ပိုးသတ်ဆေးသောက်လို့ အမျိုးသားတစ်ဦးသေဆုံးခဲ့ဟုဆို

Hlaing Zar ChiOctober 9, 20131min3490

မကွေးမြို့နယ်မြောက်ဘက်(၈)မိုင်ခန့်အကွာ မကျီးခြေထောက် ကျေးရွာနေ အသက်(၂၈)နှစ်၊သော်တာဝင်းသည် အောက်တိုဘာ (၇)ရက်နေ့ နံနက်(၈)နာရီ အချိန်က နေအိမ်တွင် ပိုးသတ်ဆေးအနံ့များ နံနေ၍ ကိုကျော်ဦးသေဆုံးသူ၏ ယောက်ဖမှ သွားရောက်ကြည့်ခဲ့ရာ သော်တာဝင်းမှာ ပိုးသတ်ဆေးဘူးနှင့်အတူ ငုတ်တုတ် ထိုင်နေကြောင်း တွေ့ရှိရသဖြင့် ကျေးရွာ သားဖွားဆရာမဒေါ်ငြိမ်းငြိမ်းဦးအား ခေါ်ဆောင်၍ ပြသခဲ့ရာ လုံးဝသတိမရတော့သည်ကို တွေ့ရှိရ၍ မကွေး တိုင်း ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ရန် စီစဉ်နေစဉ် သေဆုံးခဲ့သည်ဟု ဆို၏ အဆိုပါအမျိုးသားသေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဦးမှ ရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားသဖြင့် သက်ဆိုင်ရာ မကွေးမြို့မရဲစခန်းမှ သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာ အဆိုပါသေဆုံး သူသော်တာဝင်းသည် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိဘဲ AWBA ကုမဏီထုတ် ဒါနာဒင် (၄၀) (Ec ) ပိုးသတ်ဆေးသောက်၍ သေဆုံးကြောင်း သိရှိရသဖြင့် အဆိုပါအမျိုးသားသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် မကွေးမြို့နယ် မကွေးမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၇/၁၃ ဖြင့် ရေးဖွင့်ထားကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ စုံစမ်းသိရှိရသည်။