လျှို ့ဝှက်တေး

လရောင်ချို အခင်းအကျင်းနဲ ့

တိမ်တွေနဲ ့ စစ်ခင်းတဲ့ တစ်ခဏ

ကြယ်တွေ ကြွေတဲ့  ညဉ့်မှာ

ငါ့မျက်ရည်တွေ………

မြက်ခင်းလေးပေါ်အိပ်စက်ခဲ့တယ်..

လူမသိအောင် ရှိုက်ငင်သံတွေ အဖော်ပြုလို ့..။

………..

ဘာတွေကများ တည်မြဲလို ့လဲ…..။

…………………..

မြက်ဖျားနှင်းလေးတွေလေ

တစ်လက်လက်တောက်ပစွာ

မာနတွေ ပြိုင်နေလိုက်ကြတာ……။

……….

ငါ့မျက်ရည်က မတည်မြဲပါဘူး ကလေးရယ်…

နေရောင်လာတဲ့အခါ…..

မင်းသိလာပါလိမ့်မယ်….။

အရာရာပေါ့လေ

တစ်ခဏ အတွင်းလေးမှာပေါ့

မိုးခါးရေတွေကို

ဘာသာရေးတံဆိပ်ကပ်လို ့…

ဝံ့ကြွားသောက်သုံးကြတယ်…

သူတို ့မှ မရူးရင်

ဘယ်သူရူးမှာလဲ ကလေးရယ်..

ငါ့ မေမေ…သိပ်ကြောက်နေမှာ

….

မတူညီခြင်းတွေ မှန်သမျှ

တူညီမှုတခုအောက်မှာ

ပြိုင်ဆိုင်ကြတယ်..

တူညီမှုတခု အောက်မှာ…

မတူညီတာတွေ အဆုံးသတ်ကြမယ်..

ကလေးရေ…

မြက်ဖျားနှင်းလေးရေ..

နောက်ဆုံးတေးဆိုရင်း

နှုတ်ဆက်ကြရအောင်..

အတ္တဆိုတာကို ရှေ ့တန်းတင်နေသမျှ

ပြက္ခဒိန်တွေ ရောင်းဈေးတက်သလို..

လူသေတွေ အလောင်းချင်းထပ်နေကြတဲ့

ငါတို ့ ကမာ္ဘ….. ကို    ။       ။

 

 

 

ကျော်စွာခေါင်

8 comments

  • padonmar

    October 14, 2013 at 1:09 am

    မိုးခါးရေတွေကို
    ဘာသာရေးတံဆိပ်ကပ်လို ့…
    ဝံ့ကြွားသောက်သုံးကြတယ်…

    မှန်လိုက်လေ …ခေါင်ရေ
    တံဆိပ်ကတော့ အမျိုးမျိုးကပ်လိုက်ကြတာပဲ၊
    ဘာသာရေး၊လူမျိုးရေး၊နိုင်ငံတော်တဲ့
    တံဆိပ်ကပ်ပြီးတော့ မိုးခါးရေသောက်နေကြတယ်။
    (စကားအတင်းစပ်..ပခုက္ကူလေယာဉ်ကွင်းဆရာတော် ဆစ်ဒနီမှာဟောတဲ့တရားထဲမှာ အမည်းကံကိုလူတွေက မကောင်းမှန်းသိလို့ ခိုးကြောင်ခိုးဝှက်လုပ်ကြရတယ်။
    အမည်းအဖြူရောတဲ့ကံကျတော့ ပေါ်တင်ကြီးလုပ်ကြတယ်တဲ့။
    အဲဒါဘာတွေလဲဆိုတော့ ကိုယ့်မှာတကယ်ရှိတာထက်ပိုကြွားတာမျိုး။
    သိန်းတရာလှူတာကို တရာ့ငါးဆယ်လို့ လူအထင်ကြီးအောင်ပြောတာမျိုး။
    အလုပ်ကနည်းနည်း အပြောကများများဆိုတာမျိုး၊
    လူကြားထဲလည်း ကျူးလွန်တယ်။ပလ္လင်ပေါ်ကနေလည်းကျူးလွန်တယ်တဲ့)

  • ကျော်စွာခေါင်

    October 14, 2013 at 1:24 am

    မမမာရေ..
    ကော်မန် ့အတွက်လဲ ကျေးဇူးပါ..
    တရားတွေ ဆွေးနွေးသလောက်..
    ဓါးသွေးကြတာ …
    တရားတွေ နာသလောက်
    မာနတွေ ပြိုင်ကြတာ..
    ဘုရား တ” သလောက် ရသလောက် သမ နေကြတာ.
    နားမလည်နိုင်အောင်ပါဘဲ.. အမ ရေ..။

  • ဦးကြောင်ကြီး

    October 14, 2013 at 8:54 am

    လျှိုု့ဝှက်တေး
    မြိုု့ပတ်ပြေး
    ကိုယ့်ရပ်ဝေး
    ပျို့သက်ဖွေး
    ဘို့ထွက်ရေး
    တို့ပတ်ပေး
    ပို့ဆက်ဌေး
    နို့လှပ်ငေး..။

  • မတူညီခြင်းတွေ မှန်သမျှ

    တူညီမှုတခုအောက်မှာ

    ပြိုင်ဆိုင်ကြတယ်..

    တူညီမှုတခု အောက်မှာ…

    မတူညီတာတွေ အဆုံးသတ်ကြမယ်.. ကြိုက်တယ် ကိုကျော်…..ဒါနဲ့ အွန်လိုင်းလင်းရောင်ခြည်စာပေဂရုလေးကို Joine ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါရစေ။ လောလောဆယ်တော့ ဂရုလေးကပြင်ဆင်စရာတွေရှိနေလို့ နားထားပါတယ် ။ ဒီလင့်မှာ သွားရောက်လေ့လာဖတ်ရှုလို့ရပါတယ် ခင်ဗျ ။

    https://www.facebook.com/groups/onlinelinnyaungkyi/

  • alinsett

    October 14, 2013 at 11:12 pm

    မတူညီခြင်းတွေ မှန်သမျှ

    တူညီမှုတခုအောက်မှာ

    ပြိုင်ဆိုင်ကြတယ်..

    တူညီမှုတခု အောက်မှာ…

    မတူညီတာတွေ အဆုံးသတ်ကြမယ်..

    ကောင်းလိုက်တဲ့ စာသားလေးတွေဗျာ…

  • Ma Ma

    October 15, 2013 at 4:58 pm

    မြက်ဖျားနှင်းလေးတွေလေ

    တစ်လက်လက်တောက်ပစွာ

    မာနတွေ ပြိုင်နေလိုက်ကြတာ……။
    အင်းးးးးးးးးးးး မြက်ဖျားနှင်းဆိုတာကို သိသလို မသိသလိုနဲ့ မေ့နေမိတာ။ 🙁

  • Mr. MarGa

    October 15, 2013 at 5:48 pm

    မြက်ဖျားနှင်းလေးရေ
    နောက်ဆုံးတေးဆိုရင်း
    နှုတ်ဆက်လိုက်ပြီကွာ
    တို့ကမ္ဘာ
    အလှဖြာဖို့
    လုပ်စရာ နည်းလမ်း
    ရှာစမ်းချင်ပေမယ့်
    လက်လှမ်းရယ် မမီသေးလို့
    ရော်ရမ်း မျှော်မှန်းကာ ကြည့်ရုံပဲပေါ့….

  • အရိပ်စစ်

    October 16, 2013 at 11:21 am

    မတူညီခြင်းတွေ မှန်သမျှ
    တူညီမှုတခုအောက်မှာ
    ပြိုင်ဆိုင်ကြတယ်..
    တူညီမှုတခု အောက်မှာ…
    မတူညီတာတွေ အဆုံးသတ်ကြမယ်..

    ( ကြိုက်စ်..)

Leave a Reply