ရဲ လား ..? သူစား​နေတယ်​

ရာမညOctober 10, 20131min19213

ရဲ ဆိုလျှင်​ လူမုန်​းများသည်​ ။

ရဲ ဟူ​သောစကားလုံးကိုပင်​ မသတီ တတ်​ကြပါ ။ ဘာ​ကြောင်​့မုန်​းသနည်​း ဟု​မေးလျှင်​ အများစုက

လဘ်​စား၍ ၊ ​အောက်​စိုက်​ရှာ၍ ၊ မတရားအနိုင်​ကျင်​့၍ စသည်​ဖြင်​့ တူညီစွာ ​ဖြေကြပါလိမ်​့မည်​ ။ သို့​သော်​ ရဲ တို့ဘဝ ရဲတို့အ​ကြောင်​း သိသူနဲပါလိမ်​့မည်​ ။

အများနည်​းတူ ရမ်​းသမ်​း၍မုန်​းကြသည်​ဟုထင်​ပါသည်​ ။

 

ရဲများ လဘ်​မစားဘူးလားဟု​မေးပါက ​အောက်​ပါအချက်​အလက်​များ အရင်​​တွေး​တော​ဖြေဆိုပြီးမှ ​မေးခွန်​းထုတ်​သင်​့ပါသည်​ ။

၁.. သာမန်​ရဲတစ်​​ယောက်​ လစာ​ထောက်​ပံ့​ကြေးသည်​ တစ်​သိန်​း​အောက်​

၂.. အချိန်ပို​ကြေးမရှိ ၊လိုအပ်​ပါက ၂၄ နာရီအလုပ်​ဆင်​းရသည်​ ။ နားရက်​ပိတ်​ရက်​မရှိ ။

၃.. အလုပ်​ချိန်​အတိအကျမရှိ၍ အပိုဝင်​​ငွေရ​စေရန်​ ဆိုက်​ကားထွက်​နင်​း၍မရ၊ ​ဈေးထွက်​​ရောင်​း၍မရ။

၄..ယူနီ​ဖောင်​း မှအစ အသုံးအ​ဆောင်​အားလုံး မိမိပိုက်​ဆံဖြင်​့ဝယ်​ရသည်​။

၅ … တရားခံဖမ်​းလျှင်​၄င်​း သတင်​းရှာ​ဖွေလျှင်​၄င်​း မိမိစားရိတ်​ဖြင်​့သုံးရသည်​ ။

 

ရုံးလုပ်​ငန်​းသုံးစာရွက်​စာတမ်​းများနှင်​့ အခြားစားရိတ်​များ ရှိပါ​သေးသည်​ ။

 

တစ်​ခု​ပြန်​​မေးချင်​ပါသည်​။ ​ကျောင်​းဆရာဆရာမ နှင်​့အခြား အစိုးရဝန်​ထမ်​းများသည်​ လဘ်​မစား​အောက်​ဆိုက်​မရှာပါသလား ?

လခ တစ်​ခုတည်​းနှင်​့ ဝန်​ထမ်​းတိုင်​းလုံ​လောက်​ပါသလား?

ချမ်​းသာ​သော ​ထောက်​ပံ့​ပေးကမ်​းနိုင်​​သောမိသားစုများကိုမဆိုလိုပါ ။

လစာ အားကိုးနှင်​့ ​နေထိုင်​ရ​သောသူများကိုဆိုလိုပါသည်​။

လဘ်​စားခြင်​းကို မ​ထောက်​ခံပါ ။

သို့​သော်​ ရဲ ဝန်​ထမ်​းလဘ်​စားသဖြင်​့မုန်​းသည်​ဟူ​သောအဆိုကိုကန်​့ကွက်​ချင်​ပါသည်​ ။

ရဲ ကညှစ်​သည်​ဟုဆိုလျှင်​ အခြားဝန်​ထမ်​းများလည်​း ညှစ်​တတ်​ပါသည်​ ။​

တရားခံဖမ်​းရန်​ခရီးထွက်​ခြင်​း၊ သင်​တန်​းတက်​ရန်​ခရီးထွက်​ခြင်​းတို့မတိုင်​မှီ အိမ်​မှ ဇနီးသားသမီးတို့စား​သောက်​ရန်​အလို့ငှါ

​ပေါင်​န​ှံ ​ရောင်​းချပြီး ​ပေးခဲ့ရ​သေးသည်​။

ရုပ်​ရှင်​ထဲတွင်​မြင်​ရသလို လက်​နက်​ကရိယာများအားနှင်​့မာန်​နှင်​့ပြင်​ဆင်​ဖို့​ဝေးစွ၊ ပြန်​လာလျှင်​ မည်​မျှအ​ကြွေးတင်​​နေမည်​ကို မ​တွေးဝံ့​အောင်​ ရှိ​နေတတ်​သည်​ ။

သနားဖို့ မျက်​ရည်​ကျပြ​နေခြင်း​မဟုတ်​ပါ။

ရဲ များ ညစ်​တတ်​သည်​ဆိုလျှင်​ အခြားသူများလည်​းညစ်​တတ်​ပါသည်​ ။

ရဲ ဆို ရဲ မှ မုန်​းတတ်​ကြသည်​ကို​တော့ အပြစ်​မမြင်​​သော်​လည်​း စိတ်​မချမ်​းမသာဖြစ်​မိသည်​ ။

ထိုသို့ဆိုချင်​ပါသည်​… ဖာသယ်​မတိုင်​းသည်​ ဖာလုပ်​ချင်​၍လုပ်​ခြင်​းမဟုတ်​သကဲ့သို့ ရဲ တိုင်​းသည်​လည်​း လုပ်​ချင်​လို့ လုပ်​​နေသည်​မဟုတ်​ပါ ။

သူ့အလုပ်​သူ လုပ်​​နေခြင်​းဖြစ်​ပါသည်​ ။

 

 

 

 

13 comments

  • kai

    October 10, 2013 at 12:52 pm

    ရဲနဲ့သူ့အဖွဲ့အစည်းကို.. အစိုးရကနေဘက်ဂျက်ချ… သေသေချာချာအာရုံစိုက်ပြီး.. ဖွံ့ဖြိုးလာအောင်လုပ်သင့်တယ်..
    ယူအက်စ်မှာ.. ရဲအရေအတွက်နဲ့..ရာဇဝတ်မှုက တိုက်ရိုက်အချိုးတခုနဲ့ကျနေတယ်လို့.. သတင်းထဲဖတ်ဖူးတယ်..။
    သဘောက.. ရဲအရေအတွက်များလေ.. ရာဇဝတ်မှုလျှော့လေပါ….။
    သူတို့ဟာ.. တကယ်တော့.. တိုင်းပြည်အတွက်ငွေရှာနိုင်သူတွေလည်းဖြစ်ပါတယ်..။
    သူတို့အဖွဲ့အစည်းသုံးဖို့.. ဘက်ဂျက်တိုးချပေးရင်.. တိုင်းပြည်ဝင်ငွေကို ပေးထားတဲ့ဘက်ဂျက်ထက်တိုးပြီးရှာပေးနိုင်သူတွေပါ..။
    ငွေရှာနိုင်သူက.. King ဖြစ်ရတာပေါ့…။

    ဆိုတော့…
    ပြည်ထောင်စုအစိုးရက.. သေသေချာချာ ဥပဒေပြုပြီး.. အာရုံစိုက်လုပ်သင့်ကြောင်း..။ ယူအက်စ်ကို ထရိန်နင်ပေးဖို့.. သံရုံးကနေ ခွင့်တောင်းသင့်ကြောင်း… :mrgreen:

  • ရာမည

    October 10, 2013 at 1:08 pm

    မြန်​မာပြည်​မှာ လူ ၁၀၀၀၀ဝ ​လောက်​မှာမှ ရဲ က ၁၀ဝ ​ကျော်​ပါခင်​ဗျ။
    ခန်​့မှန်​းဆို​တော့ ဒီထက်​နဲမှာပါ
    မလုံ​လောက်​တာ အမှန်​ပါ

  • ရာမည

    October 10, 2013 at 1:17 pm

    ခင် ဗျားတို ့ကထင် မှာပေါ့ …. ရဲဆိုတာ လူကောင်းတွေပဲလို့ ။
    မှားတယ်ဗျ ။ ရဲဆိုတာ အများစုက လူဆိုးမဖြစ်လိုက် ရလို့ ရဲ ဖြစ်နေတာပါခင် ဗျာ ။
    ဒီနိုင် ငံ မှာရဲ ဖြစ ် ရတာ ဂုဏ်ငယ်ပါတယ် ။ ရဲ တပ်ဖွဲ့ထဲမဝင် ချင် ပါဘူး ။
    အဲ့ဒေါ့ …. အတင်းအကျပ် စည်းရုံးရပါတယ် ။ ဒီအခါမှာ …
    က လေ က ချေ ၊ အုတ်ကြားမြက်ပေါက် ခိုးဆိုးနှိုက် …. အဲလိုကောင်တွေ ရောက်လာတတ်တာဘဲဗျာ။
    အဲ့ဒေါ့ ..အဖွဲ့က နံမည်ပျက်တယ် ၊ နံမည်ပျက်တော့ လူတော်လူကောင်းများ မဝင် ချင် ။
    လူလိုတော့ ရ ရာဆွဲစိ … ပတ်လည်တွေရိုက်ပီး ရှုပ်ကုန်ပါတယ် ။

    အဖွဲ့ ကို ကောင်းမွန်အောင် တည်ဆောက်ပါမှ ယုံကြည်မှုပြန် ရမှာပါ ။
    ရဲ ဖြစ် ရတာ ဂုဏ် ရှိမှ လူကောင်း သူကောင်းတွေ ပါဝင ်လာကြပါလိမ့်မယ် ။
    ရဲဆိုတာ …. လဘ်စားတယ်
    ရဲဆိုတာ …… အကျင့်ပျက်တယ်
    ရဲဆိုတာ …… လိုချင် မျက်စိရှိတယ်
    ရဲဆိုတာ …… ဂွင် ထဲဝင် ရင် မတရား အနိုင် ကျင့်တယ်
    ရဲဆိုတာ …… ခေါင်းကျ လည်းစားတယ်..ပန်းဖက်ကျလည်း စားတယ်
    ရဲဆိုတာ ….. အကျင့်ပျက် ဝန်ထမ်း
    ရဲဆိုတာ ….
    ရဲ ဆိုတာ …..
    ကောင်းပြီ !!
    ကျန်တဲ့ ဌါနဆိုင် ရာ တွေက အလွန် သန့်ရှင်းကြတယ်ပေါ့လေ ….. ဟုတ်လား
    ရဲ တပ်ဖွဲ့ကို ဒီအတိုင်း ဆက်လုပ်နေရင်တော့ ….
    စိတ်ဓတ်ကောင်းတဲ့သူတွေ မပါဝင်တော့ရင် ……
    လုံလောက်တဲ့ စားဝတ်နေ ရေး မရ ရှိရင် ….
    လုံလောက်တဲ့ လူအင် အားမရှိရင် .. …

    ဘာတွေ ဆက်ဖြစ်မယ်ထင်ကြလဲ ….. လူသူတော်ကောင်းတို့ …….

    ဖွဘုတ်​က စ​တေးတပ်​ တစ်​ခုပါခင်​ဗျာ
    ​ဝေဖန်​ကြည်​့ကြပါ

  • Foreign Resident

    October 10, 2013 at 1:34 pm

    ကို ရာမည ရေ ။

    ရဲ ကို မုန်းတဲ့သူတွေထဲမှာ ။ အဘ လုံးဝ ( လုံးဝ ) မပါပါဘူး ။

    ရဲ မှမဟုတ်ပါဘူး ။ စစ်သား ၊ လဝက ၊ တရားသူကြီး ဘယ်သူ့ကိုမှ မမုန်းပါဘူး ။

    သူတို့ကလည်း အဘ ကို ဘာ ဒုက္ခ မှ မပေးကြ ရှာပါဘူးကွယ် ။
    အ ဟိ ဟိ ဟိ ။ ဘယ် ဒုက္ခ ပေးကြပါ့ မလဲကွယ် ။ ဟီ ဟိ ။
    မှန်တာပြောရရင် ၊ သူတို့က ဒုက္ခ ပေးဖို့ နေနေသာသာ ၊
    အဘ ကတောင် ၊ သူတို့ကို ဒုက္ခ ပေးခဲ့တာ ပိုများပါတယ် ။ ဟီ ဟိ ။

    အကြမ်းဖျင်း ပြောရရင် ၊ ငွေ သိန်းဂဏန်းတောင် မပြည့်ရုံ ၊
    လာဘ်ယူနေရရှာတဲ့သူတွေကို ၊ အဘ သိပ် မပြောရက်ပါဘူးကွယ် ။
    စာနာ နားလည် ပေးနိုင်ပါတယ် ကွယ် ။
    ( တခါတလေ ဟားတာလောက်တော့ ရှိတာပေါ့ကွယ် )

    အမေစု ရဲ့ မိန့်ခွန်း တစ်ခုမှာတောင် ပါတယ်လေ ။
    ” ပြည်သူ့ ရဲတပ်ဖွဲ့ဝင်တွေ ကလည်း စိတ်ဓါတ် မကျကြပါနှင့် ” တဲ့ ။

  • Wow

    October 10, 2013 at 2:10 pm

    စားစရာမရှိရင်တော့ခိုးမှာပဲ…. ဘယ်သူမှတော့ အငတ်ခံမှာ မဟုတ်ဘူး…
    ဂုဏ်သိက္ခာရှိတဲ့ အသက်မွေးဝမ်းကျောင်းတစ်ခု ဖန်တီးမပေးနိုင်တဲ့ သူတွေကိုသာ အပြစ်တင်ဖို့ရှိပါတယ်… :buu:

    • KZ

      October 12, 2013 at 2:54 pm

      ဝါး ပြောသလိုပါပဲ။
      လာဘ်မစားစေချင်ရင် လစာငွေ လုံလောက်အောင်ပေးပြီး လာဘ်ပေး/ယူကို ထိရောက်အောင်အရေးယူရမှာပါ။
      ခုက ဝန်ထမ်းနယ်ပယ်တိုင်း အကျင့်ပျက်အောင် သူတို့ပဲ လုပ်ထားခဲ့ကြတာပါ။

      🙁

  • TNA

    October 10, 2013 at 2:11 pm

    သူ့နေရာနဲ့သူ လုပ်ပိုင်ခွင့်တွေနဲ့လုပ်စားနေကြတာမို့ အားလုံးအတူတူချည်းပါပဲ။ ဘယ်သူမှ ပိုသာတယ်နာ တယ်မရှိပါဘူး။ အားလုံး ညစ်နေကြတာချည်းပါပဲ။ ရဲမို့တော့ထူးပြီးမပြောတော့ပါဘူး

  • alinsett

    October 10, 2013 at 6:03 pm

    ရဲ လို ့ ရဲ လုပ်တာနေမှာ
    ဒို ့ဆိုင်ကိုတော့ တစ်ပတ် တစ်ခါနှစ်ခါ ရဲဘော်တွေ လာတယ်
    ပြက္ခဒိန် အပေါစား သုံးခုကို ၅၀၀ဝ
    လက်ဝှေ့ပွဲအခွေ တစ်ခွေ ၃၅၀၀
    ဘာကြေး
    ညာကြေး
    အလှူငွေ
    ရန်ပုံငွေ

    စုံနေတာပဲ
    အကြောင်းပြချက်မျိုးစုံနဲ့ လာတာ

    ပြောလား

    မပြောပါဘူး

  • padonmar

    October 10, 2013 at 9:26 pm

    (၁)အရင်က မီးသတ်တွေဆို ပိုက်ဆံပေးမှ မီးသတ်ပေးတယ်လို့ မြင်ခဲ့ကြတာပဲ။
    ခုတော့ ပုဇွန်တောင် ပေါက်ကွဲမှုမှာ အသက်ပေးသွားတဲ့ မီးသတ်တွေကြောင့် မီးသတ်တွေပေါ်လည်း အမြင်ကြည်လာပါပြီ။
    (၂)ဆရာဝန်တွေပေါ်လည်း ဝေဖန်ကြတာအများကြီးပါပဲ။
    ဒါပေမယ့် စေတနာ ဆရာဝန်အင်အားဟာလည်း မနည်းတဲ့အပြင် လောက်လောက်လားလား ထောက်ပြစရာ သာဓကတွေအများကြီးမို့ လူတန်းစားလိုက် အမုန်းမခံရပါဘူး။
    (၃)ယာဉ်ထိန်းရဲတွေဆိုလည်း အရင်တုံးက ဘဲဥတွေဆိုပြီး သိပ်မုန်းခဲ့ကြတာပေါ့။
    ခုတော့ ချစ်ဖို့ကောင်းအောင် တကယ်အလုပ်လုပ်ပြတဲ့ လင့်ခ်လမ်းက ခင်မြင့်မောင်လို ယာဉ်ထိန်းရဲတွေ ကြောင့် လူကောင်းလည်းရှိ လူဆိုးလည်းရှိလို့ မြင်နိုင်လာကြပါပြီ။

    အဓိကက ကိုယ့်အဖွဲ့အစည်းပေါ် အကောင်းမြင်စေချင်ရင်
    အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်ကောင်းဖို့(သို့)
    အဖွဲ့ထဲမှာလူများစုကောင်းဖို့(သို့)
    စံပြကောင်းသူတယောက်ထူးထူးချွန်ချွန်ပြနိုင်ဖို့ လိုပါတယ်။

    မှန်လိုပဲ ပြုံးပြမှ အပြုံးကို မြင်ရမှာပါ။

  • joe wynn

    October 10, 2013 at 10:23 pm

    ဒါဆိုရင် ဒီလောက်လိုအပ်ချက်များလှတဲ့ ရဲထဲကိုဘာကြောင့် ဝင်တာတုံးဗျ။
    သဘောက အပြင်မှာအဆင်မပြေလို့ရဲထဲဝင်ပြီး၊အပြင်ကပြည်သူတွေကို အဖွဲ့အစည်းအားကိုး၊ရာထူးအားကိုးနဲ့၊
    ဂွင်ရှာပြီး ချမ်းသာချင်တဲ့သဘောလား။ ရဲဌာနညစ်တာနဲ့ အချို့သောဌာနများညစ်တာဟာ ခံရတဲ့သူအဖို့တော့
    လုံးဝကွဲပြားခြားနားတယ် ဥပမာ(လုံးဝအပြစ်မရှိပါပဲလျှက် ကိုယ့်ကိုးကျိုးကြည့်ပြီး မတရားသူကြီးနဲ့ပေါင်းပြီး၊လူတစ်ယောက်ကို
    ထောင်ချလိုက်တယ်ဆိုပါဆို့) ရာဇဝတ်မှု့နဲ့ထောင်ကျသွာတဲ့ လူတစ်ယောက်ရဲ့နောင်ဖြစ်လာမယ့် လူမှု့ရေး၊စီးပွါးရေး၊အိမ်ထောင်ရေး
    စသည်ဖြင့် တွေးကြည့်ပေါ့ဗျာ။

  • ဦးကြောင်ကြီး

    October 11, 2013 at 10:18 am

    ဝန်ထမ်းဆိုပီး အားလုံး တန်းတူထား ပြောလို့ မရဘူးထင်ဒယ်… ဥပမာဗျာ… လိင်ကိစ္စရှုပ်တာဂျင်းတူတူ ကျောင်းဆရာ၊ ဆရာမဆို အခြားဘဝတူ အစိုးရဝန်ထမ်းတွေထက် ပြသနာ ပိုရှိတယ်… ကျင့်ဝတ်ပိုင်းပိုလာပြီ။ ရဲလည်း ဒီသဘောပဲ… သူ့မှာ ဖမ်းချုပ်ခွင့်အာဏာရှိတယ်၊ လူတယောက် ဘဝပျက်အောင် လုပ်လို့ရဒယ်၊ လက်နက်ကိုင်ဆောင်ခွင့် ရဒယ်။ အဲဒါကြောင့် သူတို့ကို ခေတ်မှီရဲစနစ်မှာ police officer လို့ခေါ်ဝေါ်သုံးနှုန်းတယ်။ police man လို့ မခေါ်ဒေါ့ဗူး..။ အဲဒီကနေ မြင့်သွားဒေါ့မှ အိုင်အိုဒို့ ဘာဒို့ဖြစ်တယ်။ အစိုးရ ထောက်ပံ့မှု မနိုင်လို့ ဖြစ်ရတာတော့ အသေချာဗဲ…။ နိုင်ငံဂျား အကူအညီ မရသ၍ ပရောဖက်ရှင်နယ် ရဲတပ်ဖွဲ့ဖြစ်ဖို့ နိဗ္ဗာန်နဲ့ သဂျီးဦးခိုမ်လို ဝေးနေအုံးမှာဗဲ………..

  • ဦးဦးပါလေရာ

    October 12, 2013 at 10:59 pm

    အခု ရဲတပ်ဖွဲ့ထဲက လူကောင်းတွေ နဲ့ လူကြီးတွေက
    အရင်က ရဲတပ်ဖွဲ့ထဲ ဝင်နှင့်ထားတာပါ…။

    နောက်ပိုင်း ရဲတပ်ဖွဲ့ထဲဝင်သူတွေဟာ ဘယ်လိုလူမျိုးတွေဆိုတာ နဲနဲ လေ့လာကြည့်ရင်သိနိုင်ပါတယ်။
    နောင်ကို ရဲတပ်ဖွဲ့ထဲမှာ အဲလိုလူတွေပဲ ကျန်မှာပါ…။
    တိုင်းပြည်အတွက် ဒီလောက်အရေးကြီးတဲ့အဖွဲ့အစည်းကို
    ဒီလို ပစ်စလက်ခတ်ပစ်ထားတာ ထိုးကျွေးတာ ဓါးစာခံခိုင်းတာ အင်မတန်ဆိုးရွားတဲ့လုပ်ရပ်တွေပါ။

    တိုင်းပြည်ကြီးတစ်ခုလုံးကိုတော့ တဖြေးဖြေးမှသာ တစ်စစီ ပြုပြင်လို့ရမယ်..။
    ဒါပေမယ့်
    ချက်ချင်း အရေးတစ်ကြီးပြုပြင်စရာ ဌာန သုံးခုရှိတယ်
    တရားရေး
    ရဲတပ်ဖွဲ့
    နဲ့ ဘဏ္ဍာအခွန် ဌာနတွေဖြစ်တယ်။

    အဲဒါကို သဘောမပေါက်ရင်
    ဒီနိုင်ငံမကြာခင် ဒုက္ခ တွေ့တော့မယ်။

    တနေ့ကတော့ နယ်ထိန်းတစ်ဦးနဲ့ စကားစမြည်ပြောဖြစ်တယ်။
    သီတင်းကျွတ်ခါနီးလို့ စိတ်ညစ်နေလေရဲ့ ….
    ခြင်း ဆယ့်နှစ်ခြင်း ၊ ပါစင်နယ်သုံးမယ့် သုံးဆယ့်နှစ်လက်မ HD TV တစ်လုံးကို
    ဘယ်လိုရှာရမှန်းမသိဘူး ဖြစ်နေတယ်…၊
    အကြွေးယူ(ဝယ်)ရအောင်ကလဲ သင်္ကြန်တုန်းက အကြွေးတွေတောင် မဆပ်ရသေးဘူးဆိုပဲ….။
    ဒီလိုဖိအားတွေ များနေတဲ့အခါ ၊ ခံနိုင်တဲ့သူက တောင့်ခံပြီး
    မခံနိုင်တဲ့သူက ရတဲ့နေရာက ရသလို ညှစ်မှာ ညစ်မှာ ဖြစ်တယ်။

    ရဲက ညှစ်တာ ညစ်တာ ဒုက္ခပေးတာ ကို ကျုပ်ဘဝမှာ တော်တော်ခံရဖူးပါတယ်…။
    ခံရတိုင်းလဲ မကျေမချမ်းဖြစ်ပါတယ်….
    စိတ်ဆိုးပါတယ်… ဒေါသဖြစ်ပါတယ်…..

    ဒါပေမယ့် –
    သူတို့ကိုစိတ်ဆိုးတာက သပ်သပ်
    သူတို့ဘဝကို စာနာနားလည်တာက သပ်သပ် ပေါ့လေ….

Leave a Reply