ဆယ် တန်းကျေင်းသူတစ်ဦး ကျုရှင်သွားရာမှပျောက်ဆုံးခဲ့ဟုဆို

Hlaing Zar ChiOctober 13, 20131min893

ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်နေ အသက်(၁၇)နှစ်ရှိ (၁၀)တန်းကျောင်းသူတစ်ဦးသည် စက်တင်ဘာ(၃၀)ရက်နေ့ နေ့လည်(၃)နာရီချိန်က၎င်း၏နေအိမ်မှ အမှတ်(၄)ရပ်ကွက်ရှိ ထန်းတန်းလမ်းရှိကျုရှင်သို့ ထွက်သွားရာမှ နေအိမ်သို့ ပြန်မလာဘဲပျောက်ဆုံးနေသဖြင့်  အဆိုပါမိန်းကလေး ကျောင်းသူ၏မိခင်ဖြစ်သူ ဒေါ်ကျင်သန်းမှ အောက်တိုဘာ(၉)ရက်နေ့ ကတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်းက လူပျောက်အမှတ်စဉ် ၆ /၂၀၁၃ ဖြင့်အမှု ဖွင့်ဆောင်ရွက်ထားကြောင်းသက်ဆိုင်ရာမှသတင်းရရှိသည်။

3 comments

  • KZ

    October 13, 2013 at 6:21 pm

    ရှေ့မှာ စည်းကမ်းချက်တွေ ပြောတဲ့သူတွေ ပြောသွားပြီ ထင်ပါတယ်။
    ၁ ရက် ၂ ပို့(စ) ထက် ပိုမတင်ရပါ။
    မနေ့ကလည်း ၄ ပို့(စ) တွေ့လိုက်ပါတယ်။
    တခြား တင်တဲ့သူတွေကို စာနာပါဦးးးးးဗျ။
    ဒီ သတင်းပို့(စ) မဟားဒရား အများကြီးတွေကြားမှာ တခြားသူတွေပို့(စ) က မြုပ်သွားလို့ပါ။
    🙁

  • alinsett

    October 13, 2013 at 10:03 pm

    🙁

    🙁

    သတင်းတွေ.. ဖတ်ချင်ပါတယ်..။
    သတင်းပီသသော သတင်းတွေပေါ့…။

    • TNA

      October 14, 2013 at 8:18 pm

      အခုဟာက သတင်းစာထဲက ဒါမှမဟုတ် မှု့ခင်းဂျာနယ်ထဲက နှစ်လက်မကွက်ကလေးတွေဖတ်နေရသ လိုပဲအေ။ 😥

Leave a Reply