ငါလားဟဲ့တုတ်ကြီး ၊ နင်လားဟဲ့……(တော်တော်ရယ်ရတယ်နော်..သတိထားဦး)

cobraAugust 4, 20103min1847

အခြော်ရကောက် တဆော်ရကေ

ဒီအခြောက် ဒီရက်ပိုင်းတော်တော်ခြောက်နေသည်။


ဟ.. အခြောက်ပါဆိုမှတော့ ခြောက်မှာပေါ့လို့ စောဒက တက်စရာ ရှိသည်။

အမှန်က ဒီလိုပါ အခြောက်တစ်ယောက် တစ္ဆေဖြစ်ပြီး လိုက်ခြောက်နေတာ။

ဖြစ်ပုံက ဒီလိုဗျ…………..

တောင်ပြုံးပွဲ (သို့) မင်းနှစ်ပါး အကန်တော့ ခံတဲ့ ဝါခေါင်ပွဲ

မြန်မာတပြည်လုံးက ခြိမ့်ခြိမ့်သဲ လာနွှဲကြသောပွဲ…

ပျိုပျိုအိုအို ယောက်ျား မိန်းမ အခြောက် စုံတဲ့ပွဲပေ့ါ

ဦးတုတ်ကြီးအိမ်က တောင်ပြုံးအသွား ကပိုင်ရွာ ကားလမ်းဘေးတွင်ရှိတော့ ပွဲသွား ပွဲပြန် ကားတွေနဲ့ စည်ကားလို့နေသပေါ့။

ဒီနေ့က ချိုးရေတော်သုံးတဲ့ရက်… အစည်ကားဆုံးနေ့

အဲဒီမှတင် မထင်မှတ်တာတစ်ခု ဖြစ်လာသည်။

ပိုက်ဆံကောက်သောကလေး တစ်စုကိုရှောင်ရင်း ကားတစ်စီး တိမ်းမှောက်သွားသည်။

ဝက်ဝက်ကွဲ အော်သံတွေကြောင့် ထွက်ကြည့်လိုက်တော့……

သွေးရဲရဲ သံရဲရဲ နဲ့ မြင်လို့မကောင်း။

သားသုံးယောက်ကတော့ အကူညီပေးဖို့ ထွက်သွားလေရဲ့။

ခဏနေတော့ ကြက်ခြေနီကားတွေ ရောက်လာသည်။

အားလုံးရှင်းပြီးတော့ လမ်းမကြီး ပြန်စည်ကားသွားသည်။ စောစောက ဘာမှ မဖြစ်ခဲ့သလို။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ည…. မီးပျက်နေသော်လဲ လမ်းပေါ်က ကားဆိုင်ကယ် မီးရောင်တွေကြောင့် မိုက်အောင်တော့ မှောင်မနေ။

သေးပေါက်ချင်လာတာနဲ့ ဦးတုတ်ကြီး တစ်ယောက် ခြုံထဲ အတိုး ….  သစ်ပင်ပေါ်က အရိပ်မည်းကြီးက

ဘုရားရေလို့ မအော်နိုင်ခင် လျှောကနဲ ဆင်းလာပြီး ဦးတုတ်ကြီးအား ဖြတ်သွားသည်။

အေးကနဲ ဖြစ်သွားတာက ဖွားဖက်တော်နေရာ ။

ဘယ်လိုဟာကြီးပါလိမ့်။

ငယ်သံပါအောင် အော်ရင်း ပြေးတက်လာသည်။

သားတွေဆီရောက်ချိန်မှာ ဦးတုတ်ကြီး ပြောနိုင်တော့တာက ..

“ မဲမဲကြီးက ကိုင်တယ် …    မဲမဲကြီးက ကိုင်တယ်။ ”

xxxxxxxxxxxxxxxxxxxxxxxx

နောက်တစ်ယောက်ကြုံရတာက အကြီးကောင်ငထွန်း

သူကတော့ တောင်ပြုံးပွဲက အပြန် မူးလာသည်။

ဦးတုတ်ကြီးတို့ကိုလဲ မနှိုးရဲတာနဲ့ မန်ကျည်းပင်အောက် ကွပ်ပျစ်လေးမှာ အိပ်နေလေရဲ့။

ခဏနေ အော်သံကြားလို့ ဆင်းကြည့်တော့ ကွက်ပျစ်ပေါ်မှာ အကြောင်သား။

အပင်ကိုကြည့်ပြီး ပြောနေတာက

“ အောက်ကို ဆင်းနှိုက်တယ် . . . အောက်ကို ဆင်းနှိုက်တယ်။ ”

xxxxxxxxxxxxxxxxxxxxxxxxxxx

အလတ်ကောင် ငရှိန်တွေ့ပုံက တစ်မျိုးဗျ။

သူ့အကျင့်က အိမ်သာတက်ရင် တံခါးဖွင့်တက်တတ်တယ်။

သူရှိမှန်းသိအောင်တော့ သီချင်းဆိုနေလေ့ရှိတယ်။

ဒီညလဲ သူ့ထုံးစံအတိုင်း သီချင်းဆိုပြီး အိမ်သာတက်နေတယ်။

ဆိုနေတာက ဘိုဘိုဟန်ရဲ့ ဆရာမ။

“ ငွေသော်တာရောင်ခြည် ထိန်လင်းတော့သည်
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီ
သဒ္ဒါကပိုသည် ဆရာမကိုပဲ
အသည်းစွဲအောင် .. အမလေးနှိုက်တယ်ဗျ။”

ဘယ်ကဘယ်လို သီချင်းစာသားပြောင်းသွားပါလိမ့် လို့ စဉ်းစားနေတုံး
အိမ်သာပေါ်က ဒရောသောပါး ပြေးဆင်းလာသည်။

အော်လာတာက

“ အဖေရေ ဖင်နှိုက်တယ်ဗျ ”

xxxxxxxxxxxxxxxxxxxxxxx

“ ကဲ ဘယ်လိုလုပ်ကြမလဲ။ အိမ်မှာဘာတွေဖြစ်နေတာလဲ။ ”


ဦးတုတ်ကြီးကမေးတော့ သားသုံးယောက်လုံး ဘာမှ မဖြေနိုင်။

အင်းလေ အကြီးနှစ်ကောင်က ကိုယ်တွေ့ဖြစ်ခဲ့တာကို စဉ်းစားမိတိုင်း ကျောချမ်းနေတုံး။


ဒီအချိန်မှာ အငယ်ဆုံးကောင် သာထွေးက ဟင့်.. ဟင့် ဆိုပြီး
ရှိုက်ကြီးတငင်ငိုချလိုက်တော့ ကျန်သူတွေဘာလုပ်ရမှန်းမသိ။

ငိုနေပုံက တကယ့်မိန်းမအတိုင်း။


ဒီကောင်ခြောက်သွားပြီဆိုပြီး ငထွန်းကထိုးမယ်လုပ်တော့


“ မလုပ်ပါနဲ့ ရှင်။ ကျမက ကက်သရင်းပါ ”


ထိုးခါနီး ငထွန်းတောင် ကြောင်သွားသည်။

ဘယ်ကဘယ်လို သာထွေးကနေ ကက်သရင်း ဖြစ်သွားတာလဲ။


ပြီးတော့မှ သူက ရန်ကုန်က မိတ်ကပ်ဆရာ မာမီအေးသမီးဖြစ်ကြောင်း
တောင်ပြုံးပွဲအလာ ဒီအိမ်ရှေ့ ကားမှောက်လို့ အခု တစ္ဆေဖြစ်နေကြောင်း နေစရာ
စားစရာမရှိလို့ အမျှဝေပေးဖို့ရာ မာမီအေးကို ပြောပေးဖို့အကြောင်း နှာသံနဲ့
ပြောတော့မှ အားလုံးသဘောပေါက်သွားသည်။


လုပ်ပေးမယ်လို့ ကတိပေးတော့မှ သာထွေး ပုံကနဲ လဲကျသွားသည်။


ထလာတော့ သူဘာမှ မဖြစ်သလို။ အကိုတွေကိုတောင် ဘာဖြစ်တာလဲလို့ မေးနေသည်။


ဒီလိုနဲ့ မာမီအေးကို ရှာပုံတော်ဖွင့်ကြသည်။

xxxxxxxxxxxxxxxxx

ဒီ ဘလော့ဂ်ကို ဆက်မဖတ်ခင် ဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်လေးတွေကိ ုအရင် ဖတ်ပါ …


ကိတ်တယ် … လိင်အင်္ဂါ အရွယ်အစား ကြီးမားခြင်း ( သို့ ) ဒုတ် ကြီးခြင်း

ကီးတယ်   …  oral sex ပေးခြင်း ( သို့ ) မှုတ်ခြင်း

ဖော်လော်မော် … ဖေလိုးမ

ခေါ်ကံတယ်  … ဖင် ခံခြင်း


အဓိပ္ပာယ် ဖွင့်ဆိုချက်များသည် အနည်းငယ် ရိုင်းနေသော်လည်း … အောက်ပါ  BLOG ကို ဆက်ဖတ်ရန် မှာ  ထို meaning များကို သိရန် လိုအပ်သောကြောင့် ဖြစ်ပါသည် …


ကဲ …. ဆက်ဖတ် ကြည့်ပေးပါဦး

xxxxxxxxxxxxxxxxx

မာမီအေးဆိုတာ မိတ်ကပ်လောကမှာ မသိသူမရှိ။ နာမည်ကြီးပြီးသား။

ဒီတော့ တောင်ပြုံးပွဲမှာ ရှာရတာလွယ်သည်ပေါ့။


ဦးတုတ်ကြီးကိုယ်တိုင်သွားပြောတော့ မာမီအေးကမယုံ။

လူတွေလွှတ်၊ ဖုံးတွေဆက်ပြီး စုံစမ်းတော့မှ အမှန်ဖြစ်ကြောင်းသိရသည်။

စီကနဲ ငိုလိုက်တဲ့ မမတွေအသံက တိုင်ပင်မထားပဲ ပြိုင်တူထွက်လာသည်။


မာမီအေးက တော့ လူကြီးပီပီ အိန္ဒြေဆည်ပြီး…………..

“ အခုလို လာပြောတာ ကျေးဇူးတင်ပါတယ်ရှင် ။ ဒီက ဦးတုတ်ကြီးနော် နာမည်က
ခင်ဖို့ကောင်းလိုက်တာ။ ”


“ ဟုတ်ကဲ့ အမေပေးထားတာပါ ။ ကျနော်ငယ်ငယ်က တော်တော်တုတ်လို့ဆိုလားပဲ ”


“ ဘာတုတ်တာလဲဟင် ” မာမီအေးက မျက်စိအပြူးသားနဲ့မေးတော့


“ လက်မောင်းပါဗျ ”


“ အင်း ထင်တော့ထင်သား။ ဒါနဲ့
ကိတ်လားဟင်


“ ခင်ဗျာ ဘာကိုမေးတာလဲ။ ”


“ အော် ထမင်းစားပြီးပြီလားလို့ မေးတာပါ ”


ဟုတ် ကိတ်တယ်ဗျ


ကီးချင်လိုက်တာ ရှင်


“ ဘာလဲဟင် ။ ကီးတယ်ဆိုတာ။ ”


“ ကျမလဲ စားချင်လိုက်တာလို့ ပြောတာပါ ”


“ ဟုတ်
ကျနော့်အိမ်ရောက်ရင် ကီးပေါ့


ရယ်သံတွေကြားလို့ လှည့်ကြည့်လိုက်တော့ အခြောက်မလေးတွေက ပြုံးစေ့စေ့နဲ့။


ဘယ်နှယ့်ဗျာ။ ထမင်းစားလို့ကောင်းတယ်ပြောတာများ ရယ်စရာမှတ်လို့။


ပြီးတော့ မာမီအေးက ကက်သရင်းအတွက် ဆွမ်းသွတ်ကို ဦးတုတ်ကြီး အိမ်မှာပဲ
လုပ်ချင်ကြောင်း၊ ချက်ပြုတ်ဖို့ အတွက် (၁)ည ကို ဦးတုတ်ကြီးအိမ်မှာ
တည်းချင်ကြောင်းပြောတော့လက်ခံ ခဲ့သည်လေ။

မာမီအေးတို့က နောက်သုံးရက်နေရင် လာမယ်ပြောသည်။


အိမ်အပြန်လမ်မှာ အသိနတ်ကတော်တစ်ယောက် ထမင်းစားနေတာတွေ့လို့
ကီးလို့ကောင်းလား လို့ မေးလိုက်တော့ စားလက်စထမင်းနင်ပြီး    အု… ဖု….ဖူး…..
တောင်ဖြစ်သွားသည်။


ဒါလေးမေးတာများ ဘာဖြစ်တာပါလိမ့်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဆွမ်းမသွတ်ခင်တစ်ရက် မာမီအေးဦးဆောင်သော အခြောက်တစ်သိုက်ဦးတုတ်ကြီးအိမ်ကို ရောက်လာသည်။

အခြောက်ဆိုတာ တောခြောက်တောင်ခြောက်ရွာခြောက်တွေကိုသာ မြင်ဖူးတဲ့ ကလေးတစ်သိုက်က
အိမ်ရှေ့မှာ လာကြည့်နေကြတာ တပြုံတမကြီး။

ပြီးတော့ ကလေးတို့ ဘာသာဘာဝ တစ်ယောက်တစ်ပေါက် ပြောလို့။

“ ဟေး ဟိုမိန်းမကြီးက ခြေထောက်မှာ အမွှေးတွေနဲ့ ”


ခြေသလုံးမွှေးရိတ်ဖို့မေ့နေတဲ့ ဒေလီယာတစ်ယောက် စကတ်အတိုဝတ်မိတာ နောင်တရလောက်ပြီ။


“ ဟေ့ကောင်တွေ… သူ့အမေက အုန်းဆီလိမ်းမပေးဘူးထင်တယ် ။ ဆံပင်တွေနီနေတယ်”


သေစမ်းဟဲ့ ဂျူးလီ။ စတန့်ထွင်ပြီး ဆံပင်နီဆိုးချင်ဦး။


“ ကြည့်စမ်းဟေ့။ မျက်နှာမှာ ဒိုင်းကြီးတပ်လာတယ်။ ”


ကြည့်လိုက်တော့ မျက်မှန်ကြီးတပ်ပြီးခြေနေသော စံပယ်။ အင်းလေ။


ကလေးတွေပြောလောက်အောင်လဲ မျက်မှန်က ကြီးတာကိုး။


ကြာရင်ဒီကလေးတွေနဲ့ ငါ့သမီးတွေရစရာ ရှိမှာ မဟုတ်တော့ဘူးဆိုပြီး မာမီအေးက


“ဟဲ့ကလေးတွေ” လို့ ငေါက်လိုက်တော့ ကလေးတွေက “ အခြောက်သံကြီး ” ဆိုပြီး
ရယ်ပြီးထွက်ပြေးသွားကြသည်။

ငါ့နှယ်နော် . .. တိတ်နေရင် အကောင်းသား။

အိမ်ထဲရောက်တော့ ဦးတုတ်ကြီးနဲ့ က သူ့သားသုံးယောက်နဲ့ မိတ်ဆက်ပေးသည်။


ဂျူးလီက “ ဒီညတော ့သာယာပြီ။ ” လို့ပြောတာကို နားစွန်နားဖျားကြားပြီး


“ဟုတ်တယ်။ကျနော့်ရွာက တော်တော်ကိုသာယာတာ ” လို့ပြန်ပြောနေသည်။

ပြီးတော့ “အားလုံးကိတ်လား” လို့မေးလိုက်တော့ ကြောင်ကုန်သည်။


မာမီအေးကသာ ကိုမွှေထားတာ ကို သတိရပြီး ကိတ်ပါတယ်လို့ပြောတော့
ကီးလို့ကောင်းရဲ့လားတဲ့။


စကားလုံးအသစ်ဆန်းရတိုင်း ပြောချင်နေတဲ့ ဦးတုတ်ကြီးနဲ့ကတော့ ခက်ပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

“ ဟဲ့ကမတွေ သူငယ်တွေက အတောင့်ဆင်တွေပဲနော် ”


“ အင်းလေ ။ ဒါကြောင့် ဟိုကမက သာယာပြီး ဒီမှာလာပြီး သရော်ကဲဖြစ်နေတာ နေမှာ။ ”


“အကြီးကောင်လေ စောစောက ရေချိုးတာ ဒီလိုဒီလို အမြှောင်းလိုက်ပါအေ ”


“ ဘာအမြှောင်းလဲ ဂလု ”


“ ဗိုက်က ကြွက်သားကိုပြောတာပါ။ ”


“ အလတ်ကောင် နွားစာစဉ်းတုန်းကလဲ ငါသွားကြည့်တာ လှုပ်နေတာပဲ”


“ ဟဲ့ ဘာလှုပ်တာတုံး။ ”


“ ပုဆိုးခါးပုံစပါ”


“ အငယ်ကောင်လေးက အေးတယ်နော် ငါ့အဆင်လေး ”


ဒေလီယာ၊ဂျူးလီ၊စံပယ်တို့ အချီအချပြောနေတာကို နားထောင်ရင်း ပြုံးနေမိသည်။


အင်းလေ.. ကောင်လေးတွေက မဆိုးတော့ သူတို့လဲ သာယာမှာပေါ့။

ကိုယ်တောင် ခိုးပြီး ကြည့်ကြည့်နေတာကို။

“ သားသုံးယောက်ကို ငါတို့ခွဲယူလိုက်မယ်လေ။ အမေ့ကိုကျတော့ရော ”


“ ခက်တာမှတ်လို့ ရွယ်တူ ဦးတုတ်ကြီးနဲ့ ပေးစားလိုက်ပေါ့ ”


ကြည့်စမ်းကောင်မတွေ……….

“ ဟဲ့ ဖော်လော်မော်တေွ… ခွီမနေနဲ့။ တိတ်စမ်း ”


စောစောကသာယာတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ။

သူတို့ကျတော့ သူငယ်သုံးယောက်တောင်ယူမယ်။

ငါ့ကျတော့ ဟို အိုစနာနဲ့ ပေးစားမတဲ့။


တော်တော်ကျေးဇူးသိတဲ့ ဟာတွေ။


အမေက အပင်ပေါ်မတက်နိုင်တဲ့အရွယ် သူတို့ကတက်ပြီး စားစားအမေဆိုပြီး
အပင်လှုပ်ချပေးရမှာကို အခုတော့ … အမေကောက်ထားတဲ့ အသီးတောင်
လုစားချင်နေကြတယ်။


“ အမကြီး…. စောစောက ဖော်လော်မော်ဆိုတာ ဘာလဲဟင်”


အရေးထဲသူက တမှောင့်။ သူမေးတာတွေဖြေရတာ က တလုပ်။


“ ဖော်လော်မော်ဆိုတာ ကလေးတွေ လို့ခေါ်တာ။ ”


ကဲ မှတ်ကရော။

မာမီအေးဆိုတာ မွှေတဲ့နေရာမှတော့ ထမနဲ သွားထိုးရင်တောင် ပထမရမှာ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မနက်ဆွမ်းကပ်မလို့ ထချက်ကြတော့ ဟိုကောင်မသုံးယောက်က သားသုံးယောက်နဲ့
သာယာဝတီရောက်နေသည်။

မာမီအေးမှာတော့ ဦးတုတ်ကြီးမေးသမျှကို ဖြေနေရသည်။


“ ခင်ဗျားတို့ပြောပြောနေတာ ကီးတာလို့ ဖော်လော်မော်တို့ ဆိုတာ ဘာစကားလဲဟင် ”


“ အော် ဒါလား။ အခြော်စကားလေ ”


“ အခြော်ဆိုတာဘာလဲ။ ဟို အခါတို့ ဘာတို့လို လူမျိုးတစ်မျိုးလား ”


ကဲ မေးပုံတွေကြည့်ဦး။ ဟုတ်တယ်လို့ဖြေတော့ သူ့ကိုလဲ နဲနဲသင်ပေးပါတဲ့ ။


အင်း ခေါ်ကံတာ အရင်သင်ပေးမယ်


“ ဘာလဲဟင် ။ ခေါ်ကံတာဆိုတာ ”


“ နှုတ်ဆက်တာကို ပြောတာလေ ”


“ ကောင်းတာပေါ့ ။
ကျနော်လဲ နောက်ဆိုရင် အမကြီးတို့ကို ခေါ်ကံလို့ရတာပေါ့ ”


ဒီအဖိုးကြီးကတော့နော်။ ဘယ်လိုပြောရပါ့။


ဟဲ့.. ဟဲ့ လုပ်ကြပါဦး။ သူ့ကိုပြန်ပြောနေရတာနဲ့ တင် ဟင်းအိုးတူးတော့မယ်။

xxxxxxxxxxxxxxxxxxxxxxxxx

မနက်ကျတော့ ဘုန်းကြီးတွေ ဆွမ်းကပ်။ တနားနာပြီး အမျှမဝေခင် ကက်သရင်းကိုခေါ်။


ကောင်မ တကယ်လာတာလားမသိ။


သူသုံးနေကျ ရွှေပြည်နန်း အော်ဒီကလုံးနံ့က ထောင်းကနဲ။


ပြီးတော့ ဆရာတော်က တရားဟောသည်။


ဆရာတော်ဟောတာက မောင်မစ္စက ဇာတ်။


ရဟန္တာကိုပြစ်မှားလို့ ယောက်ျားစစ်စစ်ကနေ မိန်းမဖြစ်သွားသောဇာတ်။


ယောက်ျားစစ်စစ်ကနေ မိန်းမဖြစ်သွားတယ် လို့ ဟောချိန်မှာ မာမီအေးက


“ ယောက်ျားကနေ တကယ်မိန်းမဖြစ်သွားတာလား ဘုရာ့ ” ဆိုတော့ ဆရာတော်က


“ တကယ်ပေါ့ ဒကာ ”


“ အားကျလိုက်တာနော် ” မာမီအေး မချင့်မရဲ ရေရွတ်မိသည်။


ဟိုကောင်မတွေကြည့်တော့လဲ အားကျစိတ်က အထင်းသား။


ဆရာတော်တောင် ဘာဆက်ပြီးဟောရမှန်းမသိဖြစ်သွားသည်။

ဦးတုတ်ကြီးက ဆက်ဟောပါဘုရားဆိုတော့မှ ဆက်ဟောသည်။

ဆရာတော်က ဟုတ်ရဲ့လား ဒကာတို့ လို့ တရားထောက်တော့ မှန်ပါ့ဘုရားဆိုပြီး ဦးတုတ်ကြီးတို့ အသံပဲ ထွက်လာသည်။

မာမီအေးတို့ကတော့ တုတ်တုတ်တောင်မလှုပ်။


ဒါကိုရိပ်မိသော ဆရာတော်က ဟုတ်ရဲ့လား ဒကာ ဒကာမတို့ လို့ဆိုတော့မှ
မှန်ပါ့ဘုရား ဆိုပြီးစူးရှရှ အသံတွေထွက်လာသည်။


နောက်ပြီး ပြုသမျှ ကုသိုလ်တွေကို အမျှဝေတော့ ရေမွှေးနံ့ တစ်ချက်ရပြီး ပျောက်သွားသည်။


ကောင်းရာဘုံကို ရောက်သွားပြီ ထင်ပါရဲ့။

ပြီးတော့ မာမီအေးတို့အဖွဲ့ ပြန်သွားကြသည်။


ထိုနေ့ကစလို့ ဦးတုတ်ကြီးအိမ်မှာ ညတို်င်းခြောက်တဲ့ တစ္ဆေလဲ မရှိတော့ ။


ဦးတုတ်ကြီးတစ်ယောက်သာ ရွာထဲမှာ ထမင်းစားနေသူကိုတွေ့တိုင်း


ကီးလို့ကောင်းလား လို့ မေးနေဆဲ……………

7 comments

  • julymoe.boy

    August 4, 2010 at 11:25 am

    အရမ်းကောင်းတာပဲ။

  • thay min

    August 4, 2010 at 11:32 am

    နောက်ကိုလဲရယ်စရာတွေရေပေးပါကျေးဇူးတင်ပါတယ်

  • intro

    August 4, 2010 at 11:32 am

    မဆိုးပါဘူး၊ ရယ်ရပါတယ်။ အသစ်အဆန်းလေးတွေလဲ ကြားရတာပေါ့။

  • Yin Nyine Nway

    August 4, 2010 at 11:54 am

    ကျေးဇူးပါ
    တော်တော် ရယ်ရပါတယ်

  • phyophyo

    August 4, 2010 at 8:23 pm

    ဟားဟားဟား… ဒီပို့စ်ကို အရမ်းကြိုက်တယ်ဗျာ
    ကျေးဇူးပါ…………

  • maypearl

    August 5, 2010 at 6:23 am

    ဒါပေမယ့် နည်းနည်းရိုင်းသလားလို့
    သန့်ရှင်းတဲ့ ဟာသလေးတွေဆိုပိုကောင်းမယ်နော်

  • etone

    August 5, 2010 at 8:56 am

    ရယ်ရတယ် ဗြဲ ။

Leave a Reply