအပေါ်၊ပါတီအကြီးအကဲများအားတိုင်ကြားခြင်းများပြုလုပ်ထားသော်လည်းပြည်ခိုင်ဖြိုးပါတီအနေဖြင့်မည်သို့မျှအရေး

ယူဆောင်ရွက်ခြင်းမရှိသေးကြောင်းသိရသည်။အိမ်မဲမြို့ပြည်ခိုင်ဖြိုးECသတင်းတာဝန်ခံတစ်ယောက်အနေဖြင့်ယခုကဲ့သို့သိမ်ဖျင်းစွာဆောင်ရွက်နေခြင်းများ

အပေါ်တွင်အာဏာရပါတီကြီးတစ်ခု၏တာဝန်ရှိသူတစ်ယောက်အနေဖြင့်မဆောင်ရွက်သင့်ကြောင်း၎င်းစော်ကားရေးသားခြင်းကိုခံရသောသတင်းစာဆရာတစ်ဦးမှ
ပြောကြားခဲ့သည်။(၂.၁၀.၂၀၁၃)နေ့၊နံနက်၁ဝနာရီတွင်အိမ်မဲမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ရွှေပြည်တန်ခန်းမ၌ကျင်းပခဲ့သောပါတီပေါင်းစုံနှင့်မြို့နယ်ကော်မရှင်

အဖွဲ့တွေ့ဆုံအစည်းအဝေပွဲတွင်တောင်သူလယ်သမားပါတီ
အတွင်းရေးမှူးဦးငွေကြည်မှအိမ်မဲမြို့ရှိပါတီပေါင်းစုံနှင့်အာဏာပိုင်အဖွဲ့အစည်းများ၊ဒေသခံစာပေပညာရှင်များ၊ပြည်သူ့အခြေပြုသတင်းသမားများအပေါ်

ကိုနိုင်ငံတော်မှလွတ်လပ်မှုပေးထားသော၊မီဒီယာအခန်းကဏ္ဍကိုအလွဲသုံးစားပြုလုပ်၍အိမ်မဲသားအမည်ဖြင့်ရေးသားတိုက်ခိုက်နေခြင်းကိုဝိုင်ဝန်းဖော်

ထုတ်သင့်ကြောင်းနှင့်ထိုသို့ရေးသားနေသူမှာပါတီကြီးတစ်ခုမှတာဝန်ရှိသူတစ်ဦးဖြစ်ကြောင်းမိမိတို့လေ့လာသိရှိရသဖြင့်မြို့နယ်အာဏာပိုင်များတာဝန်ရှိ

သူများအနေဖြင့်ဝိုင်းဝန်ဖော်ထုတ်အရေးယူပေးရန်ဆန္ဒပြုကြောင်းဆွေးနွေးပြောကြားခဲ့သည်ဟုသိရပါသည်။အဆိုပါအစည်းအဝေသို့တ.စ.ညပါတီ၊ပြည်ထောင်

စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊NLDပါတီ၊တောင်သူလယ်သမားပါတီမှတာဝန်ရှိသူများနှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ

တက်ရောက်ခဲ့ကြjပြီးအဆိုပါသတင်းတာဝန်ခံမှလည်းတက်ရောက်ခဲ့ကြောင်းသိရသည်။အိမ်မဲမြို့နေပြည်သူများမှလည်း၎င်းအင်တာနက်ဖေ့ဘုတ်

တွင်ရေးသာခံခဲ့ရသောမိမိတို့မိတ်ဆွေ၊ဆွေမျိုးများအတွက်မဟုတ်မမှန်ဂုဏ်သိက္ခချအရေးခံကြရသဖြင့်တည်ဆဲဥပဒေအရဖော်ထုတ်စစ်ဆေး

011~1 IMG_0095အရေးယူပေကြရန်ဆန္ဒရှိကြကြောင်းသိရသည်။

 

One comment

  • TNA

    October 8, 2013 at 8:56 pm

    ဂုဏ်သိက္ခာဆိုတာသူတို့အတွက် ဘာလဲလို့မေးရလောက်အောင် မသိတဲ့သူတွေမို့ ဂုဏ်သိက္ခာပိုင်းနဲ့ပါတ် သက်ရင်တော့ သူတို့က ရှက်လိမ့်မယ်မထင်။

Leave a Reply