လူ ဆိုတဲ့ လူ

DEPARKO DEPARKOOctober 10, 20131min1021

လူ ဆိုတဲ့ လူ
တမူထူးစေသမို့
လူကိုလူခြင်း စိတ်ခြင်းလည်းမတူ
အနောက်ကလူတွေဆီကကူးစက်
ဗိုင်းရပ်စ် တွေပုံဖျက်လို့ အတူနေနှောင်ကြိုးမလိုစကား
သမိုင်းတစ်ခေတ်မှာ ကြားရလိုက်တဲ့အချိန်
သက်ကြီးရွယ်အိုတွေကန့်ကွက်စကား
အခုတော့ ရေပေါ်မှာအရုပ်ရေးသွားခဲ့။
လူကိုလူခြင်း
စက်ရုပ်လိုသတ်မှတ်ခြင်းကြောင့်
အပြင်းပြေဆော့ကစား
ဝိဘစ္ဆရသမြောက်အောင်
သံကြိုးတွေ တည်းနှောင် ရုပ်ကောင်ကိုတပိုင်းဆီလွှနဲ့မွ
အသဲကိုအရှင်လတ်လတ်ထုတ်
ပြရက်တဲ့ဇါတ်ရုပ်တွေကြောင့်
နုနယ်တဲ့နှလုံးသား ညစ်ပေသွားခဲ့ရသတဲ့။
အနောက်ဆီကစီးဆင်း ယဉ်ကျေးမှု ပန်းတစ်ခင်းဟာ
အဆိပ်ငွေ့တွေလျှံတက် ယဉ်ကျေးမှုတွေပျက်ခဲ့ရတော့
မြန်မာ ဆိုတဲ့ မြန်မာ တချိန်တခါဆီက သူ့ဗီဇလှလှကလေး
အလွမ်းပြေတမ်းတမိနေသေး။