အချစ်နှင့်ငြိမ်းချမ်းရေး

attach mentOctober 20, 20131min1736

ကျမတောင်းပန်ပါတယ်
ကျမရဲ့အပြုံးကရှင့်အိပ်စက်ခြင်းကို နှောက်ယှက်စေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့မျက်ဝန်းတွေကရှင့်နှလုံးသားကို ထိခိုက်စေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့အပြုအမူတွေကရှင့်အချစ်ကို လှူပ်ရှားစေခဲ့မိရင်
ကျမတောင်းပန်ပါတယ်
ကျမရဲ့စကားလုံးတွေကရှင့်မျက်ဝန်းကို စိုစွတ်စေခဲ့မိရင်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အိပ်စက်ခြင်းတို့လည်း ပျက်ပြားခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အသဲ ရင်ကွဲခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့အချစ် စတေးခဲ့ရပါတယ်
ကျမရိုးသားစွာဝန်ခံရရင်
ကျမရဲ့မျက်ဝန်း မိုးရွာခဲ့ရပါတယ်
ကျမဘာတက်နိုင်မှာလဲ
ဘာသာတရားဆိုတဲ့စည်းကကျမတို့ကို ခြားထားတာ
ကျမတို့ဘာတက်နိုင်မှာလဲ
တရားတော်တွေရဲ့ တားမြစ်မှူ့တွေကို
ကျမတို့ဘာတက်နို်င်မှာလဲ
လူသားတွေရဲ့ကျင့်ဝတ်တွေကို
ကျမဘာတက်နိုင်မှာလဲ
ရှင့်ကိုချစ်မိတာကို
ကျမနားမလည်နိုင်တာက
ငြိမ်းချမ်းမှူ့ရဲ့ဖန်တီးသူတွေအတွက်တိုက်ပွဲတွေဖြစ်နေရတာ
ကျမနားမလည်နိုင်တာက
အချစ်ပိုင်ရှင်တွေအတွက် ချစ်သူတွေဝေးနေရတာ
ကျမနားမလည်နိုင်ဘူး
ဂရုနာရှင်တွေအတွက် ရန်ငြိုးတွေပွားနေရတာ
ကျမနားမလည်နိုင်ဘူး
တရားတော်တွေအတွက် မတရားတာတွေဖြစ်နေရတာ
ကျမသိချင်တာက
ဗုဒ္ဓ ခရစ်တော် ရစူလ် ပွင့်လေသမျှဘုရားတို့ကမေတ္တာ၊ဂရုဏာ၊အချစ်၊ငြိမ်းချမ်းခြင်းတူညီခြင်းနဲ့မကွဲပြားခြင်းတွေကိုဟောပြောပို့ချခဲ့ပေမယ့်
လက်တွေ့လူသားမှာဘုရားတွေကိုပြိုင်ရင်းဓမ္မတွေနဲ့ဆန့်ကျင်ဘက်ကိုလျှောက်နေကြရတာ
ကျမသိချင်တာက
အချစ်နဲ့ အချစ်ညီမျှခြင်းထိုးလို့ရလား
ကျမသိချင်တာက
ယဉ်ကျေးတဲ့လူ့ဘောင်အတွက် ငြိမ်းချမ်းရေးကဘယ်ရှောင်ပုန်းနေလဲ
ကျမသိချင်တာက
ဘုရားတွေရဲ့အနစ်နာခံမှု့အသချေင်္က စစ်ပွဲတွေပိုကြီးထွားစေဖို့လား(ချစ်သူတွေဝေးကြရဖို့လား)
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမကိုယ်ကျမချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမရှင့်ကိုချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမနိုင်ငံကျမချစ်တက်လာစေလို့
ကျမရှင့်ကိုကျေးဇူးတင်ပါတယ်
ကျမလူသားအန္တနကိုချစ်တက်လာစေလို့။

6 comments

  • အရိပ်စစ်

    October 21, 2013 at 4:50 pm

    ကြိုက်စ်………….

  • alinsett

    October 21, 2013 at 8:55 pm

    ကိုယ့် ကိုယ် ကို သာ..အချစ်ဆုံးပါကွယ်…
    အဟိ

  • Mr. MarGa

    October 22, 2013 at 7:54 pm

    ကျနော် ခင်ဗျားကို ကျေးဇူးတင်ပါတယ်။
    ဒီလို ကဗျာကောင်းတစ်ပုဒ်ကို ရင်ထဲအရောက် ပို့ဆောင်ပေးလို့……

    • attach ment

      October 23, 2013 at 7:39 pm

      ရင်ထဲရောက်အောင်ယူဆောင်ပေးလို့ကျေးဇူးတင်ပါတယ် ရှင်။

  • မဟာရာဇာ အံစာတုံး

    October 23, 2013 at 6:25 am

    တစ်ခါတစ်ခါ …
    လောကကြီးမှာဆိုရင် …
    လိုက်နေရင် ပြေးနေတတ်သတဲ့ …..။

  • attach ment

    October 23, 2013 at 7:33 pm

    ခံစားပေးကြတာကိုကျေးဇူးတင်ပါတယ်။ရင်နှင့်ရင်း၍ဖွဲ့သီခဲ့တာပါ။

Leave a Reply