သီတင်းကျွတ်အခါကာလ…အမှတ်တရများနဲ့ ကဗျာပြခန်းအမှတ်( ၁၁ )

alinsettOctober 17, 20138min73185

🙄   🙄     🙄     🙄     🙄

သီတင်းကျွတ်ပြီ….။

သီတင်းကျွတ်ဆိုသည်မှာ ….

မိုးလေ ကင်းလွတ်သော ပွင့်လင်းရာသီဖြစ်သည်။

စိုစွတ်အိုက်စပ်သော ရာသီဥတု နေ့ရက်များဆီမှ. . . …ဆောင်းအငွေ့အသက် ခပ်သဲ့သဲ့နှင့်  သာသာယာယာ နေချင်စဖွယ်နေ့ရက်များဆီကို . . .

လှစ်ခနဲ ကူးပြောင်းလိုက်ခြင်းသည် . . .သီတင်းကျွတ် ဖြစ်သည်။

ဗမာပြည်သူပြည်သားတို့၏ ထုံးတမ်းစဉ်လာအရ. . . ဤအချိန်အခါသည်. . .

သမိုင်းရာဇဝင်မှာ အစဉ်အလာကြီးသော အခါကြီးရက်ကြီးဖြစ်သည့်အပြင် မြင်မြတ်တင့်တယ်သော ပြုဖွယ်အစုစုတို့ ့နှင့်

စည်ကားသိုက်မြိုက်သော အချိန်အခါလည်း ဖြစ်ပါသည်။

ဗမာလူမျိုးတို့၏ အစဉ်အလာများထဲမှ ချစ်စရာကောင်းသော အစဉ်အလာတစ်ခုအဖြစ် . . .

မိဘ ဘိုးဘွား  ဆရာသမားများနှင့် သက်ကြီးဝါကြီး ပူဇော်ထိုက်သူတို့ကို ပူဇော်ကြ ကန်တော့ကြတာတွေ

ကိုယ်စီမြင်ရသည်မို ့ကြည်နူးစရာပင် ။

(((  သီတင်းကျွတ် အချိန်အခါ၏ အစဉ်အလာ ဓလေ့ထုံးစံများကို   အားလုံးသိပြီး ဖြစ်၍ အထူးအထွေ  ရှည်ရှည်ဝေးဝေး  ပြောစရာမလိုတော့ပါ)))

****************************** *****

ထူးခြားသော အကြောင်းအရာတစ်ခုကိုတော့….. ပြောပါမည်။

ဂဇက်ရွာ၏ သီတင်းကျွတ်အချိန်အခါသည် …….

ဤတစ်နှစ်မှာ ထူးထူးခြားခြား ဖြစ်တည်ပါတော့မည် ။
ထိုးထူးခြားမှုမှာ . . . . ……..
***********************************
ဂဇက်ရွာထဲမှာ ကဗျာပြခန်း ဆိုပြီး စာပေအနုပညာရပ်တစ်ခုကို အင်နဲ့အားနဲ့စုစည်းပြသဖို ့……
စတင်တွေးတောကြံစည်မိသူက ကျွန်တော်ဖြစ်ပေမယ့်လည်းးးး
ကျွန်တော် စီစဉ်ချင်တာထက်  ကျွန်တော် တွေးထားတာထက်
ပိုကောင်းမယ့်  တင်ပြဖန်တီးမှုတွေကို ……
လူအား / ငွေအား နဲ့ အတွေးအခေါ်အားပါမကျန် . . .
ကူညီပံ့ပိုးလာသူ ……ကဗျာချစ်သူအဖွဲ့လေး ကြောင့် ဂဇက်ရွာမှာ ကဗျာဆိုတာလည်းးး   ပွဲလည် တင့်ခဲ့ပြီ။
ပြခန်းတစ်ခန်းပြီးတစ်ခန်း  အောင်မြင်စွာ ချီတက်လာခဲ့တာလည်း…… အခုဆို ပြခန်းအမှတ်  ( ၁၁ ) တိုင်ခဲ့ပြီ။
လူငယ်တွေဖွဲ့စည်းပြီး စီစဉ်တဲ့ အနုပညာပရဟိတ အဖွဲ့လေး. . . . ဒီလောက်ထိ ရှင်သန်နေတာကိုက ကျေနပ်စရာဖြစ်နေသည် မဟုတ်ပါလား ။
အခုလည်းးး . . . .
ကဗျာချစ်သူအဖွဲ ့တွေရဲ့ ….ကဗျာပြခန်းထဲက အနုပညာရပ်တွေဟာ
သီတင်းကျွတ် ပွင့်လင်းသာယာ ….ဆီ……
အချိန်အခါမှီ . . . .ရောက် ရှိလာပြန်ပါပြီ ။
***********************************
ဗမာပြည်သူပြည်သားတို့ရဲ့ ဓလေ့ထုံးစံတွေနဲ့ စည်ကားပြီး ကြည်နူးဖွယ်ရာ ဤအချိန်မှာ . . . .
ဤ ဂဇက်ရွာမှာလည်း  .  . . .
ထူးခြားသော အစီအစဉ်လေးတစ်ခုကို  သီတင်းကျွတ်အခါသမယ အထိမ်းအမှတ်အဖြစ် ဖန်တီးပြပါတော့မည်။
ဂဇက်ရွာသူားကဗျာချစ်သူများနဲ့အတူ. . .
ကဗျာရေးစပ်သီကုံးသော  ကဗျာဆရာ/ဆရာမ ရွာသူားတို့က   . . .
သာယာလှပတဲ့ ဤ အချိန်မှာ ကဗျာရွတ်ပွဲပြုလုပ်ပါ့မယ်။
ကဗျာကိုချစ်သော  ရွာသူရွာသားများကို ကဗျာနဲ့  စိတ်နှလုံးရွှင်ပြုံး စေဖို ့. . .
ရသ ခံစားးနှစ်သက်ကြည်နူးစေဖို ့. . .ကဗျာ ရွတ်ပြကာဖြင့်…ဖျော်ဖြေပါ့မယ် ။
***********************************************************
လမင်းကြီး ထိန်ထိန်သာနေတဲ့အချိန်မျိုးမှာ. . . . .
ကြယ်တွေ စုံလင်စွာနဲ့ လင်းလင်းချင်းချင်းကောင်းကင်ကို မော့ကြည့်ကာ. . .  .ကဗျာရွတ်ဖူးပါသလားးး
ဒါမှ မဟုတ်. . . ကဗျာရွတ်ပြတာကို နားထောင်ခံစားဖူးပါသလားးးးး
လပြည့်ဝန်းကြီးရဲ့ အေးမြတဲ့အလင်းတန်းတွေအောက်မှာ…….
မြောက်လေ အေးအေး နဲ့ ့နွေးထွေးစွာနေပါ. . . .။
ဖျာကြမ်းလေးဖြစ်စေ. . .
ကွပ်ပျစ်ကလေးဖြစ်စေ  . . .
သစ်ပင်ကြီးတစ်ပင်ရဲ့ သစ်မြစ်ပေါ်မှာဖြစ်စေ……
ထိုင်ပြီး. . . . .ကဗျာ ရွတ်ပြတာကို  . . . ကျွန်တော် နားထောင်ချင်ဖူးတယ်။
((ကျွန်တော့်ဘဝမှာတော့ . . .သူတပါးကို ကဗျာ ရွတ်ပြဖူးတာပဲ ရှိတယ်။ သူတပါးရွတ်ပြတဲ့ ကဗျာကို နားထောင်ရတဲ့အဖြစ်နည်းပါတယ် ။ ))
ကဗျာ ရွတ်ဖတ်ပြတာကို  နားထောင်ရင်း ခံစား  . . .
ခံစားရင်း နားထောင်  . . .
ဒီလိုနည်းနဲ့ ကျွန်တော်တို ့ ဘဝကို တစ်နည်း  တစ်ဖုံ နေပျော်ဖို့ ့ကြိုးစားကြပါမည်။
ကဗျာ ရေးသူဆီက ခံစားမှုကို ကူးယူသွယ်ဆက်ကာ. .
ကဗျာ ခံစားသူတို့ နှလုံးသားမှာ . . .
အလှတရား ဆိုသော အနုပညာပန်းပွင့်တွေ တခမ်းတနား ပွင့်လန်းလာပါလိမ့်မည် ။
ချစ်သော ရွာသူရွာသားများအတွက်
ချစ်သော ကဗျာဆရာ / ဆရာမများက
ချစ်သော ကဗျာများကို ရွတ်ဖတ်ပြတဲ့
ချစ်စရာကောင်းသော  ဓလေ့လေးတစ်ခု
ဤ ချစ်သော ဂဇက်ရွာရဲ့ သီတင်းကျွတ်အခါကာလမှာ . . . .
ဖန်တီးလိုက်ပါပြီ ။
**********************************
ကဗျာ. . . .
ကျွန်တော်တို ့ချစ်သော ကဗျာ. . .ကဗျာထဲမှာ နက်နက်ရှိုင်းရှိုင်း စီးဝင်နေတဲ့
အနုပညာရဲ့  အလှတရား အလင်းတန်းကို
ကျွန်တော်တို့ရဲ့ အနုပညာချစ်တဲ့လက်တွေနဲ့ …..ဖမ်းယူနိုင်ဖို ့. . . . . . .
ကဗျာတွေကို…
အသာအယာ…
အထာမပါပဲ…
ရှာကြည့်လိုက်ကြပါစို့ . . . . . . . . . . . . .
——————————————————————————————–
ကဗျာချစ်လို ့ရေးသူတွေ က…နှလုံးသားနဲ ့…ရွတ်ပြတဲ ့…ကဗျာကို….
ကဗျာချစ်လို ့ခံစားသူတွေက… နှလုံးသားနဲ ့… နားထောင်ကြည့်ပါနော်…။
———————————————————————————————-
ဒီကဗျာပြခန်းလေးမှာ…. ပါဝင်ဖျော်ဖြေပေးတဲ့…ကဗျာဆရာ /ဆရာမများကတော့….
“သီတင်းကျွတ်လဖွဲ ့  –   ဦးပုည
ကိုပေါက် (မန္တလေး)
KZ
ထက်ဝေး
မနှင်းဖြူ
မာဃ
မဟာမြန်မာ
sorrow weaver
အာဂ
ခင်ခ
အရိပ်စစ်
lele kyi
ကဗျာပြခန်းသို ့…. ကဗျာလက်ဆောင် ပေးပို ့ ကူညီကြသော… ကဗျာရေးသူများ..အားလုံးကို…လှိုက်လှဲစွာ ကျေးဇူးတင်ပါကြောင်း…..
—————————————————————————————–
ကဗျာပြခန်းက ကြိုဆိုပါတယ်။ (ဒီပုံကို နှိပ်ပြီး ပြခန်းကို ဝင်ပါနော်)

 

************************************************

ဒီ ပြခန်းက ကဗျာလေးတွေထဲက နှစ်သက်ရာကဗျာသုံးပုဒ်ကို အောက်မှာ ရွေးပေးကြပါဦးနော်

[polldaddy poll=”7480124″]

*************************************************

 

 

 

ကဗျာ ပြခန်း အမှတ် ( ၁ဝ ) မှ..ကဗျာနှင့် ရေးသားသူစာရင်း / View Results

၁ )    “လက်ဖက်ရည်ကြမ်းဝိုင်း”  – ဗန်းမော်ညို နွဲ့

၂)      “အောက်တိုဘာလ ရောက်ပြီမို့” – ခင် ခ

၃)      “ဒုတိယ” – ရင်ငြိမ်းနွေး

၄)      “သတိရခြင်း များစွာဖြင့်” – အောင်မိုးသူ

၅)      “သိင်္ဂါရ စစ်မျက်နှာ” – ကမ်းဝေး

၆)      “သောနုတ္ထိုရ် ငိုချင်း” – တောက ကိုရင်

၇)      “ငါတို့ အနာဂတ်ဟာ ဘာအရောင်လဲ” – အာဂ

၈)      “ယုံကြည်ချက်မဲ့” – ရွှေကြည်

၉)      “အမှောင်စအား ဆွဲခြုံသူ” – နေခြည်

၁၀)    “ဘဝ” – မနှင်းဖြူ

၁၁)    “လွမ်းတယ်” – လုံမလေး မွန်မွန်

မဲရလာဒ်တွေကတော့ အောက်ပါအတိုင်းပေါ့

 

 

 

အရင်ပြခန်း မဲရလာဒ်

 

———

အထက်ပါ… စာရင်းကို..ကြည့်သောသူမြင်ခြင်းအားဖြင့်….

ကဗျာပြခန်းအမှတ် ( ၁ဝ ) မှာ……

ဂဇက်ကဗျာချစ်သူများရဲ့…အမှတ်တရ အချစ်ဆုံးကဗျာအဖြစ်…

မနှင်းဖြူမှန်မှန်ပြော  ဆ ိုတဲ ့  ရွာသူလေး  ရေးတဲ့…

ဘဝ ဆိုတဲ့ ကဗျာလေးက…ရရှိသွားပါကြောင်းးးးးးး

**************************************************

 

 

 

 

 

ကဗျာပြခန်းတွေထဲမှာ..ထည့်သွင်းပြသဖို ့အတွက်…

ကဗျာလက်ဆောင်လေးများ…ရေးသားပေးပို ့ကူညီချင်မယ်ဆိုရင်တော့…

alinsett.art@gmail.com ကို ဖြစ်ဖြစ်  /   alinsett ရဲ ့ Facebook က chatbox ထဲကိုဖြစ်ဖြစ်

ပေးပို ့ကူညီပေးပါ…လို ့…။ 

ကဗျာပြခန်းအတွက်… ပေးပို ့ကူညီလာမယ့် ကဗျာလေးများကို….

လှိုက်လှဲစွာ…..မျှော်လင့်ကြိုဆိုနေပါတယ်…လို ့….။

—————–

 

လေးစားစွာဖြင့်…..

 

အလင်းဆက်

 


    Pages: 1
  • 2

85 comments

  • KZ

    October 17, 2013 at 8:46 am

    မနှင်းဖြူမှန်မှန်ပြောရကျိုး နပ်သွားပါပြီ။
    ကွန်ဂရက်ကျူလေးရှင်းပါ အဖြူ။

    :chit:

  • KZ

    October 17, 2013 at 8:48 am

    ပြခန်းထဲ ဝင်လို့ မရဘူးးးးး
    ပြခန်းစောင့်သကြား နိုးသေးဘူးလားးးးး

    • Mr. MarGa

      October 17, 2013 at 9:09 am

      အို…ချစ်လှစွာသော ဂျီးဒေါ် ရေ
      ပုံကို နှိပ်လိုက်ပါ
      ကျွန်တော် ဖွင့်တာတော့ ပွင့်ပါတယ်ခင်ဗျ
      စမ်း ကျိ ပါ ဦး 🙂

      • KZ

        October 17, 2013 at 9:12 am

        ရပြီ။
        ရပြီ။
        🙂

  • ဘော်ဘော်တို့
    ဒီလ ဆင်ထားတဲ့ ပုံလေးက မိုက်တယ်
    ကျနော်တို့လို့ အသက်ကြီးသူတွေအတွက်ဖတ်ရမြင်ရတာ
    ရှင်းကနဲ လင်းကနဲ

    ကဲ ရွာသူား လူလွတ်များ ဝါလကင်းလွတ်သီတင်းကျွတ်မှာ ကျွတ်နိုင်ပါစေ
    မီးပုံပျံများလည်း လွှတ်နို်င်ပါစေ။

    တူမကြိးကေဇက်နဲ့ မရွှေကြည်ဆက်သွယ်ပါ လေးပေါက်ကို အထူး သတင်း ပြောပြစရာရှိသည်
    ထိပ်ဆုံးက ဆေးပေါ့လိပ်

    • alinsett

      October 17, 2013 at 10:20 am

      ပြခန်း အပြင်အဆင်လေးက အဆင်ပြေတယ်ဆိုလို့
      အမော ပြေပါပြီ လေးပေါက်ရေ

  • သီတင်းကျွတ်မှာ ၁၁ မီးငြိမ်းတဲ့ အလက်ဆင်းရေ . . . နောက်ခါတွေ့ရင် နာ ကဗျာရွတ်ပြပါ့မယ် ။ နီ ထွက်မပြေးဘူးလို့ ကတိပေးပါ။ 🙂 ကဲ ပြခန်းထဲကို ဝင်လိုက်ဦးမ

    • alinsett

      October 17, 2013 at 10:24 am

      မွန်မွန်ရေ

      ကဗျာ တကယ်ရွတ်ပြနော်

      ကျွန်တော်တော့ ကဗျာ ရွတ်ပြတာကို သိပ်နားထောင်ချင်တာပါ
      ဘယ်သူပဲ ရွတ်ရွတ်ပေါ့။
      ကဗျာ ရွတ်တယ်ဆိုတာကိုက သိပ် အနုပညာ ဆန်တဲ့ လူသားတွေရဲ့ ချစ်စရာအပြုအမူလေးဆိုတော့. . .

  • အဟိအဟိ ..မနှင်းဖြူ ကံတွေကောင်းနေပါ့လား …
    နာမည်တွေဖျက်ကြလွန်းလို့ စန်းတက်လာတာဖြစ်မယ်..
    ကဗျာဆုတွေဘာတွေ ရလို့ ..အားပေးသူများ ကို အထူးကျေးဇူးတင်ပါဒယ် …

    • alinsett

      October 17, 2013 at 10:27 am

      ကဗျာဆုရှင် ရဲ့ ဝမ်းသာပီတိစကားလေး ပေါ့နော်။

      တွေ ့ဆုံပွဲရောက်ရင်
      ကဗျာချစ်သူအဖွဲရဲ့အမှတ်တရလက်ဆောင် ဆုလေး ကိုယ်တိုင်လာယူနော်

  • ဟိုက် ..ပြခန်း ၁၁ ကိုဖတ်လိုက်တာ
    သူ့ထက် ဆရာ ဆရာ့တွေချည့်ပဲ ..
    ၁ဝမှာတုန်းက ၃ပုဒ်လောက်ကြိုက်တယ်
    ခု ၁၁ မှာ အကုန်နီးပါးကြိုက်နေတယ်..ကိုယ်ရေးတာကလွဲရင် ………
    တော်လိုက်ကြတာ…………….

    • alinsett

      October 17, 2013 at 10:29 am

      🙂

      ဒီပြခန်း ၁၁ က ကဗျာလေးတွေ အကုန်လုံးက
      ချစ်စရာကောင်းနေတာပါ။

  • မဟာရာဇာ အံစာတုံး

    October 17, 2013 at 10:00 am

    သဒင်းကျွတ်ဘီ
    မီးဘုံးပျံ လွှတ်ဂျရအောင် …
    နင့်ရဲ့ ဒေါ်ဖွားမေဂျီး ခေါ်ဂဲ့ …

    ဟိုကျိ ဒီကျိ လိုက်ကျိတွားဘာဒယ် ခညာ …

    • alinsett

      October 17, 2013 at 10:33 am

      အန်ဇရာ

      နာ့ဒေါ်ဖွားမေဂျီးကို ခေါ်ခဲ့ဆိုတော့
      နီ သဘောကျလို့လား။
      ဒေါ်ဖွားမေဂျီးကို နီလိုချင်ရင် နာ ပေးမှာပေါ့
      သီချင်းလေးနဲ့ပေးမယ်. . .

      ဖဲ. . ကြိုးးလေးးးနဲ့ ချည်ပြီးးးး
      ပေးချင်တယ်. . . .
      ဒေါ်ဖွားမေဂျီးးးးးးးးကို . . . .

      :kwi:

  • KZ

    October 17, 2013 at 10:44 am

    အွန်။
    ဒူမှလည်း မဗုတ်သေးပါလားးးး
    ဗုဒ် ကြပါ ဗျို့။
    အနော့ ကဗျာ ဗုတ်ရင် နောက်တစ်ပတ် ထမင်းဆိုင်မှာ အလကား စားခွင့် ပေးပါ့မယ်။
    အဟိ ခိခိခိ
    ခုခွိ ခုခွိ

    :mrgreen:

    • alinsett

      October 17, 2013 at 11:03 am

      ဟုတ်ပါ့

      ကဗျာလေးတွေ ဖတ်ပြီး ခံစားပြီးရင်
      ဗုတ်ပေးကြပါဦးဗျို့

      ကဗျာရေးသူတွေ အတွက် အမှတ်တရလက်ဆောင် အဖြစ် ဗုတ်ရလဒ်လေးတွေ
      ပေးကြပါစို့နော်

    • ခင် ခ

      October 17, 2013 at 7:25 pm

      အလကား စားရမယ့်အရေး
      ငေးမောလာ မနေတော့ပါဘူး
      တွေးတောကာ ဗုတ်လိုက်ချင်ပါရဲ့
      ခတ်တာက သူ့ကဗျာကိုယ်မသိပြီမို့
      မှန်းကာသာ ဗုတ်ရချည်ရဲ့
      မဟုတ်ရင်လည်း ကျွေးမယ်ထင်မိသကွဲ့
      နှမငယ် ခိုင်ဇာရဲ့။

      • KZ

        October 17, 2013 at 7:38 pm

        ကျွေးပါ့ဗျားးးး
        :mrgreen:

        ဘယ်ကဗျာ ဗုဒ်ဗုဒ် ပါ။

      • Mr. MarGa

        October 17, 2013 at 7:54 pm

        ဗုတ်သာဗုတ် လေးခ ရေ
        ဂျီးဒေါ်က သူ့ကဗျာ ပါရင် နှစ်ပတ်စာ ဖရီး တဲ့ဗျ
        :mrgreen:

      • alinsett

        October 17, 2013 at 7:55 pm

        လေးခရေ…
        ကဗျာပြခန်းအတွက်.. ရာသီဖွဲ့ကဗျာလေးတွေ အဆက်မပြတ်ရေးသား ပေးပို ့..ပေးနေတဲ့အတွက်..
        ကျေးဇူးကမ္ဘာပါ…နော်..။

        လေးခ ရဲ ့ကဗျာလေးတွေကို… ကျွန်တော်တို ့ပြခန်းအဖွဲ ့ဝင်တွေက… အမှတ်တရ ဖြစ်အောင်.. စီစဉ်ထားတာ ရှိပါတယ်.လို ့..။
        ဘယ်အချိန်မှာ.ဘယ်လို..အမှတ်တရ ဖြစ်အောင်.. ဖန်တီးပေးမယ်ဆိုတာတော့….
        မျှော်……

        ((အဟိ..ကြို သတင်းပေးမိပြီ..)

        :kwi:

        လေးစားချစ်ခင်လျက်…

        • ခင် ခ

          October 17, 2013 at 8:04 pm

          အလင်းဆက်ရေ မောင်ရင်တို့ထံပိုပြီးတဲ့ ကဗျာ မောင်ရင်တို့ပိုင်သမို့ မောင်ရင်တို့ သဘောပါ။ ကျုပ်က ဆိုင်ဘဲဆိုင်တော့တာမို့ သဘောရှိပါဗျ။
          ဖြူစိမ်းတွေ နောက်နှစ်တစ်တန်းတက်ရင်ဖြင့်
          ရာသီဖွဲ့ကဗျာလည်း နှစ်ပတ်လည်ပြီထင့်။

  • alinsett

    October 17, 2013 at 4:31 pm

    အဲ

    တစ်ပုုဒ်ကိုပဲ ဗုတ်သွားလို ့
    မဲတစ်မဲတော့ရပါပြီ

    ပေးကြပါဦးနော်

    🙂

  • အရီးခင်

    October 17, 2013 at 5:06 pm

    မနှင်းဖြူ လေး BIG Congratulations!
    တကယ်ကောင်းတဲ့ ကဗျာလေးပါ။ 😛

    • Mr. MarGa

      October 17, 2013 at 5:11 pm

      ဗြဲ…
      အရီး ဗုတ်လဲ ဗုတ်ရသေးဘူး
      စကားမစပ် ချွန်ရရင်
      အဲ့ကဗျာက ဘာလို့ကောင်းလဲ ဆိုတော့
      နောက်ကွယ်မှာ ခံစားချက် အပြည့်နဲ့ ဆိုလားပဲ
      ဟီဟိ

      • ပါးစပ်ပိတ်စမ်း …….. မာဂိန် ..အသာမငြိမ်ရင်
        ကြာ ..စင်္ကြာကြိမ်နဲ့ ..ကျောပြင်ကို ဗျောတင်တော်မူလိုက်မယ်… ဘာမှတ်ဒုန်းးးးးးးးးး!!!

    • ကျေးဇူးပါ အရီးရေ ……
      ဒိလိုပဲ ကာရံမသိ ..ဘာမှမရှိတဲ့.. ကဗျာမဟုတ်တဲ့ စာစုလေးကို အားပေးကြတာ
      ကျေးဇူးတင်ပါတယ်.. 😀

  • အရီးခင်

    October 17, 2013 at 5:09 pm

    နာ့ ကဘာ တောင် မရိုက် ရသေးဘူး။
    နောက် တစ်ခန်း ကူးပြီ။
    မြန်လိုက်ကြတာ၊ သွက်လိုက်ကြတာ။
    ကောင်းပါလေ့တော်။

    ပြခန်းထဲ ဝင်မရပါ အလက်ဆင်း လေး ရေ့။
    404 Not found ဖြစ်နေပါတယ်။

    • Mr. MarGa

      October 17, 2013 at 5:18 pm

      အရီးရေ
      ပုံကိုနှိပ်ပြီး ထပ်ဝင်ကြည့်ပါဦး
      ကျွန်တော်တို့ စမ်းတာတော့ အဆင်ပြေနေတယ်ဗျ
      ဒါကြောင့်
      Please Try Again 🙂

      • အရီးခင်

        October 17, 2013 at 5:28 pm

        ငါးခါ လောက် နှိပ်အပြီး ဝင်သွားတယ်။
        တကယ်တော့ ဝင်လို့ ရလိုက် မရလိုက် ဖြစ်နေတာ။

        ဝုတ်ပြီးပါကြောင်း။ 😛

        • Mr. MarGa

          October 17, 2013 at 5:43 pm

          အရီးရေ
          ထည့်တဲ့ link က ထည့်ရင်း ဖြုတ်ရင်းနဲ့ ချာချာလည်နေပြီ
          အဆင်အပြေဆုံးကို ထည့်တာ
          ပြန်စစ်ကြည့်မှ လွဲနေလို့
          ပြေလိုက် မပြေလိုက် ဖြစ်သွားတာဗျ
          အခုတော့ အားလုံး အိုကေ လို့ ပြောလို့ရပါပြီဗျာ
          မောင်မာဃ မျက်စိ ရှမ်းသွားတာကြောင့်
          internet traffic အနည်းငယ် များသွားပါကြောင်း 🙂

  • အရီးခင်

    October 17, 2013 at 5:29 pm

    “ဒီညမှာ ကျွန်တော် အိပ်စက်ပါပြီ” ကိုဖတ်ပြီး ” တဒင်္ဂ မှာ
    စိုင်းထီးဆိုင် ရဲ့ “အဖေရောက်တဲ့ အခါ ပြန်နှိုးပါနော်” ဆိုတဲ့ သီချင်းလေးကို သွားသတိရတယ်။
    ဟိုကလေး ကတော့ ပြန်နိုး နေချင်ခဲ့သူပေါ့။
    ဒီတော့ မအိပ်ပါနဲ့ဦးလေ။
    သီတင်းကျွတ် အမေ့ ကို ကန်တော့ပါဦး။
    😉

    • alinsett

      October 17, 2013 at 5:53 pm

      အရီးရေ
      ပြခန်း ထဲ အားပေး လာတဲ့အတွက် ကျေးကျေးပါ

      ဒါနဲ့ အဲဒီ ဦးထီးသီချင်း မနားထောင်ဖူးဘူး
      ကျွန်တော်နားထောင်ချင်တယ်

      ဘယ်က ရနိုင်မလဲဟင်

      • Mahar Myanmar

        October 18, 2013 at 8:43 am

        ဒီတစ်ခါ တော့ ည မှောင်မှောင် မှာ..
        လျှပ်စစ်မီး မသုံး ပဲ ( အမှန် တော့ မီး မလာ တာ ပါ)
        ဆီမီးခွက် မီးရောင် အား ကိုး နဲ့ ကဗျာ စာသား ဖြူဖြူ များ ကို
        အားပေးဖတ်ရှု သွား ပါကြောင်း…
        အပြင် အဆင် အလွန် နှစ်သက် ပါ၏ ။
        သက်ဆိုင်သူ များ အားလုံး အား ချီးကျူးပါ၏။
        စကား မစပ် ..အလင်းဆက် ရေ
        ဦးထီး သီချင်း နား ထောင် ချင် ရင်…
        ဦးထီး ရှိရာ လိုက်မေး ပါ လော…
        အကျွန်ုပ် အလိုအရ…
        ကက်ဆက် ခွေ (သို့) စီဒီ အခွေ များ ထဲ တွင်
        ရှိ နိုင် ပါကြောင်း…
        ဆိုင် များ တွင် သွားရောက် စုံစမ်း ပါရန် ..
        အကြံပု လိုက် ပါရ စေ…

  • Mahar Myanmar

    October 18, 2013 at 9:05 am

    လုပ်ငန်း က ထိုင်ခုံ နေရာ အပြောင်း အရွှေု့ လာမည့် အပါတ် ထဲ ရှိ နေပါ၍
    မန်းဂဇက် တွင် ခေတ္တ ပျောက်ရမည် ထင်ပါသည်။
    နေရာ သစ် တွင် အင်တာနက် လိုင်း ဆင် ထား တာ မတွေ့သေး ပါ ။
    ဘယ် အချိန် ဆင် မည် မသိ ပါ ။
    တော ထဲ က ဘဝ မို့…
    ဖုန်း ဆို တာ..တောင် ကိုယ် နဲ့ မဆိုင် သလို ပါ…
    သို့မို့ ကြောင့် …
    အကျွန်ုပ် ပျောက် ဆုံး နေပါ ကလည်း..
    ကိုရင် ရာမည ကို ရှာဖွေဖို့ အမှု မအပ် ပဲ..
    ရဲစခန်း ကို လူ ပျောက် မတိုင် ပဲ..
    စိုးရိမ်တော် မမူ ကြပါရန် ..
    လေးစား စွာ အသိ ပေးချင် ပါသည် ..ခင်ဗျား။
    လက်ထဲ တွင် နောက် ထက်
    အချစ်စစ် စစ် အလွမ်း စစ်စစ်
    ခံစားချက် ထွတ်ထွတ် ကဗျာ လေးပုဒ် ..
    ရှိနေပါ သေး သည်။
    ပြခန်း အတွက် ပို့ ပေးရဦး မည် လော….
    သိချင် ပါ ၏။
    ပို့ ပြီး မှ ..
    ( ဒညင်းဝက် ရဲ့ အချစ် ဝေဒနာ ကြောင့် )
    ကဗျာ မေ့ မှာ စိုးကြောက် မိပါ သည် ။

    • Ma Ma

      October 18, 2013 at 9:52 am

      အဲလို ရွာထဲမှာ ကြေညာကပ်ပြီး ခရီးထွက်တာ မဟာမြန်မာက ဆန်ပြုတ်ပဲ
      အဲ-
      စံပြပဲ။
      🙂

    • alinsett

      October 18, 2013 at 11:39 am

      မှားတဲ့အခါလည်း မှားပေမပေါ့ ကိုမဟာ ရယ်

      အခုတော့ အချစ်တွေ အလွမ်းတွေကြားမှာ နစ်မြုပ်မနေတော့ပါဘူး

      အချစ်ဝတ္ထုတွေ ရေးကောင်းရေးမယ်
      အချစ်အချစ်နဲ့အော်နေပြီး အချစ်ရဲ့ မာယာအောက်မှာ ဦးတည်ချက် မမဲ့တော့ပါဘူး

      ကဗျာလေးတွေကို
      မျှော်လင့်ကြိုဆိုလျက်ပါနော်

    • Mr. MarGa

      October 18, 2013 at 3:19 pm

      ကိုရင်
      ကဗျာ လေးပုဒ်လဲ ပေး
      ဟို ကဗျာကိုလည်း ချုံ့ထားတယ်ဆိုတာ ပြန်ပေးဦး
      ပြီးမှ နောက်က ကြည့်ပြီး ပြန်ရှင်းမယ် :mrgreenn:

  • sorrow weaver

    October 18, 2013 at 11:23 am

    မငီး …မျက်နှာငယ့်တာ့ …နာ့ကဗျာနှယ့် .. ….အဟင့်

    • alinsett

      October 18, 2013 at 11:49 am

      အံမယ်

      ဘာလို့မျက်နှာငယ်ရတာတုန်းဗျ
      ဗုတ်ရလဒ်လည်း မနည်းပါဘူး။
      ကိုဆော ကဗျာကလည်း ကောင်းပါတယ်ဗျ

      ကျွန်တော် ကြိုက်တဲ့ကဗျာတစ်ပုဒ်ပါပဲ

      🙂

    • မိုး မင်းသား

      October 20, 2013 at 7:01 pm

      sorrow weaver…..ရေ

      အားတင်းပြီးကြိုးစားပါဗျ…….ကျွန်တော်နဲ ့တူတူပဲ

      ဟဲ…ဟဲအားမငယ်နဲ ့လေ

      fighting………;;;;;;;;;;;;;;;;;;

  • surmi

    October 18, 2013 at 4:01 pm

    ​တော်​​တော်​​ရွေးရခက်​​နေပါတယ်​…
    ၁ဝ ပုဒ်​​လောက်​ ဗုတ်​လိုက်​ချင်​ပါရဲ့…
    ခုမှဘဲ ဂဇက်​ရွာထဲကဗျာဆရာ​တွေများမှန်​းသိရ​တော့တယ်​…. 🙂

    • alinsett

      October 20, 2013 at 3:30 pm

      အကြိုက်ဆုံးတွေထဲက…အကြိုက်ဆုံးလေး သုံးပုဒ်ကိုပဲ.ရွေးရမှာပေါ့…ဦးဆာ..။

      လူတွေဟာ အချစ်နဲ ့တွေ ့ရင် ကဗျာဆရာဖြစ်သွားတယ်..ဆ်ိုတဲ့ စကားအရဆိုရင်တော့..
      ဒီရွာထဲမှာ.. အချစ်နဲ ့တွေ ့နေတဲ့သူတော်တော်များပါတယ်..။

      🙂

    • မိုး မင်းသား

      October 20, 2013 at 6:57 pm

      ကိုဆာမိရေ….

      ရွာထဲမှာကဗျာဆရာတွေများသလို….

      ကဗျာတွေကလည်းကိုဆာပြောသလိုရွေးရခက်ကြီးဖြစ်နေမိတယ်…..

      စိတ်ကိုထိမ်းပြီးသုံးပုဒ်သာဗုတ်သွားပါတယ်နော်

  • မိုး မင်းသား

    October 20, 2013 at 6:53 pm

    ဂဇက်ကတော်ရုံနဲ ့ဝင်လို ့မရတော ့…..စိတ်ညစ်မိတယ်လင်းလင်းရေ….

    ဝင်ဗုတ်သွားပါတယ်နော်

    • alinsett

      October 21, 2013 at 7:36 am

      ရလဲ့

      လူဂို ခေါ်ပုံက လင်းလင်း တဲ့

      ချစ်သုဝေနဲ့ ဘာဂလိုတိုတို လူ နာမည်နဲ့အခုမှဆင်သွားတယ်

      🙂

      ဝင်ရခက်တဲ့ ဂဇက်ထဲ မရမကဝင်လာပြီး
      ပြခန်းကိုအားပေးသွားတဲ့ မာမီမိုးကို ကျေးဇူးတင်ပါတယ်နော်

  • ရွှေမိုးတိမ်

    October 22, 2013 at 3:51 pm

    အကုန်လုံး ကို ဗုတ် ချင်နေတော့ ခက်တာပဲ ။ အတွေးရစေတဲ့ ကဗျာ ၊ ပေါ့ပေါ့ပါးပါး ရယ်ရတဲ့ ကဗျာ ။ လူငယ်ဟန် ကဗျာ ။ ကိုယ် ကတော ့ကုန်လုံးကြိုက်တယ်ကွယ် 😀

    • alinsett

      October 22, 2013 at 5:23 pm

      အကြိုက်ဆုံးတွေ ထဲကမှ
      အကြိုက်ဆုံး သုံးပုဒ်ကို ရွေးသွားပါကွယ်

      :kwi:

      ပြခန်းထဲ အရောက် လှမ်းလာခဲ့တဲ့ ရွှေမိုး ရေ
      ကျေးဇူးပါဗျ

  • Mr. MarGa

    October 22, 2013 at 7:41 pm

    အင်
    ကွန်မန့်က လေးဆယ့်ခွန်
    ဗုတ်က နှစ်ဆယ့်ရှစ် တဲ့
    ဗုတ်ကြပါဗျ
    ဗုတ်ကြပါဦး လို့
    ဗုတ် နည်းပါတယ် ဆိုမှ
    သဂျီးကလဲ ဘေးကို ကပ်မပေး
    ဗုတ်ကလေး မျက်နှာငယ်နေရှာရော့မယ်……

  • alinsett

    October 22, 2013 at 7:51 pm

    ဟုတ်ပါ့ဗျာ..။
    ပြခန်း စီစဉ်နေတဲ ့ အဖွဲ့ဝင်လေးတွေ… မျက်နှာငယ်လိုက်တာ…။

    နောက်ပြခန်းတွေအတွက်.. အားလေး ထည့်ပေးကြပါဦးနော်…။

  • kyeemite

    October 23, 2013 at 10:18 am

    ဘဝ ဆိုတဲ့ ကဗျာလေး နဲ့ ဆုရသွားတဲ့ “မနှင်းဖြူမှန်မှန်ပြော” ဆ ိုတဲ ့ ရွာသူလေး ရေ…
    Congratulations!!!!!!!!!!! ပါဗျာ..
    တကယ်ကောင်းတဲ့ ကဗျာလေးပါ။ 😛
    ကဗျာပြခန်းစီစဉ်သူများရေ….
    ကြီးမိုက်တစ်ယောက်
    အင်တာနက်ဖေါက်လို့
    ခုမှရောက်ရကြောင်း
    သတင်းပို့ပါတယ်..နော
    ဗုတ်လည်းဗုတ်ပါ့မယ်

    • ကျေးဇူးပါ ဦးကျီးမိုက် (ကြီးမိုက်) 😛 ရေ
      မတောက်တခေါက် ရေးထားတာလေးကို
      ခံစားချက်ချင်းတူလို့ အားပေးကြတဲ့အတွက်
      ရသွားတာပါ ..

  • kyeemite

    October 23, 2013 at 11:13 am

    ဗုတ်ခဲ့ပြီ မိတ်ဆွေတို့ရေ…

  • ဗုံဗုံ

    October 23, 2013 at 12:20 pm

    မမနှင်းဖြူ…ဆုရသွားတာ
    ဝမ်းသာပါတယ်.မုန့်ကျွေးပါ.. :mrgreen:

    ဗုတ်ခဲ့ပြီ ဖြစ်ပါကြောင်း..
    ဗုတ်ဖို့အရေး..သုံးနာရီလောက်စောင့်ခဲ့ရတယ်…

  • ကျော်စွာခေါင်

    October 24, 2013 at 2:56 am

    ညီလေး အလင်းဆက်ရေ
    ပြခန်း ဒီဇိုင်းလေး ကြိုက်တယ်..။
    ကဗျာတွေ လည်းကောင်းတယ်… တကယ်လည်းတော်ကြပါတယ်..
    ဦးခေါင်…..ဗုတ်ခဲ့တယ်နော်။

    မကေရဲ ့ကဗျာကို ဗုတ်ချင်ပေမယ့် လွဲနေတဲ ့ကဗျာ တစ်ပုဒ်မှမတွေ ့လို ့ ဇဝေ ဇဝါ ဖြစ်နေပါသည်..။

    • alinsett

      October 25, 2013 at 7:42 am

      ဦးခေါင်ရည်
      ကျေးကျေးပါ

      :kwi:

      ပြခန်းအတွက်လည်း ဦးခေါင်ရဲ့ ကဗျာလေးတွေ လိုအပ်နေပါတယ်လို ့

    • KZ

      October 25, 2013 at 12:40 pm

      ခေါင်နော်။

      လူကသာလွဲတာ။
      ကဗျာက မလွဲဘူးးးးး
      ဟွန့်။

      😀

  • KZ

    October 25, 2013 at 12:43 pm

    အဟင့်။
    ကေဇီ ကဘာလေးကို ဗုပ်ပေးကြပါ။
    ထမင်းဆိုင်မှာ အလကားကျွေးပါ့မယ်။ :mrgreenn:

    ဒါပဲ။
    မဗုပ်တဲ့သူ ခေါ်တော့ဘူးးးးးး :mrgreenn:

    အလက်ဆင်းးးးးးး
    နာ့ ပလိုမိုးချင်း ထိရောက်ရဲ့လားဟမ်?

    :mrgreen:

    • alinsett

      October 25, 2013 at 4:48 pm

      အဆင်သင့် စားသောက်ဖို ့တွေကို လူကြုံနဲ့
      အိမ်အရောက် ထည့်ပေးလိုက်ရင်
      ပို ထိရောက်မယ် မမဂျီး

      အာ့ဆို
      ကျွန်တော်လည်း မမဂျီးကဂျာကို သုံးပုဒ်ထဲ ထည့်ဗုတ်မယ်

      🙂

  • ရွှေဘိုသား

    October 28, 2013 at 5:50 am

    မရေးတတ်ရေးတတ် ကဗျာတွေနဲ့ Home page မှာတင်ရမှာ အားနာနေတာ
    အခုတော့ ဝါသနာကို ဖော်ထုတ်ဖို့ ရွာသားတွေ အစီအစဉ်လေးက ကောင်းလှပါ၏ဗျာ
    မရောက်တာကြာတော့ ရွာလည်း တော်တော်ပြောင်းလဲသွားပါလား ဝမ်းသာပါတယ်။

    • alinsett

      October 28, 2013 at 5:26 pm

      ကိုရွှေဘိုသား ရေ
      ကဗျာကောင်းလေးတွေ ရေးပြီးပို ့ပေးထားလို့
      ကျေးဇူးတင်ပါတယ်နော်

      ကဗျာပြခန်းကို အမြဲတမ်းအားပေးနေပါနော်

      🙂

  • Mahar Myanmar

    October 28, 2013 at 4:35 pm

    ဗုတ် လိုက်ပါ၏။
    ( လဲ သူ ကို ထူပေး ရုံ သာသာ .. ပါ )
    အင်တာနက် မရှိ မဲဇာ ကနေ ..အပြေးအလွှား
    လာ ဗုတ် သွား ရပါတယ်..
    ကို အလင်း ဆက် ရေ…
    ကဗျာ တွေ ပို့ပေး ပါမည် ..
    နက်ဖြန် သို့မဟုတ် ဘယ်သောအခါ…….

    • alinsett

      October 28, 2013 at 4:54 pm

      ဘယ်သောအခါ တော့မလုပ်ပါနဲ့
      မနက်ဖြန်ဆို ဟုတ်တုတ်တုတ်
      🙂

      အရောက်လာပေးတာ ကျေးဇူးပါဗျ

  • Mahar Myanmar

    October 29, 2013 at 9:17 am

    ပို့ပေး မှာ ပါ ဘော်ဒါ ကြီး ရာ..
    အဲဒီ မှာတောင် ကို ကျုပ် ကဗျာ..
    တွေ ကျန်သေးတယ် လေ..

  • alinsett

    October 31, 2013 at 12:59 pm

    ဟုတ်ပါ့
    ဗုတ် ဘယ်ပျောက်သွားပြီလဲ

    sos

  • KZ

    October 31, 2013 at 1:02 pm

    ဟင်။
    ဘေးမှာရှိတယ်လေ။
    အေကာဏ နာ့ ကဘာလေး အညားဆုံးနေမှာ။
    အဟေးဟေးးးး
    ခိုးသွားတဲ့ ဒူညား ကျန်အပေးပါနဲ့ ခင်ညားးးးးးး

    :mrgreen:

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 11:59 am

    Vote က Vote post ဆိုရင် ဘေးမှာ မပေါ်ဘာ …
    အခြားပို့စ်မှာဆိုရင် ပေါ်ပါတယ်။
    ပို့စ်ထဲမှာ မတွေ့ဒါဆိုရင်တော့ ..
    ကိုးနတ်ရှင်ကိုသာ အပြစ်တင်ဂျပေလော့ …

    သာဒု .. သာဒု .. သာဒု ..

    • alinsett

      November 1, 2013 at 12:12 pm

      အံဇာဒုန်း ရေ
      အညှ အညှ အညှ

      အဲ ကွန်နက်ချင်ရေ
      အမျှ အမျှ အမျှ
      ကြားရာ အရပ်က သာဒုခေါ်ပါ အံဇာ ရေ

      :kwi:

  • Mahar Myanmar

    November 1, 2013 at 1:46 pm

    ဟေးဟေး ပျော်ထှာ ..
    မဟာ တို့ ဆုရတော့ မယ်…
    ဒီလို ဆု မျိုး ရခဲ လှ ၏။
    ဗုတ်ကြပါ ဗုတ် ကြပါ
    ဆု ကို မဟာ ယူ တော့ မျာ ပါ။
    ကျန် ကဗျာ ရှင် များ စိတ် လျျော့ လိုက်ကြပါ တော့
    ဟေးဟေး :D-

  • Mr. MarGa

    November 1, 2013 at 2:34 pm

    အရင်ပြခန်းတွေမှာလည်း
    ပြခန်းပေ့ချ်မှာ ဗုတ် ဘေးမကပ်ဖူးလေ
    အခုမှပဲ ကဗျာချစ်သူတွေ မျက်စိလည်သွားတာလား မသိ
    ပြေးကြည့်ပြန်တော့လဲ ဘာမှ မပြောင်း
    အခုတော့
    ရှင်းပြီ လင်းပြီ ပေါ့……
    ပြောစရာရှိတာ ဝင်ပြောရရင်
    မကြာခင်မှာ ဒီပြခန်း ပိတ်တော့မှာနော့
    အကြိုက်ဆုံး ကဗျာလေးတွေ ကျန်သေးရင်ဖြင့်
    မဲမပေးရ မရှိလေအောင်
    လာထား….လာထား……

    • alinsett

      November 1, 2013 at 5:44 pm

      ကျွန်တော် မျက်စိ မလည်ပါဘူး ဒဂျားရာ
      ပြခန်းပိုစ့်ထဲက ကြည့်ရင် ဘေးမှာ ချိတ်ထားတာ မမြင်ရဘူးဆိုတာသိတယ်

      တခြားပိုစ့်တွေထဲက နဲ့ Home စာမျက်နှာက ကြည့်ရင် ဗုတ်ဘေးချိတ်ထားတာ မြင်ရတယ်ဆိုတာလည်း သိတယ်

      မနေ့က တစ်နေ့လုံးနဲ့ ဒီနေ ့တစ်နေ့လုံးမှာ
      အဲဒီ ဗုတ်ဇယားကြီးကို ပြခန်းထဲလည်း မမြင်ရ
      ဘေးချိတ်ထားတာလည်း မတွေ ့ရ။
      ဘယ်က ကြည့်ကြည့် ပျောက်နေလို ့ပါ။

      နက် လိုင်း နှေးနေတာပဲ ဖြစ်ပါလိမ့်မယ် ။

  • KZ

    November 2, 2013 at 1:37 pm

    ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    😥

    တာမီး ကဘာလေး တစ်မဲ နဲ့ကပ်ပြုတ်သွားပြီ။
    ဝှါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ကဗျာပြခန်းတာဝန်ခံများ တာမီးကို မုန့်ဝယ်ကျွေးကြပါ။
    ဝမ်းနည်းနွန်းနွန့်ပါ။
    :hint:

    ဟီးဟီးဟီးးးးး
    ရတာက လေးလေးကြည် ကဗျာလားမသိဘူးးးး
    ဘယ်ဒူရရ ကွန်ဂရက်ကျူလေးရှင်းပါ။
    မုန့်လိုက်ကျွေးပါ။
    :mrgreen:

    • alinsett

      November 2, 2013 at 4:47 pm

      အစားအသောက်ကိစ္စက မပါ ပါအောင် ထည့် ကို ပြောရသေးဒယ်နော်
      မမဂျီး တို့များ

      🙂

    • alinsett

      November 6, 2013 at 6:34 pm

      ကအာဂ ရေ
      ပြခန်း ၁၂ ကို
      နိုဝင်ဘာ ၁၁ ရက်နေ့လောက်မှာ ဖွင့်ပြနိုင်ပါလိမ့်မယ်။

  • TNA

    November 9, 2013 at 4:51 pm

    ဟိုက်ရှ် ၁၁ နေ့ကနာရင်ခုန်ရမဲ့နေ့ဘဲ။ အကုန်လုံး ၁၁ ရက်နေ့ချည်းဘာလားဟ။ အောင်မယ်လေ့။

    • alinsett

      November 9, 2013 at 5:34 pm

      အဟိ
      အန်တီသဲတော့
      ၁၁ ရက်နေ ့ကို ရင်တခုန်ခုန်နဲ့ စောင့်ပေတော့ပဲ
      🙂

      ကဗျာပြခန်း ၁၂ ကလည်း
      အရင်ပြခန်းတွေနဲ့မတူအောင် စီစဉ်ထားသေးတယ်။
      ဘယ်သူက ဘယ်လို လက်စွမ်းပြမလဲဆိုတာ ရင်ခုန်စွာ စောင့်စားရင်းကကိုပဲ
      အန်တီသဲ ရင်ခုန်စွာ စောင့်နေတဲ့ ပိုစ့်တစ်ပုဒ်ကလည်း
      တက်လာဦးမှာ

      :kwi:

      • TNA

        November 9, 2013 at 9:47 pm

        အေးအေ့ နာ့ထမင်းဆိုင်ကလဲ ၁၁ ရက်နေ့ပဲတဲ့အေ့။ တိုက်ဆိုင်လွန်းလှပါတကားအေ။ နာတော့ သေရင်မြေကြီး ရှင်ရင်ရွှေထီးပါပဲအေ။ ဘုရားတစောင့်ရတော့မပေါ့အေ။ ညီးဝတ်လည်ဘာဇီတော်။ :harr:

        • alinsett

          November 10, 2013 at 12:08 pm

          :kwi:

          :kwi:

  • ငှက် ငယ်

    November 10, 2013 at 12:50 pm

    ကဗျာပြခန်း ဘယ်လို ဝင်ရမလဲ ပြောပြပါဦးလား…..

    alinsett says: ရေ..။

    • alinsett

      November 10, 2013 at 1:38 pm

      ဟုတ်ကဲ့

      ကဗျာတွေ ဖတ်ချင်ရင်
      ကဗျာပြခန်း ဆိုတဲ့ပုံလေးကို ထောက်ပြီး တစ်ချက် ကလစ်လိုက်ပါနော်
      ကဗျာတွေဆီ ရောက်သွားပါလိမ့်မယ်

      ကဗျာ ပေးပို ့ကူညီချင်ရင်တော့
      alinsett.art@gmail.com ကို ဖြစ်ဖြစ်
      alinsett ရဲ့ ဖေ့ဘုတ် ချက်ဘောက်ထဲကိုဖြစ်ဖြစ်
      ပေးပို ့နိုင်ပါတယ်

Leave a Reply