ယုံကြည်မှ ုတစ်ခုနဲ့. . .ဒို့ ဘုရားကို မြင်အောင် ကြည့်တဲ့အခါ. . .

alinsettOctober 9, 20131min19414

011

မနေ့ညနေက

လှိုင်သာယာဘက်ကို သွားတာ.. . . . . . . . . . . . . .

အပြန်မှာ . . . . . .

 

============================

 

လှိုင်သာယာ အဝေးပြေးကားဝင်း-ဒဂုံဧရာကနေ ၇၉ ဒိုင်နာ စီးပြီးပြန်လာတာပါ ။

 

ဒိုင်နာ ဆိုတော့ ဘေးမှာ အကာ အကွယ် မရှိ ဟာလာဟင်းလင်းပေါ့။

 

လေတွေ တဟူးဟူး ဝင်နေတဲ့ ကားကျပ်ကျပ်ပေါ်မှာ . . .

လမ်းကြမ်းလို့ ့ခုန်ပေါက်နေတဲ့ ကားရဲ့ ကိုင်စရာတန်းကလေးကို တင်းတင်း ဆုပ်ကိုင်ပြီး စီး လိုက်လာရတာလေ။

 

လှိုင်သာယာ မီးခွက်ဈေးနားရောက်တော့ နေရာ ရတယ် ။

 

ဘေးတိုက်ထိုင်ခုံတန်းပေါ်ထိုင်ပြီး အပြင်ဘက်ကို ဟိုဟိုဒီဒီ ကြည့်မိတယ်။

 

အဲဒီမှာပဲ . . .

ကြည့်သောသူ မြင်၏ မဟုတ်ပဲ ကြည့်သောသူ ဝင်၏ ဖြစ်သွားတာပါ ။

 

ကျွန်တော့် မျက်လုံးထဲ အမှိုက်တစ်စဝင်သွားပါတယ် ။

 

ဖုန်လား သဲလား ဘာမှန်းလဲမသိတဲ့ အမှိုက်တစ်စက ကျွန်တော့် ညာဘက်မျက်လုံးသားထဲမှာ

ဝင် ကပ်နေတော့ . . .မျက်တောင်ခတ်တိုင်း ခုလုခုလု နဲ့ ။

 

တစ်ရှူးစလေးနဲ ့အသာ ပွတ်ပြီး ထုတ်တော့လည်းမရ။

မျက်လုံးက မျက်ရည်စတောင်ကျလာပြီး စပ်ဖျင်းဖျင်းနဲ ့နာလာတယ် ။

 

အမှိုက်စ တော့ ဒုက္ခပေးပြီ ။

မျက်ခွံရဲ့ အောက်ထဲမှာ သေသေချာချာ ဝင်နေတဲ့

ပွတ်သပ်ထုတ်လို့လည်း မရတဲ့အမှိုက်စ ။

 

ဘယ်လို လုပ်ရမလဲ ။

 

အမှန်တော့ မျက်ခွံကို လှန်ပြီး တစ်ယောက်ယောက်က ထုတ်ပေးမှ ရတော့မှာ ။

အဝတ်စ သန့်သန့်နဲ့ အသာလေး ဆွဲဖယ်မှ ရမှာပေါ့။

 

ကိုယ့်ဘာသာ မှန်ကြည့်ပြီး ထုတ်ရအောင်ကလည်း မှန် မပါဘူး။

 

((ယောကျာ်းလေးဆိုတော့ ဟို အလှကြိုက်တဲ့မိန်းမတွေလို မှန်မဆောင်ထားဘူးပေါ့။))

 

:kwi:

 

ကားထဲက ကောင်မလေးတစ်ယောက်ယောက် ဆီမှာတော့ မှန်ပါနိုင်တယ်။

 

ကိုယ်နဲ့မသိတဲ့မိန်းကလေး

တစ်ယောက်ယောက်ဆီက

မှန် ခဏငှားလို ့ရနိုင်တယ်။

 

ဒါပေမယ့် ငှားလည်း အပိုပဲ ။

 

ဒီလောက် ခုန်ပေါက်နေတဲ့ လမ်းဆိုးဆိုးပေါ်က လိုင်းကားပေါ်မှာ မှန်ကြည့်ပြီး မျက်လုံးထဲက အမှိုက်စကို ထုတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး ။

 

မျက်လုံးကို တစ်ရှူးစနဲ့ အသာပွတ်ကြည့်လိုက် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်လိုက်နဲ ့

မျက်လုံးကလည်း နာကျင်လာပြီ။

 

မျက်ရည်ပူတောင်ကျလာပြီ ။

ခုလုခုလု ဖြစ်နေတဲ့ အမှိုက်စနဲ့

မျက်လုံးကို မျက်တောင်ခတ်လိုက်တိုင်း မျက်ရည်ပူကျလာတယ်။

နာကျင်လာတယ်။

 

ဘာလုပ်ရမလဲ။

 

ခဏမျက်လုံးမှိတ်ပြီး ငြိမ်နေလိုက်တယ်။

 

သူ ့ဘာသာများကောင်းသွားလေမလားလို့။

 

ပြန် ဖွင့်ကြည့်တော့. . .

ဟင့်အင်း ။ ရှိနေတုန်းပဲ ။

 

ဒုက္ခပဲ ။

 

ဒီမျက်လုံးမှာ အဲဒီလိုအနာတရ ဖြစ်တာ မကောင်းဘူး။

 

မျက်လုံးတော့အထိအခိုက်မခံနိုင်ဘူး။

 

ဘာလုပ်ရမလဲ ။

 

အိမ်ရောက်မှ မေမေ့ကို ပြပြီး ထုတ်ပေးဖို့ ့လုပ်ရမယ်။

မေမေရေ ။ ကယ်ပါဦး ။

 

ဒါပေမယ့် အခုကို တော်တော် ခံစားနေရပြီလေ ။

 

အခု မြန်မြန် ကောင်းချင်ပြီ ။

 

ဘာလုပ်ရမလဲ ။

 

ဘာမှ လုပ်မရဘူးဆိုတာတော့ မဟုတ်သေးပါဘူး။

တစ်ခုခုတော့ လုပ်လို့ရ ရမယ် ။

 

ကဲ. . . .

ဘုရားကို အာရုံပြုမယ်ကွာ။

 

(( မြန်မြန်ပျောက်ပါစေ ဆုတောင်းရုံနဲ့ မပျောက်နိုင်တာ သိပြီးသား။))

 

:kwi:

 

 

ဆု မတောင်းဘူး ။

 

ဒီတော့ ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဒီမျက်လုံးတွေ နဲ့ မြင်အောင်ကြည့်မယ်။

 

ပုံတွေ ပန်းချီကားတွေထဲက ဘုရား ရုပ်တုတော် မဟုတ်ဘူး။

 

တကယ့်သက်ရှိထင်ရှား မြတ်စွာဘုရားကို မြင်အောင် ကြည့်မယ် ။

 

အသားတော် ဝါဝါဝင်းဝင်း နဲ့ ကြည်လင်အေးမြတဲ့ တုနှိုင်းမဲ့ မျက်နှာတော်. . .။

 

တရားအသိ နဲ့ တည်ငြိမ်အေးချမ်းတဲ့ မျက်နှာထား. . .။

 

ဒီလောကမှာ အမြင့်မြတ်ဆုံး ဘုရားရှင်ရဲ့ အတုမရှိ ပုံရိပ်တော်။

 

သတ္တဝါတွေ အပေါ်မှာ မေတ္တာတရား ဂရုဏာထား ကြင်နာ သနား ဟန်နဲ့ လွတ်မြောက်ရာ လမ်းကို ပြတော်မူနေဟန်နဲ ့ မြတ်စွာ ဘုရား ။

 

လောဘ ကင်းတော်မူသော

ဒေါသ ကင်းတော်မူသော

မောဟ ကင်းတော်မူသော ပကတိရှင်းသန့်ကြည်လင် မြင့်မြတ်စင်ကြယ်တော်မူသော

မြတ်စွာ ဘုရား. . . .။

 

ဘုရားရှင်ရဲ့ ပုံရိပ်ကို မျက်လုံးမှတ်ထားတဲ့ကြားက မြင်အောင် ကြည့်လိုက်ပြီ ။

 

ဘုရားပြတဲ့ လမ်းကို ဘယ်ဟာအကောင်း

ဘယ်ဟာအဆိုး မြင်အောင် ကြည့်လိုက်ပြီ။

 

ဘုရား ရှင် ပြတော်မူသော

သီလ / သမာဓိ / ပညာ လမ်းစဉ်ကို

ကြည့်ပြီး လိုက်နာ ကျင့်သုံးရကောင်းတာ အမှန်ပဲ လို့ မြင်လိုက်ပြီ ။

 

အဲဒီလို ဘုရားကို မြင်အောင် ကြည့်လိုက်ပြီးတဲ့အခါ . . . . .

ကျွန်တော် မျက်လုံးတွေကို ဖွင့်လိုက်တယ်။

 

အံ့ဩစရာပါပဲ။

 

တကယ့်ကို အံ့ဩစရာပါပဲ ။

 

ခုဏက ကုပ်ကပ်တွယ်ငြိနေတဲ့ ခက်ခက်ခဲခဲ ထုတ်ယူမှ ဖြစ်မယ့်အနေအထားနဲ့ အမှိုက်စ ဟာ

ဘယ်ဆီရောက်သွားပါသလဲ ။

 

မျက်လုံးထဲက ခုလုခုလု အမှိုက်စ . . .

လုံးဝ မရှိတော့ပါဘူး။

 

နာကျင်မှုဟာလည်း ဘာမှ မဖြစ်ခဲ့သလို အကောင်းပကတိ . . .။

 

ဘုရား ဘုရားးး

 

ဘုရားကို အာရုံထဲမှာ မြင်အောင် ကြည့်ရုံလေးနဲ့တောင်

ဒီလောက် အကျိုးကျေးဇူး များတာပါလား။

 

=========================

 

အဲဒါ တကယ်ပါ။

 

မျက်လုံးထဲက အမှိုက်စ ဘာကြောင့် ပျောက်သွားတာလဲ ။

ခက်ခက်ခဲခဲ ထုတ်ယူမှ ထွက်တော့မလိုလို အမှိုက်စ က ဘာလို ့ ချက်ချင်း ပျောက်သွားသလဲ။

 

ဘုရားကို အာရုံပြုလို ့လား။

 

===========================

 

ကျွန်တော်တို့ ရဲ ့ယုံကြည်ချက်တွေဟာ

လက်တွေ ့ဘဝမှာ အကျိုးသက်ရောက်မှု ရှိတာတော့ အမှန်ပါပဲ ။

 

ကျွန်တော် အမှိုက်စ ဒုက္ခပေးနေချိန်မှာ

ဘုရားကို အာရုံပြုရင်တော့ သက်သာလာမှာပါ ဆိုတဲ့ ယုံကြည်စိတ် ရှိခဲ့ပါတယ်။

 

ဘုရားရှင်ကို မြင်အောင်ကြည့်နိုင်ရင် ကျွန်တော့် မျက်လုံးတွေ ကြည်လင်သွားမှာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့

မျှော်လင့်ပြီး လုပ်လိုက်တဲ့ အကြောင်းတရားဟာ

အကျိုးသက်ရောက်မှုတော့ ရှိလာတာပါပဲ။

 

============================

 

ကျွန်တော် ဆက်လုပ်ရမှာက

ယုံကြည်မှုတည်ဆောက်ဖို ့နဲ့

မြင်အောင် ကြည့်တတ်ဖို ့. . .

ထိရောက်တဲ့ လုပ်ရပ်ကို အကျိုးသက်ရောက်မှု ရရှိတဲ့အထိ

လုပ်ဖို ့ပါပဲ ။

 

===========================

 

အလင်းဆက်

 

 

 

 

 

 

 

 

 

 

 

 

 

14 comments

  • KZ

    October 9, 2013 at 10:33 am

    တဂျီး တို့ ကိုစံလှဂျီးတို့ မလာခင် အရင်နေရာလာဦးသွားတယ်။ ဟိ

    😀

    • alinsett

      October 9, 2013 at 12:37 pm

      အဟိ

      အခုတလော
      ကျွန်တော်လည်း
      ပူညံပူညံဖြစ်ချင် ဖြစ်လို့ရမယ့်ပိုစ့်တွေပဲ ရေးနေမိတယ်

      :kwi:

  • kyeemite

    October 9, 2013 at 10:58 am

    ဘုရားရှင်ကို မြင်အောင်ကြည့်နိုင်ရင် ကျွန်တော့် မျက်လုံးတွေ ကြည်လင်သွားမှာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့
    မျှော်လင့်ပြီး လုပ်လိုက်တဲ့ အကြောင်းတရားဟာ
    အကျိုးသက်ရောက်မှုတော့ ရှိလာတာပါပဲ။
    ကြားရတာ ဝမ်းသာပါတယ်အလင်းဆက်ရေ :hint:

    • alinsett

      October 9, 2013 at 12:48 pm

      ဦးကြီး ရေ
      ကျွန်ေတော့်အတွေးနဲ့ အရေးတွေကို အစဉ်အမြဲ ဖတ်ရှု ခံစားပေးတတ်တဲ့အတွက်
      ကျေးဇးးတင်လျက်ပါ

  • Wow

    October 9, 2013 at 11:34 am

    ဒီပို့စ်ကို ဒဂျီးမမြင်ပါဇီနဲ့ :mrgreen:

    • alinsett

      October 9, 2013 at 12:58 pm

      ဒီ ပိုစ့် တက်တဲ့အချိန်က
      ဒဂျီး အိပ်ရာဝင်ချိန် ဆိုတော့
      မမြင်လောက်တေးဝူးး

      🙂

  • kai

    October 9, 2013 at 1:52 pm

    မြင်တယ်ဟေ့… မြင်တယ်..။
    ဘာယုံကြည်မှုမှမဟုတ်..
    ဒိုင်နာကားလိုမျိုးကို.. လူစီးကားမလုပ်သင့်ကြောင်း.. ဥပဒေပြုပါလား..။
    ဥပဒေပြုသူတွေကို ပြောဆိုပါလား..။ အဲလိုလူရအောင် မဲပေးပါလား..။
    မဲနိုင်အောင်ပါဝင်ကူညီ..ဒါမှမဟုတ်.. ကိုယ်တိုင်ဝင်ရွေးပါလား..။
    လက်ငင်းလောလတ်ဆိုလည်း.. အရင်ကတည်းက ဒိုင်နာကားမစီးပါနဲ့လား..။
    စီးမိရင်လည်း.. သတိထားပါလား..။
    အမှိုက်စဝင်ရင်လည်း.. မလွှဲမသာ.. ကားရပ်ခိုင်းပြီး.. တယောက်ယောက်အကူအညီတောင်းပါလား..။
    ဒါမှအဆင်မပြေရင်.. ဆေးရုံကားဖုံးဆက်ခေါ်ပါလား..။

    ဆိုတော့.. ဥပဒေပြုဖြစ်ရင်.. သက်ရောက်လာရင်…
    အဲဒါဆို.. အခုလို ကားမောင်းတုံးမျက်စိထဲ.. အမှိုက်စဝင်မယ့်သူတွေ.. ရာခိုင်နှုန်း ၈ဝလောက်ရော့သွားမယ်..။
    နောက်နောင်လည်းမဖြစ်တော့ဘူး..။

    နောက်ဆိုယုံကြည်ချင်ရင်.. အဲဒါမျိုးယုံနော..။
    အဲဒါ ဘုရားပြောတာအစစ်ခင်ဗျ..။
    ဘုရားက သူ့တရားကိုမြင်မှ သူ့မြင်တာလို့… ဆိုသဗျ…။
    သူရုပ်ပုံတော်ကို.. အာရုံပြုကြည်ညိုနေသူကို.. မောင်းထုတ်တတ်သဗျ..။
    မောင်းထုတ်လို့.. ကိုယ့်ကိုယ်ကိုယ်သတ်သေလည်း.. ဂရုမစိုက်ဘူးဗျ… :mrgreen:
    =======
    သုတ္တံ ပိဋကတ်တော်၊ သံယုတ္တနိကာယ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ ခန္ဓသံယုတ်၊ ထေရဝဂ်၊ ဝဂ္ဂလိသုတ်၌ မြတ်စွာဘုရားက ဤသို့ဟောခဲ့ပါသည်။

    —-“ဝက္ကလိ မသင့်လျှော်၊ ဤအပုပ်ကောင်ကို သင်ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။
    ဝက္ကလိ တရားကိုမြင်သောသူသည် ငါဘုရားကိုမြင်သည်မည်၏။
    ငါဘုရားကိုမြင်သောသူသည် တရားကိုမြင်သည်မည်၏။
    ဝက္ကလိ မှန်၏။
    တရားကိုမြင်လျှင် ငါ့ကိုမြင်၏။
    ငါ့ကိုမြင်လျှင် တရားကိုမြင်၏။”—-
    ==========

    • alinsett

      October 9, 2013 at 2:44 pm

      တိန်
      လာဘီဟ

      🙂

      စနစ်ကြောင့် မဟုတ်ဘူး

      :kwi:

      ( ပြန် ပေါစရာဒွေ ရှိတယ်။နောက်မှ ပေါတော့မယ် ။ အခု အချိန်မရလို ့)

      :kwi:

  • မဟာရာဇာ အံစာတုံး

    October 9, 2013 at 2:02 pm

    သာဒု .. သာဒု .. သာဒု ..
    ဒါမယ့် …
    ဒုက္ခရောက်မှ ဘုရား တသာ ကောင်းဘူးးး
    ဒီဒေါ့ …
    သာဒု .. မသာဒု .. သာဒု .. မသာဒု …
    :mrgreen:

    • alinsett

      October 9, 2013 at 3:24 pm

      အံဇာ ရေ . . .အမျှ အမျှ အမျှ

      ဟီဟိ

      :kwi:

  • ဦးကြောင်ကြီး

    October 10, 2013 at 8:47 am

    အဲလို အတွေ့အကြုံမျိုးတွေက အဖန်တလဲလဲ ဖြစ်ဖူးမှ သေမျာမယ်။ ရုပ်ဝတ္ထုတွေလို အများထိတွေခံစား မရကောင်းတာမို့ ကိုယ်ဖြစ်မှ ကိုယ်သိမယ်။ တခါထဲနဲ့တော့ တိုက်ဆိုင်မှု ဖြစ်နိုင်ချေ အများကြီး ရှိတယ်။ ဒါမှ မဟုတ်လဲ တပွဲတိုး ဖြစ်တတ်တယ်။ ဥပမာ – အဓိဌာန် တခုဝင်တယ်ဗျာ၊ ဂါထာတခု ရွတ်တယ်ဗျာ.. လိုအင်ဆန္ဒတခု ပြီးမြောက်သွားတယ်။ အဲဒီ အစွမ်းကြောင့်လို့ တထစ်ချ မယုံနဲ့အုံး.. နောက်ထပ် ကြိမ်ဖန်များစွာ စမ်းကြည့်… အကြိမ်ရေ တခုပြည့်ရင် ပြန်ဆန်းစစ်…။ အကြိမ်တိုင်း ဖြစ်ချင်မှဖြစ်မယ်… သို့သော် ဖြစ်တာများရင်… (သာမန်ဆို မဖြစ်နိုင်ဆိုပါစို့) မများတောင် ဖြစ်နိုင်ခြေ တခုရှိရင် အိုကေ…

    • alinsett

      October 10, 2013 at 3:38 pm

      ဒဂျီးတော့ ဘာပြောချင်ဦးမယ် မသိ

      🙂

      • sorrow weaver

        October 10, 2013 at 3:44 pm

        စနစ်ကြောင့်မဟုတ်..စနစ်ကြောင့်မဟုတ်… အဟိဟိ

        • alinsett

          October 10, 2013 at 5:14 pm

          🙂

          🙂

          🙂

Leave a Reply