အချစ်ရေ

စနစ်တွေဘယ်လိုပြောင်းပြောင်း

ခေတ်တွေဘယ်လိုဟောင်းဟောင်း

မနှောင်းတဲ့ ချစ်ခြင်းတွေနဲ့အတူ

မင်းလိုလူဟာ  ထာဝရပါ ၊

ရှေးဘဝကံဇာတာ မဟန်ပါပြန်လေတော့

လက်လျှော့လို့ နောက်မှာကျန်

ခံစားရပြင်းထန်လှပေမယ့်

ငြင်းဆန်ခဲ့ပြီဆိုမှ

ငိုမရတဲ့ ဒီမျက်နှာ

အလွမ်းဆိုတာကိုထွေးပွေ့

ဘယ်တစ်ကွေ့မှာမှ တွေ့တော့မှာ မဟုတ်သော်လည်း

မျှော်မြဲသာမျှော်ရင်း မတော်ခြင်းကိုလည်း နားမလည်

အပါးဝယ် မရှိနိုင်သူကိုမှ စွဲမိတဲ့ ဘဝမှာ

ငါ

အလွမ်းတွေနဲ့သာ အိပ်စက်တာ

ဘာဆန်းသလဲ အချစ်ရေ ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..