မြို့သစ်မြို့နယ်၊မြို့မရဲစခန်းအရှေ့တောင်ဘက်(၁၂)မိုင်ခန့်အကွာ စည်ပင်သာအုပ်စု စည်ပင်ကျေးရွာတွင် အောက်တိုဘာ(၇)ရက်နေ့ နေ့လည်(၁)နာရီ မိနစ်(၃၀)အချိန်က သားဖြစ်သူမှ ဖခင်ဖြစ်သူအား ဓါးဖြင့်ခုတ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါနေ့ နေ့လည်(၁၁)နာရီ(၃၀)မိနစ်ခန့်က စည်ပင်ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာရှိ မဲသုသာအင်းတွင် တောင်သူလုပ်ကိုင်နေသည့် ဦးဘိုဝင်း အသက်(၅၅)နှစ် မြို့သစ်မြို့နယ်နေသူ၏ယာထဲတွင် ဦးဘိုဝင်းမှ အရက်မူးပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝင်းတင် ဆဲဆိုနှိပ်စက်၍ ရန်ပြုနေစဉ် ၎င်း၏သားဖြစ်သူ (၂၂)နှစ် မောင်မောင်ရောက်လာပြီး ၀င်ရောက်ဖြန်ဖြေပေးခဲ့ရာ ဦးဘိုဝင်းမှ ဇနီးအား ပုဂံလုံးဖြင့် ပစ်ပေါက်ပြီး အနောက်တဲပေါ်ရှိ ဓါးမအားယူ၍ ခုတ်ရန်ပြုစဉ် သားဖြစ်သူမောင်မောင်မှ ဖခင်ဦးဘိုဝင်း၏လက်အတွင်းရှိ အရိုးအသွား တစ်တောင့်ထွာခန့် ဗျက်(၂)လက်မ (၂)လက်မခွဲခန့် ၀ါးရိုးတပ် ဓါးမအားလုယူ၍ ဖခင်အား ခုတ်ခဲ့ရာ အဆိုပါဖခင်၏ လည်ပင်းဝဲဘက်ခြမ်းတွင် အရိုးထိပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဆို၏ မိခင်ဖြစ်သူ ဒေါ်ဝင်းတင်မှ တရားလိုပြုတိုင်တန်းခဲ့ရာ သက်ဆိုင်ရာ မြို့သစ်မြို့နယ် မြို့သစ်မြို့မ ရဲစခန်းမှ (ပ) ၆၄/၁၃ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း  သက်ဆိုင်ရာ စုံစမ်းသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..