ရုပ်ဆိုးလေး၏ဒဏ္ဍာရီ အပိုင်း(3) ( ဇတ်သိမ်း )

sorrowOctober 8, 20131min30314

(  ဒီအပိုင်း..အချစ်ခန်းပါတီ…အန်ဒါ 18 မဖတ်ရ..စာရေးသူတောင်..ရက်ကလေးစွန်းလို့.)

———

———

———

———

 

”ကိုလဒ” လမ်းထိပ်စတိုးဆိုင်မှ…..ရွှေအိုရောင်မှောင်သော..ဆံပင်နီဖွာဖွာနှင့်..

လှပကျော့ရှင်းလွန်းသော သုတိတာ နတ်အနွယ်ဝင်….လပြည့်ဝန်း မေဂရေ့စ်ပယ်ရီလေး..ခေါ်သံအကြားတွင်

..ဆောရိုး..ကြမ်းညှပ်မိသလို…..တုန်တက်သွားသည်……

အခွက်ကိုက..သူ့ဖခင် ကဲ့သို့…..ပြောင်လက်ချောမွတ်သော..စတီးလင်ပန်းသဖွယ်.

.အစွမ်းကုန်…ဖြဲပြုံးရင်းက….”‘ ဂျာ…”…ဟုပြန်အထူးတွင်….
.” တဲကိုချစ်ရား…..” ဟုပြီတီတီအမေးတွင်..ကိုလူချောဆောရိုး (ဘီလူးတော)…ရေလည်သဘောခွေ့နေသည်မှာ..

.ဌက်ပျောတောတွေ့သော..မျောက်အုပ်သဖွယ်…တောင်ပြေးရမလိုမြောက်ပြေးရမလို…ခုန်ဆွရွစလူးထလျှက်…

..( ဒီနေရာတွင်…နောက်ခံအသံကို..မျောက်အုပ်နှင့်လိုက်အောင်…….တာဇံအော်သံထည့်မည်….)

” ချစ်ရင်..ဒါလေးစားပြ..”‘ ငရုတ်ကုလားအော်သီးဟဲဗီးကြီးကို မြှောက်ပြရင်းမေးသည်…..

အချစ်စမ်းသည့်သဘော..ရှိုူးလျှောက်ရင်း..ရှုတင်ရိုက်ရင်း …သူငယ်ချင်းများမြှောက်ပေးသည်ကို.

.အဟုတ်မှတ်သော.မေဂရေ့စ်လေး မှာ.

သူ့အလှည်ကျလျှင်အသက်ရှုရပ်မည်ကိုမစဉ်းစား……မွေးရာပါ..စိတ်ကြီးသော…ကျွန်တော်တို့မင်းသားကလဲ.

…အသေခံတိုက်မည်ဟူသော..အစား…..

..” လာထား…စားပြီးရင်အာဝါးကျလူးကျလူးနော်….”

ပြောရင်းက …..ပလောက်ကနဲ…ကောက်ဝါးပစ်သည်……

ကိုယ်ထောင်သောကြိုးကွင်း…ကိုယ့်လာစွပ်သော….မေဂရေ့စ်ပယ်ရီလေးမှာ…..သူ့စကားနှင့်သူ..

အကျပ်ရိုက်လျက်…..တဖက်မှာကြည်နူးသောစိတ်နှင့်…တဖက်မှာ..ကုလားအော်သီးဝါးထားသော..

…ထော်လန်နီရဲနေသော….နှုတ်ခမ်းကြီး….

အသက်ဘေးအတွက်…ဆုံးဖြတ်ရမည့်အချိန်ရောက်လာပါပြီ…..ချစ်သူကိုချနင်းမည်လော…..

.ရိုမီယို & ဂျူးလိယက် လုပ်မည်လော……သို့သော်….အချစ်စိတ်က .ထိပ်တက်သည့်အလျောက်…အံကြိတ်လက်သီးဆုပ်ရင်း..နမ်းလိုက်သည်

 

…” ပလွတ်..အမငီး..တေပါပြီ..” ….မခံစားနိုင်လွန်းသော…ပူစပ်ပူလောင်ခံစားချက်ကက…အသဲထဲအထိ…တိုးခွေ့ဝင်ရောက်သွားချိန်တွင်..

မေဂရေ့စ်လေး .ငုတ်တုတ်မေ့သွားသည်…တစ်ရက်ကွက်လုံး..ဝိုင်းဝန်း…ခြေမချိုး…

လက်သန်းကိုပလာယာနှင့်ညှပ်…ပါးနှစ်ချက်ခပ်ဆတ်ဆတ်ရိုက်ပလိုက်မှ..သတိပြန်လည်လာသည်

…..အချစ်စမ်းပွဲတွင်..အလဲထိုးအနိုင်ရခဲ့သည်မှာ…ကျွန်တော်တို့မင်းသား.ဆောရိုး

ထိုနေ့မှစပြီး..တပတ်တိတိ….မေဂရေ့စ်လေး …ထမင်းမစားဟု….နောက်မှသိရသည်….

ဟုတ်ပေလောက်မည်…….မိခင်…ကြိုးနှင်တုပ်….ပါးစပ်ကိုတုတ်နှင့်ထောက်…အတင်းအကြပ်..

.သွားတိုက်ပေးမှ.တစ်လတစ်ခါတိုက်သည်…ဟူသော..ပါးစပ်၏သင်းပျံမွေးကြိုင်သောရနံ့ကို…….

.လေးလမ်းကျော်မှ…လူများ..ထမင်းမစားနို်င်သည်မှာ.ဟုတ်ပေလောက်မည်…….

——————————————————————————————

 

မင်းသားဆောရိုး …မျိုးရိုးဂုဏ်ထိန်းသိမ်းခဲ့ပုံကိုလည်း…တခန်းရပ်အနေနှင့်…တင်ဆက်ပါအုံးမည်

ဖခင်…မွေးမြူရေးသမား..မလုပ်ခင်….ဘဝက ..ထမိန်ခိုးပြီးဘယ်အပေါင်ဆိုင်ပို့ခဲ့သော..

..မလှပခဲ့သော.အတိတ်အတိုင်း…တထပ်တည်း..အမွေကိုဆက်ခံခဲ့သည်….

ဆောရိုး……….ကျီးကန်းမျက်လုံးနှင့်..တောင်မြောက်ကို…ဝမ်းဆက်..လမ်းရှိုးလိုက်သည်…

…အခြေအနေကောင်းသည်…မျက်လုံး၏ပစ်မှတ်ကလမ်းထောင့်..ဝါးလုံးတန်းတွင်..လှမ်းထားသော.

..ရေလဲထမီ..ခပ်လတ်လတ်ကလေး….မျက်လုံးထဲတွင်…..လက်ဖက်ရည်တခွက်ကို…

နှစ်ယောက်တယောက်တလှည့်စီ..ခွံ့တိုက်နေသော…အချစ်ခန်းတွင်….ပြုံးဖြဲဖြဲနှင့်…မြင်ယောင်.

ကျေနပ်နေသော…ဆောရိုး..သူခိုးလမ်းလျောက်သလို…ခြေဖျားထောက်…ဖင်ကိုကောက်ရင်း

.ခုန်ဆွခုန်ဆွ….အမှောင်ရိပ်ကိုပြေးကပ်လိုက်သည်……

”’ခွိ…ညနေဂရေ့စ်လေး နဲ့….တီးဆိုင်ဒိုးလို့ရပြီ…ရဟူး….” ပီတိဖြစ်ရင်းက…လှမ်းအရုတ်တွင်

……ထမီပိုင်ရှင်..အညို..တွေ့သွားသည်….

” ဟဲ့…သောက်ကျိုးနည်း….အဲ့လာနာ့ထမီ..လဒ..နင်တော့သေပြီသာမှတ်…” ..လော်စပီကာ..အသံကုန်တင်ထားသော..အသံဖြင့်…ခပ်တိုးတိုး..လှမ်းအော်လိုက်သည်..

ဒက်ဆီဘယ်..မြင့်မမြင့်တော့မသိ…ဖြတ်သွားသော..ကားမှ..ရှေ့မီးသီးနှစ်လုံး.

.ခွမ်းကနဲကွဲထွက်သွားသည်………တုန်တက်သွားသော.ဆောရိုး..ပြေးရကောင်းမှန်းမသိသေး..

..ပြူးကျယ်ဝိုင်းစက်နေသော..စပါးခွံမျက်လုံးလေးများ..

..ကြောင်ကလယ်..ကြောင်ကလယ်..လုပ်ရင်းက..ကုန်တိန်နာ..16ဘီးကား..ဘရိတ်ပေါက်သလို..

.ဒုန်းစိုင်းပြေးလာသော…အညို  ကိုုမြင်မှ…..ထအပြေးတွင်…..သူ့ထက်ဆယ်ဆဉာဏ်ပြေးသော.

အညို လက်မှ..ထီးကောက်ကြီးက…ခါးပုံစကိုချိတ်ပြီးသား……”‘ ရွှပ်…ဘုတ်..ခွပ်..အမငီးဂျ..” ကတ်တရာလမ်းကို..လှမ်းမိတ်ဆက်လိုက်သော…..အခွက်က…..ရှဲသုံးချောင်း..ကျွတ်သွားသည်….

” .ဟဲ့အကောင်..ပြေးမယ်….မစဉ်းစားနဲ့…သေဖို့သာပြင်…” အော်ရင်းက….တိုဝင်ကွတနေသော…ခြေနှစ်ဖက်တွင်…စွပ်မိနေသော…ပုဆိုးအောက်မှ…

.ကိုယ်လုံးနှင့်မလိုက်အောင်…ထွားကျိုင်းလွန်းသော…ပုလွေရိုးး…ခြေသလုံးလေး…………..

” ကြိုက်ပြီ..အနှိပ်သည်အကွက်လေး.မြည်းကြည့်…..သခိုးကောင်…ဟိုင်းရား…..”..အော်ရင်းက …ပေါင်..280ကိုယ်လုံးဖြင့်တက်ခုန်လိုက်သည်.

..

” အစ်မကြီး…ကြောက်ပါပြီဗျ..မရှိလို့ခိုးမိတာပါ…..ရဲလက်သာအပ်ပါတော့….တားတားပြားသေတော့မယ်…” အပျော့ဆွဲသော်လည်း…..မရ….မျက်နှာမြင်.ဆဲချင်သော..ရုပ်ကိုလည်း..အားကိုးလို့လည်းမရ…

..မနက်မနက်..အသံသေးအသံကြောင်ဖြင့်…..နေ့စဉ်ရက်ဆက်…..”’အမှိုက်…အမှိုက်   ” ဟု အာဖြဲအော်ထားသည်ကို..ကြည့်မရသောအညိုးဖြင့်…..အားကုန်တက်အခုန်တွင်…..မင်းသားဆောရိုး

..မှောက်အရှောင်တွင်……ကင်ပြီးစပေါင်မုန့်လို…ဝကစ်နေသော…တင်ပါးကိုတက်နင်းမိလေတော့သည်…

…”ဂလက်….ဂလက်”တခုခုအက်ကွဲသွားသည့်အသံ.နှင့်…..ရှုံ့ခွက်နေသော…မျက်နှာဖြင့်…ဆောရိုးးးးး

..ကြေကွဲသွားသည်….တခုခုကို ဆုံးရှုံးပြီမဟုတ်ပါလော .

 

ပြူးကျယ်..သောမျက်လုံးနှင့်..တခုခုကိုအသည်းအသန်ရှာဖွေနေသာ….မေဂရေ့စ်ပယ်ရီလေးရုပ်ကို..

ပြေးမြင်လိုက်သည်…ဝမ်းနည်းမှုကအထွတ်အထိပ်…..ငိုမှန်းမသိ..ရီမှန်းမသိသော..ရုပ်က….လျာထုတ်.

..အာခေါင်ခြစ်အငိုတွင်….ဒေါသမသေသေးသော.အညိုက…သူ့ကိုပြောင်သည်…ဟုထင်သွားသဖြင့်..

..အိမ်ထောင့်တွင်ထောင်ထားသောတံမျက်စည်းရိုးကို..ပြေးအကိုင်မှ….သဘောပေါက်သွားသော…

…ဆရာဆောရိုးးး က..လန်ကွတ်တီနှင့်ကုန်းရုန်းထပြေးသည်…..

ပုဆိုးနှင့်..ထမီစုတ်ကလေးက….ကတ်တရာလမ်းပေါ်တွင်….ပုံရက်သားလေး….

အဖြစ်သည်…မနှစ်နှင့်မတူ……

(…………….ပြီးပါပြီ ………..)

14 comments

  • alinsett

    October 9, 2013 at 7:56 am

    သားက ဆယ်ခြောကိနှစ်ပါ
    ဒါဘေမယ့်
    ဖတ်မိတွားဘီ

    အဟိ
    :kwi:

    • sorrow weaver

      October 9, 2013 at 9:39 am

      ဆယ့်ခြောက်နှစ်ဘယ်လိုဖြစ်နိုင်မှာလဲ ..အဲ့တာတားတားမှအစစ်ဗျ…

  • လင်း ထက်

    October 9, 2013 at 8:33 am

    “.မှောက်အရှောင်တွင်……ကင်ပြီးစပေါင်မုန့်လို…ဝကစ်နေသော…တင်ပါးကိုတက်နင်းမိလေတော့သည်…
    …”ဂလက်….ဂလက်”တခုခုအက်ကွဲသွားသည့်အသံ.နှင့်…..ရှုံ့ခွက်နေသော…မျက်နှာဖြင့်…ဆောရိုးးးးး
    ..ကြေကွဲသွားသည်….တခုခုကို ဆုံးရှုံးပြီမဟုတ်ပါလော …”

    ဘာကိုဆုံးရှုံးပြီး..ဘာတွေအက်ကွဲသွားတာလဲဟင်…ခွီး…ခွီး….ဟိ..ဟိ…ဟို..ဟို…

    • sorrow weaver

      October 9, 2013 at 9:37 am

      ဂလက် ဂလက် ပါဆိုမှ ဖန်လက်ကောက်လေးပေါ့ဂျ.. မေဂရေ့စ်လေးကို ပိုးကြေးပန်းကြေးပေးမို့ ….ဘာထင်သတုန်း…အဟီးဟီး .

  • KZ

    October 9, 2013 at 10:31 am

    ဪ။
    သူ ကြိုက်တာ …………………………
    အဲ! အဲ! သိပြီ။ သိပြီ။

    😀

  • sorrow weaver

    October 9, 2013 at 10:34 am

    ဂရေ့စ်လေးက …အနောက်တိုင်းဆန်တဲ့အလှလေးနဲ့မို့ … သို့သော် ဒုတိယဦးစားပေးပါဗျာ….အဟိဟိ…
    လေယဉ်မယ်လေးက ပထမ .အဟိဟိ …(တကယ်က ကြောက်လို့ )

  • TNA

    October 9, 2013 at 12:58 pm

    ဆြာဆောရိုးဇတ်နာချက်ကတော့ ကိုရီးယားကားရိုက်လို့ရတယ်။ တန်ပိုအနိမ့်အမြင့်တွေနဲ့ လေဗျန်စပါယ်ယာ မလေးတော့ တနားဇယာဖစ်တွားဘီပေါ့ ဂရေ့စ်လေးဆီပြောင်းတွားတော့

    • sorrow weaver

      October 9, 2013 at 1:57 pm

      အဲ့တုန်းက လေယဉ်မယ်လေးနဲ့ တွေ့သေးဘူးလေဂျာ….အဟိဟိ

      • TNA

        October 9, 2013 at 8:25 pm

        အော် လေဗျန်စပါယ်ယာမလေးက နံဘတ်ဘယ်လောက်တုန်း။ နောက်ထပ်ကေကာအမှတ် စဉ်များချိအုံးမလား :mrgreen:

        • sorrow weaver

          October 10, 2013 at 10:08 am

          ဘယ့်နှယ့် ဘယ်လိုကြီးမေးသတုန်း…ကိုကြီးသဲ ..နောက်ထပ်ကွဲစရာ ဖန်လက်ကောက်လဲမရှိတော့ဘူး …ဒီတစ်ခါ နောက်တခုကွဲလိမ့်မယ်ဂျ……..( မီးငြောင့်ရိုးပြောပါတယ်… အဟီးဟီး )

  • Wow

    October 9, 2013 at 2:36 pm

    ှဇတ်နာပုံများနှယ်.. ဖန်လက်ကောက်က ကွဲရသေးးး :mrgreen:

    • sorrow weaver

      October 9, 2013 at 2:54 pm

      ဖန်လက်ကောက်လေး ကယ်လို့ ..မဟုတ်ရင်တော့..လားလား အဟီးဟီး

      • TNA

        October 9, 2013 at 8:27 pm

        ဖန်လက်ကောက်မကယ်ခင်က ငါ့ဟိုဒင်းလားလို့အောက်မေ့ဒါဘဲ။ တင်ဘားရိုးပြောဘာဒယ် 😀

  • ဦးကြောင်ကြီး

    October 10, 2013 at 8:57 am

    ကင်ပီးစပေါင်မုန့်
    လင်ဂျီးထစောင်အုပ်
    တင်ကြီးပခေါင်ချူပ်
    ဝင်စီးခထောင်ထုပ်…။

Leave a Reply