မြစ်၏မာယာ လှည့်ဖျားသည့်သဘော

ကွေ့ကောက်ဆန်တက် လှည့်ဖျားမှုပေါ်

သာယာသည့်စိတ် အေးချမ်းမှုသည်

ခဏတာသဘော သက်ရောက်သော်လည်း

သူ၏မာယာ တုနှိုင်းမမှီ

ပင်ကိုစိတ်က နက်လှသည်……..

မာယာတစ်သိန်း မိန်းမလှကြွယ်

အမုန်းသခင် တိုးချင်ပါလည်း

အချစ်လှည့်ဖျား မှော်ကစားလင့်

ငါတို့အသည်း ကျောက်သားသို့သွင်

မင်းဖန်ဆင်းသမျှ ယိုင်မသွားဘူး

သိစေချင်သည်

မာယာသဘော မေတ္တနှောလည်း

အချစ်စစ်မည် အေးချမ်းသည့်သွင်

အမုန်းကိုပယ် အကြင်နာပြု

ရင်မှာထုစစ်

ငါတို့လက်သည် ပန်းပျိုးသည်သို့ …………

                                    ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..