Mozilla Firefox ရဲ့ speed ကို ၂ ဆတင်ရအောင်

notsyntheticsMarch 2, 20102min982

အားလုံးရဲ့ မီးမြေခွေးတွေကို အမြန်နှုန်း(၂ )ဆ
တင်ပြီးပြေးခိုင်းဖို့အတွက် အောက်ပါ နည်းလမ်းလေးတွေ နဲ့ စလိုက်ကြရအောင်။

၁) Address Bar ထဲမှာ about:config ကိုရိုက်ထည့်ပါ။ Enter ခေါက်ပါ။

၂) filter search bar ထဲမှာ network.http.pipelining
ကိုရိုက်ထည့်ပြီးရှာပါ။ Value Field မှာ Double Click ခေါက်ပြီး true
အဖြစ်ပြောင်းလဲတပ်ဆင်ပါ။

၃) Filter search bar ကိုပြန်သွားပါ။ network.http.pipelining.maxrequests
ကို ထပ်ရှာပါ။ ဒီ Option ပေါ်မှာ Double click ပေးပါ။ တန်ဖိုးကို 8 –
ပြောင်းပါ။

၄)network.http.proxy.pipelining အားထပ်ရှာပါ။ Double Click ပေးပါ။
တန်ဖိုးကို true ပြောင်းပါ။

၅)Filter Search Bar ထဲမှာ network.dns.disableIPv6 ကိုရှာဖွေပြီး Double
Click ပေးခြင်းဖြင့် value ကို true အဖြစ်ပြောင်းပါ။

၆)CONTENT INTERRUPT PARSING
ဒီနည်းလမ်းကတော့ မီးမြေခွေးကို အသုံးပြုနေရင်းနဲ့ Application
တစ်ခုခုကြောင့် Page Loading ရုတ်တစ်ရက်ရပ်တန့် ခြင်းကို တုန့်ပြန်မှုမှ
ထိန်းချုပ်ရန်ဖြစ်ပါတယ်။
about:config window ရဲ့ မည်သည့်နေရာမဆို Right Click (Apple user များ –
Ctrl+Click) ပေးပါ။ New မှတစ်ဆင့် Boolean ကို ရွေးပါ။
ပြီးပါက New boolean value pop-up window ထဲမှာ content.interrupt.parsing
ကိုတည့်ပါ။ Ok ပေးပါ။ New Boolean အတွက် Value ကို True ကိုရွေးပါ။ Ok
ပေးပါ။

၇) Page Loading လုပ်နေစဉ်အတွင်း ကြန့်ကြာမှုဖြစ်စေသည့် Rendering
လုပ်ခြင်းအား အချိန်အကန့်အသတ်မရှိ တုံ့ပြန်မှု မဖြစ်စေရန်အတွက်
အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါတယ်။
about:config window အတွင်းမှာပဲ Right Click ထပ်ပေးပါ။ pop-up menu
မှတဆင့် New ကိုရွေးပါ ၊ ထိုမှတဆင့် Integer ကိုရွေးပါ။
New Integer Pop up menu အတွင်း
content.max.tokenizing.timeကိုရိုက်ထည့်ပါ။ Ok ပေးပါ။ Value ကို 2250000
ထည့်ပါ။ Ok လုပ်ပါ။

၈)CONTENT NOTIFY INTERVAL
ဒါကတော့ စာမျက်နှာ တစ်ခုနှင့်တစ်ခု အကူး စောင့်ဆိုင်းချိန်
အနည်းဆုံးဖြစ်စေဖို့ အသုံးပြုပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New
ကိုရွေးပါ။ Integer ကိုရွေး Ok ပေးပါ။
content.notify.interval ကိုရိုက်ထည့်ပါ။ Ok ပေးပါ။Value ကို 750000
<ပေးပါ။ Ok လုပ်ပါ။ ၉)CONTENT NOTIFY ONTIMER
မိမိအသုံးပြုပြီးသား စာမျက်နှာတစ်ခုကို ပြန်ခေါ်ရာမှာ
စောင့်ဆိုင်းချိန်နည်းပြီး ပိုမိုသွက်လက်စွာအလုပ်လုပ်စေဖို့ ဖြစ်ပါတယ်။

about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New
ကိုရွေးပါ။ Boolean ကိုရွေး Ok ပေးပါ။
content.notify.ontimer ကိုရိုက်ထည့်ပါ။ Ok ပေးပါ။ Value ကို true ရွေးပြီး
Ok ပေးပါ။

၁၀)NOTIFY BACKOFFCOUNT
timer-based reflows တွေကို အမြင့်ဆုံး နံပါတ်အထိ ထိန်းချုပ်ရန်အတွက်
ဒီနည်းလမ်းကို သုံးပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New
ကိုရွေးပါ။ Integer ကိုရွေး Ok ပေးပါ။
content.notify.backoffcount ကိုရိုက်ပြီး Ok ပေးပါ။ Value ကို 5 ပေးပြီး
Ok လုပ်ပါ။
၁၁)CONTENT SWITCH THRESHOLD
ဒါကတော့ ဝဘ်စာမျက်နှာတစ်ခုကနေ ဒေတာတွေကို အလွဲအပြောင်းလုပ်ရန်အတွက်
ကြာမြင့်ချိန်ကို အနည်းဆုံးဖြစ် အောင်လျော့ချထားတာဖြစ်ပါတယ်။
about:configwindow ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New
ကိုရွေးပါ။ Integer ကိုရွေး Ok ပေးပါ။

content.switch.threshold ကိုရိုက်ထည့်ပါ။ Ok လုပ်ပါ။Value ကို 750000
ထည့်ပြီး Ok လုပ်ပါ။

၁၂)NGLAYOUT INITIALPAINT DELAY
မီးမြေခွေးနဲ့ ဝဘ်စာမျက်နှာတွေဖွင့်တိုင်းမှာ မိမိလိုအပ်တဲ့
စာမျက်နှာမရောက်မှီ အမှန်တစ်ကယ်မလိုအပ်တဲ့ဒေတာတွေ အများအပြားကိုပါ
မီးမြေခွေးက ဒေါင်းလုဒ်ချလေ့ရှိပါတယ်။အဲဒီအတွက်စောင့်ဆိုင်းချိန်
အနည်းဆုံးဖြစ်အောင် အောက်ပါအတိုင်းလုပ်ဆောင်ထားနိုင်ပါတယ်။
about:config window ရဲ့ မည်သည့်နေရာမှာမဆို Right Click ပေးပါ။ New
ကိုရွေးပါ။ Integer ကိုရွေး Ok ပေးပါ။

nglayout.initialpaint.delay ကိုရိုက်ထည့်ပြီး Ok လုပ်ပါ။ Value ကို 0
ထားပါ။ Ok ပေးပါ။

အထက်ပါနည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် မီးမြေခွေး(၂ ) ဆမက
မြန်သွားတာကတော့ ကိုယ်တွေ့ပါပဲ။ စိတ်ပါဝင်စားသူ မည်သူမဆို
အထက်ပါနည်းလမ်းများအတိုင်းစမ်းသပ်ကြည့်နိုင်ပါတယ်..

မျှေ0ပေးလိုက်ပါတယ် ဗဟုသုတ တိုးပွားပါစေ

source:http://mpeimoscow.ning.com/

2 comments

  • bigcat

    May 30, 2010 at 4:49 pm

    No. 10 does not work. I entered content.notify.backoffcount and hit Ok but Value box did not come down. Anyway, thank you for sharing. Best wishes.

  • မန်း ရိပ်

    August 23, 2010 at 1:41 pm

    စမ်းကြည့်လိုက်မယ်
    အခုစမ်းမယ်ဗျာ

Leave a Reply