သင်းကွဲငှက်

ထိတ်ထိတ်ဝေဝေ ညဉ့်နက်တွေထဲ
အေးစက်စက် သိုင်းဖက်လာတဲ့
လရောင်တစ်ဝက်တစ်ပျက်နဲ ့ဘဲ
ကိုယ့် အားငယ်မှုကို ကိုယ်သောက်သုံးရ…။
နှင်းတွေလေ……
ကျနေလိုက်တာများ တွတ်တီးတွတ်တာနဲ ့
ဆရာမင်းလူရဲ ့ “ငှက်ကလေး”ပေါ့
ပြတင်းတံခါးမှန်ထဲမှာ
ကိုယ့်ကိုကိုယ်ရှာဖွေယင်း
ဝိုင်ပြင်းပြင်းနဲ ့ဘဲ ….
ငိုချင်းမချမိအောင်
ကိုယ့်ကိုကိုယ် လှည့်ရှောင်နေရတယ်..။
သတ္တဝါ တစ်ခု ကံတစ်ခုတဲ့
တစ်ကောင်တည်းဘဝမှာတော့
ကံပေါင်းများစွာက
အချက်ကျကျ ကပြီကရီလုပ်တိုင်း
ငါ့ အရောင်တွေ ခြောက်ခြားကြလေရဲ့…..။
ဘဝတူငှက်ကလေးရေ
အလွမ်းဘဲဖြစ်ဖြစ် နာကျည်းမှုဘဲဖြစ်ဖြစ်
ငါကတော့….
ကင်းဗတ်စပေါ် အန်ချလိုက်တာဘဲ။
မင်းကတော့ ပိုတော်တာပေါ့…
ကွန်ပြူတာထဲ အန်ထည့်လိုက်ရော…
မင်းကမှော်ငှက်လေ
ငါ့ရဲ ့ကောင်းကင်ထက်မှာပေါ့…။

 

ကျော်စွာခေါင်

 

13 comments

  • alinsett

    October 11, 2013 at 7:55 am

    ဦးခေါင်ရည်

    ကဗျာလေးကို ကျွန်တော်
    ဖတ်ရှုခံစားသွားပါတယ်နော်

  • ဖြူစိုင်း လူ

    October 11, 2013 at 10:14 am

    ကင်းဗတ်ပေါ်မှာတော့ နီရဲရဲ ရင်ကွဲရည်တွေကလွဲလို့
    ကျန်တဲ့အရောင်တွေမတောက်ပပေဘူး
    ကွန်ပျူတာဆိုတဲ့အရာပေါ်မှာတော့
    RGB ဆိုတဲ့ အလင်းအားပြု
    ရင်ကွဲရည်အရောင်တွေ ထွန်းလင်းတောက်ပလို့

    စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးဆွဲထားတဲ့
    ငါ့ကင်းဗတ်ပေါ်က ရုပ်ပုံက ကြမ်းတမ်းနေမပေါ့
    ဖြစ်နိုင်ရင် ငါလေ..

    တိမ်တွေကို ကောင်းကင်ပေါ်က တစ်စစီချွေပြီး
    ငါ့ပန်းချီကားတစ်ချပ်ပေါ်မှာ ရွေ့လျားစေချင်လိုက်တာ

    သက်မဲ့ပန်းချီကားတစ်ချပ်ရဲ့
    ရုပ်ငြိမ်သက်ဝင်ခြင်းနောက်မှာ
    ရှင်သန်ခြင်းတစ်ခုနဲ့
    ခံစားတတ်ခြင်းတွေတော့

    ယဲ့ ယဲ့လေး
    အသက်ငင်နေပါရဲ့ သခင်။

  • sorrow weaver

    October 11, 2013 at 11:09 am

    ဦးခေါင်… ကျော်….ဒါလေး ပရင့်ထုတ်ပြီး လေယဉ်မယ်လေးကို ပီသကြည်မြတဲ့အသံလေးနဲ့ ဖတ်ပြပြီး….အချစ်တွေတပွေ့တပိုက် သိမ်းပိုက်ပစ်မယ်…အဟိဟိ

    • TNA

      October 11, 2013 at 2:26 pm

      အင်းဆြာဆောရိုးတို့ ကော်ပီကူးတော့မယ်။

  • kyeemite

    October 11, 2013 at 11:19 am

    ကဗျာလေးကိုကြိုက်တယ်ဗျာ
    အဓိပ်ပါယ်ကိုလည်းသဘောကျမိတယ် သင်းကွဲငှက် ရေ 🙂

  • Mr. MarGa

    October 11, 2013 at 1:55 pm

    အပေါ်က ကဗျာရော
    အောက်က ကဗျာရော
    ှနှစ်ပုဒ်လုံးကိုပေါင်းစပ်
    ှနှစ်သက်မှု အပြည့်နဲ့
    အထပ်ထပ် ဖတ်သွားပါသဗျို့ 🙂

  • Crystalline

    October 11, 2013 at 3:54 pm

    သင်းကွဲငှက်ပေမယ့် ကောင်းတဲ့ဝန်းကျင်ရောက်သွားတဲ့ငှက်ကလေးဆိုရင်တော့ သင်းကွဲရတာတန်ပါတယ်.. :)) ခပ်ပေါက်ပေါက်နဲ့ပြောချင်ရာပြောသွားသီ :mrgreenn:

  • lele kyi

    October 11, 2013 at 8:25 pm

    ဆြာခေါင်ရဲ့ မှော်ငှက်က ဇီးကွက်ဖြူ ဖြစ်မယ်။ ဟယ်ရီပေါ်တာထဲက။ ဟီးးးနောက်တာပါ။ ကဗျာခံစားချက်ပျက်အောင်လို့။ သင်းကွဲတာ မကောင်းဘူး ဆြာခေါင်ရဲ့လေးခွနဲ့ ပစ်ခံရလိမ့်မယ်။ အမျိုးတွေဆီကို အမြန်ပျံပြီးမှီအောင်လိုက်ပေတော့။

  • မဟာရာဇာ အံစာတုံး

    October 13, 2013 at 9:37 am

    တောက် …
    ကဗျာက ဖတ်ရဒါ တောက်ရမ်း လန်းဒယ် …
    ဒီလူဂျီး စာရော ပန်းချီရော အခု ကဗျာရော …
    အလန်းတွေ ဖန်တီးနိုင်ဒါဘဲ …
    ဟေ့လူဂျီး .. ခညား တောက်ရမ်းတော်ဒယ် …
    (တွေ့ယင်ဒေါ့ မုန့်ဝယ်ကျွေးရမယ်) …. :mrgreen:

  • ရွှေ ကြည်

    October 13, 2013 at 11:01 am

    ရင်ထဲကို တည့်တည့်ကြီး တိုက်ရိုက်ကြီး ထိတယ်ဗျာ
    မဟားတရားကြိုက်တယ်ဗျာ လေးစားပါတယ်

  • သင်းကွဲတော့ သင်းကွဲ
    ဒါပေမယ့် တေလေငှက်တော့
    မဟုတ်ဘူး။
    အနုပညာခံစားမူ့နဲ့ရူးသွပ်နေတဲ့သူ

    ဟုတ်စ ကိုကျော်စွာ

  • naywoon ni

    March 1, 2015 at 8:28 pm

    သင်​းကွဲ ငှက်​ ဆို​တော့ ကိုယ်​ရည်​ရွယ်​ရာကို အားစိုက်​ပျံသန်​းနိုင်​တာ​ပေါ့​လေ ။ အ​ဖော်​ပါလာတဲ့ ငှက်​နဲ့ လမ်​း​ကြောင်​းညှိနှိုင်​းစရာ မလို​တော့ဘူး​ပေါ့ ။ ရည်​ရွယ်​ရာ ရဲရဲ ရင်​့ရင်​့ ပျံသန်​းနိုင်​ပါ​စေဗျာ

Leave a Reply