ရေလုံလောက်မှုမရှိလည်း ရေလှောင်ပြီး အင်းလေးဖောင်တော်ဦး ဘုရားပွဲ ဖြစ်မြောက်ရန် စီစဉ်

chitkayAugust 4, 20101min1013

အင်းလေး ဖောင်တော်ဦး ဘုရားပွဲ ကျင်းပရန် ရေ လုံလောက်မှု မရှိပါက ရေ လှောင်ပြီး ဘုရားပွဲ ဖြစ်မြောက်ရန် စီစဉ် သွား မည် ဖြစ်ကြောင်း ဖောင်တော်ဦး ဘုရား ဂေါပက ရုံးမှ ဥက္ကဋ္ဌ ဦးတိုးအောင်က ပြောပါသည်။ အခုချိန်မှာ ရေက နွေရာသီ က ထက် ၈ လက်မ လောက်ပဲ တက်သေးတယ်။ တကယ်လို့ ဘုရားပွဲ ကျင်းပဖို့ ရေ မလုံလောက်ဘူး ဆိုရင် အင်းထဲမှာ မိုးရေ ကို ဆည် သဘောမျိုး ပိတ်ပြီး လှောင်သွားဖို့ စီစဉ် နေတယ်။ အဲဒီလို ပိတ်လိုက်ရင် ဘီလူးချောင်း ဘက်ကို ရေက ဆက် မစီး တော့ဘူးဟု ၎င်းက ပြောသည်။ ယခုနှစ် နွေရာသီတွင် အင်းလေးကန် အတွင်း ရေခန်းခြောက်မှု အန္တရာယ်ကို ကြုံ တွေ့ခဲ့ရ သော်လည်း နှစ်စဉ် ကျင်းပမြဲ ဖောင်တော်ဦး ဘုရား ပွဲတော်ကို ယခင် နှစ်များ နည်းတူ ရိုးရာ မပျက် ကျင်းပသွား မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။ ဖောင်တော်ဦး ဘုရား ပွဲတော်ကို နှစ်စဉ်သီတင်းကျွတ် လဆန်း ၃ ရက်မှ ၅ ရက် အထိ ကျင်းပလျှက် ရှိပြီး လာမည့် ဩဂုတ် ၁၈ ရက်တွင် ဘုရားပွဲ ကျင်းပရေး အစည်းအဝေး တစ်ရပ်ကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကျင်းပ သွားမည် ဖြစ်ကြောင်း ဦးတိုးအောင်က ပြောသည်။ အခု ဖောင်တော်ဦး နားမှာ ရေက နှစ်ပေခွဲ လောက်ပဲ ရှိသေးတယ်။ နောက်ထပ် ၄ ပေလောက် မှ ဘုရားပွဲ ကျင်းပဖို့ အဆင်ပြေမယ်။ အင်းလယ်မှာလည်း အရင်နှစ် တွေက ဒီအချိန်မှာ ရေ ၉ ပေ လောက်ပဲ ရှိပေမယ့် အခု ၅ ပေလောက်ပဲ ရှိသေးတယ။် ဒါပေမယ့် အခု ဒီသုံး လေးရက် အတွင်း မိုးဆက်တိုက် ရွာနေပါပြီဟု ၎င်းက ဆိုသည်။ အင်းလေးကန် ဝန်းကျင်တွင် မြို့နယ် ခုနစ်မြို့နယ် ရှိပြီး ရွာပေါင်း ၉၀ဝ ကျော် ရှိကာ လူဦးရေ တစ်သိန်းကျော် နေထိုင်သည်။ အင်း သား အများစုသည် ကျွန်းမျောများ ပေါ်တွင် ခရမ်းချဉ်သီး စိုက်ပျိုး ခြင်းဖြင့် အသက် မွေးကြသည်။ အင်းလေးကန် ထဲသို့ ရေဝေ ရေလဲ ဒေသများရှိ စမ်းချောင်း ၂၉ ခုမှ ရေများ စီးဝင်လာ ပြီး ထိုရေဝေ ရေလဲ ဒေသသည် ကီလိုမီတာ ၃၆၄ဝ ရှိသည်။ အင်းလေးကန် နွေဘက် ရေလျော့နည်း လာခြင်းနှင့် ပတ်သက်၍ FREAD (သစ်တော သံယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုး တက်ရေးနှင့် ထိန်းသိမ်းရေး အသင်း) မှာ ဦးအုန်း ၏ ပြောကြားချက် အရ အင်းလေးကန်ကြီး ညစ်ညမ်းပြီး ရေများ ခန်းခြောက် သွားခြင်း၏ အဓိက အကြောင်းရင်း မှာ ကန်ပတ်လည်မှ မြေဆီလွှာ တိုက်စားမှုကြောင့် အနည် ပို့ချမှု များကာ ရေအနက် တိမ်သွားခြင်း၊ ကျွန်းမျောများ ပေါ်တွင် စိုက်ပျိုး ထားသော သီးပင် စားပင် များအား ဓာတုဗေဒ ပိုးသတ်ဆေးများ အလွန် အကျွံ ပက်ဖျန်းခြင်းနှင့် ဓာတ်မြေဩဇာ သုံးစြွဲခင်း ၊ ရက်ကန်း လုပ်ငန်း ၊သံထည် လုပ်ငန်းများမှ ထွက်သော အညစ်အကြေးများအား စနစ်တကျ မစွန့်ပစြ်ခင်း ၊ လူဦးရေ ထူထပ်လာခြင်း၊ ခရီးသွား လုပ်ငန်း များတွင် ကျယ်လာ မှုကြောင့် အညစ်အကြေး စွန့်ထုတ်မှု များလာခြင်း၊ ရွှေ့ပြောင်း တောင်ယာများ ပျက်စီးခြင်း စသည် တို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယခုအခါ အင်းလေးကန် ရေရှည် တည်တံ့ရေး အတွက် အာဏာပိုင် အဖွဲ့အစည်းများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ဒေသခံများ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲများကို ဇူလိုင် ၁ ရက်နှင့် ၂ ရက် တို့တွင် နေပြည်တော် သစ်တော ဦးစီးဌာန ရုံးနှင့် ဇူလိုင် ၁၂၊ ၁၃ နှင့် ၁၄ ရက်တို့တွင် တောင်ကြီး မြို့တော် ခန်းမတွင် ကျင်းပခဲ့သည်။ တောင်ကြီး မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ဆွေးနွေး ပွဲ အဆိုပြုချက် ၆ဝ ကျော်တွင် ၃ဝကို အတည်ပြုခဲ့သည်။

True News သတင်ဂျာနယ်မှ ဖေါ်ပြချက်ကို ပြန်လည်တင်ပြအပ်ပါသည်။

3 comments

  • Yin Nyine Nway

    August 4, 2010 at 12:05 pm

    အင်း တို့ ရိုးရာလေးတော့ အပျက်မခံ စေချင်ဘူး
    ဖြစ်ပါစေလို့တော့ ဆုတောင်းရမှာဘဲ

  • etone

    August 5, 2010 at 8:06 am

    Yin Nyine Nway က အင်းလေးသူလား ။ လှေလှော်တတ်လား ။

  • True Faith

    August 5, 2010 at 8:28 am

    ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တယ်။ အရေးကြီးပါတယ်။ အင်းသား ဘဝ၊ အင်းသားတို့ရဲ့ အလှ မြန်မာ့ဂုဏ်ဆောင် အင်းလေးကန်ကြီးကို မတိမ်ကော မပျက်စီးအောင် အမြဲတမ်း သတိတရားနဲ့ ကာကွယ်နေရမှာပါ။ တော်သေးတာပေါ့။ FREDA ကယ်ပေလို့။ ဒီအစိုးရအတိုင်းသာဆို ရေတစက်တောင် ကျန်တော့မှာ မဟုတ်ဘူး။

Leave a Reply