စိတ်ဓါတ်မြှင့်တင်ခြင်း စာစုများ

wunnakokoAugust 4, 20101min1130

စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျတဲ့အချိန် တခုခုကို ဆုံရှုံးလိုက်ရလို့ ဝမ်းနည်းတဲ့အချိန် တွေမှာ ဒီ အားပေးတဲ့ စာစုလေးတွေ ဖတ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ အားတခုခုရလိုက်ပါတယ်။ မျှော်လင့်ချက် တွေ ပြန်ရှင်သန်လာသလို ခံစားမိပါတယ်။ ဘာတွေ ဘယ်လိုဘဲ ကျ ကျ ပြန်ကောက်လို့ရပါတယ်။ စိတ်ဓါတ်မကျ ဖို့ အရေးကြီးပါတယ်။ ဒီစာလေးတွေဖတ်ရင်း မိမိစိတ်ကို မြှင့်တင်နိုင်ပါစေ။

့http://soethwan.blogspot.com မှကူးယူဖော်ပြပါတယ်။

ပျော်အောင်ထားပါ


သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ဝမ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။ မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။

သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။

အဲ…တကယ်တမ်း လက်တွေ့ ဘဝမှာတော့ “ မင်းနဲ့ မတွေ့ခင်တုန်းကတော့ ကိုယ်ဟာ ဝမ်းနည်း ကြေကွဲနေရတယ် ၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ် ”

တကယ်တော့ လက်တွေ့ဘဝမှာ ကျွနုပ်တို့ရဲ့ဘဝကို တခြားလူတွေက ပြောင်းလဲပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောင်းလဲရတာပါ။ စိတ်ဓတ်ကျနေမယ် ၊ စိတ်အားငယ်နေမယ်ဆိုလျှင် သင့်ရဲ့အတွေးတွေကို သင်တစ်ယောက်သာလျှင် ပြောင်းလဲပစ်နိင်ပါတယ်။ စိတ်ဆင်းရဲမှုတွေကနေ တဆင့်ပြီး တဆင့်ရုန်းထွက်ရပါတယ်။

အကောင်းမြင် အတွေးတွေ ပေါ်စပြုလုရင် သင်ဟာ ပျော်ရွှင်တဲ့ မိတ်ဆွေကောင်း တွေနဲ့ ပျော်ရွှင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်နိင်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်သူတွေ ဝန်းရံနေဖို့ ဦးစွာ ပထမ သင့်မျက်နှာမှာ အပြုံးလေး ရှိနေပါစေ။

စိတ်ပူတက်တဲ့ အကျင့်ကိုဖျောက်

ကျွန်တော်တို့ တော်တော် များများ စိတ်ပူတက်ကြပါသည်။

အလုပ်ကိစ္စ ၊ သားသမီးကိစ္စ နောက်ပြီး အိမ်နီးနားချင်းတွေက ဘယ်လို ထင်ကြမလဲ ၊ စသည် စသည်ဖြင့် စိတ်ပူ စရာတွေ မျိုးစုံ ရှိနေတက်ကြသည်။

တစ်ချို့လူတွေက “ ခင်ဗျား စိတ်ပူ သင့်တာပေ့ါ ” လို့တောင် ပြောတက်ကြတယ်။

ဒါပေမယ့် စိတ်ပူတာဟာ ဘာမှ သုံးမရတာထက် ပိုဆိုးတယ်။
ပထမ – ကံကြမ္မာဆိုးတွေကို ဖိတ်ခေါ်တယ်။
ဒုတိယ – သင့်ကျန်းမာရေးအတွက် မကောင်းဘူး။

ဒါဆိုရင် စိတ်ပူစရာတွေကို ဘာလုပ်သင့်သလဲ……..

ပထမ လုပ်စရာရှိတာကို အရင်လုပ် ၊ စိတ်ပူစရာကို ရက်အကန့်အသက်မရှိ ရွှေ့ဆိုင်းပစ်လိုက်ပါ။ ဒါဟာ ဘဝမှာ အကျိးရှိအောင် နေတက်တဲ့ လူတွေရဲ့နည်းပါပဲ။ စိတ်ပူနေတယ်ဆိုရင် ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်။ အခုပြဿာက ဘာလဲ။ ဒါဆိုရင် သင်ဘာကို တွေ့ရမလဲဆိုတော့ အသက်ကို ခြိမ်းခြောက်နိင်တဲ့ အခြေအနေမျိုးက လွဲလို့ သင့်မှာ ဘာပြဿာနာမှ မရှိတော့ဘူး။

ကျွန်တော်တို့ဟာ ဒုက္ခ သုက္ခတွေ ဖြစ်တက်ပါတယ် ၊ နေထိုင်မကောင်း ဖျားနာတာလည်း ဖြစ်တက်ပါတယ် ၊ ငွေကြေး အခက်အခဲလည်း ကြုံတက်ပါတယ် ၊ ဒါပေမယ့် အဲဒီလို အခက်အခဲတွေ ကြားမှာ တုန်လှုပ် ချောက်ချားနေတဲ့ ယုန်တစ်ကောင်လို ဖြစ်နေဖို့ အကြောင်း မရှိသင့်ပါဘူး။

အဲဒီလို အခက်အခဲတွေက အချိန်ပိုင်းလေး အတွင်းမှာ တစ်ခုပြီးမှ တခု ဖြေရှင်းနိင်ပါတယ်။ ရှေ့ဘာတွေ ဖြစ်မလဲလို့ ကိုယ့်စိတ်က ကြိုတွေး ပူပန်တာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ကိုယ့်စိတ်ကလည်း ရှေ့လျှောက် ဘာဖြစ်မလဲဆိုတဲ့ အတွေးဆီကို ရောက်သွားတက်တယ်။

ပစ္စုပ္ပန်မှာပဲ နေ ၊ ဒီနေ့ ကိုယ်လုပ်နိင်တာကို လုပ် ၊ ပူပန်စရာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်။

ကိုယ့်ဘဝကိုယ် ပြန်ကြည့်။ ကနေ့အထိ အသက်ရှင်နေလို့ မရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးလား။ သေချာတယ် မရှိခဲ့ပါဘူး။ မျက်မှောက်ကာလ အချိန်မှာ ဖြေရှင်းနိင်ပါတယ်။ ဒါဆို ဘာလဲဆိုတော့ ရှေ့ကို ကြိုတင်ပူပန်တာက ဒုက္ခပေးတာပါ။

“ တစ်ယောက်ယောက်က သင့်ကိုမေးမယ် ။ “ ဒီကိစ္စအတွက် စိတ်မပူဘူးလား ” ၊ သူတို့ကို ပြောလိုက်ပါ “ စိတ်ပူချင်တာပေ့ါ ၊ ဒါပေမယ့် ပူစရာကို မကြံဖူးသေးဘူး လို့ ”

ဂုဏ်အင်္ဂ ါရပ်

မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ဒီလို ပြောခဲ့ဖူးသလား။

“ ငါ့ရဲ့ မျက်နှာက ဒါမျိုးမဟုတ်ရင် ၊ ကိုယ်လုံးက ဒါမျိုးမဟုတ်ရင် ၊ နှာခေါင်းက ဒါမျိုးမဟုတ်ရင် ကောင်းမှာပဲ ” ကိုယ့်ဘဝကို ပြန်တွေးပြီး သင်ဒီလို ပြောခဲ့ဖူးသလား ။


“ ဘာကြောင့်များ တခြားသူတွေ သိပ်ပြီးတော့ ပါရီမီထူးနေကြ ၊ ဉာဏ်ရည်တွေ ထက်မြက်နေကြရတာလဲ ” ငါကရော ဘာကြောင့် သူတို့လဲ မဖြစ်ရတာလဲ ” ဆိုတဲ့ အတွေး ကျွန်တော်တို့ တော်တော်များများ တွေးဖြစ်ကြပါလိမ့်မည်။

ဒါပေမယ့် ဒီနေရာမှာ အလွန်အရေးကြီးတဲ့ အချက်က –

ပင်ကို အရည်အချင်းရှိတာ ၊ ရုပ်ရည်ချောမောတာ အလွန်အသုံးကျပါတယ်။ သို့သော် ဉာဏ်ကောင်းသူတွေ ၊ ရုပ်ရည်ချောမောသူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါပေမယ့် အဲဒီလူတွေကို ကျွန်တော်တို့ အားကျနေဖို့ မလိုပါဘူး။ တချို့သော ဉာဏ်ကောင်းသူ ၊ ရုပ်ရည်ချောမောသူတွေဟာ စိတ်ကသိကအောက် ဖြစ်စရာတောင် ကောင်းပါသေးတယ်။

အေဘရာဟမ် လင်ကွန်း ၊ မာသာ ထရီဇာနဲ့ မဟတ္တမ ဂနီ္ဓ တို့လို့ သမိုင်းမှာ လူကြည်ညို လေးစားခံရသူတွေဟာ ရုပ်ရည်လည်း မချောကြပါဘူး။ ဉာဏ်လည်း အထူးကောင်းသူတွေ မဟုတ်ကြပါဘူး။ ရုပ်ရည်ချောတာ ၊ ဉာဏ်ကောင်းတာတွေထက် ကျွန်တော်တို့ တန်ဖိုးအထားဆုံး အရည်အချင်းကတော့ ရိုးသားခြင်း ၊ သတိ္တရှိခြင်း ၊ ဇွဲရှိခြင်း ၊ စိတ်ထားမွန်မြတ်ခြင်း နှင့် မိမိကိုယ် မိမိ နှိမ့်ချခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒီအရည်အချင်းတွေကို ကြည့်လိုက်ရင် သင်ဟာ ဒီအချက်တွေနဲ့ ပြည့်စုံပြီး မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရည်အချင်းတွေကို ပြုစုပျိုးထောင် ယူရပါမယ်။

ကိုယ်ပိုင် ရိုးသားမှု ၊ ဆုံးဖြက်နိင်မှု ၊ စိတ်ထားမွန်မြက်မှု ၊ နှိမ့်ချဆက်ဆံတက်မှု ၊ သတိ္တရှိမှုတို့ကို ကိုယ့်ဘာသာကိုယ် ပြုစုပျိုးထောင် ဖို့ပဲ ဖြစ်ပါတယ်။

“ ကိုယ့်ကို ကိုယ် ဘယ်လိုခံစားမိသလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ ရှိတယ် ”

နာကျင်ခံစားမှု

လျှာကို မတော်တဆ ကိုက်မိတဲ့ အခါမျိုးမှာ နာကျင်တဲ့ ခံစားမှုကို ကောင်းတဲ့အမြင်နဲ့ လက်ခံဖို့ ခက်ခဲပါတယ်။ မြန်မာ အယူအဆနဲ့ဆိုရင် “ အင်း တစ်ယောက်ယောက်တော့ င့ါအကြောင်း အတင်းပြော နေလောက်ပြီ ” စသည်ဖြင့် သူတို့ တွေးကြပါတော့မယ်။ ဒီအတိုင်းပဲ ခြေမမှာ အနာဖြစ်တဲ့အခါ ထော့နဲ့ ထော့နဲ့ သွားချင်ပါ့မလား။

နာကျင်မှုတွေ မရှိတဲ့အခါ ဘာဖြစ်မလဲ ၊ ဂရုမစိုက်ပဲ လုပ်လာမယ် ၊ နာကျင်မှုကို ခံစားရတော့မှ သတိထား ဆင်ခြင်လာမယ် ။ နောက်နောင် လျှာမကိုက်မိအောင် ဒါမှမဟုတ် ရေချိုးတဲ့အခါ ကျောမှာ ရေနွေးပူ မလောင်အောင် သတိထားလာမယ်။ သို့သော် ရုပ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှု နောက်တစ်ခါ ထပ်မဖြစ်ရအောင် ကာကွယ်ပေးဖို့ အသိဉာဏ် ဦးနှောက် ရှိပါတယ်။ “ ဒါမျိုးလုပ်ရင် ဒီလိုဖြစ်မယ် ၊ နောက်ဒါမျိုး မလုပ်နဲ့ ”

စိတ်ဆိုးတယ် ဒါမှမဟုတ် မနာလို ဖြစ်တယ် ဒါမှမဟုတ် မခံချင်စိတ်ကို နည်းနည်းဖြစ်တယ်။ ဒါတွေဟာ သာမန် ဖြစ်ရိုးဖြစ်စဉ်တွေပါ။ ယာယီအခိုက်အတန့် သာဖြစ်တာပါ။ ဒီခံစားချက်တွေ အတွက် ရင်ထဲမှာ ထာဝရ သိမ်းထားစရာ မလိုပါဘူး။ သိမ်းထားမယ်ဆိုရင်လည်း ဒါဟာ ဦးနှောက်ကို အနာဖြစ်စေတာပါ။ စိတ်ဓတ်အနာပေ့ါ ။ ဒါကြောင့်

“ တခြားလူတွေကို ထိန်းချုပ်နိင်ဖို့ မမျှော်လင့်ပါနဲ့ ”
“ တခြားလူတွေ ကိုယ့်လို ပြုမှုဖို့ မမျှော်လင့်ပါနဲ့ ”
“ ကိုယ်ပျော်ရွှင်ဖို့ တခြားလူတွေကို မျှော်လင့်မထားပါနဲ့ ”
အရင်က အတိုင်းပဲ အတွေးအခေါ်တွေ ရှိနေဦးမယ်ဆိုရင် အရင်အတိုင်းပဲ ဆက်ပြီး ခံစားနေရဦးမှာပါပဲ။ ခြေမမှာ အနာဖြစ်တာ ဖိနပ်ပြောင်းစီးဖို့ သတိပေးတာပါ။ သတိပေး သတင်းစကားများကတော့ များသော အားဖြင့် သင့်ရဲ့ အတွေးကို ပြောင်းလဲပစ်လိုက်ပါ။

“ ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်မျိုးစလုံးမှာ ဒီအတိုင်း မပြောင်းလဲဘဲ ဆက်လုပ်နေရင် နာကျင်မှုတွေ ဆက်ခံစားနေရဦးမှာ ဖြစ်ပါတယ် ”

အလေးအနက်ထားပါ

အားနည်းချက် ရှိတဲ့ လူတွေနဲ့ ပက်သက်လို့ ခင်ဗျား သတိထားမိတာ ရှိပါလိမ့်မယ်။ အဲဒါဘာလည်းဆိုတော့ သူတို့က စိတ်ပျက် အားလျှော့တဲ့ စကားမျိုးပဲ ပြောတက်ကြတယ်။ နောက်ပြီး “ ကြိုးစားကြည့်မယ်လေ ” ဆိုတဲ့ စကားမျိုးကို သူတို့ အသုံးများကြတယ်။ ဥပမာ အားဖြင့် –

“ ကိုယ်အလေးချိန် ကျဖို့ ကျွန်တော် ကြိုးစားကြည့်မယ်လေ ”
“ ဒီလတော့ အကြွေးကင်းအောင် ကြိုးစားရမယ် ”
“ ကျွန်တော် ကြိုးစားကြည့်မယ် ”
ဆိုတဲ့ စကားမျိုး ပြောတဲ့လူကို တွေ့ရင် သူတို့ဟာ ထက်ဝက်လောက်ပဲ အလေးအနက်ထားနိင်တာကို သိနိင်ပါတယ်။ သူငယ်ချင်းတွေက “ အဲဒီကို ကျွန်တော် ကြိုးစားပြီး လာခဲ့မယ် ” လို့ပြောရင် သူတို့ ပေါ်မလာတော့ဘူးဆိုတာ သိလိုက်ရပြီ။

တွေးခေါ်ကြည့် စဉ်းစားကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စကားလုံးတွေက ကျွန်ုပ်တို့ သန္နိဋ္ဌာန်ဘယ်လောက် ခိုင်မာသလဲဆိုတာ ဖော်ပြနေပါတယ်။ “ ကြိုးစားပြီး ငြိမ်ငြိမ်လေးနေကြ ” ၊ “ ကြိုးစားပြီး ကောင်းအောင်နေကြ ” လို့ သားသမီးတွေကို ပြောတဲ့ မိဘတွေဟာ အလေးအနက် သိပ်မရှိကြပါဘူး။ ဒီတော့ ကလေးတွေက သူတို့လုပ်ချင်တာကို လုပ်သွားတက်ကြပါတယ်။

ခင်ဗျားရဲ့ ကလေးတွေ ဒါမှမဟုတ် ဝန်ထမ်းတွေကို “ မင်းတို့ ကြိုးစားလုပ်ရမယ် ” လို့ပြောမယ့်အစား “ မင်းတို့ လုပ်ကို လုပ်ရမယ် ” လို့ပြောပါ။

ကိုယ့်ကိုယ်ကိုယ်လည်း “ ငါကြိုးစားမယ် ” လို့ပြောမယ့်အစား “ ငါလုပ်မယ် ” လို့ပြောပါ။

ဒါဟာ စိန်ခေါ်မှု ဖြစ်ပါတယ်။ ပိုကောင်းတဲ့ ရလဒ်တွေ ရလာပါလိမ့်မယ်။ “ ဒါကို ပြီးအောင် လုပ်မယ် ” ၊ “ ငါပျော်ရွှင်ရမယ် ” လို့ပဲ တွေးပါ ။ ဒီစကား နှစ်ခုဟာ ဘာကို ကွားခြားစေသလဲဆိုတော့

“ ငါကြိုးစားကြည့်မယ် ” လို့ပြောတာက “ သိပ်မခက်ရင်တော့ လုပ်မယ် ” ဆိုတဲ့ သဘောကို ဆောင်ပြီးတော့ “ ငါလုပ်မယ် ” လို့ပြောတာက “ ဘယ်လောက်ပဲ ခက်ခက် ငါလုပ်မယ် ” ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဒါဟာ လုပ်မယ့် ကိစ္စကို အလေးအနက်ထားတာပါ။

ပေါ့ပျက်ပျက် ပြောတာနဲ့ အလေးအနက်ထား ပြောတာ ကွာခြားချက်ရှိသလို ဒီစကား နှစ်လုံးရဲ့ အဓိပ္ပာယ်တွေက အောင်မြင်မှုနဲ့ ဆုံးရှုံးမှုရဲ့ ကွဲပြားခြားနားမှု ဖြစ်ပါတယ်။ လူတွေက သင့်အပေါ် ယုံကြည်မှု ရှိလာစေချင်တယ် ၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေချင်တယ် ဆိုရင် သင်ပြောတဲ့ စကား လေးနက်မှု ရှိပါစေ။

“ သင်ပြောတဲ့ စကားက သင့်အနာဂတ်ကို ပုံဖော်ပါတယ် ”

တခြားလူတွေရဲ့ ဆက်ဆံရေး

သူငယ်ချင်း ( ၁ ) – “ ငါ သူ့ကို….လမ်းခွဲ ချင်နေပြီဟာ ”

“ သူက တစ်ကိုယ်ကောင်း ဆန်တယ် ၊ မြာပွေတယ် ၊ ပြီးတော့ ရမ်းကားတက်တဲ့ အကျင့်လည်း ရှိတယ်ဟ ”
အဲဒီတော့…ဟာ

သူငယ်ချင်း ( ၂ ) – “ အဲဒီတော့ ဘာဖြစ်လည်း ”

သူငယ်ချင်း ( ၁ ) – “ နင်က ငါ့သူငယ်ချင်းဆိုတော့ ငါတိုင်ပင်တာပါ….ငါကို ဝိုင်းစဉ်စားပေးပါဟာ နော် ”

သူငယ်ချင်း ( ၂ ) – “ ဟုတ်ပြီ…ဒီလောက်တောင် ဖြစ်နေရင် ဒီလို ယောကျင်္ားမျိုး တသက်လုံး မပေါင်းနဲ့ ၊ ဖြတ်ပစ်လိုက် ၊ ငါလည်း သဘောမတူဘူး ”

တလလောက်နေတော့…… ( ကွယ်ရာ ကနေ )

ကိုကို….. “ ကိုကိုနဲ့ ရန်ဖြစ်တုန်းက ဖြတ်ဖို့ပြောတာ သူပေ့ါ ”

ခင်ဗျား ဒါမျိူး ဖြစ်ဖူးသလား ။ သူငယ်ချင်း ရည်စား နှစ်ယောက် လမ်းခွဲကြတော့မယ်။ တစ်ယောက်ယောက်က ခင်ဗျားဆီက အကြံဉာဏ်တောင်း ကြတယ်။ ဒါကို ခင်ဗျားကလည်း စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်တယ်။ အမှန်က ခင်ဗျားက သူတို့ကို ကူညီဖို့ ကြိုးစားပေးတာပါ။ နောက် ၁ ပတ် ၊ ၁ လ လောက်မှာ သူတို့ ပြန်တည့်နေကြပြီး နှစ်ယောက်စလုံးက ခင်ဗျားကို မုန်းသွားနိင်ကြဖို့ ဖြစ်လာပါလိမ့်မယ်။

ဒီနေရာမှာ သင်ခန်းစာက….

“ ဆက်ဆံရေးနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေကို အကြံပေးတဲ့ အခါ သတိထားပါ ၊ မိုင်းကွင်းထဲ လမ်းလျှောက်သလို နင်းမိတာနဲ့ ပေါက်ကွဲတက်ပါတယ် ”

မိသားစု

ကိုယ့်မိသားစု အပေါ်မှာထက် တခြားသူတွေ အပေါ် ကျွန်ူပ်တို့ဆက်ဆံရေး ပိုကောင်းနေတာ ရယ်စရာ မကောင်းဘူးလား ။

ကိုယ့်သူငယ်ချင်းတွေက ကိုယ့်အပေါ် အကောင်းမြင်စေချင်ကြတယ်။ အခိုက်အတန့် သိကျွမ်းရတဲ့ သူတွေရဲ့ ပြောစကားကို ဂရုတစိုက် နားထောင်တယ်။ ကိုယ့်သားသမီးတွေ ဒါမှမဟုတ် မိဘတွေထက် သူတို့ကို အချိန်ပိုပေးတက်ကြမိတယ်။ကျွန်ု

ပ်တို့အတွက် မိဘတွေ နေ့စဉ်အနစ်နာခံနေကြပေမယ့် မိဘအတွက် ခေါင်းထဲမှာ ထည့်မတွေးမိကြဘူး။ တစ်ဖက်က ကြည့်ရင် သူစိမ်းတွေရဲ့ မပြောပလောက်တဲ့ အကူအညီ အသေးအမွှားလေးတွေကို စိတ်ထဲမှာ သံမှိုစွဲသလို စွဲထင်နေတတ်ကြတယ်။

ကိုယ်နဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်ခြင်း မရှိတဲ့ သူတွေကို ညစာဖိတ်ကျွေးဖူးသလား……

အဲဒီလို ကျွေးမွေးဖို့အတွက် လေးငါးနာရီကြာ ဈေးဝယ်ထွက်ရတယ်။ တစ်ပတ်လုံး ရှာဖွေထားတဲ့ငွေ ပြောင်ပါလေရော။ ခင်ဗျားရဲ့ အကောင်းဆုံး ပန်းကန် ၊ ဇွန်း ၊ ခရင်း တွေနဲ့ ထမင်းစားပွဲကို တစ်ညနေလုံး ပြင်ဆင်ရတယ်။ ကိုယ့်မှာမလုံလောက်တဲ့ ဖန်ခွက်လှလှလေးတွေ အိမ်နီးနားချင်းတွေဆီက ငှားရတယ်။ အိမ်သန့်ရှင်းရေး လုပ်ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ ထိုသူတွေကို ပြန်တွေ့ချင်မှ တွေ့မယ် ၊ တခါတလေ ဘယ်တော့မှ ပြန်မတွေ့ဖြစ်တော့ဘူး။

နောက်တပတ် အဖေနဲ့အမေ လာလည်ကြတယ်။ အချိန်မရှိလို ဖွယ်ဖွယ်ရာရာ တည်ခင်း မကျွေးလိုက်နိင်ဘူး။ မိဘတွေ အပြန်မှာ သစ်သီးလောက်သာ ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်နိင်တယ်။

ဒါကြောင့် တခါတလေမှာ အခြေအနေတွေကို တစ်မျိုးတစ်ဖုံ ပြောင်းပစ်သင့်ပါတယ်။ အဖေနဲ့အမေ အတွက် ပုဇွန်ထုပ်နဲ့ ဝက်သားဟင်းတွေကို သိမ်းထားပြီး ၊ သူစိမ်းတွေ ညစာစားဖို့ လာတဲ့အခါ “ သစ်သီးကို ကြွပ်ကြွပ် အိတ်နဲ့သာ ထည့်ပေးလိုက်ပြီး ” တောင်းပန်ပါတယ်ဗျာ အရင်အပတ်က ခင်ဗျားတို့ လာလည်ရင် ကောင်းမှာ။ အဖေနဲ့အမေ လာလည်ကြတယ်လေ ”

“ မိဘတွေရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မထားပါနဲ့ ”