သားကတရားခံ အမေကတရားလို အဖေက သေ

Hlaing Zar ChiOctober 9, 20131min1448

မြို့သစ်မြို့နယ်၊မြို့မရဲစခန်းအရှေ့တောင်ဘက်(၁၂)မိုင်ခန့်အကွာ စည်ပင်သာအုပ်စု စည်ပင်ကျေးရွာတွင် အောက်တိုဘာ(၇)ရက်နေ့ နေ့လည်(၁)နာရီ မိနစ်(၃၀)အချိန်က သားဖြစ်သူမှ ဖခင်ဖြစ်သူအား ဓါးဖြင့်ခုတ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါနေ့ နေ့လည်(၁၁)နာရီ(၃၀)မိနစ်ခန့်က စည်ပင်ကျေးရွာအရှေ့ဘက်(၁)မိုင်ခန့်အကွာရှိ မဲသုသာအင်းတွင် တောင်သူလုပ်ကိုင်နေသည့် ဦးဘိုဝင်း အသက်(၅၅)နှစ် မြို့သစ်မြို့နယ်နေသူ၏ယာထဲတွင် ဦးဘိုဝင်းမှ အရက်မူးပြီး ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝင်းတင် ဆဲဆိုနှိပ်စက်၍ ရန်ပြုနေစဉ် ၎င်း၏သားဖြစ်သူ (၂၂)နှစ် မောင်မောင်ရောက်လာပြီး ဝင်ရောက်ဖြန်ဖြေပေးခဲ့ရာ ဦးဘိုဝင်းမှ ဇနီးအား ပုဂံလုံးဖြင့် ပစ်ပေါက်ပြီး အနောက်တဲပေါ်ရှိ ဓါးမအားယူ၍ ခုတ်ရန်ပြုစဉ် သားဖြစ်သူမောင်မောင်မှ ဖခင်ဦးဘိုဝင်း၏လက်အတွင်းရှိ အရိ်ုးအသွား တစ်တောင့်ထွာခန့် ဗျက်(၂)လက်မ (၂)လက်မခွဲခန့် ဝါးရိုးတပ် ဓါးမအားလုယူ၍ ဖခင်အား ခုတ်ခဲ့ရာ အဆိုပါဖခင်၏ လည်ပင်းဝဲဘက်ခြမ်းတွင် အရိုးထိပြတ်ရှဒဏ်ရာ (၁)ချက်ရရှိပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်ဆို၏ မိခင်ဖြစ်သူ ဒေါ်ဝင်းတင်မှ တရားလိုပြုတိုင်တန်းခဲ့ရာ သက်ဆို်င်ရာ မြို့သစ်မြို့နယ် မြို့သစ်မြို့မ ရဲစခန်းမှ (ပ) ၆၄/၁၃ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း  သက်ဆိုင်ရာ စုံစမ်းသိရှိရသည်။

8 comments

  • padonmar

    October 9, 2013 at 6:51 pm

    ( မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ )
    အရင်ကတော့ အဲဒီစည်းကမ်းရှိခဲ့ဖူးတယ်။
    ကိုယ်တယောက်ထဲ အများကြီးတင်ရင် သူများတွေတွက် ရှေ့စာမျက်နှာမှာနေရာမရမှာစိုးလို့။
    ဒါပေမယ့် ခုလို ရွာခြောက်နေချိန်မှာတော့ သူကြီးကခွင့်ပြုမပြု သူ့သဘောပဲ။
    (ကျမသဘောဆိုရင်တော့ စိုလည်းဒီစည်းကမ်း ခြောက်လည်းဒီစည်းကမ်းပေါ့နော)

    • TNA

      October 9, 2013 at 8:13 pm

      ဟုတ်တယ်အန်တီဒုံရေ။ သူက တနေ့ထဲ ၁ဝ ပုဒ်တောင်တင်ထားတာ။ ပြီးတော့ မှု့ခင်းသတင်းချည်းပဲ။

      • Ohnmar Khin

        October 10, 2013 at 9:45 am

        မှုခင်းသတင်းချည်းပဲဆိုတော့ ကျွန်မက မှုခင်းစုံထောက်ရှင့်

        • Foreign Resident

          October 10, 2013 at 1:11 pm

          မ Ohnmar Khin ရေ ရွာထဲက ကြိုဆိုပါတယ်ဗျာ ။
          တစ်နေ့ ၂ ပုဒ် ဆိုတာကတော့ စည်းကမ်း ရှိနေပြီးသား မို့ပါ ။
          မှုခင်း သတင်း ချည်းပဲ တင်လဲ ကြိုဆိုပါတယ်ဗျာ ။
          စိတ် မဆိုးပါနှင့် နော် ။

  • ဖွတ်ပြောင်

    October 9, 2013 at 9:10 pm

    Over 10 Days (>20 Posts)… scheduled …..

    Oops…

    :byae:

  • kyeemite

    October 10, 2013 at 12:42 pm

    {ကျွန်မက မှုခင်းစုံထောက်ရှင့်}
    အိုး..စုံထောက်ရဲမေဆိုပါလား
    ရွာမှာ လူပိုစုံသွားတာပေါ့လေ…
    သတင်းတွေကို ကိုယ်တိုင်စုံစမ်းပြီး
    ကိုယ်တိုင်ရေးတင်တာဆိုရင်တော့
    အချိန်မှန် မှုခင်းသတင်းတွေ ဖတ်ရလို့
    ဝမ်းသာပါတယ်ဗျာ..
    ကိုယ်တိုင်ရေးဆိုရင် ကက်တဂိုရီ ရွေးပြီးတင်ပါလား
    အခုကတော့ Copy/Paste ဖြစ်နေလို့ပါ။ အကြံပြုတာနော
    🙂

  • padonmar

    October 10, 2013 at 9:45 pm

    ဥမ္မာခင်ရေ၊
    ကြိုဆိုပါတယ်။
    သတင်းမှန်လေးတွေကို သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
    သတင်းဓာတ်ပုံလေးတွေနဲ့တကွ တင်ပေးရင်ပိုကောင်းပါတယ်။
    အများအတွက် အသိပညာရစေမယ့်၊
    သတင်းလေးတွေဆိုရင် ပို၍ပို၍ကောင်းပါမယ်။

  • e tone

    October 11, 2013 at 10:37 am

    မကွေးသတင်းထောက်ရေ ….. တင်တော့လည် းတင်ပေါ့နော် … ဒါပေသိ လူအမြင်ကတ်စရာဖြစ်အောင် တနေ့တည်း အများကြီး မတင်ပါနဲ့ ။
    ဒီသတင်း အမျိုးစားကြီးပဲ တထိုင်တည်း အများကြီး ဖတ်ရလျှင် ရိုးအီလာသလိုပဲ ။
    တခြား လူတွေရေးတဲ့ စာတွေ ရှာဖတ်နေတုန်း … ကလစ်ထောက်လိုက်တိုင်း ဒါတွေ ချည်း ဖြစ်ဖြစ်နေလို့ပါ ။ 😡

Leave a Reply