တစ်ခါတစ်ရံ လူတစ်ယောက်ကို သတိရတယ်ဆိုသော စိတ်ကလေးက အတော်လေးကို ပင်ပန်းစေသောအရာလေးပါ

အတူနေလာတာကြာတော့သံယောဇဉ်တွေဖြစ်တည်လာတယ် ခိုင်မာလာတော့လဲ တစ်ယောက်ကိုတစ်ယောက်မေ့မရအောင်ဖြစ်တည်နေတာပေါ့

အနေဝေးကွာလာတာနဲ့အမျှ လွမ်းသည်ဆိုသော ဒဏ်ရာလေးတွေ ကိန်းအောင်နေပါပြီ အချစ်နဲ့စ မေတ္တာအလယ် အလွမ်းနဲ့ မဆုံးပါရစေသား

နွေဦးလေပြေ

ရွှက်ကြွေသည့်သဘော

မျက်ရည်မိုးဆွေ

ပြိုကျလုလု

ကြင်သူဘယ်အဝေး

မျှော်ငေးလို့လွမ်း

တမ်းတမိသူ

ချစ်သူမောင်သည်

တစ်ယောက်ဘဲချစ်

သံယောဇဉ်၏

မြစ်ဖျားခံရာ

ခံစားစိတ်လေး

အနေဝေးလဲ

မင်းရဲ့ရင်မှာ

အစဉ်သာ

လင်းမယ့် လမင်းပမာ…………..

                                             ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..