မကွေးမြို့တွင်အကြိမ်(၂၀)မြောက်မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအဆို၊အက၊အရေး၊အတီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Hlaing Zar ChiOctober 14, 20131min944

မကွေးမြို့၊ပြည်တော်သာရပ်ကွက် အထက(၁)လမ်းရှိ မြို့တော်ခန်းမတွင် အောက်တိုဘာ(၁၂)ရက်နေ့ည(၇)နာရီချိန် က မကွေးတိုင်းဒေသကြီး အကြိမ်(၂၀)မြောက်မြန်မာတိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီးမြှင့် ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစီအစဉ်အရ ဆို၊က၊ရေး၊တီးပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဇနီးဒေါ်စန်းစန်းမြင့်၊အစိုးရအဖွဲ့ဝန်ကြီးများ၊မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးကျော်၊မကွေးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး တို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း အဆိုပါ အခမ်းအနားသို့ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊သူနာပြုသင်တန်းသား/သင် တန်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊မြို့မိမြို့ဖများ၊ပြိုင်ပွဲဝင်အုပ်ချုပ်ရေးမှူးများ၊ပြိုင်ပွဲဝင်များ၊ဖိတ်ကြားထားသည့်ဧည့်သည် တော်များ စုပေါင်းအင်အား(၃၀၀)ကျော်တက်ရောက်ခဲ့ကြသည်။

4 comments

  • သတင်းထောက်တစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုလေးကို ရေးပေးပါလားဟင်။ ဒီထဲမှာ သတင်းထောက်မရှိတော့ အဲဒီအကြောင်းလေးကို သိချင်လို့ပါ။ ကျေးကျေးပါနော်။

  • alinsett

    October 14, 2013 at 10:42 pm

    ဟိုလေ….
    သတင်းခေါင်းစဉ်တွေက်ို…တိုတိုနဲ ့ လိုရင်း..ထိထိမိမိ ရေးရင် ပိုကောင်းပါမယ်..လို ့..။
    ပြီးတော့…..
    ပိုစ့်တွေ တစ်ပုဒ်ပြီးတစ်ပုဒ်…တင်ပြီး….လှည့်မကြည်ပဲ..မနေပါနဲ့လား..လို ့..။
    ကိုယ့်ပိုစ့်ထဲ.. ဝင်ပြီး..Comment ပေးသူ တွေကိ်ုလည်း.. ပြန်လည် ဆွေးနွေးစကားလေးများ.ပြောပါလားလို ့……

    အက်ဒါလေး ဝင်ပြောကျိတာပါ ။

    ပြေးပြီ…

  • Hlaing Zar Chi

    October 15, 2013 at 8:30 am

    အကြံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

  • Hlaing Zar Chi

    October 15, 2013 at 8:31 am

    သတင်းထောက်တစ်ယာက်ရဲ့ဘဝဖြတ်သန်းမှုကို ကြုံရင်ကြုံသလိုရေးပြီး တင်ပေးပါ့မယ်နော်

Leave a Reply