ညီမလေးသို့

DEPARKO DEPARKOOctober 9, 20131min1968

ညီမ လေးရေ
သူယုတ်မာတစ်ထောင် ရဲ့ ကဲ့ရဲ့သံစကား
မတုန် လှုပ်သွားဘို့လေ့ကျင့် စိတ်အကျင့်ဖြူစင်စေဘို့ သူတော်ကောင်းတစ်ယောက်စကား နားဝမှာ မခါးမိစေ လေနဲ့။
ညီမ လေးရေ
မင်းရဲ့ကိုယ်ကျင့်တရား
သူမိုက်တွေချီးကျူးစကား
သာယာမိမသွားစေနဲ့
ကိုယ်စောင့်နတ်မင်းအနား ခွါသွားမှာမင်းစိုးကြောက်လှည့်။
ညီမ လေးရေ
ချီးမွန်းခွန်နှစ် ရက် ကဲ့ရဲ့ ခွန်နှစ် ရက်
တစ်သက်လုံးအတွက်မဟုတ် မလိုသူတွေ အပနာမစကားကြား
မင်းလျှောက်မဲ့လမ်ခြေလှမ်းမတွန့်စေနဲ့ညီမ လေး။
မိုးဆိုတာ တသက်လုံးမရွာ
နေသာတဲ့နေမှာ
မင်းခေါင်းမော့လို့ပြုံး
အရှုံးမ ပေးနဲ့ညီမ လေး။

8 comments

  • ရာမည

    October 9, 2013 at 11:52 am

    ဒါပဲကွ
    ငါအ​မွေရတဲ့လယ်​မှာ
    ငါစိုက်​ချင်​ရာစိုက်​မယ်​
    ​ကောက်​ပင်​မစိုက်​ပဲ
    ​ခွေး​လှေးယားသီးပင်​စိုက်​မယ်​
    ကဲ့ရဲ့ ခုနှစ်​ရက်​ချီး​ပေခုနှစ်​ရက်​

    🙂 ​

  • လမ်းပြသူ ညီမလေးအတွက် ရေးထားတာခားဟင်င်

    ဒီညီမလေးလည်း မှတ်သွားပါတယ်လို့
    အဲဒါ အဲဒါ 🙂

  • TNA

    October 10, 2013 at 2:42 pm

    အာဂျီးမားဒွေလဲမှတ်လို့ရလားဟင် 🙂

  • alinsett

    October 10, 2013 at 5:19 pm

    ကဲ
    ညီမလေးရေ
    ဟောဒီ စာသားတွေ မြင်ရင်
    အားအင်တွေ ပြည့်ပြီး
    ခရီးတွေ ဆက်ဖို ့ အတောင်ပံတွေကို ဖြန့်
    ဟိုး အဝေးဆုံးးးး
    ဟိုး အမြင့်ဆုံးကို မျှော်ကြည့်ပြီးးး
    ဝဲခနဲသာ ပျံပေတော့

    ဒါဟာ
    ညီမလေးအတွက် လမ်းပြခြင်း အလင်းတစ်စ

  • DEPARKO DEPARKO

    October 10, 2013 at 5:32 pm

    ကျေးဇူးပါအလင်းဆက်ရေ မွန်မွန်ရေ အားလုံးသော ညီမလေးတွေအတွက်ပါ

  • Ko chogyi

    October 11, 2013 at 11:01 am

    သူပြောချင်တာ တရုပ်မလေးကိုဖြစ်မှာပါ။

    • DEPARKO DEPARKO

      October 11, 2013 at 10:42 pm

      ချိုကြီး နင်မဖွနဲ့နော် ငါကငါ့ညီမလေးကိုဘဲပြောတာ မင်းလက်ဖွဲ့ဘို့ ပြင်ထား အဲ့ကအဖွဲ့တွေကိုလည်းပြောထား တစ်သက်လုံးရှုံးထားသမျှ အကြွေးပြန်တောင်းမယ် ငါကွ

  • kyeemite

    October 11, 2013 at 3:20 pm

    ညီမလေးသို့
    ဒီကပေးမလို့
    ဂီတ ဝေးလို့
    မပီမသ အတွေးမို့
    ရီရသေးသဗျို့။
    😀

Leave a Reply