အမှောင်ကြားထဲက အလင်းစက်လေးတစ်ပွင့်

ကာရံOctober 13, 20131min770

မေတ္တာလက်နက် လွန်ထက်မြက်သည်

ဒေါသမောဟ မာနတွေကြား

ကြီးပြင်းကြတဲ့ လူသားတွေဘဝ

လွန်သွားပမာ နက်ရှိုင်းသည့်စိတ်

မအေးချမ်းသေး ကဲ အမုန်းလက်နက် ဖန်ဆင်းရှင်သို့…………

ပန်းဆိုသည်မှာ နူးညံ့သည့်ဟန်

မွှေးပျံ့သည့်ရနံ့ သူ့မှာပိုင်လည်း

အကြင်နာကင်းတဲ့ မင်းလက်တစ်စုံကြောင့်

အညွန့်လည်းကျိုး ပန်းလည်းငြိုးခဲ့

ဘယ်ပုံဘယ်နည်း ကြီးပြင်းတော့မည်

ပြောစမ်းပါလှဲ့ ဖန်ဆင်းရှင်သို့ ……………..

ကလေးငယ်ဘဝ အတုယူမှား

နီးပတ်ဝန်းကျင် သွေးစက်တွေကြောင့်

ကြောက်အားရယ်ပို အဖော်မျက်ရည်

အိုဘယ်လူသား သင်ဘယ်သွားမည်

ဖယောင်းဆိုသည် ပူနေတုန်းသာ

ပုံလောင်းသင့်သည် အခုတော့ဘဝ

သင့်ကြောင့်ပြောင်းလဲ အမုန်းတစ်မိုးအောက်

သူတို့ရောက်ခဲ့လေသလား ဖန်ဆင်းရှင်များ …………….

အပြုံးခွန်အား ပေးသနားလှည့်ပါ

အိုလောကကြီး မုန်းမိုးတွေအစား

မေတ္တာမိုးစွေ အသံပေးပြီး

အားငယ်နေသော လူလားမမြောက်

ကလေးသူငယ်အောက် ရွှာဖြိုးခဲ့ရင်

အနာဂါတ်လောက အမှောင်ကြားဝယ်

အလင်းစက်တစ်ပွင့် ထွန်းလင်းတော့မယ်

သင်သိပါလှည့် ဖန်ဆင်းရှင်ရယ်………..

                                                     ပိတောက်မိုး