အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )

Ma EiOctober 9, 20131min24227

အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )

မင်္ဂလာဆောင်တစ်ခုမှာ ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့…

ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်…

အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြတာတွေ့ရတော့ အဆင်ပြေမယ်ထင်သလို မုန့်စပ်လိုက်ပါတယ်…

ထုံးစံအတိုင်းဓာတ်ပုံတော့ ရိုက်ထားပြီး မဖြစ်ရင်လဲ မှတ်တမ်းပေါ့နော်…ဒါပေမယ့် လှပပြီးအရသာရှိတဲ့ မုန့်ကလေးဖြစ်လာခဲ့လို့ မျှဝေလိုက်ပါတယ်နော်…

ပါဝင်ပစ္စည်း နဲ့ အချိုးစားတွေကတော့…

မုန့်ခွက်လေးတွေအတွက်

1…ဂျုံ     250 gm (1cup)

2… ထောပတ်   4 tbsp

3…သကြား     2 tbsp

4…ကြက်ဥ     1 လုံး

ကြက်ဥ ပူတင်းအနှစ်ရည် အတွက်

1…နို့     1/2cup

2…သကြား    2 tbsp

3…ကြက်ဥ     1 လုံး

4…ရေ     ½ cup တို့ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကို ဂျုံ 1 ဇွန်းနဲ့ ရောခေါက်လိုက်ပါတယ်၊ မီးအေးအေးဖြင့် အနည်းငယ်ပြစ် သည်ထိ အပူပေး ကြိုလိုက်ပြီး အအေးခံထားလိုက်ရင် ကြက်ဥ ပူတင်းအနှစ်ရည် ရပါပြီ။

1…မုန့်နှစ်ရည်နှင့် မုန့်သားအတွက် ပါဝင်ပစ္စည်းများ…
1…မုန့်နှစ်ရည်နှင့် မုန့်သားအတွက် ပါဝင်ပစ္စည်းများ…

2226…1…မုန့်နှစ်ရည်နှင့် မုန့်သားအတွက် ပါဝင်ပစ္စည်းများ…

2…ဂျုံမှုန့်များထဲသို့ထည့်လိုက်ပါတယ်…
2…ဂျုံမှုန့်များထဲသို့ထည့်လိုက်ပါတယ်…

2227…2…ဂျုံမှုန့်များထဲသို့ထည့်လိုက်ပါတယ်…

မုန့်ခွက်လေးတွေ အတွက်မုန့်သားရရန် ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်ထိ ကြာကြာလေးခေါက်ရပါမယ်။ ရရင် ကြက်ဥတစ်လုံး ခေါက်ထားပြီးရောမွှေပါ။ ထောပတ်၊သကြား၊ကြက်ဥ ရောမွှေထားသည်ကို ဂျုံမှုန့်များထဲသို့ထည့်၍ ရောမွှေ၊နယ်ပါ။ လက်မကပ်တော့ရင်ဖြင့် မုန့်ခွက်လေးတွေ အတွက်မုန့်သားရပါပြီ။

မုန့်သားအနေတော်ကို မုန့်လုပ်မည့် ပုံစံခွက်လေးထဲတွင် မုန့်နှစ်ရည်ထည့်ရန် ခွက်လေးပုံစံပေါ်အောင် ဖိထည့်လိုက်ပါတယ်။

3…မုန့်ခွက်လေးတွေ…
3…မုန့်ခွက်လေးတွေ…

2228…3…မုန့်ခွက်လေးတွေ…

4… ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။
4… ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။

2229…4… ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။

မုန့်ခွက်လေးများထဲသို့ ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။ မုန့်လုပ်နည်းတွေထဲမှာ မုန့်ရည် အပြည့်မထည့်ဘို့ မှာကြပါတယ်။ မလှမှာစိုးပြီး အပြည့်ထည့်လိုက်တာ အပူပေးချိန်မှာ လျှံကျသွားခဲ့ပါတယ်။ နောက်ထပ်လုပ်တဲ့ခါ မုန့်ရည်ကို ပြည့်ခါနီးလေးပဲ ထည့်လုပ်မှ မုန့်လှလှလေးတွေဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် ငပိဖုတ်တောင် ဆရာ မပြ နည်းမကျ လို့ ဆိုခဲ့တာနဲ့တူရဲ့၊ မုန့်လုပ်နည်းအတွက် စာထဲကဆရာတွေ အားလုံးကျေးဇူးတင်မိပါတယ်။

5… အက်တက် ကြက်ဥပူတင်းမုန့်
5… အက်တက် ကြက်ဥပူတင်းမုန့်

2232…5… အက်တက် ကြက်ဥပူတင်းမုန့်

မုန့်ခွက်လေးတွေထဲကို ကြက်ဥ ပူတင်းအနှစ် ရည်ဖြည့်ပြီး 170 ံC နဲ့ 20 မိနစ်လောက် အပူပေးလိုက်ရင်တော့ လှပပြီး အရသာရှိတဲ့ အက်တက် ကြက်ဥပူတင်းမုန့် ကလေးတွေရပါပြီ၊ လ္ဘက်ရည်၊ကော်ဖီ ကြိုက်နှစ်သက်ရာ နဲ့ တွဲလိုက်ရင်တော့

အရသာ အပြည့်ခံစားရစေမှာ အသေချာပါပဲနော်…..

ခင်တဲ့

အန်တီ မအိ

27 comments

  • TNA

    October 9, 2013 at 12:02 pm

    ကူးသွားပါပြီ မွအိရေ ကျေးကျေးပါ။ လုပ်စားကြည့်လိုက်ပါအုံးမယ်။ :sar:

    • Ma Ei

      October 9, 2013 at 2:02 pm

      ဒီ ဆန်းဒေးမှာ ထပ်လုပ်မယ် စိတ်ကူးထားတယ် သဲရေ…
      🙂

  • Foreign Resident

    October 9, 2013 at 12:36 pm

    အရမ်း ကြိုက်တဲ့ မုန့်တွေထဲမှာပါတယ် ။

    ဘာဖြစ်လို့လဲ မသိဘူး ၊
    အဘ အိမ်မှာ မုန့်တွေ လျှောက်လုပ့်ကြည့်မယ် / ကလိ ကြည့်မယ် ဆိုတာ ။
    မိန်းမ က သိပ်အားမပေးဘူး ၊ အလုပ်ရှုပ် ပါတယ် ၊ ဝယ်ကျွေးမယ်တဲ့ ။

    အဘ စားချင်တာတွေ ကလည်း အအီ အစိမ့် ရောဂါစာတွေ ဖြစ်နေလို့လား မသိ ။
    နောက်ပြီး သူ ဝယ်ကျွေး / ဝယ်လာတာ ဆိုတော့ ၂ ခု ဆို ၂ ခု ပဲ စားရတာ ။
    ခပ်များများ ကို မစားစေချင်တဲ့ သဘောလား မသိ ။

    အဘ ဘဝ ကလည်း ဩဇီမှာတော့ ၊ တကယ့် အရုပ်ပဲ ။
    ဈေးသွားတာလည်း မိန်းမပဲ သွားတယ် ။
    ကိုယ် စားချင်တာ ရှိရင် သူ့ကို ကြိုပြီး ပူဆာရတယ် ။
    သူက သင့် မသင့် ဆုံးဖြတ်ပြီးမှ အရေအတွက် နှင့် ဝယ်ကျွေးတာ ။

    အမှန်က ကိုယ့်ပိုက်ဆံ နှင့်ကိုယ် ထွက်ဝယ်စားရင်တော့လည်း ရပါတယ် ။
    ဒါပေမယ့် အဘ ကလည်း အပြင်ထွက်ရတာကို ပျင်းတော့ မထွက်ဖြစ်ဘူး ။
    အဲဒီမှာ ၊ သူ့ ထားရာနေ ၊ ကျွေးတာစား ဘဝ ကို ရောက်တော့တာပဲ ။

    အို ဘာပဲ ဖြစ်ဖြစ် ဒီတစ်ခါတော့ မိန်းမ မသိအောင် ၊
    ကိုယ့်ဖာသာ ကိုယ် တိတ်တိတ်လေး လုပ်စားပြစ်မယ် ။ ပုန်ကန် ပြစ်မယ် ။

    ” 170 ံC နဲ့ 20 မိနစ် ” ဆိုတာ ၊
    ရိုးရိုး Oven နှင့် ထင်တယ် ( Microwave မဟုတ်ဘူး မှတ်လား )

    အင်းးးး ။ မုန့်ခွက် ၊ ဂျုံ မှုန့် နှင့် ထောပတ် ကို မိန်းမ မသိအောင် ခိုးဝယ်ရဦးမယ် ။
    ဂျုံ မှုန့် က အစိမ်းလား ။ ထောပတ် ကရော ဘာအမျိုးအစားလဲ ။
    နွားနို့ က ရော နိုင်ငံခြားက UHT ဗူးနို့ဘဲလား ။

    နောက်ပြီး အဲဒီထဲက ( 1 cup ) ဆိုတာတွေက ဘယ် Size တွေ တုန်း ။

    • TNA

      October 9, 2013 at 1:13 pm

      1 cup ဆိုတာ မုန့်ချင်တွယ်ခွက်တွေပါအဘရေ။ မတ်ကက်တွေမှာရနိုင်ပါတယ်။ 1 cup 1/2 cup 1/3 cup 1/4 cup ဆိုဒ်စုံရှိတယ်အဘရေ။ အဘလုပ်ပြီးရင် ချစ်ချစ်ကိုကျွေးလိုက်ပေါ့ နောက်ဆို တိုတိုလုပ်တိုတိုလုပ် ချားအုံးမှာ ဆိုပီးဖြစ်တွားလိမ့်မယ်။ :mrgreen:

      • Ma Ei

        October 9, 2013 at 1:58 pm

        မိန်းမ မသိအောင် ၊ကိုယ့်ဖာသာ ကိုယ် တိတ်တိတ်လေး လုပ်စားပြစ်မယ် ။ ပုန်ကန် ပြစ်မယ် ။
        … ဆိုရင်တော့ ဒီ Comment ကို ကိုဖော အမျိုးသမီးကို ပေးပြဦးမှပါဘဲ…

        ” 170 ံC နဲ့ 20 မိနစ် ” ဆိုတာ ၊
        ရိုးရိုး Oven နှင့် ထင်တယ် ( Microwave မဟုတ်ဘူး မှတ်လား )
        … ဟုတ်ပါတယ် ရိုးရိုး Oven နဲ့ပါ…

        ဂျုံ မှုန့် က အစိမ်းလား ။
        … မုန့်လုပ်ဂျုံ ( ဒုံးပျံ တံဆိပ်) ပါ …

        ထောပတ် ကရော ဘာအမျိုးအစားလဲ ။
        … ဂီး ကိုဘဲ သုံးလိုက်တာပါ… တူတို့ဘာတို့ အကောင်းတွေသုံးလဲ ရပါတယ်…

        နွားနို့ က ရော နိုင်ငံခြားက UHT ဗူးနို့ဘဲလား ။
        … ရုံးနားမှာ ငွေစင်ပုလဲ က အရောင်းကားလာပါတယ်။ ရုံးကပြန်ရင် အိမ်အတွက် ဝယ်နေကျ ဆိုတော့ မုန့်လုပ်ရင်လဲ သုံးဖြစ်ပါတယ်…

        နောက်ပြီး အဲဒီထဲက ( 1 cup ) ဆိုတာတွေက ဘယ် Size တွေ တုန်း ။
        … ပုံ 1..2.. တွေ ထဲမှာပါတဲ့ ခွက်ဖြူလေးဖြစ်ပါတယ် Size စုံ အထပ်လိုက်လေးပါ…
        ဒီမှာတော့ မုန့်လုပ်ချင်သူ ဝါသနာရှင်များအတွက် City Mart မှာ အမယ်စုံဝယ်ရလွယ်ပါတယ်
        ဝါသနာအရ မုန့်ကလေးတွေ လုပ်ချင်လို့ စာအုပ်ထဲ အင်တာနက်ထဲက ရှာဖွေပြီး စမ်းသပ်တာပါ…ကောင်းတာလဲရှိ..ပျက်သွားတာလဲရှိပေါ့..
        🙂

        • Foreign Resident

          October 9, 2013 at 2:26 pm

          ပြဿနာက စပြီ ။

          ” မုန့်လုပ်ဂျုံ ( ဒုံးပျံ တံဆိပ်) ပါ ”
          ဩဇီ မှာ လုပ်စားမှာလေ ။
          မုန့်လုပ်ဂျုံ ကို ဘယ်လို ခေါ်သတုံး ။

          ” ရုံးနားမှာ ငွေစင်ပုလဲ က အရောင်းကားလာပါတယ် ”
          အဲဒါ လည်း တဒုက္ခ ဘဲ ။
          ဩဇီ မှာ က UHT ဗူးနို့ ဘဲ ရှိတာလေ ။

        • TNA

          October 9, 2013 at 2:37 pm

          bread flour နဲ့လုပ်ပေါ့ နုချင်ရင် cake flour နဲ့လုပ် အဘရေ။ ကျွန်မတော့ cake flour နဲ့စမ်းမို့။ နွားနို့ကတော့ အိမ်မယ် cow head ပဲရှိလို့ အဲဒါနဲ့လုပ်မို့

        • Ma Ei

          October 9, 2013 at 2:42 pm

          …plain flour, all purpose flour or flour…နဲ့ နို့ကိုလဲ
          ဘာတံဆိပ်ဖြစ်ဖြစ် သုံးလို့ရနိုင်ပါတယ်…

        • Ma Ei

          October 9, 2013 at 2:47 pm

          စစ်ကူ သဲ ကိုလဲ… thank…<3

  • Wow

    October 9, 2013 at 3:26 pm

    အနံလေးတောင်ရလာသလိုပဲ မွအိရေ… ရမ်းရမ်းကြိုက်… :kwi:

  • padonmar

    October 9, 2013 at 7:17 pm

    ဒီတခါဆုံဖြစ်ရင် မွအိကို လုပ်လာခဲ့ခိုင်းရန် မှတ်ထားပါသည်။

    • Ma Ei

      October 10, 2013 at 10:58 am

      padonmar says:
      Ma Ma says:

      မှတ်ရတာတွေ များတော့ မေ့သွားမှာပေါ့နော်…
      🙂

      Wow says:
      အနံ့တင်မက တစ်ကယ်စားရစေချင်ပါတယ်နော်…

  • ဦးကြောင်ကြီး

    October 10, 2013 at 9:28 am

    ကူးတွားသီ… အိမ်ရောက်မှ ခရစ်စ်လေးဂို လုပ်ခိုင်းရအုံးမယ်…. :mrgreen:

    • Ma Ei

      October 10, 2013 at 11:01 am

      ကြောင်ချက်ကတော့ အရေးနဲ့ အရသာရှိ နေပုံပါဘဲနော်… :mrgreen:

  • black chaw

    October 10, 2013 at 10:09 am

    ကိုစွယ်တော်ရွက် အိမ်က
    ကော်ဖီ ပူပူခါးခါး လေးနဲ့
    မအိ ရဲ့ ကြက်ဥပူတင်း လေးနဲ့ ဆိုရင်
    လိုက်မှာဗျ…။
    :mrgreen:

    • Ma Ei

      October 10, 2013 at 11:24 am

      အင်းနော်…
      အတော့ကို …
      လိုက်နေတော့တာပါဘဲ…
      ဒါဆိုလဲ…
      🙂

  • KZ

    October 10, 2013 at 10:18 am

    စားချင်စရာ…

    :chit:

    • Ma Ei

      October 10, 2013 at 11:39 am

      ပြန်လာရင် လုပ်ကျွေးမယ်နော်..
      :chit: .

  • ဦးကျောက်ခဲ

    October 10, 2013 at 10:23 am

    EGG TART ကတော့ကြိုက်လွန်းလို့ လမ်းကြုံတိုင်း ဝယ်စားဖြစ်ပါတယ်…
    အချို ၂ခု၊ အဆိမ့် ၂ခုမှ ၇.၅ဟောင်ကောင်ဒေါ်လှဆိုတော့၊ ၁၀၀ဝကျပ်…
    အရသာ အရှိဆုံး စားဖူးတာ မကာအိုမှာပါ…
    😀

    • Ma Ei

      October 10, 2013 at 10:43 am

      အချို ၂ခု၊ အဆိမ့် ၂ခုမှ ၇.၅ဟောင်ကောင်ဒေါ်လှဆိုတော့၊ ၁၀၀ဝကျပ်…
      တန်တာပေါ့..ဒီက Season မှာ တစ်ခုကို ၅၀ဝကျပ် ပေးရတာ…
      လေးခုလောက်မှလဲ စားရအနေတော်ဖြစ်တာဆိုတော့… O:)

      • TNA

        October 10, 2013 at 12:37 pm

        အောင်မယ်လေး ဈေးကြီးလိုက်တာ အိမ်မှာလုပ်စားတာဘယ်လောက်မှမကုန်ဘူး အိမ်မှာပဲစားတော့မယ်။ မနေ့ကလုပ်တာအဆင်ပြေတယ်မွအိရေ ကျေးကျေး။ အပြင်မှာအိုက်လောက်ဈေးရှိတာသိဘူးတော့။

  • Crystalline

    October 10, 2013 at 3:57 pm

    အန်တီအိ.. မနေ့ကတည်းကတွေ့သီ.. အရမ်းစားချင်လို့ ဒီကနေ့သွားဝယ်စားသီ.. နည်းလေးကူးထားပေမယ့်.. လက်တည့်စမ်းဖို့တော့နည်းနည်းလက်ရှုပ်လို့ မစမ်းသေးဘူး.. :))

    • Ma Ei

      October 11, 2013 at 12:02 pm

      Crystalline says:
      ဝယ်စားတော့ ချက်ခြင်းစားရတာပေါ့နော်…
      🙂

      alinsett says:
      ပိုစ့် ထက် မုန့်ဘဲ ယူခဲ့တဲ့….
      🙂

  • alinsett

    October 10, 2013 at 8:39 pm

    ချစ်သုဝေလေးကို…ဒီပိုစ့်ပြမယ်..။

  • kyeemite

    October 11, 2013 at 2:27 pm

    နောက်တစ်ခါတွေ့ဆုံပွဲကျရင်လုပ်ကျွေးပါလား 🙂

    • Ma Ei

      October 11, 2013 at 2:37 pm

      တွေ့ဆုံပွဲ တက်ရောက်သူ
      အားလုံးကို ကျွေးဖို့ စီစဉ်ပါ့မယ်…

Leave a Reply