သုတေသန စစ်တမ်းကောက်ခြင်း

မြသဲ ( 17082011 )October 9, 20131min36263

ဟိုနေ့က ဒညင်းဝက် အဲလေ အလင်းsex အဲ မွှားလို့ အလင်းဆက်ပိုစ့်ကိုမန့်ရင်း သူမေးလိုက်တာလေး ကိုယ့်ဘာသာကိုယ်လဲ မဖြေတတ်တာနဲ့ စစ်တမ်းကောက်ကြည့် မလို့ပါ။

အလင်းဆက်ကပြောတယ်။ ယောင်္ကျားလေးတွေစိတ်ညစ်ရင် ဘီယာ/အရက်သောက်တယ်ပေါ့။ မိန်းကလေးတွေစိတ်ညစ်ရင်ဘာလုပ်သလဲ တဲ့။

 

ကျွန်မလဲစဉ်းစားကြည့် တာ တော်တော်လေးသိချင်လာမိတယ်။ ရွာထဲက ရွာသူတွေစိတ်ညစ်ရင် ဘာတွေလုပ်လေ့ရှိသလဲ စစ်တမ်းလေးတခုကောက်ကြည့်ချင်လို့ အောက်ကနေ ကွန်မင့်လေးများ ချီးမြှင့်ပေးစေလိုပါတယ်။

 

မိန်းကလေးတွေစိတ်ညစ်ရင် ဘာလုပ်လေ့ရှိပါသလဲ။

 

ကွန်မင့်လေးနဲ့ဖြေပေးကြပါအုံး။ ယောင်္ကျားလေးတွေ ရွာသားတွေလဲဖြေလို့ရပါတယ်။ ဗဟုသုတေ့ပါ့။ အပြန်အလှန်ဆွေးနွေးရတာပေါ့။

63 comments

  • TNA

    October 9, 2013 at 12:53 pm

    ူသုသေသန စစ်တမ်းကောက်ခြင်း

    စာလုံးပေါင်းပြင်ပြီးကြောင်းသတင်းပို့ပါသည် 😀

  • Myo Thant

    October 9, 2013 at 1:15 pm

    မိန်းကလေးတွေ စိတ်ညစ်ရင် ဆိုတော့

    အဲ အနော်သိဘူးဗျ ၊ 🙂

    အနော်ကတော့ အရက်ကို သာမန်အချိန်မျိုး နဲ့ ပျော်တဲ့အချိန်ပဲ သောက်တယ် ၊

    စိတ်ညစ်ရင် လဘက်ရည်ဆိုင်ထိုင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ကေတီဗီမှာ ပေါက်ကွဲလိုက်တယ် ၊

    စိတ်ညစ်ချိန် အရက်သောက်တာဟာ အန္တရာယ်ကို လက်ကမ်းမိတာပဲ လို့ ယူဆတယ် ၊

    • TNA

      October 9, 2013 at 2:34 pm

      မှတ်ထားလိုက်ပါဘီ။ တယောက်ရဘီ။

    • kyeemite

      October 10, 2013 at 12:47 pm

      ဒါဆို ကိုမျိုးသန့်မှာ စိတ်ညစ်ချိန် ရှိပုံမရဘူး 😀

  • ရာမည

    October 9, 2013 at 1:37 pm

    အနီးဆုံးလူကို ပြ ဿ နာလုပ်​ပါတယ်​ခင်​ဗျာ 🙂 ​

    • TNA

      October 9, 2013 at 2:35 pm

      ဟိုက်ရှ် အင်း အနားကလူတော့ လူရွေးမှားဘီထင်ဘာ့ သနားဘာဒယ်အေ။ နှစ်ယောက်ရဘီ

  • sorrow weaver

    October 9, 2013 at 1:59 pm

    လေယဉ်မယ်လေးက တော့ စိတ်ညစ်လဲ ဘာဆိုဘားးမှမပြော ။ စိတ်လဲသိပ်မညစ် .. သူ့ကောင်လေးက အလွန်ကြင်နာတတ်တယ်လေ…အဟိဟိ

    • TNA

      October 9, 2013 at 2:38 pm

      ကြွာစ်းတာအေ။ ယုံဘူး လေဗျန်စပါယ်ယာမလေးဒွေဆိုဒါ အားဂျီး စိတ်ဖိစီးမှု့များဆိုဘဲ။ အဲဒေါ့ သူဘယ်လိုစိတ်ဖြေသလဲ ဆြာဆောရိုးမှန်မှန်ဖြေပါလေ။

    • sorrow weaver

      October 9, 2013 at 3:12 pm

      ဒီလို မမရဲ့ …ယေဘုယျအားဖြင့် …လေဗျန်စပယ်ရာလေးတွေကို လှလှလေး ဝတ်ပြီး ကျော့ကျော့လေး နေရတယ်ပဲ မှတ်တာကိုး …သူတို့က catering အပြင် ..First Aid ..ရော safety purpose အတွက်ရော Cabin check တာရော လုပ်ရတာကလားးး… ဆိုတော့ကာ ..စာလဲအလွန်ဖတ်ရ ၊ ကျက်ရတယ်ဗျာ ။ Passenger တွေကလဲ လူအမျိုးမျိုးကလား … ဆိုတော့ကာ ပြန်ပြောလို့မရတဲ့ လူမချောချောလေးတွေကို အလွတ်ပြသနာရှာချင်တဲ့လူတွေလဲပါတာပေါ့လေ .ပျံသန်းရေးမှာလဲ သူတို့က တစိတ်တပိုင်း ကူညီရသေးတယ်ဂျာ ။ .မပြုံးချင်လဲ ပြုံးနေရတာကလား ။ .အလွန်စိတ်ဖိစီးမှုအလွန်များပေါ့ဗျာ ။ ချစ်ရတဲ့သူလေးက တော့ ..ဘုရားကျောင်းမှန်မှန်တက် တာရယ် ..ခြေတိုအောင်ရှော့ပင်လုပ်တာရယ်..ဆိုင်သစ်ပေါ်သမျှ သွားစားတတ်တာရယ် . သူ့ကောင်လေး ချောချောလေးကို အနိုင်ကျင့်တာရယ်နဲ့ စိတ်ဖြေပါတယ်ဂျာ ။ အဟီးဟီး

      • TNA

        October 9, 2013 at 5:10 pm

        အိုက်လိုလုပ်ပါအေ။ မှတ်ထားလိုက်ပြန်ဘာဘီနောက်တယောက်။ မဆိုစလောက်ကြောက် စရာ ကောင်းသော သူ့ကောင်လေးအား နွဲ့ဆိုးဆိုးတီပေ့ါ။

  • အနော်ကတော့ စိတ်ညစ်ရင် သီချင်းတွေအော်ဆိုပစ်တယ်။ နိုင်တဲ့သူကို ပြသနာရှာတယ်။ (ဒီစာကို ဟိုတစ်ယောက်မမြင်စေရ)

    • TNA

      October 9, 2013 at 2:39 pm

      ဟုတ်ပါဘီ မှတ်ထားလိုက်ပါဘီ။ ရဘီသုံးယောက်

  • မဟာရာဇာ အံစာတုံး

    October 9, 2013 at 2:06 pm

    အဖြေပေးရင်
    ဘီလောက်ရမဒုန်းး
    အိုက်ဒါ အယင်ပေါဘာ တိုရီးသဲ ….

    • TNA

      October 9, 2013 at 2:31 pm

      အဖြေပေးရင် ဟိုတယောက်စိတ်ညစ်ရင်ဘာလုပ်တတ်တယ်ဆိုတာလေး ဆောင်ရန်ရှောင်ရန်ပေါပြမယ်။ 😀 ကဲအဖြေပေး

  • Ma Ei

    October 9, 2013 at 2:22 pm

    စိတ်နဲနဲ ရှုပ်ရင် …
    ဘူးသီးစလွန်းသွားပါတယ်..
    ခေါင်းလျှော် ပေါင်းတင်လိုက်တော့ ပေါ့သွားတယ်ထင်ပါတယ်…
    စိတ်နဲနဲညစ်ရင်…
    ရှော်ပင် ထွက်လို့ စိတ်ကူးပေါက်ရာ ဝယ်ပါတယ်…
    ဘာမှ မဝယ်ဘဲလဲ လျှောက်ကြည့်တာမျိုး လုပ်ပါတယ်…
    စိတ်များများညစ်ရင်…
    ဘုရားသွားပြီး ပုတီးစိတ်၊ဂုဏ်တော်တွေ ရွတ်ဖတ်တာမျိုး လုပ်ပါတယ်…
    🙂 မှတ်ချက်… စိတ်ပျော်နေရင်လဲ အဲ့ဒါတွေ အကုန်လုံး လုပ်ပါတယ်…
    😀

    • TNA

      October 9, 2013 at 2:41 pm

      မှတ်သားထိုက်စရာမို့ မှတ်သားသွားပါတယ်မွအိရေ။ ဒီတခါအိုက်လိုလိုက်လုပ်ကြည့်ပါအုံး မယ်။ :mrgreen: လေးယောက်ချိဘာဘီ။

  • no non negative

    October 9, 2013 at 3:03 pm

    အနာ် က စိတ်ညစ်ရင် PC format ချ ပြီး OS အ သစ် သင် ဒယ်။
    တခါ တ လေ Coffee ခါးခါး သောက် ပြီး ရေ ပြင် ကြီး ကို ကြည့် ဒယ်။
    အရက် တော့ မ ကြိုက် ဘူး

    • TNA

      October 9, 2013 at 6:12 pm

      ဒီနည်းလဲတမျိုးမို့မှတ်ထားလိုက်ပါပြီ။ နောက်မှအားလုံးစုပါမည်

  • Foreign Resident

    October 9, 2013 at 3:03 pm

    အဘ ကတော့ စိတ်ဆင်းရဲစရာ တစ်ခုခု ပေါ်လာရင် ။

    အိပ်ရာထဲလှဲပြီး အဲဒီ စိတ်ဆင်းရဲ ရတဲ့ အရသာကို ၊
    အားရပါးရ တစိမ့်စိမ့် ခံစားတယ် ၊ လုံးဝ မဖျောက်ပြစ်ဘူး ။
    အဲဒီ ပြဿနာ မပြေမလည် မချင်း ၊
    အဲဒီ စိတ်ဆင်းရဲ ရတဲ့ အရသာကို အဆက်မပြတ် ခံစားယူတယ် ။

    ဘာကြောင့်လည်း ဆိုတော့ အဘ ရဲ့ ကံဇာတာကို အဘ ယုံတယ် ။

    အဘ စိတ်ဆင်းရဲ မှု ကြီးကြီး မားမား တွေ့ပြီဆိုရင် ၊ သေချာတယ် ၊
    သိပ်မကြာခင်မှာ အဘ အရမ်း ကံကောင်း မှု ကြီးကြီး မားမား နှင့် တွေ့ရတော့မယ် ။
    စိတ်ဆင်းရဲ မှု အရမ်း ကြီး ရင် ၊ အဘ ရဲ့ အောင်မြင်မှု လဲ အရမ်း ကြီး လိမ့်မယ် ။

    အဓိပတိ ဘွား ။ ( ရ ) ဂဏန်းဖွား ( မွေးနေ့ အစ ၊ ခုံနံပါတ် အဆုံး ၊ ရှိရှိသမျှ အကုန် ( ရ ) ) ။
    ကံ လမ်းကြောင်း က တနင်္လာ ဂြိုလ်ခုံကနေ Wave လေးတွေ နှင့် တက်တာ ။
    အဲဒီတော့ အောင်မြင်မှုတိုင်းရဲ့ ရှေ့မှာ အခက်အခဲ အမြဲရှိမယ် ၊ But အောင်မြင်မယ် ။

    အဘ ရဲ့ ကံဇာတာကို အဘ ယုံတယ် ။
    ဒါကြောင့် စိတ်ဆင်းရဲ မှု နှင့်တွေ့ရင် အားရပါးရ တမင်ချဲ့ပြီးကို ခံစားတယ် ။
    တစ်ကျပ်ဖိုးလောက် စိတ်ဆင်းရဲ စရာတွေ့ရင် ၊ တစ်ရာဖိုးလောက် ချဲ့ပြီးကို ခံစားယူတယ် ။

    မှန်တာပြောရရင် ၊ ကိုယ့် ဇာတာ ညံ့နေတာကို သိနေတဲ့ အချိန်တွေမှာဆိုရင် ၊
    အဘ ( စိတ်ကြိုက် ) စိတ်ဆင်းရဲ မှု ကို မတွေ့တွေ့ အောင်တောင် ဖန်တီးယူတယ် ။

    ဥပမာ ၊ ဒီ နှစ်မှာ အဘ ကံဇာတာကျ တယ် ဒုက္ခ နှင့် တွေ့ရမယ် ဆိုရင် ။
    အဘ အဲဒီနှစ်မှာ ၊ တိုက်ဆောက်ပြစ်လိုက်တယ် ။ စာမေးပွဲ ဆင်းဖြေပစ်လိုက်တယ် ။

    အဘ ပိုက်ဆံလည်းကုန် ၊ လူလဲ ပင်ပန်း ၊ ဒုက္ခ ရောက် ၊ ပြဿနာလဲ ပေါင်းစုံ ပေါ့ ။
    ဒါပေမယ့် အဲဒီ ဒုက္ခ တွေ ရဲ့ အမျိုး အစား ၊ အချိန် နှင့် နေရာ ကို အဘ ရွေးထားတာလေ ။

    အဘ လုပ်တာ Control Descending ဘဲ ။ စိတ်ကြိုက် ပုံစံ နှင့် ဒုက္ခ ကို ရှာယူပြီး ၊
    အားရပါးရ စိတ်ဆင်းရဲတဲ့ အရသာ ကို အပြည့်အဝ မက်မက်မောမော ခံစားတယ် ။

    အကြံကောင်း တစ်ခု ပေးမယ်နော် ။
    စိတ်ဆင်းရဲ မှု ကို အလွယ်ဆုံး ရှာတဲ့နည်းက ၊ လက်ထဲမှာ တပြားမှ မရှိအောင် လုပ်လိုက် ။
    ဆိုလိုတာက ၊ ရှိသမျှ ပိုက်ဆံ အကုန် ကို တခုခု ဝယ်လိုက် ၊ လုပ်ငန်းထဲ ထည့်လိုက် ။
    အဲဒီ အခါ ၊ ငွေ အရမ်းကျပ်သွားပြီး စိတ်ဆင်းရဲစရာတွေ တစ်ခုပြီး တစ်ခု ဝင်လာလိမ့်မယ် ။

    • အရီးခင်

      October 9, 2013 at 3:47 pm

      Foreign Resident says:
      {စိတ်ဆင်းရဲ မှု ကို အလွယ်ဆုံး ရှာတဲ့နည်းက ၊ လက်ထဲမှာ တပြားမှ မရှိအောင် လုပ်လိုက် ။}
      ဒါကတော့ အဘ ရယ်။
      နောက်ခံတောင့်တဲ့ မိသားစု ကို ရထား တဲ့ ကံ ပါနေလို့ ဂလို ပြောနိုင်တာပါ။
      မိသားစု က ကိုယ့်ကို ဘဲ မှီ နေရတဲ့ အခြေအနေမှာ တော်ရုံ အရဲစွန့်ဖို့ ခက်သားကလား။

    • TNA

      October 9, 2013 at 6:17 pm

      အဘရေ အဘနည်းကတော့ တော်ရုံလူလုပ်နိုင်မယ်မထင်ဘူးအဘရေ။ အဘမို့ပဲလုပ်နိုင်တာပါ။ ကျန်တဲ့ ကျွန်မတို့လိုလူတွေလုပ်နိုင်ဖို့ကတော့ သိပ်မလွယ်လှဘူးအဘရေ။ အဘက စိတ်ညစ်ရတာတောင်ကံကောင်း ပါတယ်။

    • Foreign Resident

      October 9, 2013 at 6:59 pm

      TNA says:
      ” အဘက စိတ်ညစ်ရတာတောင် ကံကောင်း ပါတယ် ”

      အွန် ၊ ဘယ့်နှယ် ၊ စိတ်ညစ်ရတာ က ကံကောင်းပါ့မလဲကွယ် ။
      မ TNA ကလည်း လာနောက်နေပြန်ပြီ ။

  • Wow

    October 9, 2013 at 3:17 pm

    စိတ်ညစ်ရင် ဗျူးတီးစလွန်းသွား ခေါင်းလျှော်၊ မျက်နှာပေါင်းတင်၊ ဆံပင်ပေါင်းတင် လုပ်လို့ရတာ အကုန်လုပ်… :mrgreen:
    ပြန်ရောက်ရင် သီချင်းနားထောင်၊ ဗီဒီယိုကျိ၊ ဈေးဝယ်၊ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကျိ.. ပိုက်ဆံ အတော်လေး ပြောင်သွားရင် နေသာထိုင်သာ ရှိသွားပါဒယ်ချင့်… :mrgreen:

    • TNA

      October 9, 2013 at 6:19 pm

      Wow နည်းက မွအိနည်းနဲ့ဆင်တယ်။ မူကွဲလေးပေါ့။ ဒါလဲမှတ်သားသွားပါတယ်။ ပြီးမှ ဘယ်နည်းအကောင်း ဆုံးလဲရွေးကျိအုံးမယ် 😀

  • အရီးခင်

    October 9, 2013 at 3:41 pm

    သဲနု ရေ

    စိတ်ညစ်လာရင်လား။
    ဘယ်လောက်အထိ အဆိုးဆုံး ဖြစ်လာမလဲ ချကြည့်လိုက်တယ်။
    အဲဒါကို ခံနိုင်ရည် ရှိလား ကြည့်တယ်။
    အဲဒါကို ခံနိုင်မှ တော့ လက်ရှိပြသနာ က အသေးပေါ့။
    လူ့စိတ်ဓာတ်မှာ ထူးဆန်းတာတွေ့လာလိမ့်မယ်။
    တကယ်ဖြစ်လာရင် သာမာန်အားဖြင့်ခံနိုင်ရည်ရှိကြသလားပါဘဲ။

    ဒီမှာ အဘဖော ပြောတာ သဘောကျမိတယ်။
    ကိုယ့် ကံ ကို ယုံတယ် ဆိုတာလေး။
    ဘာသာရေး က ဒီမှာ စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ သဘောပေါ့။
    ဒီအတွက်လဲ ကောင်းအောင်နေဖို့ ကြိုးစားနေသလားဘဲ။
    ဒါကြောင့်လဲ ဘုရားသခင်နဲ့ နတ်ဗြဟ္မာ တွေ ကို ရှိထားပေးတာ အပြစ်မမြင်သာပါဘူး။
    (တစ်ချို့ လဲ ဘုရားဟော ဆိုပြီး အမှားတွေ ကျင့်နေတာလဲရှိပေါ့)

    ဘဝ မှာ ထင်သလို မပေါက် ဘဲ လမ်းပိတ် နေချိန်တွေ လဲ လူတိုင်းရှိတာပါ။
    ဒီတော့ လောကီဘဝ ထဲမှာ တွယ်နေသေးသမျှတော့ မဖြစ်နိုင်ဘူးလို့ ထင်တာတွေ ဖြစ်လာနိုင်ဖို့ ဘာသာရေး ကို လုပ်ကြတာများပါတယ်။
    ကိုယ့်ဘာသာစွမ်းတယ်၊ ငါ့ဘာသာ မှန်တယ် ပြသနာလေး (သို့) ပြသနာကြီး တွေ 😉 ရှိတာကလွဲလို့ ပုထုဇဉ် တွေ အတွက် စိတ်ဓာတ်အားကိုးရာပေါ့။

    လောကီထဲက လွတ်ချင်ရင်တော့ ဘာသာရေး ဆိုတဲ့ အမည်ကြီး ကိုပါ ဖျောက်လို့ အားလုံးဖြတ် ကိုယ့်အားကိုယ်ကိုး ကျင့်ကြံအားထုတ် ရမှာ။
    ဒါပေမဲ့ အဲဒီ အဆင့် ကို မရောက်နိုင်သေးတာမို့
    အများသူငါလိုဘဲ လိုချင်တတ်မက်ခြင်း တွေ နဲ့ သံသရာလည် နေရဦးမှာ။

    အဲဒီ သံသရာ နဲ့ ယှဉ်လိုက်ရင် လက်ရှိ ဘဝ ဆိုတာ တိုတို လေး။
    ဘယ်သူမဆို ဘယ်လို အခြေအနေ ဖြစ်ဖြစ် တစ်နေ့သေ ရမှာ။
    စိတ်ညစ်နေရတာ နဲ့ မတန်ပါဘူး။
    လက်ရှိ မှာ အကောင်းဆုံးဖြစ်ဖို့ ကြိုးစား နေဖို့သာပါဘဲ။
    မဟုတ်လား။
    (စကားလုံးကြီး တွေသာသုံးနေတာ။ လက်တွေ့ မှာ ကျင့်ဖို့ ကြိုးစားနေဆဲ၊ ထင်သလောက် ခရီး မပေါက်သေး) 😉

    ချစ်တဲ့
    အရီး
    😛

    • TNA

      October 9, 2013 at 6:25 pm

      ဟုတ်တယ်အရီးရေ။ ကျွန်မအခုတလောစိတ်ညစ်ရင် အရင်ညစ်တုန်းက ဘယ်လိုကျော်လွှားခဲ့လဲ။ အခုစိတ်ညစ်ရတာ အဲတုန်းကလောက်လား တူလားမတူဘူးလားဆိုတာပြန်သုံးသပ်တယ်။ ဘယ်လိုဖြေရှင်းမလဲစဉ်းစားတယ်။ အဓိကကတော့ ဘုရားပိုရှစ်ခိုးဖြစ်တယ်။ အဲဒါအမြတ်ထွက်တာပဲ။ 😀 နောက်ကိုယ့်ပါတ်ဝန်းကျင်ကိုလေ့လာလိုက်တယ်။ အကုန်လုံးနီးပါးသူ့ဟာနဲ့သူစိတ်ညစ်နေရတာချည်းပဲမို့ ပိုထူးတော့စိတ်ညစ်မနေတော့ပါဘူးအရီးရေ။ ခဏပဲညစ်လိုက်တော့တယ်။ လူတခုပူမှု့တရာလို့ဆိုထား သမို့လား။။

  • ဖွတ်ပြောင်

    October 9, 2013 at 6:31 pm

    Sing Song in da rain…

    Crying in da cinema…

    Shopping

    Eating Spicy food

    changing hair style

    cutting nails

    blah blah blah ….

    😛

    ပုံ

    ပါရမီရှင်

    နှူးဘာချုပ်

    • TNA

      October 9, 2013 at 8:12 pm

      Crying in da cinema… ဒါတော့ဖြစ်နိုင်တယ်အေ့။ ဟိုနေ့ဂဘဲ 3D သရဲကားကြည့်ခဲ့သေးမှုတ်လား :mrgreen:

  • padonmar

    October 9, 2013 at 7:00 pm

    စိတ်ရှုပ်ရင် အဖေရှိတုံးက အဖေ့ကိုပြောပြတယ်။
    အဖေမရှိတော့ အကိုတွေ အမတွေကိုပြောပြတယ်။
    အကိုတွေအမတွေ အနားမရှိရင်
    အလုပ်ထဲက နားလည်မှုရှိတဲ့ ဝန်ထမ်းတွေကို ဖွင့်ပြောပြတယ်။ရင်ဖွင့်တယ်။သူတို့ကို ဝေဖန်ခိုင်းလိုက်တယ်။
    ဖွင့်ပြောလိုက်ရရင် စိတ်ထဲ တဲန်ရှင်လျော့သွားတယ်။

    • TNA

      October 9, 2013 at 8:14 pm

      အဲလိုရင်ဖွင့်ရမဲ့လူရှိတာအားကျလိုက်တာ အန်တီဒုံရေ။

  • KZ

    October 9, 2013 at 7:40 pm

    1) try to change my thoughts to many other ways such as …….
    A) singing
    B) massage
    C) shopping
    D) photographing
    E) arguing with somebody
    F) watching movie
    G) reading
    .
    .
    2) I will do what I can do such as ……
    A) crying
    B) taking revenge
    C) talking to my Mom/family
    D) talking to my closet friendsssss

    :mrgreenn: :mrgreenn:

    • TNA

      October 9, 2013 at 8:15 pm

      အင်း ရှော့ပင်းကတော့ တော်တော်များများပါသလိုပဲနော်။ :mrgreen: နောက်ဆိုရင်စိတ်ညစ်ရင်ရှော့ပင်းထွက်တော့မယ် 😀

  • thaw dar

    October 9, 2013 at 9:06 pm

    သော်တာ စိတ်ညစ်ရင်တော့ သူငယ်ချင်းတွေ နားညည်းကြတယ်လေ။ များသောအားဖြင့် အခင်ဆုံးသူငယ်ချင်းကို ရင်ဖွင့်ဖြစ်တယ်။ တခါတလေ ကိုယ်စိတ်ညစ်တဲ့အချိန်သူငယ်ချင်းတွေ မအားတာမျိုးဆိုရင်တော့ စာအုပ်တွေဖတ်တယ်။ ဒိုင်ယာရီရေးတယ်။အခုနောက်ပိုင်း mandalay gazette ဖတ်တယ်။

    • TNA

      October 9, 2013 at 9:14 pm

      ရင်ဖွင့်လို့ရတဲ့သူရှိတာကံကောင်းတာပေါ့။ စာအုပ်ဖတ်တယ်။ ဒိုင်ယာရီရေးတယ်။ မှတ်သားသွားပြန်ပါတယ်။

  • ခင် ခ

    October 9, 2013 at 10:28 pm

    အဆိုတော် မေဆွိကတော့ သီချင်းလေးနဲဆိုပြဖူးတယ် “ စိတ်ညစ်ရင် ဂီတာတီးပါလား ကိုကိုရယ် ´´ လို့။

    • TNA

      October 10, 2013 at 1:50 pm

      ဟင့် ညားဂစ်တာတီးတတ်ဘူးရယ်။

  • alinsett

    October 10, 2013 at 7:44 am

    ကျွန်တော်က စိတ်ညစ်ရင် ဘီယာ သောက်တယ်ဆိုတာ အပြင်
    တခြား ထွက်ပေါက် ရှာနည်းတွေလည်း သုံးပါသေးတယ်။
    အဲဒီ နည်းလေးတွေတောင် ဟိုပိုစ့်ထဲမှာ အန်တီသဲကို အကျန်ပေးလိုက်သေးတယ်လေ

    ဟာသပဒေသာ စာအုပ်တွေ ဖတ်တယ်။
    အကြည်တော်တို ့ သော်တာဆွေတို ့ ကြူမွှေးတို ့လို ဟာသ စာအုပ်တွေ ဖတ်တယ်။
    ဟာသ ရုပ်ရှင်တွေ ကြည့်တယ်။

    မစ်မတာဘင်း ပြကွက်တွေ ထိုင်ကြည့်ပြီး အကျယ်ကြီးအော် ရယ်ပစ်တယ်။

    ဒီလောက်နဲ့ မရတဲ့ စိတ်ညစ်မှုဆိုရင်တော့
    ဘီယာ တစ်ဗူး ကိုင်ပြီး ခြေဦးတည့်ရာကို လမ်းလျှောက်တယ်။
    များသောအားဖြင့် တစ်ယောက်တည်း တွေးချင်ရာတွေး ငေးချင်ရာငေး
    သီချင်းတွေလည်း အော် ဆိုလို့ရမယ့် နေရာမျိုးကို သွားလိုက်တယ်။

    မုန့်တွေလည်း အများကြီး ဝယ်စားတယ်။

    တကယ်တော့ ကျွန်တော့်မှာ စိတ်ညစ်စရာတွေ များပါတယ်
    အဲ စိတ်ညစ်ဖြေဖျောက်နည်းတွေလည်း အများကြီး ရှိပါတယ်

    :kwi:

    • TNA

      October 10, 2013 at 2:01 pm

      အေးပါအေ။ နာလဲ စုစောင်းကြည့်နေတာ။ ဘယ်နှစ်နည်းလောက်ရှိသလဲလို့

  • ဦးကြောင်ကြီး

    October 10, 2013 at 8:23 am

    အနော်ဂဒေါ့ ဆိတ်ညစ်လာရင် ဒေါ်လာရာဒံ အထပ်လိုက်ကိုင်ပီး လမ်းတွေ့သမျှလူ အကုန်လျောက်ဝေဖို့ ဆိတ်ပိုင်းဖြတ်ထားဒယ်… ဒါပေမဲ့ ဘယ်လောက်ညစ်ညစ် အဲဒီပွိုင့်နား မရောက်ခင် သူ့အလိုလို ဆိတ်ပြေသွားရောဗျို့..

    • Ma Ma

      October 10, 2013 at 9:57 am

      ကြောင်ကြီးများများစိတ်ညစ်ပါစေလို့ ဆု…. မတောင်းပါဘူး။ 😀

    • TNA

      October 10, 2013 at 2:02 pm

      အုကြောင် စိတ်ညစ်ရင်လက်တို့လိုက် အိုက်ပွိုင့်နားကို များမရောက်ရောက်အောင်လာခဲ့မယ်။ 😀

  • Ma Ma

    October 10, 2013 at 10:35 am

    ကိုယ့်ကိုကိုယ် စိတ်ညစ်ရင် ဘာလုပ်လဲလို့ စဉ်းစားကြည့်တော့………..
    စိတ်ညစ်ရင် အစားတွေချည်း စားဖြစ်တယ်။
    အဲ- စိတ်ပျော်ရင်ဘာလုပ်လဲ စဉ်းစားတော့လည်းးးးးးးးးးး
    အစားပဲ စားဖြစ်တာပဲ။ :mrgreen:

    • TNA

      October 10, 2013 at 11:24 am

      အဲဒါလဲကောင်းတာပဲ။ စိတ်ညစ်ရင်ပိုဝတယ်ဆိုတာ မမတို့ကိုပြောတာဖြစ်မယ်။ :mrgreen:

  • ဦးဦးပါလေရာ

    October 10, 2013 at 11:39 am

    မဒမ်​ပါ​လေရာက စိတ်​ညစ်​ရင်​ သူ့အ​မေဆီ ဖုန်​းအကြာကြီးဆက်​တယ်​။ အဲဒါဆို ဦးပါ​လေရာက ဘာမီတွန်​​သောက်​ပြီး အိပ်​​တော့တာပဲ။ မကြာခင်​ သူ့အလှည်​့​ရောက်​​တော့မှာဆို​တော့ အား​မွေးထားတဲ့သ​ဘော​ပေါ့။

    • TNA

      October 10, 2013 at 12:35 pm

      အာဟီ အိုက်နည်းလေးလဲမဆိုးဘူးဘဲ။ မှတ်ထားလိုက်ပါပြီ

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 10, 2013 at 12:48 pm

    ကျော်ကတော့
    ညစ်ရင်ကစ်တယ်
    ပျော်ရင်ကစ်တယ်
    ပျင်းရင်ကစ်တယ်
    လူစုံရင်ကစ်တယ်
    ပိုက်ဆံရှိရင်ကစ်တယ်
    ကုန်းဆင်းရရင်ကစ်တယ်
    စိတ်ညစ်တယ်ဆိုတာ ဘါလို့ အဓိပ္ပါယ်ကို ပြန်ဖွင့်မှရမယ်ထင်တယ်
    ဥပမာ အသဲကွဲတာကို စိတ်ညစ်တယ်ခေါ်သလား
    ဖဲရှုံးတာကို စိတ်ညစ်တယ်ခေါ်မလား
    ကိုယ့်အကောင်မကို အခြားကောင်ဘတ်သွားတာခံရတာကို စိတ်ညစ်တယ်ခေါ်သလား
    ဆိုတော့ကာ
    စိတ်ညစ်တယ်ဆိုတာ အကြောင်းရာတစ်ခုပေါ်မှာ စိတ်တိုင်းမကျခြင်း လို့
    အလွယ်ပြောရမလားဘဲ ( ထင်တာ )
    တစ်လောက ဘောင်းဘီဖစ်ဆိုက်တစ်ထည်ဝယ်လာပြီးဝတ်ကြည့်တာ
    ဖင်ကွဲသွားတယ်
    သများအားဂျီးစိတ်ညစ်လို့ ကစ်လိုက်တာမှောက်သွားတယ်

    • TNA

      October 10, 2013 at 2:03 pm

      အောင်မယ်လေးတော်ဘာဘီဘွပုရယ်။ 😥

  • kyeemite

    October 10, 2013 at 12:57 pm

    ကျုပ်သတိထားမိတာတော့
    မဒမ်မိုက်က စိတ်ညစ်ရင် ဟင်းချက်အရမ်းကောင်တတ်တယ်
    အစားလည်းစွတ်တီးတော့တာပဲ..အန်တီမမလိုပဲ
    😀

    • TNA

      October 10, 2013 at 2:04 pm

      ကောင်းပါပြီ စိတ်ညစ်ရင်အစာစားတဲ့ထဲထည့်လိုက်ပါပြီ

  • kai

    October 10, 2013 at 2:15 pm

    စိတ်ညစ်လည်း.. “ညစ်စိတ်”တာရဲ့ပြောင်းပြန်ဖြစ်တယ်မှတ်ပြီး.. ခပ်ထုံထုံပဲ… နေတယ်..။
    စိတ်ညစ်အောင်လုပ်တဲ့ဟာက.. ဘာကြီးလည်းလို့ကြည့်တယ်..
    ဘာမှလုပ်မရရင်.. လုပ်မရတဲ့အတိုင်းထား…
    ဘာမှထူးလုပ်မနေ… အရင်အတိုင်းပဲ… :mrgreen:

    • TNA

      October 10, 2013 at 2:37 pm

      မှတ်သားသွားဘာဒယ်သဂျီး။ :mrgreen:

  • sorrow weaver

    October 10, 2013 at 2:29 pm

    စိတ်မညစ်ဘူးလားဆိုတော့ မမရ … ညစ်သမှ အသကုန်ညစ်ပေါ့ဗျာ ။ နွမ်းပါးတဲ့ ဝန်ထမ်းမိဘမှာ လူဖြစ်လာတယ် ။ အကြီးဆုံးလဲအကြီးဆုံး ဆိုတော့ အခွင့်အရေးက အနည်းဆုံးရတယ် ။ ကဲ့ရဲ့အပြစ်တင် တတ်တဲ့ လူမှုဝန်းကျင်ကလဲဖြစ်ပြန်ဆိုတော့ ….ကြာတော့ လူက ရူးချင်သလိုလိုဖြစ်လာပါလေရော ။ အဲ့မှာ ပင်ကို ဗီဇဓါတ်ခံကလဲ ပေါတောတော ဆိုတော့ကာ … စိတ်ညစ်တာတွေကို ဟာသလိုပဲမြင်လာရော ။ အမှတ်သည်းခြေလဲ နည်းတော့ ကာ တော်ယုံစိတ်ညစ်လဲခဏပဲ ။ ပေါတောတော နဲ့ ပျော်ပျော်ပဲနေတတ်တော့ကာ စိတ်သိပ်မညစ်တော့ဘူးပေါ့ဗျာ ..အဟီးဟီး … ( တကယ်က ကျပ်ကိုမပြည့်တာ )

    • TNA

      October 10, 2013 at 2:40 pm

      ဆြာဆောရိုး စိတ်ညစ်ရင်ပေါတောတောလုပ်တာကိုဖြင့်မှတ်သားသွားပါပြီ 😀

  • ဦးကျောက်ခဲ

    October 10, 2013 at 2:34 pm

    မှန်ရာပြောရရင် အလုပ်ထဲမှာရယ်တောင်မပြရဲဘူး၊ လှီးဖို့စောင့်နေကြတာ…
    ဒီတော့လည်း စိတ်ညစ်ရင် အွန်လိုင်းလာပြီး ပေါတောတောလုပ်တာပေါ့…
    စိတ်ညစ်ရင် စာဖတ်တယ်… ဟင်းချက်တယ်… ဟီး ဟီး
    😀

    • TNA

      October 10, 2013 at 2:41 pm

      ဒီတယောက်လဲဖြင့်စိတ်ညစ်ရင်ပေါတောတောလုပ်ဆိုဘဲ ဒါလဲ မှတ်သားထားလိုက်ပါပြီ

  • Crystalline

    October 10, 2013 at 4:07 pm

    အစ်မသဲရေ စိတ်ညစ်ရင်များသောအားဖြင့် ဘယ်သူ့ကိုမှစကားမပြောဘူး.. ဟန်းဖုန်းမကိုင်သလို.. အိမ်ဖုန်းတွေလည်း ကိုယ်တစ်ယောက်တည်းရှိချိန်ဆိုမကိုင်ဘူး.. ကိုင်ပေးမယ့်လူရှိရင်တော့ မပြောဘူး :)) ပြီးရင်တော့ဘုရားရှိခိုးဖြစ်တယ်.. တခြားအရာတွေလုပ်တာထက် ပိုပြီးငြိမ်းချမ်းသွားတယ်လို့လဲခံစားရတာ လက်တွေ့ပဲ.. ပျင်းရင်တော့ အစားတွေစားတယ်.. အစားအသောက်ဆိုက်တွေကြည့်တယ်.. :mrgreenn:

    • TNA

      October 10, 2013 at 8:14 pm

      အင်း အစားစားတဲ့သူကများနေပါလား။ စာရင်းပြုစုထားလိုက်ပါပြီ

    • ဦးကြောင်ကြီး

      October 11, 2013 at 10:08 am

      ကြောင်ကြီးကို ဖက်နမ်းလိုက်ရင် ဆိတ်စိုးတာ ပြောရောဒေါ့… ခရစ်လေး ဆိတ်ကြိုက် နမ်းစမ်းကွာ…

      • TNA

        October 11, 2013 at 11:36 am

        အုကြောင်နာနေအုံးမယ်အေ

  • e tone

    October 11, 2013 at 10:22 am

    မွသဲ … သများဒေါ့ စိတ်ညစ်လာလျှင် စိမ်ပြေနပြေ အရက်သောက်တယ် …..။
    မိန်းမ အရက်သောက်တယ်ဆိုလို့အံ့ဩသွားလား … ထူးဆန်းဘူးလို့တော့ ထင်တာပါပဲ …. 😳 အရက်ဆိုတာမျိုးက သာသနာ့ ဘောင်က လူကလွဲလျှင် ကျန်တဲ့ လူဝတ် အသက်ပြည့်ပြီးသူတိုင်း သောက်လို့ ရတယ်လို့ ကိုယ်ကခံယူထားလို့ပါပဲ … ။ အရက်ရဲ့ ဆိုးကျိုးကောင်းကျိုးတွေကိုလည်း သိပါတယ် … ကိုယ့်limit လည်းကိုယ်သိပါတယ် … ။ ဒါကြောင့် အိမ်မှာပဲ တယောက်တည်း အောင်းပြီး သောက်ဖြစ်တယ် ။ အမြဲမဟုတ်ပါဘူး စိတ်ဖိစီးမှုတွေ များနေတဲ့ အခါကျမှပါ ။

    စိတ်ပင်ပန်းခဲ့သမျှ ၊ စိတ်အလိုမကျခဲ့သမျှ ညရောက်လို့ နားချိန်ကျမှ တနေ့တာလုံး တင်းခံထားတဲ့ စိတ်ကို ဖြေလျော့ချလိုက်တော့ လူလည်းဖွဲအိတ်လိုပဲ ….ပျော့ခွေလို့ပေါ့ ။ စိတ်ရဲ့ ထွက်ပေါက်အနေနဲ့ အရက်နည်းနည်းသောက်ပြီး ဝမ်းနည်းစရာရှိလျှင်လည်း ကြိတ်ငိုချင်ငို၊ အော်ငိုချင်ငိုနဲ့ …..မောလာလျှင် အိပ်ပျော်သွားပြီး မနက်ကျနိုးလာတဲ့အခါ ၊ တနေ့တာကို လှုပ်ရှားဖို့ ဇောကပ်ရပြန်တယ် … ။ ဒါနဲ့ပဲ လုံးလည်လိုက်နေတာ တနေ့တနေ့ … ။

    အရင်ကတော့ အရက်သောက်တာ အိမ်မှာ အပြင်းထန် တားမြစ်တယ် …. ။
    အဲ အရက်က စတာတော့ မဟုတ်ဘူး ဘီယာတွေ ဝိုင်တွေက စတာ … ဘီယာကို ရေခဲသေတ္တာထဲ ထည့်ထားတာကနေ မြင်ပြီး ပွားခံရတာ ..အိမ်က လူကြီးတွေကို ဘီယာ ၊ အရက်ဆိုတာတွေအပေါ် မကောင်းတဲ့ အမြင်မျိုး ၊ ဆိုးကျိုးချည်း ဖြစ်တယ်ဆိုတဲ့ အမြင်မျိုးအမြဲ မှတ်မထားရအောင် ၊ အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ယုံကြည်မှု ရယူတယ် … ။
    အထူးသဖြင့် မိမိရဲ့ကိုယ့်ကိုယ်ကို ထိန်းကြောင်းမှု အပေါ် အိမ်ကလူတွေ နားလည်လက်ခံအောင် ညှိယူထားတာမျိုးပါ ။အစပိုင်းမှာ အတိုက်ခံတော့ အတော်လေး ပြောလိုက်ရတယ် …တမြီးပေါက်တယောက်ထွန်း … သောက်တတ်တဲ့ လူဆိုလို့ အိမ်မှာ တစ်ယောက်တည်း ရှိတာကိုး … ။ အစ်ကို လုပ်သူကတောင် အနံတောင် မခံနိုင်ရှာဘူးလေ .. ။ 🙄

    • TNA

      October 11, 2013 at 11:43 am

      မတူကွဲပြားတဲ့ ဖြစ်ရပ်ပဲ။ အမကတော့ ပျော်ရင်တော့ဝိုင် ဘီယာသောက်ဖြစ်တယ်။ စိတ်ညစ်ရင်တော့ မသောက်ဘူး။ အော်အော်ငိုလို့ :mrgreen: ( ဘူ့မှပြောနဲ့နော် ) ကိုယ့်ကိုကိုယ်ထိန်းသိမ်းနိုင်ရင် အရက်သောက်တာအပြစ်မရှိပါဘူး။ ရဲဘော်ဆက်လုပ်

    • sorrow weaver

      October 11, 2013 at 11:45 am

      သူရာမေရယ လေးထောက်ခံလိုက်ပါအုံးမယ်…အဲ့အကျင့်လေး အလွန်ဟုတ်ဗျ…အဟိဟိ …အရက်အကောင်းစားလေးဝယ်ထားဗျ…သောက်ဖို့ခွက်ပါ ရေခဲသေတ္တာထဲထည့်ထား …
      ပြီးတော့ သစ်သီးအစုံ လေး ရယ် ….ချိစ်နဲ့ကြက်သွန်ဖြူလေးရယ်…ဝက်အူချောင်းကြော်လေးနဲ့မြည်း…
      အဲ့ချိန်ကျရင် ဒေါက်တာဒွေးနားကြပ် လေးနဲ့ …ဗီသိုဗင်တေးသွားလေး ဘာလေးနားထောင်…အဟိဟိ ….
      နားထောင်နေတဲ့အချိန် ဒူးပါနန့်နေလိုက်…..အဟိဟိ ..ကျော်တော့ အဲ့မျိုးလုပ်နေတုန်း လေယဉ်မယ်ကြီးရောက်လာလို့ နာရင်းကျွေးခံရပါပေါ့လား…အဟီးဟီး

      • TNA

        October 11, 2013 at 12:58 pm

        ခံပေါ့အေ ခံပေါ့။ ခိုးလုပ်သကိုး

Leave a Reply