မကွေးမြို့၊ပြည်တော်သာရပ်ကွက် အထက(၁)လမ်းရှိ မြို့တော်ခန်းမတွင် အောက်တိုဘာ(၁၂)ရက်နေ့ည(၇)နာရီချိန် က မကွေးတိုင်းဒေသကြီး အကြိမ်(၂၀)မြောက်မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့် ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစီအစဉ်အရ ဆို၊က၊ရေး၊တီးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဇနီးဒေါ်စန်းစန်းမြင့်၊အစိုးရအဖွဲ့ဝန်ကြီးများ၊မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးကျော်၊မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး တို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊သူနာပြုသင်တန်းသား/သင် တန်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊ပြိုင်ပွဲဝင်အုပ်ချုပ်ရေးမှူးများ၊ပြိုင်ပွဲဝင်များ၊ဖိတ်ကြားထားသည့်ဧည့်သည် တော်များ စုပေါင်းအင်အား(၃၀၀)ကျော်တက်ရောက်ခဲ့ကြသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..