အဟောင်းခုနှစ်မျိုး ဂျောင်းဆို Go

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

တွင်းဟောင်းရေကြည် အေးမြသည်ဆိုတိုပြီး နေရာတိုင်း အချောက်နှိုက်တတ်တဲ့ မိုက်ကယ်ဂျော်လကီအောင်ပု တို့လို သိုက်တူးသမားတွေအတွက် စေတနှာနဲ့ ဘာသာပြန် ပေးပါသည်။

သုံးပြီးသား အဟောင်းဝယ်တာ ခေတ်စားနေသဗျို့… တဂယ်ဒေါ့လည်း ပိုက်ဆံ မသက်သာချင်သူ ရှိပါ့မလား။ သူများသုံးပြီးသား ပစ္စည်းတွေသည် ပြင်ရတဲ့ စရိတ်ကြောင့် ဆင်ဖိုးထက်ချွန်းဖိုး ကြီးချင်ကြီး ဒါမှမဟုတ်လည်း အန္တရာယ် ရှိနေဓာတ်တယ်။ ဟောဒီမှာ မဝယ်သင့်တဲ့ ပစ္စည်းဟောင်း ရမျိုးစာရင်း…

၁။ လုံခြုံရေး ဟဲလ်မက်ဦးထုပ်

လုံခြုံမှုရှုဒေါင့်မှာ ဟဲလ်မက်ဦးထုပ်နဲ့ စရအောင်။ အမေရိကန် အရိုးအဆစ် ခွဲစိတ်ဆရာဝံအသင်းဂ မတော်တဆ ထိခိုက်မှု တခုခု ဖြစ်ပြီးသွားရင် လက်ရှိဟဲလ်မက် ဦးထုပ်အသစ် ပြောင်းဖို့ အကြံပြုတယ်။ အပေါ်ယံ အမြင်ဒေါ့ အိုကေပေါ့ဗျာ၊ ထိခိုက်မှုဒဏ်ခံဖို့ လုပ်ထားတဲ့ အတွင်းဖော့သား ကွဲအက်ပြတ်ရှ ဖြစ်နေဒဲ့အခါ အကာအကွယ် မဖြစ်နိုင်ဒေါ့ဗူး။ လုံခြုံရေး ဦးစားပေး.. ဒေါ်လာ၂ဝ ပေးရင်ရဒဲ့ ဟဲလ်မက်အသစ်ပဲ ဝယ်ဆောင်းလိုက်နော်…။

၂။ ဆတ်ဆော့ဒဲ လက်ပ်တော့ပ်

အဟောင်းရောင်းတဲ့ ခရက်ဂ်လစ်တ်လို အွန်လိုင်းဆိုက် ကနေဝယ်မည့် တပတ်ရစ် လက်ပ်တော့ပ် ကွန်ပြူတာ ဘာဖြစ်ထားလဲ ပြောနိုင်သလား။ သူတို့က ပေါ့ပေါ့လေးဆိုဒေါ့ ရေစိုထိ၊ ထိခုက်ပွန်းပဲ့ ထားဖို့များတယ်။ ဒါ့ပြင် မားသာဘုတ်လို အရေးကြီးဒဲ့ အစိတ်အပိုင်းတွေ အချိန်မရွေး ဂန့်သွားနိုင်ဒယ်။ တဗတ်နွမ်းအစား ဒေါ်လာ၃၀ဝ လောက်ပေးရင် ရနိုင်ဒဲ့ အများလက်ခံပြီးသား ပစ္စည်းအသစ်သာ ဝယ်ဖို့စဉ်းစားပါ။ မူလစက်ရုံ အာမခံ ပေးတဲ့ ပြန်ပြင်ပေးထားတဲ့ လက်ပ်တော့ပ် ကွန်ပြူတာ ဆိုရင်တော့ ခြွင်းချက်ပေါ့လေ။ (ရီဖားဘစ်ချ်ဆိုဒါ များသော အားဖြင့် ကပ်စတန်မှာ မကြိုက်၊ တခုခု ချို့ယွင်းလို့ ဝယ်ပြီးရက်ပိုင်းအတွင်း ဆိုင်ပြန်ပို့တဲ့ အီလက်ထရွန်းနစ် ပစ္စည်းဖြစ်တတ်တယ်။ အဲဒါကို ပြန်စစ်ဆေးပြီး ဈေးလျှော့ရောင်းတာ။ ယူအက်စ် ဥပဒေအရ ပြန်ပို့လိုက်တဲ့ ပစ္စည်းကို အသစ်အနေနဲ့ ရောင်းခွင့်မရှိဘူး။ ဒါကြောင့် အချို့ဆိုင်တွေဆို ပြစ်ချက်မရှိဘဲ ပက်ကင်ဖောက်ပြီးမှ ပြန်ပို့ရင် ၁၅% ဝန်ဆောင်ခ ချတယ်။ ဇဂါးချက်)

၃။ ဆော့ဝဲလ် ပျော့တွဲ

ကွန်ပြူတာ အဟောင်းနဲ့ တွဲပါတဲ့ ဆော့ဖ်ဝဲတွေ မက်တယ်ဆိုလဲ သတိထားအုံး။ ဆော့ဖ်ဝဲလ်ထုတ်သူတွေဂ သူတို့ ပရိုဂရမ်၊ အပက်လီကေးရှင်းတွေ စက်ထဲအပြောင်းအရွှေ့လုပ်ခွင့် အကြိမ်ရ ကန့်သတ်ထားဒက်တယ်။ အဟောင်းဝယ်ဒဲ့ အချိန်မှာ အဲဒီဟာဒွေရဲ့ လျှို့ဝှက်နံပါတ် ဘယ်နှစ်ကြိမ် ရိုက်သွင်းထည့်ပြီးပြီလဲ မသိနိုင်ဗူး။ သုံးမရဒဲ့နောက်ဆုံး အဲဒီစီဒီချပ်တွေ တံခါးခုတုံး ဖြစ်သွားဖို့များဒယ်။

၄။ အိပ်ချ်ဒီတီဗွီ အီစီကလီ

ဒီနေ့ခေတ် အိမ်သုံးအီလက်ထရောနစ် ပစ္စည်းထဲမှာဒေါ့ အိပ်ချ်ဒီတီဗွီသည် မရှိမဖြစ်ပါဘဲ။ နည်ပညာတိုးတက်မှု သိပ်မြန်လွန်းတာမို့ အိပ်ချ်ဒီစခရင်မ်တခု ပြင်မယ်၊ အသစ်လဲမယ်ဆို ရံဖန်ရံခါ တီဗွီဖိုးလောက် ကျနေဒက်တယ်။ ဒီးလ်နယူးဝက်ဘ်ဆိုက်က သုတေသီတွေ အဆိုအရ အခုဆို ၅၅-၆ဝ လက်မ ဖလက်စခရင်မ် တီဗွီဒွေ ဒေါ်လာ ၇၀ဝလောက်ပဲ ရှိဒေါ့ဒယ်…။

၅။ တာယာ ညာမှာ

ကားတာယာ အသစ်လဲတာ ဈေးကြီးဒယ်ဆိုပီး အဟောင်းဝယ်ဖို့ဒေါ့ မစဉ်းစားလိုက်လေနဲ့။ တာယာတလုံးရဲ့ သက်တမ်းအပြင် သူ့ဂိုဘယ်လို သုံးထားခဲ့သလဲ သိပ်အရေးကြီးဒယ်။ ကောင်းကောင်း မထိန်းသိမ်းတတ်ရင် ကားတာယာ ပျက်စီးစေဒယ်.. ကားဘီးလေ ပုံမှန်မချိန်ဒါမျိုး ဖြစ်ပါဒယ်။ ကားနောက်ခန်းထဲမှာ ထည့်ထားတဲ့ တာယာအပိုလည်း မသုံးဘဲပစ်ထားရင် ပျက်ဆီးတာပါဗဲ။ တလုံး ဒေါ်လာ၄ဝလောက် ပေးရင်ရဒဲ့ အသစ်သာ ဝယ်လိုက်ပါဗျာ။

၆။ ကားတွင်းသုံး ခလေးဖင်ထိုင်ခုံ

ကားထဲပါ အဖိုးတန်ဆုံး ကုန်ပစ္စည်းအကြောင်း ပြောဂျမယ်။ မိဘတိုင်းရဲ့ နံပါတ်တစ် အသားပေးမှုဂ ခလေးငယ် ဘေးကင်းဗဲ၊ ဝယ်ဖို့ရွေးဒဲ့အခါကြတော့ ဈေးပေါပေါရဒဲ့ ဖင်ထိုင်ခုံအဟောင်း ဝယ်မိဒက်ကြဒယ်၊ တချို့ဃလဲ ဆွေမျိုသားဂျင်း သုံးပီးသားပေးဒါ ယူလိုက်တယ်။ အပျော့စား ယဉ်တိုက်မှုကြောင့် ခလေးဖင်ထိုင်ခုံ လွှင့်ပစ်စရာ မလိုဘူး၊ ဆက်သုံးလို့ ရဒယ်လို့ အမြန်လမ်း ယဉ်အန္တရာယ် လုံခြုံရေး ကွပ်ကဲမှုအဖွဲ့ဂျီးဂ ပြောဒယ်  ဒါပေမဲ့ ဘယ်ဟာကို အပျော့စား ခေါ်မလဲ။ ခုံမှာဖြစ်သွားဒဲ့ ထိခိုက်မှုကို သာမန် မျက်စေ့နဲ့ မမြင်စဂေါင်းဗူး။

၇။ အိပ်ယာသုံး လိပ်ပြာမုန်း

နောက်ဆုံးအနေနဲ့ သူများသုံးပီးသား အိပ်ခန်းသုံး မွေ့ယာ၊ ခေါင်းအုံးနဲ့ အခင်း၊ စောင်ထူတွေဆို ဝေးဝေးရှောင် ဝေါင်ဝေါင်ရှေး ဂျဗာ။ ကုန်ကုန်ပြောရရင် မှို၊ ခြ၊ အင်းဆက် ဘက်တီးရီးယားနဲ့ ကြမ်းပိုးတွေ အိမ်ထဲခေါ်လာမိ သလိုဗဲ။ ကြမ်းပိုးသတ္တဝါဂို နယူးယောက်မှာဗဲ ရှိဒယ် မထင်နဲ့နော်။ ချီကာဂို၊ ဒက်ထရီရော့၊ လော့စ်အိမ်ဂျလိစ် (သဂျီးဆို ဈေးဖိုးသက်သာအောင် ရက်ခြားတခါ ကြမ်းပိုးဟင်း ချက်စားသဒဲ့.. အံ့ရော အံ့ရော 🙄 ။ဇဂါးချက်) ဒန်ဗာနဲ့ စင်စင်နာတီ မြို့ဂျီးဒွေသည် ကြမ်းပိုးအသောင်းဂျန်းဆုံးလို့ မနှစ်က ယူအက်စ်မှာ ဗိုလ်စွဲဒယ်။ မွေ့ယာ အသစ်တလုံးဆို ဆယ်နှစ်လောက်ခံဒယ်၊ ဈေးကလဲ အောက်ထစ် သုံးရာလောက်ပဲ ရှိတာပါ။

စက်ကင်းဟန်း ဇာတ်လမ်းကြမ်း
စက်ကင်းဟန်း ဇာတ်လမ်းကြမ်း


http://finance.yahoo.com/news/7-things-to-never-buy-used-174625471.html

 

13 comments

  • ဦးကျောက်ခဲ

    October 21, 2013 at 7:54 am

    ကြမ်းပိုးဆိုလို့ ပြောရဦးမယ်…
    မိဇာဂျီးတို့ လေးလေးကြည်တို့ရဲ့ ချင်ကျားပိုလည်း ကြမ်းပိုးမှာ ဗိုလ်စွဲပါ့…
    အဲသည့်မှာ စုစုပေါင်း ၈နှစ်နေခဲ့တာမှာ သင်းတို့နှိပ်စက်လို့ အိမ်ပြောင်းပြေးရတာ ၅ခါ…
    😀

    • KZ

      October 21, 2013 at 9:15 am

      အနော့ ကို တစ်ယောက်သောသူ ပေးထားတဲ့ နာမည်ကို က ဂျပိုး တဲ့။
      ဆိုတော့ကာ ဘယ် ကြမ်းပိုးမှ မကြောက်။ ကျနော် မပြေး သူတို့ပဲ ပြေးးးးးး

      😀

      ဟိ။

      ပြောပါတယ်။
      ဒက်ဒီကြောင်က ဒါတွေ ချစ်ဖို့ကောင်းတာ။
      ခရီးသွားခါနီး ပို့(စ) တွေ ရှက်ဂျူးးးးး လုပ်ပေးသွားတာ။
      သိမှတ်ဖွယ်ရာ ပို့(စ) လေးတွေ။

      :chit:

      မီး က ကြိုက်တယ်ဆို တပတ်ရစ်မကလို့ ဖျာပုံလည်း ဝယ်တာပါပဲ ဒက်ဒီရယ်။
      ဟေးဟေးဟေးးး

      :mrgreen:

    • Ma Ei

      October 21, 2013 at 1:37 pm

      အိုက် ချင်ကျားပိုမှာ ကြမ်းပိုးမှာ ဗိုလ်စွဲတာ ဂယ်ကြီးပေါ့နော်…
      မွန်ကစ်တို့ အလည်သွားတာတဲ့ တည်းအိမ်မှာ အိပ်မရလို့ ထိုင်နေရအောင်ကိုကိုက်သတဲ့၊ နံရံပေါ် လျှောက်သွားနေတာ အားကြီးဘဲတဲ့…
      အိမ်ရှင်မြန်မာမို့ ဒီကပါသွားတဲ့ ဟာတွေနေမှာမှတ်တာ…
      လက်စသတ်တော့ သူတို့က အိမ်ရှင်တွေကိုး…

      • ဦးကျောက်ခဲ

        October 21, 2013 at 2:21 pm

        ဝုတ်ပါ့ မအိရယ်…
        တစ်ခါတလေ ရထားပေါ်မှာ၊ ကားပေါ်မှာ၊ လူကြည့်တော့ အလန်း…
        အင်းကျီမှာ ကြမ်းပိုးကပြေးနေတာ…၊ မြင်ရတာ အော်ဂလီဆန်ပါ့…
        ချင်ကျားပိုက ပူအိုက်စွတ်စိုမို့ သားသားတို့အကြိုက်တဲ့လေ…
        😀

    • lele kyi

      October 22, 2013 at 4:35 pm

      ဟုတ်ပါ့ဦးဦးကျောက်စ် ရယ်။ ခြင်သေ့ကျွန်း မှာသူတို့ပဲမင်းမူနေလားအောင့်မေ့ရတယ်။ အခုတော့ ဂုဏ်ယူလိုက်ပြီ သူကြီးတို့မြိုကြီးပြကြီးမှာလည်းအများကြီးဆိုတော့။ ရာသီဥတုကြောင့်ရယ်။ အလင်းရောင်ရယ် လေဝင်လေထွက်မကောင်းလို့လို့ထင်နေတာ။ ထူးဆန်းတဲ့ ဂေါ်ရီလာရဲ့ ဂျပိုးပြေးနည်းယူမလား။ ဟီးးးး

  • surmi

    October 21, 2013 at 8:49 am

    ကျုပ်​အမုန်​းဆုံး ကြမ်​းပ်ိုး
    ကမ်​ဘာပတ်​ပြီး​သောင်​းကျန်​း​နသေ​​​
    သ​ဘောကျသဗျာ 🙂

  • Mr. MarGa

    October 21, 2013 at 9:36 am

    အဟောင်းခုနှစ်မျိုးထဲမှာ
    ဒီကို သွင်းသွင်းလာတဲ့ အရှေ့ကျွန်းက တစ်ပတ်ရစ် ကားတွေအကြောင်း ပျောက်နေပါလား….. 😛
    အမှန်တကယ်ဆို အဲဒါလဲ သိပ် သေချာတာ ဟုတ်ဖူးနော့ :mrgreenn:

  • kai

    October 21, 2013 at 1:12 pm

    အမှန်ကတော့.. ဂျပန်တပါတ်ရစ်ကားဟောင်းနဲ့.. စိနထုတ်ဝရမ်တီနဲ့ကားသစ်.. စိနကားသစ်က ပိုကောင်းပါတယ်…
    ဘဝတွေလိုက်ကြည့်ပြီး.. တခါတလေစဉ်းစားမိတာက.. တွင်းဟောင်းရေကြည်အေးမြသည်..ဒါမှမဟုတ်.. သူများတူးပြီးသားတွင်း.. ဝင်ခိုတဲ့ကြွက်ပျင်းက…

    ..
    အမှန်ဗျ…

    တကယ်… :mrgreen:

  • TNA

    October 21, 2013 at 3:12 pm

    ဂျပိုးက ညန်မာပြည်ဖြစ်အောက်မေ့ဒါ ချင်ကျားပူမှာလဲချိဒဂိုး။ ကြောက်ပါလေ့။

  • alinsett

    October 21, 2013 at 8:51 pm

    အဟောင်းမသုံးတော့ဘူး..
    ဒေါ်ဖွားမေဂျီးကို.. အမှိုက်ပုံမှာ.တွားပစ်မယ်…။

    ဦးကျောင်…သွားမကောက်ရဝူးနော်…
    ဒါပဲ..

  • Wow

    October 22, 2013 at 9:09 am

    ဒါချို ဂျပိုးရှိမှ ခေတ်မှီတာပေါ့ :mrgreen:

  • kyeemite

    October 22, 2013 at 3:51 pm

    ဟုတ်တယ်…ဘယ်အဟောင်းမှမသုံးတာကောင်းဒယ်
    အသစ်ကလေးပဲ..တားတားကကြိုက်တယ်.. 😀

  • မဟာရာဇာ အံစာတုံး

    October 22, 2013 at 4:01 pm

    အဟောင်း ဆိုဒါလည်း
    ဂယ်ဒေါ့ တစ်ခါဒုန်းဂ အသစ်ဘာဘဲရယ် ….

    ဘာဘဲဖစ်ဖစ် ခုလို ရောဂါထူတဲ့ ခေတ်ဂျီးမှာဒေါ့ဖြင့်
    စက်ကန်းဟမ်းဒွေ မသုံးဒါဘဲ ကောင်းဒယ် …
    သုံးဂျင်းသုံး အသစ်ခလေးဘဲ ဝယ်သုံးလိုက်ပေါ့လို့ …

Leave a Reply