:) ဂဇက်အတွက်ဝါကျွတ်ဆုတောင်းအကြို :)

🙂 ဂဇက်အတွက်ဝါကျွတ်ဆုတောင်းအကြို 🙂

 

ဘဝအဖြာဖြာ ကံကြမ္မာရဟတ်

မပြတ်အစဉ်သာ

လည်ကာလှည့်ပြောင်း

အိုဟောင်းသွားလည်း

ထပ်လောင်းအခါခါ

အားဖြည့်လာအသစ်

အစဉ်သင့်သရွေ့

အွန်လိုင်းကမ္ဘာမှာ

မြဲစေသာဖို့

ဆုတောင်းအချိန်အခါ

ဂဇက်ရွာအတွက်

ဝါကျွတ်ကာလပွဲတော်မှာ……

 

:-DD :-DD :-DD :-DD :-DD :-DD :-DD :-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD:-DD

 

Thaidakyut

 

 

27 comments

  • ရွှေ ကြည်

    October 12, 2013 at 8:42 pm

    မနန်း ဖန်တီးမှုလေးက တကယ်ကိုအသက်ဝင်လိုက်တာ ကြည် မြန်မာပြည်ကိုအရမ်းလွမ်းသွားပြီ
    သီတင်းကျွတ်မှာ မိရွှေကြည်ကလည်း ရွာသူားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေ လို့

  • Ma Ma

    October 12, 2013 at 9:13 pm

    သီတင်းကျွတ်လက်ဆောင် မီးပုံးလေးတွေ လာယူသွားတယ်။
    ရွာသူားတွေကို ချိန်ခါမီ သတိတရ တင်ပေးလို့ ဝမ်းသာပါတယ်။
    ဒါ့ထက် ပင်လယ်ကမ်းခြေရောက်နေတာဆိုတော့ သတိလည်း ထားအုံးနော်။

  • alinsett

    October 13, 2013 at 7:32 am

    စာသားလေးရော
    ပုံရိပ်လေးရော
    အိုက်ဒီယာလေးရော လှတယ်ဗျာ

    good

    ========

    • ရွှေကြည်။မမ။ဦးဦးပါနဲ့အလက်ဆင်းရေ လက်ဆောင်လေးက တရွာလုံးအတွက်ပါ ကူးယူထားလည်းရပါအိ
      😀
      မမရေ မနေ့ကတင် ပင်လယ်ရောက်သေးအိ
      :mrgreen:

  • padonmar

    October 13, 2013 at 7:55 am

    ကျေးကျေးပါ။
    ဒီနှစ်သီတင်းကျွတ်မှာ မြန်မာတပြည်လုံး စည်ကားပျော်ရွှင်နိုင်ပါစေ။

  • မဟာရာဇာ အံစာတုံး

    October 13, 2013 at 9:53 am

    ကျွတ် ဆို ကျွတ်
    သီတင်းကျွတ် …
    အဟွတ် .. အဟွတ် …
    အဖိုးလည်း ချောင်းတွေ ဆိုးနေဘီကွယ် …

  • TNA

    October 13, 2013 at 10:33 am

    လှပတဲ့အနုပညာဖတ်တီးမှု့လေးပါ။ ကျေးကျေးပါ။ နန်းတော်ရာသူလဲ ထပ်တူထပ်မျှပျော်ရွှင်နိုင်ပါစေ

  • surmi

    October 13, 2013 at 3:22 pm

    တချို့လည်​း ဒီဝါကျွတ်​ကို​မျှော်​ရတာ​မော​နေ​ရော့မယ်​..
    ဘာတဲ့ ..
    ဆယ်​သက်​ဆယ်​ကမ္ဘာထင်​တယ်​ခင်​ ဆိုလား 🙂

  • KZ

    October 13, 2013 at 6:11 pm

    ဆုတောင်းပေးတဲ့ညလေးလည်း လိုချင်တဲ့ ဆု အကုန်ပြည့်ပါစေ။
    ဝါနဲ့ အတူ ကျွတ်သင့်ကျွတ်ထိုက်သူများ အကုန်ကျွတ်ကြပါစေ။

    😀

    • သူများတွေဖို့ချည်း ဆုတောင်းပေးသွားသောမမကြီးလည်း
      ဝါကျွတ်မှာ စိုင်းလေးနဲ့အိုကေပါဇေ
      😀

  • koyinmaung

    October 13, 2013 at 8:10 pm

    ကဲကဲ ..သီတင်းကျွတ်တော့မယ်ဆိုတော့ ရွာထဲမယ်
    ကိုယ်ထက်အသက်အရွယ်ကြီးသောသူများ အသက်ငယ်ရွယ်သူများပါမကျန်
    ပြောမှားဆိုမှားရှိခဲ့ကြယင်ခွင့်လွတ်ကြပါလို့တောင်းပန်ပါတယ်ဗျာ…
    ကျနော့အပါ်ပြောမှားဆိုမှားရှိခဲ့ကြယင်လဲခွင့်လွတ်ပါတယ်လို့နော်…………..

    • me2 ပါကိုရင်မောင်ရေ့
      တလက်စတည်း ရွာကလူကြီးတွေကိုပါ ဝါကျွတ်ကန်တော့ခဲ့ပါအိ။ _/\_
      နောက်နေ့တွေလိုင်းကမသေချာလို့ပါ
      😀

  • ဦးကြောင်ကြီး

    October 14, 2013 at 8:29 am

    ဆုတောင်းအကြို
    ထုထောင်းမှို
    မုယောင်းအပျို
    ဥကောင်းချို
    ယုဖောင်းနဂို
    နုလောင်းဗိုလ်
    သူ့ကြောင်းငတို
    ညုစောင်းဆို..

  • Mahar Myanmar

    October 14, 2013 at 9:00 am

    ဝါ ကျွတ် ..သီတင်း ကျွတ် ဤ အခါ သမယ မှာ..
    ဂဇက်ရွာ ..ဂေါ်မစွံ လူပျိုကီး အပျိုကီး များ..
    မိမိ တို့ ဂုဏ် ရည် ဆက် ထိန်း နိုင်စေ သော်ဝ်..

    မဟာ

  • Mr. MarGa

    October 14, 2013 at 9:27 am

    ရွာက လူကြီးတွေ ဆိုတော့
    ဒီ လူ အကြီးကြီးရော ပါလား ဟင်… :mrgreen:
    ကဗျာကို စားသုံး
    ပြီး
    ဂေါ်မစွံများ ကျွတ်စေသော်ဝ် ဟု
    သုံးခါတိတိ အော်သွားပါကြောင်း

  • kyeemite

    October 14, 2013 at 4:02 pm

    ဝါလကင်းလွတ် သီတင်း ကျွတ်အတွက်
    ရွာအတွက်လက်ဆောင် မီးပုံးဆောင်၍
    လာကြိုနှုတ်ဆက် ထိုသည်အတွက်
    ကြီးမိုက်ဆိုချင်တာ မင်္ဂလာပါ။ :mrgreen:

Leave a Reply