မမ ကွပ်ကဲသော Lay Z (အဲ) KZ’s ထမင်းဆိုင်

ဇီဇီOctober 14, 20131min32742

 

မမရေ မမရေ အိမ်မှာကောင်းကောင်းနေ!!!
အဟိ ဘာမှဟုတ်ဘူးးးး ဘယ် တစ်ပတ်လောက် လာပြီး စားဖိုမှူးလုပ်ပေးနိုင်မတုန်းလို့ မေးကြည့်မို့။

ကေဇီရေ စားဖို့သာ ရတာ။ ဟင်းစပ်က စဉ်းစားရဦးမှာ ကျန်တဲ့သူတွေ မေးကြည့်ဦး။။။။။
ဘယ်နေမတုန်း ချစ်မရဲ့ မေးပြီးပြီ။ ပေးမယ်တဲ့။ အဲဒါ မမ ပဲကျန်တယ်။ စဉ်းစားပေးပါဦးနော်။

စားချင်တာတွေချရေးမယ်ဆိုတော့ ဟင်းစပ်တွေက ထွက်လာတယ်။
အပျင်းနည်းနဲ့ စပ်ထားတယ်လို့တော့ မပြောနဲ့နော်။
ကိုယ်တိုင်သာချက်ရရင်ဆိုတဲ့ အတွေးကလည်း ပါနေတော့။ 😛

ဒီလိုနဲ့ ချစ်မရဲ့ လေးဇီးကွတ်နဲ့ ဒီ တစ်ပတ် ထမင်းဆိုင် ပြန်စရပြန်ပါပြီ။

နောက်တစ်ပတ်ကတော့ အီးဇီးကွတ် စားဖိုမှူးတစ်ယောက်ပါ။

~~~~~~~~~~~~~~~~~~

တနင်္လာ
အသားဟင်းအနေနဲ့ ဝက်သားလုံးကြော် မယ်။
ဝက်သားလုံးကြော်ဖို့အတွက် ဝက်သားကို နုတ်နုတ်စင်းထားရတယ်။ ကြက်သွန်နီကို အခွံခွာပြီး လေးထောင့်တုံး၊ ကြက်သွန်ဖြူဓားပြားရိုက်ထားတာတွေထည့်၊ ဆား၊ ငြုပ်ကောင်းမှုန့်၊ ကြက်ဥနဲ့ ကော်မှုန့်တို့ကို ဝက်သားစင်းကောထဲ ထည့်နယ်ပြီး လောက်စာလုံးလောက် အလုံးလေးတွေလုပ်ပြီး ကြော်ပါ။
သောက်စမ်းလေးကတော့ ကန်စွန်းရွက်ချဉ်ရည်ဟင်း ပေ့ါ။
နောက်ထပ် မြင်းခွာရွက်လေး သုတ် လိုက်ရင် အဆင်ပြေလောက်ပြီ။

~~~~~~~~~~~~~~~~~~~

အင်္ဂ ါ
ငါးကြင်းကြော်ပြီး ပဲငပိ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့နဲ့ အငံချက် ချက်မယ်။
ငါးကြင်းကို အတုံးလိုက် ဆီများများမှာ ကြွပ်နေအောင် ကြော်ထားလိုက်တယ်။
ငါးကြော်ဆီနည်းနည်းမှာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာကို နဲနဲနွမ်းတဲ့အထိ ဆီသတ်မယ်။ လှီးထားတဲ့ ဂျင်းအချောင်းလေးတွေ ထည့်တယ်။
 ပြီးရင် ပဲငပိနဲ့ တရုတ်ပဲငံပြာရည်အကြည်ကို လောင်းထည့်၊ ခဏနေလို့ ဆူလာရင်  မီးပိတ်ပြီး ငါးကြော်ပေါ်ကို လောင်းထည့်တယ်။
 မှိုခြောက် ပဲခြောက်ဟင်းချို ကို အသား (ဝက်/ကြက်) ကို ကော်မှုန့်နဲ့နယ်ပြီး ထည့်မယ်။
ကြိုက်တတ်ရင် အိုးချခါနီးမှာ မြူစွမ်ထည့်အုပ်လို့ ရသေးတယ်။
အချဉ်မပါဘူးထင်ရင် မုန်ညှင်းချဉ် လေးထည့်ပေးလိုက်မယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဗုဒ္ဓဟူး
ဒီနေ့တော့ ကြက်သား ဂျင်းကြော်ရယ် ကျောက်ဖရုံသီးဟင်းခါးရယ် အတွဲလေးပေ့ါ။
ပထမဦးဆုံး ကြက်သားကို ရေဆေးခုတ်ထစ်ပြီး ဆား၊ ဆနွင်းနယ်ထားပါ။
ဂျင်းကို အချောင်းလေးတွေ လှီးထားပါ။
ဒယ်အိုးထဲကို ဆီထည့်တည်ပြီး ပူလာရင် လှီးထားတဲ့ ဂျင်းကိုထည့်ကြော်ပါ။
ဂျင်းကြွပ်ရင် ဆယ်ထားပြီး အဲဒီဆီပူအိုးထဲကို ကြက်သားထည့်ကြော်ပါ။
ကြက်သားကျက်လို့ အိုးချခါနီးရင် ကြော်ထားတဲ့ ဂျင်းကိုထည့်မွှေပါ။
ကြွပ်တာကြိုက်ရင်တော့ ဟင်းပန်ကန်ပြင်တော့မှ ဂျင်းကို အပေါ်ကဖြူးထည့်ပါ။
Three in One ဟင်းချက်နည်းကို ဖြန့်ဖြူးရမယ်ဆိုရင်ဖြင့်-
တစ်ယောက်တည်း သမားတွေအတွက် တခါတည်း များများချက်ထားပြီး နောက်တနေ့မှာ ပိုနေတဲ့ကြက်ဂျင်းကြော်ကို ရေနွေးဆူဆူထဲထည့်တည်ပြီး မြူစွမ်များများလေး ခပ်လိုက်ရင်
ခေါက်ဆွဲပြုတ်လို ထမင်းအစား စားနိုင်ပါတယ်။
ကြိုက်တတ်ရင် တရုတ်နံနံခပ်ပြီးစားလို့လည်း ရပါတယ်။
ထမင်းဟင်းနဲ့ စားချင်ရင်တော့ အဲဒီပြုတ်ထားတဲ့အရည်ထဲကို မြူစွမ်နည်းနည်းပဲခပ်ပြီး ဟင်းရည်လို အရည်သောက်လည်း လုပ်စားနိုင်ပါတယ်။

မြူစွမ်အစား ခေါက်ဆွဲ၊ ကြာဇံတွေနဲ့လည်း ချက်စားနိုင်ပါတယ်။
အရွက်တွက် ပုစွန်ခြောက်နဲ့ ခရမ်းသီးနှပ် မယ်။

 ~~~~~~~~~~~~~~~~~~~~~~~~~~~

ကြာသပတေး
ငါးခြောက်ကြော်ငြာဝင်လိုက်အုံးမယ်။
ငါးကျီးကျတ်ကို ကြက်သွန်အဖြူအနီများများနဲ့ ကြော်နှပ်လို အစပ်ချက်မယ်။
ရာသီစာ ကြာရိုးဟင်းချိုနဲ့ ဆိုရင် လုံလောက်ပြီ။
ပိုပြီး စားကောင်းအောင် သံပုရာသီ:စိတ်ကလေးတွေကို ငါးပိရည် နဲ့တို့မယ်။

~~~~~~~~~~~~~~~~~~~~~~~~~ 

သောကြာ
ဒီနေ့တော့ သတ်သတ်လွတ် စီစဉ်ထားတယ်။
သီးစုံတန်ပူရာကြော် အတွက် ဘူးသီး ခရမ်းသီး ဂေါ်ရခါးသီး ကန်စွန်းရွက် ကြက်သွန်နီအကွင်းလိုက်လှီးထားတာတွေကို ယိုးဒယားမယ်အကြော်မှုန့်နဲ့ တစ်ခုချင်းစီ ကြော်မယ်။
ပဲပြားနဲ့သခွားသီး အချိုချက် မယ်။
ပဲပြား ကို ၄စိပ် စိပ်ရပါမယ်။
သခွားသီး အလုံးကြီး ၁ လုံးကို အခွံခွာ၊ ထက်ခြမ်းခြမ်းပြီး မထူမပါး အကွင်းလေးတွေ လှီးထားပါ။
အိုးထဲ ထည့်တဲ့အခါ ပဲပြားကို အရင်ထည့်၊ အပေါ်က သခွားသီး လှီးထားတာကိုထည့်။ ပြီးရင် ကြက်သွန်နီ ဥကြီး ၃-၄ လုံးလောက်ကို ကြမ်းကြမ်း လှီးထည့်ပါ။
အိုးထဲကို ကြာညို့ရည် နဲနဲ၊ ဆား၊ အချိုမှုန့် သင့်ရုံထည့်ပါ။ ပြီးရင် ဆီများများထည့် အိုးကို အဖုံးပိတ်ပြီး မီး မနည်းမများနဲ့ တည်ရပါတယ်။
မီးများလွန်းရင် ခဏလေးနဲ့ ရေခမ်းသွားလို့ မနူးမနပ် ဖြစ်တတ်ပါတယ်။ အိုးကို မဖွင့်ပဲ မကြာခဏ လှုပ်ပေးပါ။
ရေခန်းသံကြားရင်တော့ ဖွင့်ကြည့်ပြီး ၁” အရွယ်လောက် ဖြတ်ပြီးထားတဲ့ တရုတ်နံနံပင်ကို ထည့်မွှေပါ၊
ငြုပ်သီးဆားထောင်းနဲ့ ချဉ်ဖတ်စုံ တို့မယ်။

~~~~~~~~~~~~~~~~~~~~~~~ 

စနေ
အလုပ်သွားတဲ့သူသွား၊ နားတဲ့သူ နားတဲ့ရက်မို့ ခပ်ပါးပါးလေးချက်ထားတယ်။
ငါးကလေးအိုးကပ် နဲ့ ပုန်းရည်ကြီးသုတ် မယ်။
ဘူးသီးဟင်းခါးလေး နဲ့ဆို မြိန်လောက်ပါရဲ့။

~~~~~~~~~~~~~~~~~~

တနင်္ဂနွေ
တစ်ပတ်မှတစ်ရက် အပီဆွဲတဲ့ရက်မို့ မိုးတွင်းလည်းဖြစ်တာကြောင့်…..
အုန်းထမင်း ချက်မယ်။
ကြက်သားကို ဆီကျန်ရေကျန်ချက်ပြီး ရုံးပတီသီး အုပ် မယ်။
ငါးဖယ်ကြော် ကြော်မယ်။
ရှောက်သီးသုတ် မယ်။
ငြုပ်သီးဆီကြော်ကို ငံပြာရည်ထည် ့စား မယ်။

အားလုံးပဲ ရောင်းကောင်းစားမြိန် ဝိတ်တက်စေ သတည်းးးးးးးးးးးး :mrgreen:

~~~~~~~~~~~~~~~~~~~~~~~

ခွိ။
ကဲကြည့်! ဘယ်လောက် လေးဇီးတယ်ပြောပြော စေတနာနဲ့ချက်တဲ့ စားဖိုမှူးမို့ နေ့တိုင်းလာအားပေးရင်လည်း စိတ်အဆိုးဘူးနော်။
နောက်တစ်ပတ်က အီးဇီးကွတ် ဝေလေး ရဲ့ လက်စွမ်းပြချက်ပါ။

:chit:

 

42 comments

  • Mr. MarGa

    October 14, 2013 at 9:28 am

    ရှေ့ဆုံးကနေ နေရာဦးပါတယ်
    တစ်ပတ်စာ ပြင်လိုက်ပါ
    တနင်္ဂနွေနဲ့ သောကြာ အထူးပွဲ စီစဉ်ပေးပါ :mrgreen:

    • KZ

      October 14, 2013 at 3:52 pm

      ဒီ တဂျားးးး ပိုက်ပိုက်မပေးပဲ လာစားပေါင်းများပြီ။

      :mrgreen:

  • Wow

    October 14, 2013 at 9:51 am

    တနင်္ဂနွေမှာ အုံးထမင်းကို အပီဆွဲမယ်…. :mrgreen:
    ကြာသပတေးနေ့က ငါးကျီးကျပ်တိုက်ခြောက်မလားဟင်… အာ့က ဈေးလဲကြီးတယ် စားလဲကောင်းတယ်.. ငါးကျီးကျပ်တိုက်ခြောက်ရယ် ဇရစ်ရိုးရယ်… မကျီးမှဲ့အုပ်ပီး ချက် ကောင်းမှကောင်း.. :kwi:

    • KZ

      October 14, 2013 at 3:53 pm

      တစ်ပတ်လောက် စားဖိုမှူးလုပ်ချင်ဘူးလားဟမ်??

      :chit:

    • sorrow weaver

      October 14, 2013 at 3:55 pm

      ငါးကျီးကျပ်တိုက်ခြောက်ရယ် ဆောရိုးရယ်…လို့ဖတ်မိလို့ ..တုန်တက်သွားတာပဲ…အဟိဟိ…နာ့မလဲ …အဟီးဟီး

      • KZ

        October 14, 2013 at 3:59 pm

        ဝါးက ကချင်သား ရှမ်းသားမစားဘူးးးး စိတ်အပူနဲ့

        😀

        • Wow

          October 14, 2013 at 4:03 pm

          တူရို့ကပြုတ်ရင်မနူးဘူး…. နူးဘာ… ဘူး… :mrgreen:

  • အရီးခင်

    October 14, 2013 at 3:03 pm

    လေးဇီးကွတ် နဲ့ အလုပ်ဖြစ်မှာ သေချာတယ်။
    သတ်သတ်လွတ် ကတောင် အင်မတန် စားကောင်းမဲ့ပုံ။
    ကျေးကျေး ပါ မမ နဲ့ လေဇီ (မှားလို့) ကေဇီလေး ရေ။ :-

    • KZ

      October 14, 2013 at 3:54 pm

      မြစာကလေးကွတ် ရော ဘယ်တော့တုန်းလို့ မျှော်နေပါတယ် ချစ်သော အရီးးးး

      ဟီးဟီးဟီးးးးး

      ဆိုင်ရှင်လေးဇီးနဲ့ မမရဲ့ လေးဇီးကွတ်နဲ့ ဒီ တစ်ပတ် အလိုက်ဆုံးဖစ်သွားတယ်။,
      😀

  • TNA

    October 14, 2013 at 4:44 pm

    ဒီနေ့ ထမင်းဆိုင်ကို ခက်ခက်ခဲခဲလာရတာ။ ဆိုင်အဝင်မီနူးမှာကြည့်ကတဲကတန်သွားပြီဆိုတာသိလိုက်ရ တယ်။ ပေါ့ပေါ့ပါးပါးနဲ့စားကောင်းမယ့်ဟာလေးတွေမို့ တပါတ်စာစာရင်းပေးထားပါတယ်။ ကေဇီရေ ပိုက်ပိုက်ကတော့ကြုံမှပေါ့နော်။ မကြုံအောင်လဲနေပါ့မယ်။ :mrgreen: ကူးထားလိုက်ပါတယ်။ ခိုးချမို့ :-DD

    • KZ

      October 15, 2013 at 3:14 pm

      ရလယ်။
      အကြွေးရသလောက် ပေးမှာပဲ။
      သားလေး ရှိလို့။

      အဟစ်။
      ဦးဆာ သားလေးကလည်း မျက်မှန်လေးနဲ့
      မွသဲ သားလေးကလည်း မျက်မှန်လေးနဲ့။

      ဗျာများရတော့မယ်။

      ခုခိ ခုခိ။

      :chit:

  • padonmar

    October 14, 2013 at 8:30 pm

    ဒီထမင်းဆိုင် သတင်းကြားထားတယ်။
    အလကားစားရမှာမို့ ရှေ့ဆုံးက တန်းစီဖို ့
    ပက်ကျိက ကျော်တက်သွားလို့ နောက်ကျနေရတယ်။
    သူများစားလို့ ကုန်ပြီထင်တယ်။
    ရော်ပေးရော်ပေး…ငိုလိုက်မှာပဲ။
    (ဆန်ပြုတ်နဲ့ ပီဇာပါပြီထင်ထားတာ၊မပါသေးတော့ နောက်တခေါက် ဆိုင်တလှည့်ဖွင့်လို့ ရသေးတယ်)

    • KZ

      October 15, 2013 at 3:12 pm

      ကုန်သေးဘူး အာတီဒုံ။
      ဖြေးဖြေးလာ။
      ဆိုင်ရှေ့မှာ သီတင်းကြေငြာသူတွေများနေလို့ ဆိုင်ကို ကျော်သွားမှာစိုးနေတာ။ ဟီးဟီးးးးးး

  • ကျော်စွာခေါင်

    October 14, 2013 at 11:45 pm

    kz
    ဂနင်းဂနွေမှာ အုန်းထမင်းစားချင်ပါသည်..
    ပါဆယ် ပို ့မလား..ဂျိုင့်ဆွဲရမလား အကြောင်းပြန်ပေးပါ…။
    သယ်ပို ့စားရိတ်ကို KZ ထမင်းဆိုင်မှ တာဝန်ယူရမည်..။
    ပါ နှင့် ချိုင့် တခုမှ မဖြစ်နိုင်လျှင် လေယာဉ်လက်မှတ်ဝယ်ပို ့ပေးပါ..ဆက်ဆက်လာမည်..
    အပြန်တကြောင်းအတွက် လက်မှတ်ဝယ်မပေးလျှင် ထမင်းဆိုင်မှ တစ်သက်စာ တာဝန်ယူရမည် ( စားရတ်ငြိမ်း )


    ခုခွိ…ခွိခု…. ဒချိ ဒချိ ခွိ

    • KZ

      October 15, 2013 at 3:09 pm

      ဟယ်။
      နောက်တစ်ယောက်။
      နာ့ ကို စီးပွါးပျက် ကြံစည်နေကြပါလားးးးးးး
      နာ အရင်းပြုတ်ရင် ခေါ်ထားကြမှာလားဟမ်??

      :mrgreen:

  • Mahar Myanmar

    October 15, 2013 at 2:51 pm

    စားချင် တယ်…
    ဒါကြောင့်. အကြွေးစာရင်း ဖွင့်
    တီး ပါ တော့ မည် ။
    ယခင် အပါတ် စားဖိုမူး လခ
    မကျေသရွေ့ …တီး မည်ဟု
    သတ္တု အဓိဌာန် ချ ထား ပါ ကြောင်း..

    • KZ

      October 15, 2013 at 3:06 pm

      အွန်။
      အကြံကြီးပါပေတယ်။
      ဟိဟိ။
      ရတယ်။
      နောက် ၃ ပတ်လောက်ထိဖွင့်ဦးမှာ။
      လာစားးးးးးး

      😀

      • TNA

        October 15, 2013 at 8:46 pm

        ဟင် သုံးပတ်ပြီးရင်ဆိုင်ပိတ်တော့မို့လားအေ လုပ်ပါနဲ့အုံး။ နာ့မယ် ဒီတနင်္လာလေးပဲမျှော်နေရတာ ရယ်။ 😥

        • KZ

          October 15, 2013 at 8:53 pm

          I only got 3 chef in hand…
          Help me, sis..!
          😥

        • TNA

          October 16, 2013 at 11:28 am

          ဒီတခါထမင်းအသုတ်နဲ့ပါတ်သက်တာလေးတွေပေးမယ်။ ထမင်းဆိုင်ပိတ်နဲ့အုံးလေအေ။ 😀

        • KZ

          October 16, 2013 at 11:30 am

          ဟိ။
          ဒါမှ အသဲလေးးးးး
          အာ့ဆို ဆက်ဖွင့်မယ်နော်။

          :chit:

        • ဦးကျောက်ခဲ

          October 16, 2013 at 11:48 am

          ဒီတစ်ခါ အသီးအရွက်၊ ငါးမျိုးစုံနဲ့ ပင်လယ်စာချက်မယ်…
          🙂

        • KZ

          October 16, 2013 at 12:05 pm

          အဟေးဟေးးးးး
          ကျန်းးးးးးးး
          အနော့ စားဖိုမှူးတွေ ချစ်ဖို့ကောင်းချက်။
          ဒါလေးတွေ ချစ်နေရတာ။\

          :chit:

        • Wow

          October 17, 2013 at 9:32 am

          ကျောက်စ်ရေ ငါးလိပ်ကျောက်ရယ် ကမာဟင်းရယ် ပါပေ့စေ… :kwi:

  • Ma Ma

    October 15, 2013 at 3:36 pm

    ခိုင်ဇာက တစ်ပတ်စာ စားဖိုမှုးလုပ်ဖို့ ပြောတော့ စဉ်းစားလို့ မရဘူး။
    နောက်တော့ ကိုယ်စားချင်တာတွေ စဉ်းစားရင်း စပ်ဟပ်ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ လေးဇီးကွတ် ကမောက်ကမ ထမင်းဆိုင်ကို အားပေးကြသူများကို ကျေးဇူးတင်တဲ့အနေနဲ့ ပရိုမိုးရှင်း အကြွေးရောင်းပါမယ်။
    နောက်ပိုင်းကိစ္စ စားဖိုမှုးနဲ့မဆိုင်၊ ဆိုင်ပိုင်ရှင် ကြည့်ရှင်းလိမ့်မယ်။ :loll:

  • KZ

    October 15, 2013 at 4:01 pm

    ခွိ။
    ဒီ စားဖိုမှူးကို နောက် မုန့်ဆိုင်ဖွင့်ဖို့ အတွက်ရော ကြိုတင် ဘွတ်မို့ဟာကို အကြွေးရောင်းပေးနေတယ်။ ။
    ကျန်းးးးးး

    😀

  • မွားဆွိလည်းဖေကျောက်စ်နီးနီးဟင်းချက်ကောင်းတယ်…
    အလွယ်ချက်စားနည်းမှန်သမျှ ညလေးဆိတ်ဝင်ဇားတယ်
    😀

    • KZ

      October 16, 2013 at 9:30 am

      လျှောက်ပြောနဲ့။
      မွ က ရှက်တတ်ဘူး (အဲလေ) ချက်တတ်ဘူးးး
      အာကြောင့် စားဖိုမှူးတွေ ကို အကူအညီတောင်းရတာ။
      😀

  • Fall Guy

    October 16, 2013 at 9:58 am

    ဖတ်​ကြည်​့ရုံနဲ့ ကို စားချင်​လာတယ်​
    အ​တော်​​ကောင်​းမယ်​့ပုံဘဲ။

    • KZ

      October 16, 2013 at 10:23 am

      ဒီ ထမင်းဆိုင်က အပတ်စဉ် တနင်္လာနေ့တိုင်းဖွင့်ပါတယ်ဆို။
      လာစားလှည့်။
      လက်ရာ အပြောင်းအလဲဖြစ်အောင် စားဖိုမှူးတွေ ပြောင်းပြောင်းထားတယ်

      😀

  • (တနင်္ဂနွေ
    တစ်ပတ်မှတစ်ရက် အပီဆွဲတဲ့ရက်မို့ မိုးတွင်းလည်းဖြစ်တာကြောင့်…..
    အုန်းထမင်း ချက်မယ်။
    ကြက်သားကို ဆီကျန်ရေကျန်ချက်ပြီး ရုံးပတီသီး အုပ် မယ်။
    ငါးဖယ်ကြော် ကြော်မယ်။
    ရှောက်သီးသုတ် မယ်။
    ငြုပ်သီးဆီကြော်ကို ငံပြာရည်ထည် ့စား မယ်။)

    အုန်းထမင်းနဲ့ ငံပြာရည်အဝတီးလိုက်တာ
    ကိုပေါက် သွေးတက်သွားပြီ.
    ဂစ် ဂစ် ဂစ်

    • KZ

      October 16, 2013 at 7:08 pm

      လေးပေါက်
      မတက်ပါနဲ့အူးးးးး
      သံပုရာရည်လေးဖျော်ပြီးတိုက်ပါမယ်။
      စားချင်သလောက် အရင်စားပါ။
      အဟေးဟေးးးး

      :mrgreen:

  • Crystalline

    October 16, 2013 at 1:52 pm

    ကြက်သားကို ဆီကျန်ရေကျန်ချက်ပြီး ရုံးပတီသီးအုပ်ဆိုတာရယ်.. ပဲပြားသခွားသီးအချိုချက်ဆိုတာရယ်.. စားဖူးဘူး.. မြည်းချင်တယ်..မြည်းချင်တယ်.. :))

    • KZ

      October 16, 2013 at 7:09 pm

      ဟုတ်တယ်။
      ပဲပြားနဲ့သခွါးကို စမ်းမလားလို့ စဉ်းစားနေတာ။
      မစားဖူးလို့။

      🙂

  • alinsett

    October 16, 2013 at 9:56 pm

    ကျနော်ကတော့….ထုံးစံတိုင်းပဲနော်..။
    စားချင်စိတ်နဲ ့.. ဖတ်…
    စားချင်စိတ်နဲ ့မှတ်…ပြီး..
    ချစ်သုဝေကိုလည်း..သတိရမိပါကြောင်းးး

    • KZ

      October 19, 2013 at 7:29 am

      ခက်လိုက်တာ။
      သူ့ ချစ်တုဝေ အတွက် ချက်ပေးတယ်မှာ မှတ်လား မသိပါဘူးအေ..

      😀

  • lele kyi

    October 18, 2013 at 5:29 pm

    KZ နဲ့ ဂေဇက် အတွက် တစ်ပတ်စာ စာဖိုမှူး လုပ်ပေးမယ်။ အိမ်ကချက်ကြီးများ အဖွဲ ့ကို ရာဇသံပေးပြီးပြီ။ တစ်ယောက် တစ်ရက်စာရေးပေးရမယ်လို့။ အဆင်သင့်ဖြစ်ရင်ပု့ိလိုက်မည်။ 🙂

    • KZ

      October 19, 2013 at 7:26 am

      ကျန်းးးးးးးး
      လေးလေးကြည် ချစ်စာကောင်းချက်တော့။
      နိုဝင်ဘာ လလယ် လောက် ထိ အချိန်ရတယ်။
      မျှော်နေမယ်နော်။

      :chit:

  • padonmar

    October 18, 2013 at 9:08 pm

    ဒါလေးဖတ်ပြီး
    စားဖိုမှူးတောင် ဝင်လုပ်ချင်လာပြီ၊
    အာတီဒုံချက်ရင် အကောင်းကြိုက်သူတွေ စားမရတဲ့အတွက်
    တွက်ခြေကိုက်လို့ Eco-Cook လို့ နာမည်ပေးရမယ်။

    • KZ

      October 19, 2013 at 7:24 am

      ဟိ။ ချစ်သော အာတီဒုံ
      အာ့ဆို အာတီဒုံရဲ့ အီကို ကွတ် တစ်ပတ် အတွက် စာရင်းတို့ထားလိုက်မယ်နော်။
      :chit:

  • surmi

    October 21, 2013 at 10:26 pm

    ်​အောင်​မ​လေး… ဟင်​းချက်​နည်​း​တွေကလည်​းစုံပါ့ဗျား..
    တစ်​​ယောက်​တစ်​မျိုးမရိုးနိုင်​​အောင်​ပါဘဲ…
    ..
    .
    .
    စဉ်​းစား​နေတာတခုက…..
    အပြင်​မှာ ဒီထဲကနည်​း​တွေအတိုင်​းဆိုင်​ဖွင်​့ပလိုက်​ရင်​​ကောင်​းမလားးးး…. လို့

    • KZ

      October 22, 2013 at 11:00 am

      ဖွင့်လို့ မြတ် ရင် အနော်တို့ကို ကော်မရှင်ပေးပြီးးး
      ရှုံးရင် အနော်တို့ကို အသိမပေးနဲ့ နော်။

      😀

Leave a Reply