မီးရှုးမီးပန်းတွေ (Fireworks)

 

စာမရေးဖြစ်တာလဲ ကြာပြီ။
ရေးမယ်လုပ်လိုက်၊ ဝေ့လိုက် နောက် ရေးမယ်လုပ်လိုက် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ မေ့သွားလိုက် နဲ့။
ဘယ် ရေးဖြစ်မတုံး တစ်ယောက်တည်း ပတ်ပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာလေ…။
အခုတော့ သီတင်းကျွတ်နား နီးပြီမို့
ဟို ဂျီးဒေါ်ကို ကတိပေးထားတာလဲ ရှိ။
ကိုယ်တိုင်လဲ နည်းနည်းပါးပါး မွှေနှောက်မိတာာမို့
ဒီတစ်ခါ
ဦးမာဃ ရဲ့ တာဝတိံသာ research center ကနေ တင်ဆက်ချင်တာကတော့
မီးရှုးမီးပန်း (fireworks) တွေ အကြောင်းပါ။
တွေ့သလောက် နားလည်သလောက် တတ်သလောက်၊ မှတ်သလောက် တင်ပြလိုက်ပါတယ်။

 

FIREWORKS

မီးရှုးမီးပန်း ဆိုတာ…

မီးရှုးမီးပန်း ဆိုတာကတော့ အနုပညာ ဖန်တီးမှုတွေ၊ ရိုးရာပွဲတော်တွေ၊ ဘာသာရေး ပွဲလမ်းသဘင်တွေမှာ အသုံးပြုတဲ့ အရာဝတ္တုတစ်မျိုးပေါ့။
သူတို့တတွေက မီးပန်းတွေ၊ မီးခိုးတွေ၊ အလင်းတွေကို ထွက်အောင် လုပ်ထားတယ်လေ။
ဒီ မီးရှုးပန်းတွေက အခြေခံ ပုံစံ လေးမျိုးပဲ ထုတ်လို့ရတယ်။
အဲဒါတွေကတော့ အသံ၊ အလင်းရောင်၊ မီးခိုးတွေနဲ့ ရောင်စုံစက္ကူလို ကြဲဖြန့်လို့ရတဲ့ အရာတွေကို ထုတ်ပေးတာပေါ့။

အသံ၊ အလင်း နဲ့ မီးခိုးတွေ

ဒီ လေးမျိုးကိုမှ ပသာဒ ဖြစ်အောင် ပုံစံအမျိုးမျိုး၊ အဆင်အယင် အမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။
ပြောတော့သာ မီးရှုးမီးပန်း လို့ ပြောရတာ တကယ် ထည့်မယ်ဆို ဗျောက်အိုးတွေပါ ပါပါတယ်။

ဒီမီးရှုးပန်းတွေကို ရောင်စုံမီးပွားတွေ၊ မီးလျှံတွေအဖြစ် လောင်ကျွမ်းအောင်လို့ ဒီဇိုင်းဆင်ထားတတ်ကြတယ်။
အများအားဖြင့်တော့ အနီရောင်၊ လိမ္မော်ရောင်၊အဝါရောင်၊ အပြာရောင်၊ ခရမ်းရောင် ငွေရောင် စတဲ့ တောက်တောက်ပပ အရောင်တွေကို သုံးတတ်ကြသတဲ့။

 

အရောင်စုံစွာ လှပတာ

အမျိုးအစား ခွဲကြည့်ရင်


မီးရှုးပန်းတွေကို အကြမ်းဖျဉ်း ပြောကြကြေးဆိုရင် သူတို့ကို ဘယ်လိုနေရာတွေအတွက် ရည်ရွယ်သလဲ ဆိုတာကိုကြည့်ပြီး ပြောနိုင်တယ်။
ဆိုလိုတာက မြေပေါ်မှာတင် သုံးလို့ရတဲ့ ဗျောက်အိုးလို၊ မီးပန်းလို အရာမျိုးတွေလား ဒါမှမဟုတ် မိုးပေါ်ထောင်ထားရတဲ့ မီးရှုးပန်းတွေ၊ ရွှီးဒိုင်းလိုမျိုး မီးရှုးတွေလား စသဖြင့်ပေါ့။
အဲ…မိုးပေါ်ကို ထောင်ပြီး ပစ်ရတဲ့ မီးပန်းတွေကို ထပ် ခွဲကြည့်လို့ ရသေးသဗျ။
လူရဲ့ အကူအညီမလိုဘဲ သူတို့ဘာသာ ယမ်းပေါက်ကွဲအား အကူနဲ့ တက်သွားတတ်တာမျိုးရှိသလို၊ အောက်ကနေ လူက လေထဲကို တစ်ခုခုရဲ့ အကူအညီနဲ့ ပစ်ပေးရတာမျိုးလဲ ရှိသတဲ့။
ပေါ့သေးသေးတော့ မထင်နဲ့နော… အခု တဖွတ်ဖွတ်နဲ့ လွှတ်နေကြတဲ့ ဒုံးပျံတွေက ဒီ မီးရှုးပန်းကို အခြေခံပြီး ထွင်ထားကြတာလေ။
ထွင်မပေါ့၊ ဟိုးအရင်တုန်းက ဒီ မီးရှုးတွေကို စစ်ပွဲတွေမှာ အချက်ပြ သင်္ကေတ အနေနဲ့၊ နောက်ပြီး သတင်းပို့ ဆက်သွယ်ရေးကိရိယာ အနေနဲ့ သုံးကြတာကိုး။
(အဲဒီတုန်းက အခုလို ခေါ်မသိ၊ အော်မကြား ဖုန်းတွေ ရှိသေးဘူးလေ)
အပေါ်က ပြောခဲ့တာတွေက လေပေါ်မှာ အလုပ်လုပ်တဲ့၊ မိုးပေါ် ထောင်ပစ်ရတဲ့ အမျိုးအစားတွေပါ။(မိုးပေါ်ထောင်ပစ်တဲ့အထဲ သေနတ်တော့ မပါ)
မြေပေါ် ချထားရတဲ့၊ မြေပေါ်မှာ အလုပ်လုပ်တဲ့ ဗျောက်အိုးတွေ၊ မီးပန်းတွေကတော့ မြေပေါ်မှာ ပုံဖော်တာမျိုး၊ စိတ်ဝင်စားဖွယ် ပုံသဏ္ဍာန်၊ အခင်းအကျင်းတွေ ဖော်ပြတာမျိုးအတွက် သုံးတတ်ကြပါတယ်။
နောက်ပိုင်းမှာတော့ နှစ်မျိုးစလုံးကို စိတ်ကြိုက် ပုံဖော်လို့ သုံးလာကြပြီး မိုးမျှော် မီးပန်းများက ပိုလို့ တွင်ကျယ်လာပါတော့တယ်ဗျာ။

အပေါ်က အလှတရား အောက်က side effect

နောက်ခံသမိုင်းကို ကြည့်လိုက်တော့…


ဒါကတော့ သိပ် ပြောစရာလိုမယ် မထင်မိဘူး။ ဘာလို့လဲ ဆိုတော့ ဒီ အလေ့အထကို စခဲ့တာက ပေါက်ဖော်ကြီးတို့တွေကိုး ဗျ။
ဘီစီ ၇ ရာစုလောက်မှာ အသုံးပြုခဲ့တဲ့ အထောက်အထားတွေ တွေ့ရပါသတဲ့။
ဒါက သက်သေ အခိုင်အမာနဲ့ ပြောနိုင်တဲ့ အစောဆုံးကာလပေါ့ဗျာ၊ အဲဒီမတိုင်ခင်ကတည်းက သုံးစွဲနေတာဖြစ်မယ်လို့တော့ မြင်မိပါတယ်။
ဒီ မီးရှုးမီးပန်းတွေ၊ ဗျောက်အိုးတွေကို ပွဲလမ်းသဘင်တွေအတွက် သုံးခဲ့ကြတာပါ။ ပေါက်ဖော်ကြီးတို့ရဲ့ ယဉ်ကျေးမှု တစ်စိတ်တစ်ဒေသလို့တောင် ပြောလို့ ရသပေါ့။
အဲဒီကနေမှ တခြား လူမျိုးစုတွေဆီ၊ တခြားသော ယဉ်ကျေးမှုတွေဆီကို တဖြည်းဖြည်း ပျံ့နှံ့သွားသတဲ့။
မီးရှုးမီးပန်း ပြုလုပ်ရာမှာ ကိုယ်တိုင်ရဲ့ အနုပညာ ဖန်တီးမှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို သိပ္ပံပညာနဲ့ပါ ပေါင်းစပ်ပြုလုပ်ရတာကြောင့် မီးရှုးမီးပန်း ပြုလုပ်သူတွေဟာ တရုတ်နိုင်ငံမှာတော့ အလေးဂရုပြုရတဲ့၊ လူသူလေးစားခံရတဲ့ လူတန်းစားထဲမှာ ပါဝင်ကြပါတယ်။
မီးရှုးပန်းတွေဟာ ဆယ့်ခုနှစ်ရာစု အလယ်ပိုင်းလောက်မှာ ဥရောပကို ရောက်ရှိခဲ့ပြီး တရုတ်လက်မှုပညာတွေနဲ့အတူ ရေပန်းစားခဲ့ပါတယ်။
မီးရှုးပန်းပြုလုပ်မှု နည်းနာတွေကိုတော့ ပဲရစ်သိပ္ပံအကယ်ဒမီကို Pierre Nicolas le Chéron d’Incarville ဆိုတဲ့ ပုဂ္ဂိုလ်က ၁၇၅၈ခုနှစ်မှာ ဘေဂျင်းကနေ ရေးသားပေးပို့ခဲ့တယ။်
အဲဒီ နည်းနာတွေကို ငါးနှစ်အကြာမှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး သိပ်မကြာမီမှာပဲ ဘာသာအသီးသီးကို ပြန်ဆိုခဲ့ကြတယ်။ ရလာဒ်အနေနဲ့ကတော့ ဒီ မီးပန်းတွေဟာ ဥရောပရဲ့ နေရာအနှံ့မှာ မင်းမူခဲ့ကြပါတယ်။

ပေါက်ဖော်ကြီးတို့ဆီက မီးပန်း

 

EU က မီးပန်း

သဂျီးတို့ဆီက မီးပန်းတွေ

 

 

 

မီးရှုးမီးပန်း ပြိုင်ပွဲတွေ…
မီးရှုးမီးပန်း ပြိုင်ပွဲတွေကို နှစ်စဉ် နိုင်ငံအတော်များများမှာ ကျင်းပကြပါတယ်။ ထင်ရှားတဲ့ ပွဲတော်တွေကတော့ တရုတ်၊ ကနေဒါ၊ ပြင်သစ်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကျင်းပတဲ့ ပွဲတော်တွေပေါ့။
ပြိုင်ပွဲမဟုတ်ဘဲ ပွဲတော်အနေနဲ့ ကျင်းပတာတွေကိုတော့ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗြိတိန်၊ အမေရိကန်(အမေရိက)၊ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။

ချင်ကျားပုက မီးပန်း (စီအာ- ဟိုဂျီးဒေါ်)

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ဒီနေရာမှာ ဝီကီက ခိုးချ(အဲလေ) ဘာသာပြန်တာကို တစ်ခန်းရပ်ပြီး ကိုယ်ပိုင်အမြင်လေးကို နည်းနည်း ပြောကြည့်ရရင်
မီးရှုးမီးပန်း လွှတ်တာ၊ ဗျောက်အိုးတွေ ဖောက်တာတွေကို ဦးမာဃ အနေနဲ့ကတော့ ပိုက်ဆံတွေ မီးရှို့နေတယ်လို့ မြင်မိတာ များပါတယ်။
နိုင်ငံတော် ပွဲလမ်းသဘင် အနေနဲ့ အခမ်းအနားတွေမှာ လုပ်တာကိုတော့ လုပ်သင့်တယ်လို့ မြင်ပေမင့် ပတ်ဝန်းကျင်မှာ တွေ့မိရင်တော့ အဲလိုပဲ မြင်မိနေပါတယ်။
ဦးမာဃတို့ဆီမှာ သီတင်းကျွတ်၊ တန်ဆောင်တိုင် နီးရင် သတင်းစာတွေ၊ ရပ်ကွက်ရုံးတွေကနေ အမျိုးမျိုး ကြေညာချက်ထုတ်လို့ တားမြစ်ပေမင့်
သီတင်းကျွတ်အတွက် တော်သလင်းလလောက်က စလိုက်တဲ့ ဗျောက်အိုးသံတွေက တန်ဆောင်တိုင်အထိ မစဲပါဘူး။
သီတင်းကျွတ် ဆိုရင် တစ်မြို့လုံး စစ်ပွဲကြား ရောက်နေသလား မှတ်ရတဲ့အထိ ဖောက်လိုက်ကြတဲ့ ဗျောက်တွေ တဖုန်းဖုန်း တဝုန်းဝုန်းနဲ့။
နှစ်တိုင်း ထုတ်တဲ့ ကြေညာချက်၊ တားမြစ်ချက်က ဘယ်ချောင်ဘယ်ကြား ရောက်သွားမှန်းတောင် မသိတဲ့အထိကို ဖောက်ကြတာ။
စာရင်းဇယား အတိအကျ မရှိလို့ တစ်နှစ်တစ်နှစ် ဒီ ဗျောက်အိုးတွေ မီးပန်းတွေ ပမာဏ ဘယ်လောက်အထိ သုံးစွဲနေကြတယ် ရောင်းဝယ်ဖောက်ကားနေကြတယ် ဆိုတာ ပြောဖို့မလွယ်ပေမင့် အမြင်နဲ့တင် ဒီဈေးကွက် ဘယ်လောက် ကျယ်ပြန့်တယ်ဆိုတာ မှန်းလို့ ရသဗျ။
အဆိုးဘက်ကနေ မြင်ပြီး ပြောနေတာတော့ မဟုတ်ပါဘူး၊ နှစ်တိုင်းနှစ်တိုင်း ကြေညာချက်တွေနဲ့ တားမြစ်ထားပေမင့် ဒီလောက်အထိ ကြီးမားတဲ့ ဈေးကွက်တစ်ခု ဖြစ်နေတာဆိုတော့ကာ
ဒီလို တရားမဝင် လုပ်နေတာတွေက နိုင်ငံအတွက် အခွန်ငွေ မလျော့ပေဘူးလား
ဒါတွေကို သေသေချာချာ စည်းစနစ်တကျ စည်းကြပ်သတ်မှတ်ပြီး တရားဝင် ကုန်သွယ်ခွင့်ပြုရင် ဖမ်းရ ဆီးရတာတွေ အလုပ်မလျော့ပေဘူးလား
မဟုတ်လဲ ဒီလောက် အရောင်းသွက်နေတဲ့ ရာသီကုန်ကို တရားဝင်သာ လုပ်ပေးလိုက်ရင် ရမယ့် အခွန်တွေလည်း တခြားကိုမရောက်တော့ဘူး၊ ရှေ့ကဖမ်း နောက်ကဖောက် ဆိုတာမျိုးတွေလည်း မတွေ့ရတော့ဘူးလေ။
ဒါကြောင့် တားမြစ်ချက် ကြေညာချက်တွေအစား ကန့်သန့်ချက်အချို့နဲ့ လုပ်ပေးလိုက်ရင် အချိန်ကုန်၊ အလုပ်ရှုပ် သက်သာလေမလား လို့ မြင်မိတယ်…ဗျာ။

အပေါ်က ဘာသာပြန်တွေအတွက်
http://en.wikipedia.org/wiki/Fireworks  နဲ့ http://fireworksinfo.blogspot.com ကနေ ယူပါတယ်။
ပါဝင်ပစ္စည်းတွေအကြောင်း၊ လုပ်ကိုင်နည်းတွေအကြောင်းကိုတော့ သိလိုတယ် ဆိုရင် နောက်တစ်ပုဒ်နဲ့ တင်ပေးပါမယ်။

 

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010