Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

ရေစကြိုမြို့နယ်တွင် ကျောင်းသားတစ်ဦး ရေနုတ်မြောင်းအတွင်း ဘောလုံးဆင်းကောက်ရာမှရေနစ်သေဆုံး

     ရေစကြိုမြို့နယ်၊ဖူလုံရွာအနီး ရွှေလဝန်ဘုန်းကြီးကျောင်းအနီးရှိ ရေနုတ်မြောင်းအတွင်း အောက်တိုဘာ(၈)ရက်နေ့နေ့လည် (၁၂)နာရီ(၂၀) မိနစ်ချိန် က ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ မောင်စိုးကိုကိုမိုး အသက်(၁၄)နှစ်၊ (၇)တန်းကျောင်းသား ရေစကြိုမြို့နေသူသည် သူငယ်ချင်း  အောင်မျိုးဟိန်း၊အောင်ဖြိုးတို့နှင့်အတူ ဘောလုံးကစားနေစဉ် ရေနုတ် မြောင်းအနံ(၁၀)ပေ၊အနက်(၄)ပေ၊အလျား(၁၀၀)ပေခန့်ရှိရေနုတ်မြောင်းအတွင်းဘောလုံးကျသွားရာမှ စိုးကိုကိုမိုးမှဆင်းဆယ်ရာ ရေနစ်သွားသဖြင့် အောင်မျိုးဟိန်းမှ မကျီးပင်ဝိုင်းထန်းတောရိုးမှဦးဆန်းဦး၊ဦးဖိုးမောင်တို့အားခေါ်၍ဆယ်ခိုင်းရာ စိုးကိုကိုမိုး မှာ သေဆုံးပြီး ဆယ်ယူရ ရှိခဲ့ကြောင်း သိရှိရုသည် အဆိုပါဖြစ်စဉ်အား ရေစကြိုမြို့နယ်၊ရေစကြိုမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ် စဉ် ၅/ ၂၀၁၃ ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

တပ်သားတစ်ဦး အရက်သေစာသောက်စား မူးယစ်ပြီး အုတ်နံရံအားခေါင်းဖြင့်တိုက်၍သေဆုံးမှုဖြစ်ပွားဟုဆို

     မင်းဘူးခရိုင်၊ငဖဲမြို့နယ် သာယာကုန်းအုပ်စု ဆုံကုန်းကျေးရွာအနီးရှိ အမတ(၄၀၉) အောက်တိုဘာလ(၇)ရက်နေ့ ည(၉)နာရီ(၃၀)မိနစ်ချိန်က တပ်သား ဇော်ထွန်းအောင် (လူပျို)သည် အရက်သေစာသောက်စားမူးယစ်ကာ အဆိုပါတပ်ရင်း အတွင်းရှိ လူပျိုအိပ်ဆောင်အုတ်နံရံအားခေါင်းဖြင့်တိုက်ခဲ့သဖြင့် ဦးခေါင်းယာချိုစောင်း တွင်(၁)လက်မခန့် ချိုင့်ဝင်ဒဏ်ရာရရှိ ခဲ့ပြီးအဆိုပါဒဏ်ရာဖြင့် တပ်ရင်းဆေးခန်းတွင်သေဆုံးခဲ့ကြောင်း တပ်သား ဇော်ထွန်းအောင်၏အလောင်းအား ပဒါန်းတိုက် နယ်ဆေးရုံသို့သယ်ဆောင်ပြီး တိုက်နယ်ဆရာဝန် ဒေါက်တာအောင်ကျော်နှင့် ကပစ (၁၄) မှဆေးမှူး ဗိုလ်ကျော်ထွန်းစိုးတို့ နှစ်ဦးမှ စစ်ဆေးခဲ့ရာ အဆိုပါတပ်သား၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခြင်းဖြစ်ပြီး ဦးနှောက် အတွင်းသို့သွေးယိုစီးကာသေဆုံးခြင်း ဖြစ်ကြောင်း ဆေးစာတင်ပြချက်များအရသိရှိရတယ်လို့ သက်ဆိုင်ရာမှပြောကြားသည်။

မကွေးမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား  အရန်မီးသတ်ဝတ်စုံပေးအပ်ပွဲအခမ်းအနားကျင်းပ

      မကွေးမြို့၊ဆားရွှေကင်းရပ်ကွက်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် အောက်တိုဘာ(၇)ရက်နေ့ နံနက်(၇)နာရီချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား အရန်မီးသတ်ဝတ်စုံပေးအပ်ပွဲ အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစီအစဉ်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညဏ်မျိုး၊မြို့နယ်ရဲတပ်ဖွဲ့မှူး ယာရီရဲမှူး ဦးကျော်ဝင်းချစ်၊မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်သိန်းတို့ မှ အောင်မေတ္တာရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံ(၁၀)စုံ၊နံကပ်ကျွန်းကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အတွက် ဝတ်စုံ(၆)စုံ၊ ကျန်မြို့ပေါ်ရပ်ကွက်(၁၄)ရပ်ကွက်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဝတ်စုံ(၆)စုံစီ​ စုစုပေါင်းအရန် မီးသတ်ဝတ်စုံ(၁၀၀)တို့အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း အဆိုပါပေးအပ်ပွဲသို့ မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းအင်အား(၁၀၀)ကျော်တက်ရောက်ခဲ့ကြသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..