စကြာဝဠာထဲက ကောက်ရိုးတစ်ထုံးရဲ့ သမိုင်း (၁)

 

 

 

 

 

 

 

 

 

အပိုင်း(၁)

မရေမရာနိဒါန်း

 

လူ ……..

 

အဲ့ဒီ လူအမည်ရှိ သတ္တဝါတွေ ဘယ်လို စဖြစ်လာတယ်ဆိုတာကိုတော့ အမျိုးမျိုးကြားဖူးပါသည်။

အဲဒီထဲက တစ်မျိုးကတော့ – ဘုရားသခင်က လူကို ဖန်ဆင်းသည် 

(အနောက်တိုင်းက အိုမာခိုင်ရမ်ဆိုလား လူ့ခွစာ ကဗျာဆရာတစ်ဦးကတော့ ဘုရားသခင်ကို လူကဖန်ဆင်းသည်ဟု ဆိုပါသည်။ ဒီလူ မီးရှို့သတ်မခံရတာ ကံကောင်း…)

အဲ … ကိစ္စမရှိပါ ။

ဘယ်သူက ဘယ်သူ့ကိုဖန်ဆင်းသည်ဖြစ်စေ……

ဒါမှမဟုတ် တစ်ယောက်တလှည့် အပြန်အလှန်ဖန်ဆင်းကြသည်ပဲဖြစ်စေ…….

………………………………………………………………

နောက်တစ်မျိုးကတော့ လူဆိုတာ ကောင်းကင်ပေါ်က သတ္တဝါကြီးတွေ သူတို့ကံအလျှောက်  ကမ္ဘာပေါ်ကျလာတာက စ သတဲ့…။

အစက အဲဒီကနဦးလူတွေဟာ တောင်ကြီးတန်ဆောင်တိုင်က မီးပုံးအရုပ်ကြီးတွေလို ကိုယ်ထဲက အလင်းရောင်တွေထွက်သတဲ့…။

နောက်တော့ စားအုံးဆီနဲ့သကြားဆီကို ဆော်ဒါထည့်ပြီး ဘလင်ဒါနဲ့မွှေလို့ဖြစ်လာတဲ့ မြန်မာပြည်က ကိတ်မုန့်ကရင်တွေနဲ့တူပုံရတဲ့ မြေကြီးပေါ်က မြေဆီလို့ခေါ်တဲ့ အဖြူအနှစ်တွေကိုစားလို့ကုန်တဲ့အခါ –

စမ်းချောင်းဘိန်းမုန့်နဲ့တူပုံရတဲ့ ငံကျိကျိ မာကျောကျော တူးနံ့နံတဲ့ မြေလွှာတွေကိုစားရင်း –

ဝမ်းတွင်းပုဆိုးလို အရောင်တွေကျွတ်ကုန်သတဲ့…။

အဲဒီတော့ ရှက်ရှက်တွေလဲပေါ်ကုန်လို့ သစ်ရွက်တွေသီပြီးဝတ်ရင်း လူတွေဖြစ်လာသတဲ့……..။

အဲဒါ ခင်ဗျားတို့မယုံလဲ ကိစ္စမရှိ…။ ယုံတဲ့သူတွေ  တစ်ပုံကြီးမှ တစ်ပုံကြီး………..

(ကျုပ်ပါ ပါသေးလားမသိ)

………………………………………………………………….

နောက်တမျိုးက – ကောင်းကင်က လာတာပဲ…

ဒါပေမယ့်  ကြယ်၊ လ၊ နေ၊ နက္ခတ်၊ ဂြိုလ်  စတာတွေ မြေကြီးပေါ်ကျလာတာ….

ဂြိုလ် မဲမဲကြီးတွေကျလာတော့ လူရိုးရိုးတွေဖြစ်..

ကြယ်တွေကျလာတော့ သူရဲကောင်းတွေဖြစ်…

နေနတ်သမီးကြီးက ဆင်းသက်လာတော့ ဘုရင်ဖြစ်…..

ကိုယ့်အမျိုးနဲ့ ကိုယ်….

ဒီတမျိုးကတော့  လူမဖြစ်ခင်ကတည်းက  လူတန်းစားခွဲခြားပြီးသား…

…………………………………………………………………………………….

နောက်တစ်မျိုးက လူဆိုတာ  နတ်တွေကဖြစ်လာတာ….

လူတွေ ဖြစ်ကာစမှာ လူတွေကို နတ်တွေက အုပ်ချုပ်သေးတာ….

သူတို့နေတဲ့ ကျောင်းတော်တွေဘာတွေတောင် အထင်အရှားရှိသေးတယ်…..

နောက်တော့မှ ဗားကရာမီးပွိုင့်ကယာဉ်ထိန်းရဲတွေလို

မီးပွိုင့်လဲပျက်ကရော –

ရှင်းလို့မနိုင်တာနဲ့ အလျှိုအလျှိုလစ်ထွက်သွားကြပုံရတယ်…..

………………………………………………………………………………………

နောက်ထပ်တွေလဲ အများကြီးကိုရှိသေးတာ…

အဲဒီအများကြီးတွေကို ဆန့်ကျင်ပြီး လူတစ်ယောက်ကတော့ ပြောတယ်..

လူဆိုတာ  မျောက်တမျိုးက အဆင့်ဆင့် တိုးတက်ပြောင်းလဲလာတာတဲ့……..

ဒါကတော့  ပိုဖြစ်နိုင်တယ်…။

များများမကြည့်နဲ့

ယနေ့လက်ရှိ မြန်မာပြည်ပဲကြည့်….

တကယ့်ကို ကလိန်တောကို မျောက်အုပ် တက်ဆော့ထားတဲ့အတိုင်း………

(ဘဘကြီးတို့ ကိုယ့်အမျိုးဂုဏ်စောင့်ထိန်းကြပုံများ……)

……………………………………………………………………………….

 

အပိုင်း(၂)

ရမ်းသမ်းပမ်းသမ်း နိဒါန်း

 

လူ ဘယ်လို စ တယ်ဆိုတာ ထားပါတော့…

မထားလို့လဲမရ 

လူဆိုတာ  အစကတည်းကကို ရှင်းလို့နိုင်တဲ့ဟာမျိုးမဟုတ်……။

 

နောက်တမျိုး ပြောကြည့်ရရင်

လူ ဆိုတာ  ဘယ်နှစ်ယောက်နဲ့  စသလဲ…..

ကြားဖူးနားဝတစ်ခုက

တစ်ယောက်ထဲနဲ့  စ တာ ….။

နောက်တော့မှ –

တစ်ယောက်ထဲဆို ဘာပြဿနာမှမဖြစ်တာနဲ့……..

(တစ်ယောက်ထဲဆို ဘာပြဿနာမှမဖြစ်တာနဲ့ ………)

ပျင်းစရာကောင်းလာတာကြောင့်

သူ့နံရိုးတစ်ချောင်းကိုယူပြီး

လက်နှစ်သစ်စီလောက်ပိုင်း- မုန်ညှင်းချဉ်နဲ့ရောပေါင်းပြီး- ဝက်နံရိုးကြံမဆိုင်ဖြစ်…….

အဲလေ… ယောင်လို့ …

သူ့နံရိုးတစ်ချောင်းကိုယူပြီး ဒီအန်အေဖမ်းမင်း (DNA Farming) လုပ်လိုက်တာနဲ့

မိန်းမတစ်ယောက်ထပ်ဖြစ်လာတာ…။

(အဲဒါကြောင့် မိန်းမမှန်ရင်  နဲနဲတော့ ကောက်တယ်….။ နံရိုးလေ….နံရိုး………)

 

နှစ်ယောက်ရှိလာပြီဆိုတော့ …

ပျင်းဖို့ ဘယ်အချိန်ရတော့မလဲ……။

နှစ်ယောက်က ဆယ်ယောက်ဖြစ်

ဆယ်ယောက်က တရာဖြစ်

တစ်ရာက – တစ်ထောင်- တစ်သောင်း- တစ်သိန်း- တစ်သန်း- တစ်ဘီလျံ ဖြစ်………

 

နှစ်သန်းလေးထောင်လောက် သူ့သဘောသူဆောင်လာတဲ့ ကမ္ဘာကြီးကို

နှစ်တစ်သောင်းခွဲလောက်အတွင်း ဖွတ်ဖွတ်ကြေအောင်လုပ်ရင်း

သူတို့အချင်းချင်းလဲ ဖွတ်ဖွတ်ကြေအောင် သမကြတာ…..။

 

လူတွေ   သူတို့အချင်းချင်း နဲ့ အခြားအရာတွေကို တလှည့်စီဒုက္ခပေးတာတွေကို

တန်းစီရေးလိုက်တော့-

လူ့ သမိုင်း  ဖြစ်ကရောပေါ့ ……

……………………………………………………………………….

……………………………………………………………………….

 

 

မောသွားလို့ ရေနွေးကြမ်းလေးသောက်ဖို့ ခေတ္တနားပါရစေ…

 

ဦးဦးပါလေရာ

29 comments

  • alinsett

    October 12, 2013 at 7:51 am

    ဦးပါရေ
    good တယ်ဗျို့

    ဆက်ရန် ရှိသေးသည် ဆို မြန်မြန်လေးနော်
    ဒါပဲ

    • ဦးဦးပါလေရာ

      October 12, 2013 at 7:56 pm

      အလင်းဆက်ရေ
      အမှန်အတိုင်းဝန်ခံရရင် ကွန်မင့် ဘဲဥမကွဲလောက်တဲ့ ပိုစ့်မျိုးပါ…..
      ကျုပ်တစ်ယောက်ထဲ ကြိတ်ရယ် ရတာ အားမရလို့ ဂဇက်ထဲ ဝင်ရယ်တာ..
      မနက်ခင်းကြီး ကွန်မင့်တက်လာတာတွေ့ရတော့ တော်တော်လေး စိတ်သက်သာသွားတယ်
      ဒီကွန်မင့်အတွက်လဲ ကျေးဇူးပါ…
      နောက်နှစ်ပိုင်းကိုလဲ စိတ်ပြောင်းပြီး မတင်ဖြစ်မှာစိုးလို့ draft ထဲ မှာ timer ပေးထားလိုက်တယ်
      သူကြီးရဲ့ ပရိုဂရမ် အလုပ်ဖြစ်သေးရင် ဆက်အားပေးဦးနော…

  • kyeemite

    October 12, 2013 at 8:33 am

    အမှန်ပဲ
    ဦးပါပြောသလို..“.လူမ” မဖန်ဆင်းပဲ အဲဒီနံရိုးကို
    လက်နှစ်သစ်စီလောက်ပိုင်း- မုန်ညှင်းချဉ်နဲ့ရောပေါင်းပြီး-
    လူနံရိုးကြံမဆိုင် လုပ်စားလိုက်ကောင်းသား…
    အဲဒါဆို အခုလိုရှုပ်ထွေးပွေလီ ညစ်စီစီ တွေဘယ်ဖြစ်လာတော့မလဲနော 😀

    • ဦးဦးပါလေရာ

      October 12, 2013 at 8:00 pm

      အဲဒါပေါ့ ကိုမို်က်ရ-
      ရှေ့ရှေ့နောက်နောက်လေးမစဉ်းစားပဲ
      ကိုယ်နဲ့မတူတာလေး သွားဖန်ဆင်းမိသကိုး….

      🙂

  • Mr. MarGa

    October 12, 2013 at 10:11 am

    အင်း…
    လူ…ဘယ်ကစ ဆိုတာနဲ့ ပတ်သက်ပြီး
    ပြောကြတာလည်းအစုံ
    ငြင်းကြတာလည်းအကုန်
    ဒါပေမင့်
    အခုထိတော့ ရေရေရာရာ မရှိသေး သလိုလို
    အဲဒီမှာ တွေးမိတာလေ
    ဟို..ဟို
    ဲဗြဟ္မာကြီး လေးဦးက စတယ် ဆိုတာက
    ဘုရား ဟောခဲ့တာ ဟုတ်ရဲ့လား ဟင်….. :mrgreen:

    • မောင်ဘလိူင်

      October 12, 2013 at 1:20 pm

      ဟုတ်တယ်လေ..ဗြဟ္မာကြီးလေးဦးဆိုတာ တခြားဂြိုဟ်သားတွေ ဖြစ်မှာပေါ့။
      သူတို့က လူတွေကိုဖန်တီးခဲ့တာ။ ပရိုမီးသီးယပ်စ် ဆိုတဲ့ဇာတ်ကားထဲမှာ
      တွေ့တယ် မဟုတ်လား။

      😀

      • Mr. MarGa

        October 12, 2013 at 3:52 pm

        ဒါဆို သူတို့တွေ အခု ကျုပ်တို့ဖြစ်ပုံကို ကြည့်ပြီး ဟားနေလောက်တယ်နော့ :mrgreen:

      • ဦးဦးပါလေရာ

        October 12, 2013 at 8:07 pm

        ဗြဟ္မာကြီးလေးဦးက စတယ် ဆိုတာကတော့ ဗုဒ္ဓစာပေတွေထဲ ဟိန္ဒူ ကျမ်းတွေက ဝင်ရောထားတာပါ….

        ဘုရားဟောကတော့ – လောကဘယ်ကဘယ်လိုစတယ်ဆိုတာ ငါဘုရားမဟော … တဲ့
        ကောင်းကျိုးမရှိလို့ … တဲ့

        ဗြဟ္မာကြီးလေးဦးကတကယ်စတာဆိုရင်တော့ နောက်ပိုင်းဖြစ်လာတာတွေကို သူတို့မလျော်နိုင်တာနဲ့ပဲ စကြာဝဠာဆုံးအောင် တချိုးထဲ လစ်ကုန်လောက်ပြီ…..

        :mrgreen:

  • sorrow weaver

    October 12, 2013 at 11:26 am

    controversial topic တွေကို ပြောသွားလိုက်တာများ ပေါ့ပေါ့ပါးပါး ….ဦးဦးပါ ကတော့ အတွေးအရမ်းကောင်းပါတယ်ခင်ဗျာ

    • ဦးဦးပါလေရာ

      October 12, 2013 at 8:09 pm

      ကျေးဇူးပါ ကိုရင်ရယ်..
      ကျုပ်က စတွေးရင်တော့ တစ်ခါတစ်လေ အဆင်ပြေပါတယ်
      နောက်ပိုင်းမှသာ ရှော်သွားလေ့ရှိတာ…

      :))

  • KZ

    October 12, 2013 at 2:08 pm

    ဦးပါ

    အနော်ကြားဖူးတာကတော့ တီထွေးကြီးက စ ပြီး တီထွေးကြီးဘွကို ပြန်သွားကြမှာဆိုလားးးးးး
    အပေါင်းအသင်းတွေနဲ့ ပျော်စရာကြီးးးးးး
    အဟေးဟေးးးးးး

    :mrgreen:

    • ဦးဦးပါလေရာ

      October 12, 2013 at 8:15 pm

      တီ ဆိုတော့လဲ တီ ပေါ့ ကေဇီရယ်..
      အဲ့ တီထွေးကြီးဘဝထဲ ပြန်သွားတဲ့အခါမှာသာ
      အဘ တီတွေနဲ့ ခရိုနီတီတွေ မပါလာပါစေနဲ့တော့… လို့…

      :mrgreen:

  • pooch

    October 12, 2013 at 4:41 pm

    After Earth မှာ လူတွေဂြိုဟ်ပေါ်သွားနေရပြီ ဦးပါ။ ကမာ္ဘက ပျက်သွားလို့လေ။
    ရှေ့လျှောက်ဒီလိုပဲ ဆက်သွား ကမာ္ဘပျက်မပျက်တော့ မသိဘူး ပြည်ပျက်မဲ့ကိန်းတော့ မြင်နေရပြီ။

    • ဦးဦးပါလေရာ

      October 12, 2013 at 8:22 pm

      တကယ်တော့ ဒီကမ္ဘာကလဲ လူနေလို့ကောင်းမယ့်အချိန်မျိုး သိပ်ကြာကြာရှိတော့မယ်မထင်ပါဘူး…
      ဥပမာ- ပင်လယ်ရေမျက်နှာပြင် တစ်မီတာခွဲလောက်မြင့်လာရင်
      – အပူချိန် တစ်ဆယ်ဆဲလ်စီးယပ်လောက် တက်လာရင်
      – လေမုန်တိုင်းတွေရဲ့ လေတိုက်နှုံး တစ်နာရီ ကီလိုငါးရာလောက်ရှိလာရင်

      ခက်တာက
      တခြားကမ္ဘာကို ရှာတွေ့တယ်ပဲထား၊ လူတစ်ချို့ ပြောင်းသွားနိုင်တယ်ပဲထား
      အဲဒီမှာ သူတို့အချင်းချင်း တည့်ဦးမှကိုး….

  • kai

    October 12, 2013 at 5:02 pm

    အမှန်ကတော့.. လူသားသတ္တဝါက.. တော်တော်အားနည်းပုံရပါတယ်..။
    တခြားသတ္တဝါတွေအပေါ်ဗိုလ်ကျပြီး… ကမ္ဘာကိုအုပ်ချုပ်နိုင်တာ.. နှစ်သောင်းဂဏန်းလေးပဲရှိသေးတာလေ..

    ရှေးးးးးကဒိုင်နိုဆောနွယ်တွေ.. အဲဒီထဲကမှတီရက်စ်လိုအကောင်များ..ကမ္ဘာကိုအုပ်ချုပ်တာ.. နှစ်သန်းရာချီတယ်…

    သနားတယ်… သနားတယ်.. လူတွေကို.. ကိုယ့်ကိုယ်ကိုယ်… :kwi:

    စကားအတင်းစပ်..
    အပေါ်မှာခွေးပုလေးတကောင်… ရွာထဲဝင်ချောင်းလာနေတယ်..။ :mrgreen:

    • ဦးဦးပါလေရာ

      October 12, 2013 at 8:27 pm

      လူသားတွေရဲ့ အားနည်းချက်တွေကို စကားတစ်လုံးထဲနဲ့ ခြုံ့ပြီးပြောမယ်ဆိုရင်-

      ခေါင်းမာ တာ…..

      ဒါပေမယ့် လူသားတွေရဲ့ အားသာချက်တွေကို စကားတစ်လုံးထဲနဲ့ခြုံ့ပြီးပြောမယ်ဆိုရင်-

      အင်း…

      ခေါင်းမာ တာ… ပဲ

    • padonmar

      October 13, 2013 at 5:57 am

      ချောင်းပါစေ သဂျီးရယ်.
      ရွာကိုပြန်ခဲ့ကြပါလို့ ဗျိုးဟစ်ထားတာ
      ရွာကိုချစ်ရင် မျက်နှာလေးတော့ လာပြကြမှာပေါ့။
      (မျက်နှာလာမပြရင် လူစိမ်းကားကြီးတွေလို့ သတ်မှတ်လိုက်မှာ)

  • Ma Ma

    October 12, 2013 at 6:00 pm

    ယခုအချိန်ကစပြီး ဦးပါက ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲဆိုတာကို သက်သေပြပါတော့မယ်…….
    ပရိတ်သတ်များ သဘောကျရင် လက်ခုပ်သံလေး ကြားချင်ပါတယ့်။
    (ပရယ်ဇန်တာ လေသံဖြင့် ဖတ်ပါ)
    ဖြောင်းးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးးးးးးးးးးး ဖြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    (ပရိတ်သတ်များ၏ အားပေးသံ) 🙂

    • ဦးဦးပါလေရာ

      October 12, 2013 at 8:31 pm

      မမ ရဲ့

      ကျုပ်က စိတ်ညစ်ရင် စိတ်ရှုပ်ရင် ကိုယ့်ကိုယ်ကိုရော သူများတွေကိုရော ဟာသ လုပ်ပြီး ပေါက်ကရလျှောက်ပြောတတ်တယ်…

      အဲဒီတော့ ..

      ကျုပ်ရေးမယ့် ပေါက်ကရလေးဆယ်တွေ ဆက်ဖတ်ရဖို့သာပြင်ထားပေတော့ …

      :mrgreen:

    • kai

      October 13, 2013 at 5:24 pm

      ဒီခေတ်သိပ္ပံပညာရှင်တွေကတော့.. ကြက်မကစတာ..သေချာတယ်တဲ့..
      တနှစ်လောက်တောင်ရှိပြီထင်တယ်..
      သူတို့တွေ့ရှိသွားတာ… 🙂

  • မျောက်ကဆင်းသက်လာတာကလက်တွေ့ပိုကျတယ်ထင်ပါတယ်ဦးဦးပါရေ..
    သို့သော် ဗြမ္မာကြီး၄ဦးကဆင်းသက်လာတယ်ဆိုတာကကော ဘုရားကိုယ်တိုင်တကယ်ဟောခဲ့တာလား
    သိချင်တယ်။
    ဘုရားဟောတကယ်ဆိုရင်ဖြင့် ဘာနဲ့မှငြင်းပြလို့မရနိုင်ပါ
    🙂

    • ဦးဦးပါလေရာ

      October 12, 2013 at 8:46 pm

      ဗြဟ္မာကြီးတွေက ဆင်းသက်တယ် ဆိုတာကတော့ –
      စကြာဝဠာအနန္တ ထဲက စကြာဝဠာတိုက်တစ်သောင်းစီ
      ( အဲဒီခေတ်တုန်းက ကြယ်စုတစ်ခုမှာ ကြယ်အဖွဲ့အစည်း တစ်သောင်းခန့်ရှိတယ်လို့ မှန်းဆခဲ့ပုံရပါတယ်)
      အဲဒီ စကြာဝဠာတိုက်တစ်သောင်းစီ တပြိုင်နက် ဖြစ် တည် ပျက် ပုံ ကိုဖေါ်ပြတဲ့ ကျမ်းတွေမှာ ပါပါတယ်။
      အဲဒီကျမ်းတွေက ဘုရားအာဘော်နဲ့ မတူပေမယ့်လို့
      ဘုရားဟောနေကျသဘောတရား၊ ဟောပုံမဟောပုံတွေနဲ့ မတူပေမယ့်လို့-
      သမားစဉ်အရ အရင်ရှိနှင့်တဲ့အတိုင်း ပယ်ဖျက် ပြုပြင်ခြင်းမပြုပဲ သံဃာယနာ အဆင့်ဆင့်တင်လာခဲ့ပါတယ်။
      ဒါကြောင့် ဦးပါကတော့ မိမိဘာသာကိုရိုသေသောအားဖြင့် အဲဒါကို တိုက်ရိုက်မပယ်ပဲ
      အခြား ဘုရားဟောစကားကိုသာ ယူ (ယူ) ပါတယ်-
      အဲဒါကတော့ – လောကရဲ့ အစကိုသော်လည်းကောင်း အဆုံးကိုသော်လည်းကောင်း ကောင်းကျိုးမရှိသောကြောင့် ငါဘုရားမဟော
      ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

      ဗုဒ္ဓ ဘာသာမှမဟုတ်-
      ဘယ်ဘာသာမှာမဆို ဒီလိုပဲ သင့်အောင် ယူရတာပေါ့ သမီးရယ်…။

      • ဦးကြောင်ကြီး

        October 14, 2013 at 7:54 am

        ဖင်ပိတ်ငြင်းရရင် အဲဒီစကား ဘုရားမပြောခဲ့လို့ တပ်အပ်မဆိုနိုင်ဘူး… ဘုရားက အစ၊ အဆုံး သည် ကောင်းကျိုး မဖြစ်စေလို့ ငါမဟောဆိုတာ ဦးပါတွေးသလို မတွေးလည်းရတယ်။ ဗြဟ္မာတွေက ဆင်းသက်တယ်ဆိုတာ ဖြစ်စဉ်ကိုပြောတာ.. အစကို မဆိုဘူး။ လူ့လောက အစ အဲသလိုပဲ လည်နေတယ်လို့ ဆိုဟန်ရှိဒယ်။ ဘုရားဖြစ်ဖို့ ဘယ်နှစ်အင်္သချေနဲ့ ကမာ္ဘတသိန်း ဆုပန်ရာ ဘုရားပေါ် မူတည်ကွာသလိုပေါ့ဗျာ…။ လောက ဓမ္မတာဖြစ်စဉ်ကို ညွှန်းတာ..။ ယုံကြည်သူတွေဖက်က လိုက်ပြောတာပါ။ ဟုတ်မဟုတ် ဘယ်လိုလုပ် သိနိုင်မှာလဲ။ သိတယ်ပဲ ထားအုံး ဘယ်လို သက်သေပြမလဲ။ ယုန်လည်း အဲဒီဖြစ်စဉ်ကို သိပ်မစွဲဖို့… မယုန်လဲ ကိုယ်ထင်ရာကို အလွန်အကြူး မဆုပ်ကိုင်မိဖို့ အရေးကြီးပါဒယ်..။ (တော်သကွာ ကြောင်မွေးဒဲ့ ကောင်လေး… ဂဇက်ရွာနဲ့ အတန်ဗူး..)

    • kai

      October 13, 2013 at 5:27 pm

      အဲလို… ဂေါတမဗုဒ္ဓတကယ်မဟောဘူးလို့.. အာမခံတယ်..
      ဘာလို့လည်းဆိုတော့.. ဘုရားမပွင့်ခင်ကတည်းက.. ဟိန္ဒူတွေအဲဒီလိုလက်ခံဟောပြောထားလို့ပဲ..။

      ဆိုတော့…
      မဟောသည်ကို… မဟောသည့်အတိုင်းမှတ်လော့…

  • padonmar

    October 13, 2013 at 6:03 am

    အဲဒီ ဦးပါက စိတ်ပြောင်းရင် ဇာတ်လမ်းကြီး တိုးလို့ တန်းလန်းရပ်ပစ်တတ်တယ် ပိတ်သတ်ကြီး။
    သူ့ဆီက scheduled timer အတိအကျတောင်းထားမှ ဖြစ်မယ်။

  • Crystalline

    October 13, 2013 at 11:26 am

    အန်ကယ်.. လူတွေဘယ်ကစဆိုတဲ့ ကနဦးအစအစစ်အမှန်ကို တခါမှ လေးလေးနက်နက် မလေ့လာမိ.. အဖြေကိုလည်သိပ်မသိချင်ခဲ့သလို သေပြီးဘယ်သွားမယ်ဆိုတာလည်း တခါမှမတွေးထားမိဘူး.. အတွေးခပ်တိမ်တိမ်နဲ့ လက်ရှိလူဖြစ်နေပြီးတဲ့ဘဝကိုပဲ.. ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို မထိခိုက်..မနစ်နာစေဘဲ.. လူပီသပြီး လူဖြစ်ရကျိုးနပ်အောင်နေဖို့ကိုပဲ ကြိုးစားနေဆဲပါ..

    • ဦးဦးပါလေရာ

      October 13, 2013 at 3:38 pm

      -ဒီဘဝ ဒီအချိန်က အရေးအကြီးဆုံး အဖိုးအတန်ဆုံးပါသမီးရယ်-
      -လက်ရှိဘဝကို တတ်နိုင်သမျှကောင်းအောင် ကြိုးစားဖြတ်သန်းသူတွေအတွက် နောက်ဘဝဆိုတာ ထည့်စဉ်းစားစရာ မဟုတ်တော့ပါဘူး..။
      အဲဒါဟာမလေးနက်တာမဟုတ်ပဲ မိမိလက်ရှိဘဝကို အလေးအနက်ထားခြင်း အစစ်အမှန်လို့ပဲ ဦးပါ ယူဆပါတယ်..။

  • ရွှေ ကြည်

    October 13, 2013 at 12:06 pm

    တယောက်တည်းကို အရင်ဖန်ဆင်းပြီး နောက်မှ နံရိုးကိုထုတ်ဖန်ဆင်းပြီးမှ ပွားလာတာဆိုရင် မှောင်နှမတွေ အမျိုးတွေပြန်ယူကြတာပေါ့နော် 😀

    • ဦးဦးပါလေရာ

      October 13, 2013 at 3:53 pm

      သမ္မာကျမ်းစာအတိုင်းမဟုတ်ပဲ
      ဒါဝင်ရဲ့ သီအိုရီအရ လူဆိုတာ လူတူ ပရိုင်းမိတ် တစ်မျိုးက ဆင့်ကဲပြောင်းလဲတာဆိုရင်လဲ
      အစကနဦးမှာတော့ ဦးရေနဲနဲပဲရှိပုံရတယ်။ အဲဒီဦးရေနဲနဲတောင်မှ မွေးသေနှုံးလဲ အလွန်များပြီး သက်တမ်းလဲ အလွန်တိုမယ့်သဘောရှိပါတယ်။
      အဲဒီတော့ လူ့သမိုင်းအစမှာတော့ မိသားစုကြီးတွေကမှ အဆင့်ဆင့် ကွဲပွားပုံရတော့ ၊ အမျိုးချင်း ပြန်ယူခဲ့ကြတာလို့ပဲ ကောက်ချက်ချရတော့မှာပဲ…

      :mrgreen:

Leave a Reply