ကျွန်တော့်ရဲ. ဟမ်းမိတ်..

ဒီတနှစ်တော့ အာလူးသီးလေးတွေ ခွေးလေးတွေ လုပ်ဖို.စဉ်းစားပြီး လုပ်ထည့်လိုက်တယ်..

ကဲ့ ရွာသူားတို.ရေ အားပေးကြပါအုံး….

အရုပ်လိုချင်သူများလဲ အော်ဒါလက်ခံတယ်နောာာာာ….

ရွာထဲရှိ လူပျိုကြီး အပျိုကြီးများအတွက် သီတင်းကျွတ် ယတြာ အထူး ပုံတူ လက်ခံဆောင်ရွက်ပေးနေပါပြီ….. ခိခိခိ

Frame အကြမ်း
Frame အကြမ်း

ဝါးနဲ. မီးကပ်တိပ်နဲ. သုံးပြီး အကြမ်းထိုင်တယ်...

ဝါးနဲ. မီးကပ်တိပ်နဲ. သုံးပြီး အကြမ်းထိုင်တယ်…
ပြီးရင် ပိတ်စနဲ. TV ကော်နဲ. ကပ်
ပြီးရင် ပိတ်စနဲ. TV ကော်နဲ. ကပ်

ကော်ကပ် ဆေးဆွဲ

ကော်ကပ် ဆေးဆွဲ

 

ဆေးဆွဲပြီး မီးထွန်းပြမယ်
ဆေးဆွဲပြီး မီးထွန်းပြမယ်

အဲလို အကြမ်းကနေ လက်စသပ်လိုက်တယ်..

အဲလို အကြမ်းကနေ လက်စသပ်လိုက်တယ်..

 

 

မီးထွန်းလိုက်တော့ ဒီလိုလေး....
မီးထွန်းလိုက်တော့ ဒီလိုလေး….
လှလားဟင်
လှလားဟင်

21 comments

  • Myo Thant

    October 12, 2013 at 11:18 am

    မိုက်တယ်ဗျာ

    ဒါနဲ့ တကယ့်မိန်းကလေးအရွယ်ဆို လက်ခဘယ်လောက်လဲဟင် 🙂

      • Myo Thant

        October 12, 2013 at 12:17 pm

        ၅ ပေ ၄ လက်မဆိုတော့ကာ

        အင်းးး ၈ သောင်းလောက်ပေါ့

        စုလိုက်ဦးမယ် ကိုရွှေတိုက်ရယ် 🙂

  • Crystalline

    October 12, 2013 at 11:27 am

    ပညာရှင်ရယ်.. အရုပ်ရယ်.. အောက်ကပုံရယ်က ချွတ်စွပ်ပဲ :mrgreenn:

  • alinsett

    October 12, 2013 at 11:49 am

    အဲဒီ အရုပ်လေးဒွေ သိပ်ကြိုက်နေတယ်
    သော့ချိတ်ကလေးတွေ
    အကီင်္ျတွေ
    စာရွက်ထည့်တဲ့ဖိုင်အိတ်တွေ တွေ ့သမျှ လိုချင်နေတာ

    ဟော
    အခု မီးပုံးလေးတွေ လိုချင်ပြန်ပြီ

  • Char Too Lan

    October 12, 2013 at 11:49 am

    ဪ… ဒီအရုပ်တွေက ကိုယ်တိုင်ရေးပုံတူတွေပေါ့ ….
    မိုက်စ်ဒယ်… 😛

  • ဦး ကြိမ်

    October 12, 2013 at 1:38 pm

    ခုမှမဟုတ်ဘူး……….ရွေတိုက်စိုးကငယ်ငယ်ကထဲကဆော့တာလေ
    ကြည့်ပါလား…..
    ဖရဲသီးခွံ ကြီးစွပ်ပြီးသူ့အဖိုးမျက်မှန်ကြီးတပ်ထားတာ….။

  • KZ

    October 12, 2013 at 2:01 pm

    အပုလေးက ဒါမိုးတော့ အဖြစ်တော့။
    စိုင်းစိုင်းပုံတူ ရမလားဟမ်??

    😀

  • ရွှေ ကြည်

    October 12, 2013 at 8:51 pm

    ဒင်း ဝင်ချက်စတာ ပုံတူလေး မစ ပါ ကိုရွှေတိုက်ရေ
    လေးစားတယ်ဗျာ မိုက်တယ် တော်တယ် အားကျတယ်

  • padonmar

    October 12, 2013 at 9:13 pm

    လှတယ်ဟေ့။ဆယ်အိမ်ခေါင်းတို့ တော်ချက်။

  • ဦးဦးပါလေရာ

    October 12, 2013 at 10:02 pm

    ဝါသနာဆိုတာ အဲဒါပဲ…

    ဘယ်လောက်ပဲ အားချိန်မရှိရင်တောင် ကိုယ်လုပ်ချင်တာလေးတော့ လုပ်ရမှ..

  • Ma Ma

    October 12, 2013 at 10:15 pm

    မီးပုံးလေးတွေ လှတယ်။
    အဗာတာကပုံကို လုပ်ရင်လည်း လှမှာ။ 😀

  • TNA

    October 13, 2013 at 10:10 am

    လှလိုက်တာ ဒါမျိုးတွေလဲရတယ်လား ကတိုက်ရေ။ တော်လိုက်တာ လက်ရာမြောက်ပါဘိ။ အဲဒါမီးလုံးထည့်ထွန်းရတာလား။

  • မဟာရာဇာ အံစာတုံး

    October 13, 2013 at 10:17 am

    နင့်ဟာဂျီးက လှလည်း လှဗူးးး
    နာဒေါ့ ကြိုက်ဗူးးး

    လှဒယ်လို့ ပြောစေချင်ယင် …
    ကြိုက်တယ်လို့ ပြောစေချင်ယင် ….
    နင့် ဒေါ်တာလေး နာ့ကို ပေးးးး
    ကဲ …. ဘိုလဲ …
    :mrgreen:

  • ကျော်စွာခေါင်

    October 13, 2013 at 11:13 pm

    ညီလေး ရွှေတိုက်စိုးရေ
    စိတ်ကူးလေးလည်းကောင်းတယ်..
    လုပ်ထားတာလေးလဲ ကောင်းတယ်..
    အကို တခါတခါ ဂျပန်က လူငယ်တွေကို ကြည့်ရင်းတွေးမိတယ်..
    ကိုယ်တွေရဲ ့တိုင်းပြည်မှာများ သူတို ့ဆီမှာလို အထောက်အကူပြု ပစ္စည်းတွေ လွယ်လွယ်ကူကူ ဝယ်ယူလို ့ရမယ်ဆိုရင်
    မြန်မာလူငယ်တွေ အတွက် အရမ်းကောင်းမှာဘဲလို ့..။
    စိတ်ကူးပေါ်သမျှကို ပစ္စည်းက ထောက်ကူပေးတဲ့အခါ ဆန်းသစ်တီထွင်မှုတွေ ပိုတိုးတက်တယ်လေ..
    ပုံလေးက လှတယ်..။ နောက်လည်း ထပ်ပြီး ပုံလေးတွေ ထွင်ပါဦး…။
    အားပေးတယ်..။

    • ရွှေတိုက်စိုး

      October 14, 2013 at 9:26 am

      ဟုတ်တယ်အကိုရေ မှန်ပ..
      အဲလို အထောက်အကူပြုပစ္စည်းအပြင် လုပ်ပိုင်ခွင့်နဲ. လူကြီးမိဘတွေရဲ.အားပေးမှု တစ်ခုလဲ လိုသေးသဗျ..
      ဘာလို.လဲ ဆိုတော့ အခုလူကြီးတွေအားလုံး ကလေးတွေကို ဖြစ်ပမလားဆိုပြီး တမျိုး.. ဘာမှအကျိုးမထူးဘူး.. လုပ်မနေပါနဲ. ဆိုတာမျိုးက တဖုံ… အလုံးစုံ ပိတ်ထားလိုက်ကြတာ… အကုန်ဘာမှလုပ်ချင်စိတ်မရှိအောင်ကို ပိတ်သွားရောဗျာ………….
      နောက်ပိုင်းလူငယ်တွေ အားလုံးရဲ.စိတ်ထဲမှာ ဘာမှလုပ်ချင်စိတ်မရှိဘဲနဲ. ငါလုပ်လဲ မထူးပါဘူးကွာဆိုပြီး နောက်လိုက် တွေဖြစ်ကုန်ရော……….. ကဲ……တော်သေးပြီအစ်ကိုရေ.. ဒီထက်ဆက်ပြောရင်… ဟွင်းဟွင်းဟွင်း..

      အခုလိုအားပေးတာ ကျေးဇူးဗျို. တစ်နှစ်တခေါက်တော့ ဒီထက်ကောင်းတာတွေ လုပ်ဖြစ်နေအုံးမှာပါဗျာ

  • kyeemite

    October 14, 2013 at 10:35 am

    ရွှေတိုက်ရေ…အိမ်ကိုလာမယ်လာမယ်နဲ့
    မလာဖြစ်ဘူးကွာ..ဆောဒီးပါနော
    နင့် မီးပုံးလေးတွေလှတယ်ဟေ့
    အဲဒါ အိမ်မှာထွန်းဖို့သက်သက်လား
    တူများမှာလို့ လုပ်ပေးတာလား 🙂

Leave a Reply