ချောက်မြို့နယ်တွင် ရဲဘက်နှစ်ခါပြေးအား ဖမ်းမိ

Hlaing Zar ChiOctober 13, 20131min450

   ချောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းမြင့်နှင့်အဖွဲ့ အောက်တိုဘာ(၁၁)ရက်နေ့ညနေ(၅)နာရီ(၁၅)မိနစ် ချိန်က သွေးနက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးငွေထွန်းနှင့်အတူကျေးရွာ                      အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အဆိုပါကျေးရွာ အတွင်း ရဲဘက်ပြေးတစ်ဦးရောက်ရှိနေကြောင်းသတင်းအရလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီး ရဲဘက်ပြေး အောင်ထွန်းဝင်းအား စစ်ဆေးခဲ့ရာ ၎င်းသည်      သွေးနက်ကျေးရွာနေ သိန်းမင်း(ခ)မင်းမင်းအား ဓါးဖြင့်ထိုးရာမှသေဆုံးသွားသဖြင့် ချောက်မြို့မရဲစခန်း မှ(ပ)၂၂၆/၂၀၀၂၊ပုဒ်မ ၃၂၆ မှ၃၀၂ သို့ပြောင်းလဲစစ်ဆေးခဲ့ပြီး မကွေးခရိုင်တရားရုံးမှ             ပြစ်မှုကြီးအမှတ် ၂၇/၂၀၀၂ ဖြင့်လက်ခံ စစ်ဆေးခဲ့ပြီး၎င်းအား သရက်အကျဉ်းထောင်မှ ဝေါလေရဲဘက်စခန်းသို့ပိုဆောင်ခဲ့ရာ အဆိုပါစခန်းမှထွက်ပြေးခဲ့သဖြင့် ချောက်မြို့မရဲစခန်းတွင်ပြန်လည်ဖမ်းဆီးခံရပြီး ချောက်မြို့မရဲစခန်းက(ပ)၄၅၆/၂၀၀၀၊ ပုဒ်မ ၂၂၄ ဖြင့်ချောက်မြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၁၃၂၃/၂၀၀၅ ဖြင့်လက်ခံစစ်ဆေးခဲ့ပြီးထောင်(၁)နှစ်ချမှတ်ခဲ့သဖြင့် မြင်းခြံ အကျဉ်းထောင် သို့ပို့ဆောင်ခဲ့ကြောင်း အဆိုပါမြင်းခြံအကျဉ်းထောင်မှ လွိုင်ကော်မြို့နယ်၊ မထောခူ ရဲဘက်စခန်းသို့                 ပို့ဆောင်ခဲ့ရာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်၎င်းရဲဘက်စခန်းမှထွက်ပြေးခဲ့၍တောင်ကြီးမြို့နယ် အေးသာယာရပ်ကွက်တွင်နေထိုင်ခဲ့ပြီး(၂၀၁၃)အောက်တို ဘာ(၁၁)ရက်နေ့တွင်သွေးနက်ကျေးရွာရှိ ၎င်း၏ညီဖြစ်သူ မောင်ခိုင်၏နာရေးကိစ္စလာရာမှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အဆိုပါရဲဘက်ပြေးအား တရားစွဲတင်နိုင်ရေးအတွက် လိုအပ်သသည့်စာရွက်စာတမ်းများရရှိရေးအတွက် လွိုင်ကော်အကျဉ်း ထောင်နှင့်ဆက်သွယ်ထားရှိကြောင်းသက်ဆိုင်ရာရဲမှတ်တမ်းအရသိရှိရသည်။