ကျမတောင်းပန်ပါတယ်
ကျမရဲ့အပြုံးကရှင့်အိပ်စက်ခြင်းကို နှောက်ယှက်စေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့မျက်ဝန်းတွေကရှင့်နှလုံးသားကို ထိခိုက်စေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့အပြုအမူတွေကရှင့်အချစ်ကို လှူပ်ရှားစေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့စကားလုံးတွေကရှင့်မျက်ဝန်းကို စိုစွတ်စေခဲ့မိရင်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အိပ်စက်ခြင်းတို့လည်း ပျက်ပြားခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အသဲ ရင်ကွဲခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အချစ် စတေးခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့မျက်ဝန်း မိုးရွာခဲ့ရပါတယ်
ကျမဘာတက်နိုင်မှာလဲ
ဘာသာတရားဆိုတဲ့စည်းကကျမတို့ကို ခြားထားတာ
ကျမတို့ဘာတက်နိုင်မှာလဲ
တရားတော်တွေရဲ့ တားမြစ်မှူ့တွေကို
ကျမတို့ဘာတက်နိုင်မှာလဲ
လူသားတွေရဲ့ကျင့်ဝတ်တွေကို
ကျမဘာတက်နိုင်မှာလဲ
ရှင့်ကိုချစ်မိတာကို
ကျမနားမလည်နိုင်တာက
ငြိမ်းချမ်းမှူ့ရဲ့ဖန်တီးသူတွေအတွက်တိုက်ပွဲတွေဖြစ်နေရတာ
ကျမနားမလည်နိုင်တာက
အချစ်ပိုင်ရှင်တွေအတွက် ချစ်သူတွေဝေးနေရတာ
ကျမနားမလည်နိုင်ဘူး
ဂရုနာရှင်တွေအတွက် ရန်ငြိုးတွေပွားနေရတာ
ကျမနားမလည်နိုင်ဘူး
တရားတော်တွေအတွက် မတရားတာတွေဖြစ်နေရတာ
ကျမသိချင်တာက
ဗုဒ္ဓ ခရစ်တော် ရစူလ် ပွင့်လေသမျှဘုရားတို့ကမေတ္တာ၊ဂရုဏာ၊အချစ်၊ငြိမ်းချမ်းခြင်းတူညီခြင်းနဲ့မကွဲပြားခြင်းတွေကိုဟောပြောပို့ချခဲ့ပေမယ့်
လက်တွေ့လူသားမှာဘုရားတွေကိုပြိုင်ရင်းဓမ္မတွေနဲ့ဆန့်ကျင်ဘက်ကိုလျှောက်နေကြရတာ
ကျမသိချင်တာက
အချစ်နဲ့ အချစ်ညီမျှခြင်းထိုးလို့ရလား
ကျမသိချင်တာက
ယဉ်ကျေးတဲ့လူ့ဘောင်အတွက် ငြိမ်းချမ်းရေးကဘယ်ရှောင်ပုန်းနေလဲ
ကျမသိချင်တာက
ဘုရားတွေရဲ့အနစ်နာခံမှု့အသင်္ချေက စစ်ပွဲတွေပိုကြီးထွားစေဖို့လား(ချစ်သူတွေဝေးကြရဖို့လား)
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမကိုယ်ကျမချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမရှင့်ကိုချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမနိုင်ငံကျမချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမလူသားအန္တနကိုချစ်တက်လာစေလို့။

About attach ment

attach ment has written 3 post in this Website..