အလွမ်းများနှင့်အိပ်စက်သူ

အချစ်ရေ

စနစ်တွေဘယ်လိုပြောင်းပြောင်း

ခေတ်တွေဘယ်လိုဟောင်းဟောင်း

မနှောင်းတဲ့ ချစ်ခြင်းတွေနဲ့အတူ

မင်းလိုလူဟာ  ထာဝရပါ ၊

ရှေးဘဝကံဇာတာ မဟန်ပါပြန်လေတော့

လက်လျှော့လို့ နောက်မှာကျန်

ခံစားရပြင်းထန်လှပေမယ့်

ငြင်းဆန်ခဲ့ပြီဆိုမှ

ငိုမရတဲ့ ဒီမျက်နှာ

အလွမ်းဆိုတာကိုထွေးပွေ့

ဘယ်တစ်ကွေ့မှာမှ တွေ့တော့မှာ မဟုတ်သော်လည်း

မျှော်မြဲသာမျှော်ရင်း မတော်ခြင်းကိုလည်း နားမလည်

အပါးဝယ် မရှိနိူင်သူကိုမှ စွဲမိတဲ့ ဘဝမှာ

ငါ

အလွမ်းတွေနဲ့သာ အိပ်စက်တာ

ဘာဆန်းသလဲ အချစ်ရေ ၊

6 comments

  • ရာမည

    October 9, 2013 at 11:55 am

    တိုရှည်​သည်​က​ပြောတယ်​
    ငါ့တိုရှည်​စားကြည်​့ပါလား တဲ့
    .
    .
    ​ပေါက်​စီသည်​က​ပြောတယ်​
    ​ပေါက်​စီ​လေးပူပူ​နွေး​နွေး တဲ့
    .
    .
    အချစ်​ရယ်​
    မင်​းကိုသတိယရင်​းဘာစားရမှန်​းမသိ​တော့ဘူး… 🙂

    • TNA

      October 10, 2013 at 2:43 pm

      နံပြားစား

  • kyeemite

    October 11, 2013 at 2:21 pm

    ခံစားချက်တွေ အံထွက်သပေါ့လေ
    ဆွဲထား ဆရာရေ့ 😀

    • Myo Thant

      October 11, 2013 at 3:09 pm

      မဟုတ်ပါဘူး ကိုမိုက်ရယ်

      စိတ်ရူးပေါက်ပြီး လျှောက်ရေးမိတာပါ ၊

      တစ်ခါ တစ်ခါတော့ အလွမ်းသား 🙂

  • sorrow weaver

    October 11, 2013 at 3:08 pm

    အလွမ်းဆိုတာ ဆေးခါးအုပ်ထားသော သကြား 😛

Leave a Reply