ဂ = ဂယ်ပြောတာပါ. . .

alinsettOctober 12, 20131min24019

ကဲဗျာ . . . .

ထုံးစံအတိုင်းပေါ့ ။

 

ကျွန်တော် ဖတ်ဖူးတဲ့ ဟာသလေးတစ်ပုဒ်ရယ်

ကျွန်တော် တွေးမိတဲ့အတွေး ရယ်ကို. . . ပြောပြမယ်။

 

ဖတ်ဖူးပြီးသား ဟာသဆိုလည်း

အခု မှ ဖတ်ဖူးသလိုလို နဲ့

ပြန်ဖတ်ပေးဦးဗျာ . . .။

 

***********************************

 

လူတစ်ယောက် ညကြီးအချိန်မတော်မှာ

အိမ်တစ်အိမ်ရဲ့တံခါးကို

ဆွဲဖွင့်ဖို ့လုပ်နေတယ် ။

 

(သူ အရက်မူးနေတယ် ။ )

 

အဲဒီ အချိန်မှာပဲ . . .

ညဘက် ကင်းလှည့်စစ်ဆေးဖို့လာတဲ့ ရဲတွေက တွေ့သွားပြီး မေးမြန်းစစ်ဆေးပါတော့တယ်။

 

” သူများအိမ်ကို ဘာလို ့ဖွင့်

ဝင်ဖို ့ကြိုးစားနေတာလဲ ”

 

” ဒါ ကျွန်တော့်အိမ် ”

 

” ဟုတ်လို ့လား ”

 

” ဂယ် ပြော တာပါဗျ ”

 

(( မူးမူးနဲ့ တကယ်ပြောတာပါ လို့ပြောတာတောင် မပီပဲ ဂယ်ပြောတာ ဖြစ်နေပါလေရော ။ ))

 

ရဲတွေက မယုံပါဘူး ။

 

” ခင်ဗျားရဲ ့အိမ် ဖြစ်ကြောင်း ဘယ်လို သက်သေ ပြမလဲ ” လို ့မေးတော့ . . .

 

မူးနေသူက သိပ် ပြနိုင်တာပေါ့ ဆိုပြီး သက်သေတွေ တစ်ခုပြီးတစ်ခု ထုတ်ပြပါလေရော ။

 

” ဖိနပ်ချွတ်စင်မှာ ချွတ်ထားတဲ့ ဖိနပ်ကို

တွေ ့လား . . .ဟောဒါ ကျွန်တော့်မိန်းမ ဖိနပ် . . . . ဟောဟိုမှာ ချွတ်ထားတာ . . .ကျွန်တော့် ဖိနပ် . . .”

 

အိမ်တံခါးကို ဆွဲဖွင့်ပြီး အိမ်ထဲက ပစ္စည်းတွေ တစ်ခုချင်းင်္စီကို ပြပြီး ဟောဒါ ကျွန်တော် သုံးတာ ဆိုပြီး ပြပြန်ရော။

 

အဲဒီနောက် အိပ်ခန်းတစ်ခန်းရှေ့ ့ရောက်တော့

 

” ဟောဒါ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ အိပ်တဲ့နေရာ . . . ဟော ဟိုမှာ အိပ်နေတာ ကျွန်တော့်မိန်းမ . . .

အဲဒီ ကျွန်တော့်မိန်းမ ဘေးမှာ အိပ်နေတာက ကျွန်တော်လေ ”

 

***********************************

ဟာသလေးကတော့ အဲဒါပါပဲ။

 

မူးနေတဲ့သူက ယုံကြည်ချက်တော့ ခိုင်မာပါတယ် ။

 

သူ မူးမူးနဲ့ သူများအိမ်ကို

သွားဖွင့် ဝင်နေတာကို သူမမှားဘူး

သူ ့အိမ်သူ ဝင်တာလို ့ပဲ နောက်ဆုံးအထိ ယုံကြည်သွားပါတယ် ။

 

ယုံကြည်ချက် ခိုင်မာတာ ကောင်းပါတယ်။

 

ဒါပေမယ့် မူးမူး နဲ့ အိမ်မှားဝင်တာ မမှားဘူးလို ့ယုံကြည်ပြီး သက်သေတွေပြရင်းပြရင်းနဲ့ပဲ သူမှားနေတာပေါ်သွားပါလေရော ။

 

*********************************

 

အဲဒီ ဟာသလေး ဖတ်ပြီးတော့

ကျွန်တော် တွေးမိတယ် ။

 

ကျွန်တော် ယုံကြည် လက်ခံထားတာတွေက

ဘယ်လောက်များ အမှန်တရားနဲ့ နီးစပ်သလဲ ပေါ့။

 

ကိုယ်မှန်တယ် ထင်ရာတွေချည်းပဲ ယုံကြည်ပြီး လုပ်နေလို ့လည်း မဖြစ်သေးဘူး။

 

ကိုယ့်အမှန်တရားက ကိုယ်တိုင် မသိလိုက်ဘဲ မှားနေတာလည်း ဖြစ်နိုင်တာပဲနော် ။

 

ကိုယ်မှန်တယ်ထင်ပေမယ့် အခြေအနေတစ်ခုခုကြောင့် ကိုယ့်အမှန်တရားက မှားနေနိုင်တာပဲ ။

 

 

ကိုယ်က တကယ်ပြောတာပါ လို ့ ယုံကြည်ချက်အပြည့်နဲ့ ပြောနေပေမယ့် နောက်ဆုံးမှာ မဟုတ်တာကြီး ဖြစ်သွားရင် ရှက်စရာကြီး လေ ။

 

ဘာမှ ထူးထူးထွေထွေ မဟုတ်ပေမယ့် . . .

ကိုယ့်ယုံကြည်ချက် / အမှန်တရားက အမှားကြီးမှန်းသိလိုက်ရတဲ့အခါ . . .

ကိုယ့် ရာဇဝင် ရိုင်းတာပေါ့။

 

အခုတော့. . . . .

 

ကျွန်တော့် ကို ကျွန်တော် ပြန်မေးရတော့မယ် ။

 

ကျွန်တော် ဘာတွေကို

တကယ်ပါလို ့ယုံကြည်ထားလဲ

 

ကျွန်တော် ယုံကြည်စွဲမှတ်ထားတာတွေကရော

တကယ့်အမှန်တရားတွေလားးး

 

အမှန်တရားပါ ဆိုရင်လည်း ဘယ်လောက်ထိမှန်တဲ့ အမှန်တရားလဲ . . .

 

အင်းးးးးးးး

 

ပိုစ့်မော်ဒန်ဝါဒီတွေကတော့. . .ယုံကြည်ထားတယ်. . .

 

ဒီလောကမှာ အမှန်တရားဆိုတာ မရှိတော့ဘူး တဲ့ ။

အမှန်တရား(သစ္စာတရား)ဟာ ဒီလောကထဲကနေ

အပြီးအပိုင် ထွက်ခွါသွားပြီ တဲ့ ။

ဒီလောက ထဲမှာ . . . .အမှန်တရားလို့ထင်ရတဲ့ အရိပ်အယောင်တွေပဲ ကျန်ခဲ့တော့တယ် တဲ့ . . . . .

 

စဉ်းစားစရာပဲ ။

 

**********************************

 

လေးစားစွာဖြင့်. . .

 

အလင်းဆက်

 

 

 

 

 

 

 

 

 

 

 

 

 

 

19 comments

  • kyeemite

    October 12, 2013 at 9:36 am

    ဘုရားရှင်ဟောကြားခဲ့တဲ့
    တကယ့် အမှန်တရား(သစ္စာတရား)ကတော့
    လောကကြီးကနေ ဘယ်တော့မှထွက်ခွာမသွားပါဘူး
    လူတွေကြားထဲမှာပဲစိမ့်ဝင်ပျံ့နှံ့ပြီး ရှိနေပါတယ်
    လူတွေက မြင်အောင်မကြည့်ကြလို့ပါ
    အဲလို မြင်အောင်မကြည့်သူတွေသာ လောကကြီးထဲက တဖြုတ်ဖြုတ် ထွက်ခွာသွားနေကြတာပါ
    အင်း..ကျုပ်တို့လည်း ဘယ်နေ့လည်းမသိ 🙄

    • alinsett

      October 12, 2013 at 9:45 am

      ဟုတ်ပါ့ ဦးကြီး ရေ

      အဲသလို ဘယ်နေ့လည်း မသိရတာကိုက
      အဓိပ္ပယ် တစ်ခု ရှိနေသလိုပဲနော်

  • Mr. MarGa

    October 12, 2013 at 10:03 am

    အမှန်တရား ဆိုတာ
    အရိပ်အယောင်နဲ့ မကျန်ခဲ့
    ထုထည်၊ ပုံသဏ္ဍာန် တစ်ခုခုနဲ့ ရှိတယ်
    အမှန်တရား ဆိုတာ
    ပျောက်ကွယ်၊ ပျက်ပြယ် မသွား
    ခေတ္တ မှေးမှိန်သွားတာပဲ ရှိတယ်….
    ငိငိ

    • alinsett

      October 12, 2013 at 10:26 am

      အဲဒလို ယုံကြည်ထားတယ်လား

      ဒါဖြင့်

      သက်သေလေးတော့ပြပါဦး

      ငွဲ ့ငွဲ ့

      :kwi:

  • KZ

    October 12, 2013 at 2:32 pm

    အဟွတ်။
    ခုတလောတော့ ကိုယ်လုပ်တာတွေ ကိုယ်တွေးတာတွေ ကိုယ်ပြောတာတွေက ပဲ အမှန်။
    ကျန်တဲ့သူတွေကို မှားတယ်လို့ ထင်တာပဲ။

    အဟိ။
    တမီး မှားလား မှန်လားဟင်?

    :kwi:

    • alinsett

      October 12, 2013 at 3:28 pm

      မှန်တယ်ပဲထားး
      ဒါမယ့်
      အက်ဒ်ိအမှန်တရားအတွက် သက်သေ လိုဦးမယ်

      :kwi:

  • Ma Ma

    October 12, 2013 at 5:55 pm

    ယုံကြည်ချက် ခိုင်မာတာ ကောင်းပါတယ်။
    ဒါပေမယ့် သက်သေတွေပြရင်းနဲ့ပဲ မှားနေတာပေါ်သွားတယ်ဆိုတာလေး သဘောကျတယ်။

    သူငယ်ချင်းတစ်ယောက်က အမှတ်တရ ရေးပေးဖူးတယ်။

    လောကမှာ မပြောင်းလဲသောအရာတစ်ခုရှိတယ်။
    အဲဒါက ပြောင်းလဲခြင်း တဲ့။

    အဲဒီစာကို ဖတ်ရတဲ့အချိန်တုန်းက ရေးပေးတဲ့သူငယ်ချင်းကို အဲဒါကြီးမကြိုက်ဘူး အသစ်ထပ်ရေးပေးလို့ပြောတော့….. သူဒါပဲရေးတတ်တယ်တဲ့လေ။ 🙁

    • alinsett

      October 12, 2013 at 6:04 pm

      အန်တီမမ သူငယ်ချင်း ရေးပေးတဲ့စကားလေးကို
      ကျနော်လည်း သဘောကျသွားပြီ။

      • Ma Ma

        October 12, 2013 at 10:25 pm

        သူက အမှန်ဆိုရင် ဒါပဲ ရေးပေးချင်တာကို ဒါပဲရေးတတ်တယ်လို့ အကြောင်းပြတာလေ။

  • ရွှေ ကြည်

    October 12, 2013 at 7:06 pm

    တကယ့် အမှန်တရားက လောကကြီးမှာရှိနေတယ်လေ အလက်ဆင်း အခုဇာတ်လမ်းလေးမှာပဲကြည့်
    အမှန်တရားဟာ ရှိနေတယ်။ သူကိုယ်သူမှန်တယ်ထင်နေတာက သူ့အတ္တ။ အဲဒိမှာ အမှားဟာ ပေါ်သွားပြီ။
    အမှန်တရားဟာ အမြဲရှိနေတယ် အတ္တတွေဖုံးနေတာပဲရှိတယ် အလက်ဆင်းရေ

    • alinsett

      October 13, 2013 at 7:28 am

      ဟင်

      မမရွှေ

      ဘွားခနဲ ပေါ်လာတော့ ဝမ်းသာလိုက်တာ။

      မတွေ့တာ ကြာပါပေါ မမရွှေရယ်

      :kwi:

  • padonmar

    October 13, 2013 at 8:08 am

    အလက်ဆင်းရေ
    တမျိုးစဉ်းစားကြည့်တော့ သူများအိမ် မဟုတ်ပဲ
    သူ့အိမ်မှာ သူ့မိန်းမဘေးအိပ်တာသာ အခြားသူဖြစ်နေတာလဲ ဖြစ်နိုင်နေမလားလို့။
    ရှေ့နေမင်းကယ်မှ ထောင်လုံးလုံးကျဆိုသလို
    မိန်းမကို သက်သေပြကာမှ အရှက်ကွဲရတာများလား။
    မတူသောအတွေးနဲ့ မန့်ကြည့်တာပါ။

    • alinsett

      October 13, 2013 at 11:21 am

      အန်တီ တွေးသလို တွေးလိုက်တော့လည်း
      ဟုတ်သား

      🙂

  • မဟာရာဇာ အံစာတုံး

    October 13, 2013 at 9:47 am

    ငါ၏စိတ်တွင်
    ထင်၏မလွဲ၊ လိပ်ခဲတည်းလည်း
    ဟုတ်တည်းဧကန်၊ အားမသန်နှင့်
    မှန်သည်တစေ၊ မရှိချေ။

  • TNA

    October 13, 2013 at 10:22 am

    ကိုယ်မှန်တယ်ထင်တာကိုဈေးကွက်တင်ရောင်းဖို့ခက်နေလို့တဲ့။ အဲလိုလေးကြားဖူးတယ်။ နာတော့နာမှန်တယ် ထင်ရင်စွတ်ညင်းတာပဲ။ နောက်မှမှားတွားတော့လဲ ညီးပြောသလိုဖစ်ဖစ်တွားတယ် ဒညင်းဝက်ရေ။ အဲဒါကြောင့်လဲ အခုတော့မညင်းတော့ပဲ အားလုံးကိုအလိုက်အထိုက်စောင့်ကြည့် တတ်အောင် လေ့ကျင့်နေတယ်အေ။ ပင်တော့ပင်ပန်းသား။ ကိုယ်ကဒါမှန်တယ်ထင်တယ်။ တခြားသူက ဟိုဟာမှန်တယ်ထင်တယ်။ အဖြေပေါ်အောင်အထိမညင်းပဲစောင့်ရတာ မောဘာ့အေ 😥
    သက်ငယ်စကားသက်ကြီးကြားသွားပါတယ်အေ

    • alinsett

      October 13, 2013 at 11:27 am

      အန်တီသဲ ရေ

      ကျွန်တော်လည်း အခုတလော
      သူမှားတာတွေ ကိုယ်မှန်တာတွေ မငြင်းချင်ပဲနဲ့
      ကိုယ့်အယူအဆလေးတွေကို ချပြရုံသက်သက်ပဲ ရေးမိနေတယ်

      ငြင်းရတာလည်း မောတာပါပဲဗျာ

      :kwi:

  • Ko chogyi

    October 14, 2013 at 7:56 am

    အမှန်တရားဆိုတာ သက်သေပြဖိုမလိုအောင်
    မှန်တာကိုပြောတာပါ။

    • alinsett

      October 14, 2013 at 6:16 pm

      အဲဒီ စကားလေး
      ကြိုက်သွားပြီ

Leave a Reply