မြန်တျန့်ပြည် ငရဲတပ်ဖွဲ့ မွဲနေဗီ law

ကြည့်ဂျဗာအုံးကွယ်ရို့ ြ သမဒဂျီး ဦးသိန်းစိန်လက်အောက်မှာ ပြည်သူအခြစ်တော် မြန်တျန့်ပြည် ငရဲတပ်ဖွဲ့ဂျီး ့ အောက်ဆိုက်ဒ် မရှိဒေါ့လို့ မွဲသွားဗလား မသိဘူး…။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပြည်ထဲရေးက လူကုန်ကူးမှုတားဆီးရေးအဖွဲ့တို့ ဘယ်လို ဘယ်နေရာမှာ တွေ့ဆုံဆွေးနွေးဂျသလဲဆိုဒါ…။လူကုန်ကူးမှုဘာညာနဲ့ ကြီးကြီးကျယ်ကျယ် နာမည်တပ်ထားပြီး အစည်းအဝေးခန်း၊ ရုံးသုံးပရိဘောဂတောင် မချိလျှာဗူး… သနားလိုက်တာ။ ရွာဒဲဂ ဒါဇင်ပလပ်စ်အဖွဲ့ ဘကကျောင်းတွေ လိုက်လှူမည့်အစား အဲဒီရဲအဖွဲ့ဂို သွားပေးသင့်ဒယ်…။  မယုန် ဟောဒီမှာကြည့် ….

ရဲအုပ် တဲစုတ် ဘဲအုပ် နှဲမှုတ်…

ခရက်ဒစ်တူ –

၈၈-မျိုးဆက်( ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း) မှတာဝန်ရှိသူများနှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့အဆင့်မြင့်အရာရှိများ တွေ့ဆုံဆွေးနွေး
*****************************
ယနေ့ အောက်တိုဘာလ၊ ၆ ရက်တွင် ၈၈-မျိုးဆက်
( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနီလာသိန်း၊ မမီးမီး၊
ကိုဉာဏ်လင်း၊ မခင်မာယာထွေးတို့သည် ပြည်ထဲရေးဝန်ကြီးဋ္ဌာန
လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ရဲမှူးကြီးဝင်းနိုင်ထွန်း
အပါအဝင် လူကုန်ကူးမှူတားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ
အဆင့်ြမင့်ရဲအရာရှိများနှင့်တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိအမျိုးသမီးများနှင့်ကလေးသူငယ်များအပါအဝင်
လူကုန်ကူးခံနေရမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး
အတွက် ပြည်ထဲရေးဝန်ကြီးဋ္ဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဆောင်ရွက်
နေမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်
လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများပါ လက်တွဲပူးပေါင်း
ဆောင်ရွက်ရေးကိစ္စများ၊ လူကုန်ကူးခံရမှုများလျော့ကျရေးနှင့်
ပပျောက်ရေးအတွက် ပြည်သူများပါပူးပေါင်းဆောင်ရွက်နိုင်ရန်
အသိပညာပေးရေးကိစ္စများနှင့်ပတ်သက်၍ ပိုမိုထိတွေ့ဆက်ဆံကာ
ဆောင်ရွက်ရန်ရှိသည်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

12 comments

  • ရာမည

    October 9, 2013 at 9:47 am

    သက်​​သေပြတာလို့​ခေါ်တယ်​ ..
    နိုင်​ငံ​တော်​ဘဏ္ဍာကို အလွဲသူံးစားမလုပ်​ဘူးလို့ ​ပြောတာပါခင်​ဗျာ 🙂
    ယုံလား​တော့မသိဘူး
    ပုဏ္ဍားက​ပြောတယ်​
    ဒဂုံတံတားမှာ
    ကြုံရာဝယ်​စား​တော့
    ၄ လုံးနဲ့ညားသတဲ့ .

    ရုံးခန်​းဆိုတာ အိမ်​မှမဟုတ်​ဘဲဗျာ..အိမ်​မှာလိုက်​ကြည်​့ပါလား၊​ကော်​​ဇောနီကြီးက ရီပြပါလိမ်​့မယ်​

    တကျိတကျိ ..

  • မဟာရာဇာ အံစာတုံး

    October 9, 2013 at 9:58 am

    ဒက်ဒီဂလည်းဂျာ
    ဒါဂျီးက တမင်တဒါ ဂွင်ဆင်ပီး ပြဒါနေမှာပေါ့ဂျ
    သူရို့လား မွဲမှာ …
    ဟိုကတောင်း ဒီကတောင်းနဲ့
    မွဲဘာလိမ့်မယ် အားကြီးကြီး ….

  • Wow

    October 9, 2013 at 10:36 am

    စိတ်ချရအောင် အိမ်မာပဲထားဒယ်ဒဲ့ :mrgreen:

  • KZ

    October 9, 2013 at 10:38 am

    ဪ။
    စားရတဲ့ အပူစာ ဆိုတာ အဖတ်မတင်တတ်လို့ပါ ကြောင်!

    :sar:

    😀

  • ရာမည

    October 9, 2013 at 10:49 am

    သွား ပါရင်​
    စားမှာ​ပေါ့…
    မ​ကျေနပ်​ရင်​ ရဲ​တွေအားလုံးသွားနှုတ်​​ပေးဖို့ ဆန္ဒ ထုတ်​​ဖော်​ကြ​လေ 🙂

    • Foreign Resident

      October 9, 2013 at 12:41 pm

      ရာမည says:
      ” သွား ပါရင်​ စားမှာ​ပေါ့…
      မ​ကျေနပ်​ရင်​ ရဲ​တွေအားလုံးသွားနှုတ်​​ပေးဖို့
      ဆန္ဒ ထုတ်​​ဖော်​ကြ​လေ 🙂 ”

      သွားနှုတ် ပစ်လိုက်လဲ ၊ သွားဖုံးလေးနှင့် ကြိတ် မြုံ့နေဦးမှာဘာ ။

      • ရာမည

        October 9, 2013 at 1:07 pm

        မြို ချ ဦး မှာ

        🙂

  • ကထူးဆန်း

    October 9, 2013 at 11:40 am

    ဦးကြောင် … မြန်မာပြည်နဲ့ ဝေးကွာနေတော့ ဘယ်သိမလဲ ..
    မြန်မာပြည်က အဘတို့ လူကြီးတွေက တိုင်းပြည်ဘဏ္ဏာ ကို်ယ့်ဘဏ္ဏာလို သဘောထား ပြီး သုံးစွဲကြတာ ဆိုတော့ အစိုးရရုံး အစိုးရပိုင်တွေမှာ ဘာမှ မရှိရှာဘဲ အိမ်မှာဘဲ ထားကြတာ လေ ..
    မသိလေရောလား … :gee:

  • kai

    October 9, 2013 at 12:41 pm

    ဘာပဲဖြစ်ဖြစ်.. ရဲမေကို..၂ပွင့်နဲ့..ဒီအသက်တန်းထဲမြင်ရတာတော့.. အံ့စရာ…
    အရင်ကများ.. ရွှေပွင့်ဖြတ်ဝင်တွေကိုငွေပွင့်တွေက…ကြောက်ကြရသမို့.. ရဲ၂ပွင့်ဆိုတာ.. တော်တော်ခက်တယ်သိထားလို့ပါ…။

    ဆိုတော့..
    ယူအက်စ်မှာလည်း… ရဲတွေဟာ.. တစ်ကက်ပေးပြီး.. ငွေရှာအလွန်တော်သူတွေဖြစ်ကြောင်း..
    တိုင်းပြည်ဝင်ငွေရှာသူတွေကို.. ထိုက်သင့်တဲ့..အဆောင်အယောင်ပေးသင့်ကြောင်း… :mrgreen:

    • TNA

      October 10, 2013 at 2:45 pm

      သဂျီးကလဲ ဗိုလ်ချုပ်တွေတောင် ရေထဲကန် ကန်ချနေရလောက်အောင်ပေါနေမှတော့ နှစ်ပွင့်ကစာ မဖွဲ့လောက်ပါဘူးလေ။

  • ဦးဦးပါလေရာ

    October 9, 2013 at 1:17 pm

    ရဲ နဲ့ပတ်သက်တဲ့ ဘယ်အဆောက်အဦး ပရိဘောဂ ကုန်ကျစားရိတ်အတွက် ဘတ်ဂျက်ဘယ်လောက်ချပေးတယ်လို့များ ကြားဖူးကြလို့လဲ…။
    အခုမြင်ရသလောက်တောင် သူများဆီက အလှူခံထားရတာနေမှာ…

    ရဲဆိုတာ-
    ကိုယ့်ယူနီဖေါင်း
    ကိုယ့်အီကွစ်မန့်
    ကိုယ့်ဓါတ်မီး
    ကိုယ့်လေးခွ
    အဲဒါတွေအားလုံး ကိုယ့်ဖါသာ ဝယ်သုံးရတာ
    (ဆိုင်ရာ နယ်ထိန်းတပ်ကြပ်ကြီးတွေက တာဝန်ယူ ဝယ်ပေးရတာ)
    စခန်းမှာရှိတဲ့ မီးချောင်းမီးလုံး ပန်ကာ အဲယားကွန်း ကွန်ပျူတာ ပရင်တာ အဲဒါတွေအားလုံး နိုင်ရာလူတွေဆီက အလှူခံရတာ။
    လစဉ် ဖုံးဖိုးနဲ့ မီတာခ ကတော့ ဘောစိတစ်ယောက်ယောက် အမှူ့ကြီးကြီးနဲ့ရောက်လာအောင် ဂါထာရွတ်ပြီးစောင့်ရတာ…။
    ဒီအထဲ ဒီစားရိတ်တွေကို ပံ့ပိုးပေးမယ့် နှစ်လုံး သုံးလုံး တွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကိုလဲ (တောင်းထားတာမှမထောက်) ရှေ့မျက်နှာနောက်ထားပြီး ခွဲတမ်းအရ ဖမ်းပြရသေးတာ….။

    တိုင်းပြည်တာဝန်ကို သေသေချာချာ ထမ်းဆောင်စေချင်ရင်
    အဲဒီအဖွဲ့အစည်းရဲ့ ကုန်ကျစားရိတ်အလုံးစုံကို တိုင်းပြည်က တာဝန်ယူရပါမယ်။

    ရဲတပ်ဖွဲ့ထဲကို လူကောင်းတွေဝင်လာစေချင်ရင်
    လက်ရှိရဲတွေကိုလဲ ကောင်းစေချင်ရင်
    အနိမ့်ဆုံးရဲသားကို လစာ+ခံစားခွင့်+ပံ့ပိုးမှု့ တစ်လ သုံးသိန်းထက်မနည်း
    ရဲမှုးတစ်ယောက်လစာ တစ်လ ဆယ်သိန်းထက်မနည်း
    ရဲစခန်း၊ ဌာန၊ ရုံး တွေရဲ့ ကုန်ကျစားရိတ်အမှန်အတိုင်း အပြည့်အဝ
    ရဲလုပ်ငန်းအရပ်ရပ်ရဲ့ ကုန်ကျစားရိတ် လမ်းစားရိတ် စားစားရိတ် လောင်စာဆီ မီတာခ ဖုံးဖိုး အင်တာနက်ဖိုး အားလုံးအပြည့်အဝ
    နိုင်ငံတော်က ပေးနိုင်တဲ့နေ့မှာ
    ကျုပ်တို့ ရဲတပ်ဖွဲ့ ပေမီထောက်မီ ကောင်းလာပါမယ်….

    လက်တွေ့ကျတဲ့ ပံ့ပိုးမှု့မရှိပဲနဲ့
    လက်တွေ့ကျတဲ့ ကောင်းကျိုး မရနိုင်ပါ
    လုံးဝ လုံးဝ မရနိုင်ပါ။

  • San Hla Gyi

    October 9, 2013 at 6:49 pm

    ဒါက ဒီလိုဗျ ကိုကြောင်ကြီးရ။ သူတို့ အိမ်တွေမှာတော့ ဒီလို မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ဒါကလည်း အဆင့်ကို မူတည်ပြီး ကွာတာတော့ ရှိမှာပေါ့ဗျာ။
    အသိ ရဲတယောက်က ရယ်စရာ ပြောဖူးတယ်ဗျ။ ရဲဆိုတာ လာဘ်စားရတယ်တဲ့။ မစားရင် နူတတ်တယ်လို့ ပြောဖူးတယ်။

Leave a Reply