မညီမျှ မရယ်ရ … Inequality

တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီးအဘိုး ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီး ဆိတ်ဝင်စားဖွယ် မြက်ခင်းလေးတခုတွေ့လို့ ရွာသူသားများ သဟုတုဗ ဖြစ်စေဂျင်းငှာ ဘာသာပြန် ဝေငှပါသည်။

အမယ်မင်းရယ်ဒဲ့မှ… ရုရှားနိုင်ငံ အိမ်ထောင်စုအလိုက် ချမ်းသာကြွယ်ဝမှု ၃၅%သည် လူ ၁၁ဝ လက်ထဲတွင် ရှိနေသဖြင့် ကာရစ်ဘီယံ ကျွန်းနိုင်ငံ အနည်းစုမှလွဲလျင် ကမာ္ဘပေါ်တွင် မညီမျှမှု အမြင့်ဆုံးစံချိန် တင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတခု၏ အစီရင်ခံစာတွင် ဖော်ပြသည်။

နှိုင်းယှဉ်ကြည့်လျင် ကမာ္ဘအနှံ့ရှိ ဘီလျံနာများသည် စုစုပေါင်း ကြွယ်ဝမှု ၁-၂%မျှသာ ထိန်းချုပ်ထားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော ခရက်ဒစ်ဆွိစ်ဘဏ် အစီရင်ခံစာမှ ဆိုသည်။ ဓနဥစ္စာတန်ဖိုး ဒေါ်လာ၁၁ဘီလျံ ရှိတိုင်း ရုရှားဘီလျံနာတယောက်နှုန်း ထွက်သည်ဆိုလျင် ကျန်ကမာ္ဘ၌ ဒေါ်လာ ၁၇ဝဘီလျံ တယောက်နှုန်းသာ ရှိသည်။ (ကမာ္ဘ့ချမ်းသာကြွယ်ဝမှုကို ဘီလျံနာဦးရေနဲ့ စားပြတာ ဖြစ်ပါမယ်၊ စဂါးချပ်။)

ကူမြူနစ်စနစ် ပြိုလဲချိန်တွင် ရုရှားနိုင်ငံ၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှုများအား အော်လီဂါ့ချ်ဟု လူသိများလာသော လက်တဆုပ်စာ စီးပွားရေးသမားများထံ ရောင်းချခဲ့သည်။ သမတ ဗလာဒီမာ ပူတင်က ၎င်းတို့ ပိုင်ဆိုင်မှုအား နိုင်ငံရေး သစ္စာခံမှုနဲ့ လဲလှယ်စေခဲ့သည်။

၉ဝခုနှစ်များအတွင်း ချမ်းသာလာသည့် သတ္တုနှင့်ဘဏ် သူဌေးဂျီးများဖြစ်သော ဗလာဒီမာ ပိုတနင် နှင့် မီခေးလ် ဖရစ်ဒ်မန်းတို့မှာ ရုရှားနိုင်ငံ အချမ်းသာဆုံး စာရင်းတွင် ပန်းပန်ဆဲရှိသည်။ သို့သော် လွန်ခဲ့သော ဆယ်နှစ်တွင် အစိုးရ ကန်ထရိုက်လုပ်ငန်းများမှ ချမ်းသာလာသူများ ပေါ်ထွက်လာပြီး ထိုသူများထဲတွင် သမတ၏ သူငယ်ချင်း ဂန်နဒီ တင်ချန်ကိုကဲ့သို့ ဘီလျံနာအသစ်များ ပါဝင်သည်။

ဆိုဗီယက်ခေတ် ဆိုးမွေ ဆက်ခံပေါက်ဖွားလာသည့် ရုရှားနိုင်ငံ၌ သင့်တင့်မျှတသော ဓနဥစ္စာ ဖြန့်ကြက်မှုနှင့် အတူ ကျွမ်းကျင်မှန်ကန်သည့် စီးပွားရေးစနစ်သို့ ကူးပြောင်းရန် မျှော်လင့်ချက်များရှိနေပြီး ဒီလို ပြသနာမျိုးဟာ လက်တွေ့မှာ ကြုံနေရမည့် အဆီအငေါမတည့်မှု တခုဟု ခရက်ဒစ်ဆွိစ်ဘဏ်မှ မှတ်ချက်ပြုသည်။

၃၅%သော တိုင်းပြည်ဓနဥစ္စာ ထိန်းချုပ်ထားသော ရုရားဘီလျံနာများ၏ ပိုင်ဆိုင်မှုများမှာ ဒေါ်လာသန်း ၄၂ဝ ဘီလျံနှင့် ညီမျှသည်။

ရုရှားနိုင်ငံသည် ကျွန်းနေ ဘီလျံနာများရှိသော (အခွန်ရှောင်ဖို့ ကမာ္ဘအရပ်ရပ်က သူဌေးတွေ သွားနေကြတာ ဖြစ်မယ်ထင်ပါတယ်၊ စဂါးချပ်။) ကာရစ်ဘီယံ ကျွန်းနိုင်ငံလေးများမှ လွဲလျင် ကမာ္ဘပေါ်တွင် ဓနဥစ္စာ မညီမျှမှု အမြင့်မားဆုံး ဖြစ်ကြောင်း ဘဏ်အစီရင်ခံစာတွင် ရေးထားသည်။

ရည်ညွှန်းကိုးကား။ http://finance.yahoo.com/news/report-110-people-own-35-133554175.html

Report: 110 people own 35 pct of Russia’s wealth

Report shows just 110 people own 35 percent of Russia’s total wealth

Associated PressAssociated Press – Wed, Oct 9, 2013

MOSCOW (AP) — A staggering 35 percent of household wealth in Russia is owned by just 110 people, the highest level of inequality in the world barring a few small Caribbean islands, a report by a major investment bank says.

By contrast, billionaires worldwide account for just 1-2 percent of total wealth, Credit Suisse said in its report published Wednesday. Russia has one billionaire for every $11 billion in wealth while in the rest of the world there is one for every $170 billion.

The fall of Communism saw Russia’s most prized assets sold off to a small circle of businessmen later known as oligarchs. President Vladimir Putin allowed them to keep their wealth in exchange for their political loyalty.

Metals and banking tycoons Vladimir Potanin and Mikhail Fridman, who made their fortunes in the 90s, are still high on the list of Russia’s richest men. But the past decade saw a rise of new billionaires who draw their wealth from state contracts and some of whom are known to be the presidents’ friends, like Gennady Timchenko.

Credit Suisse said that there were hopes with the demise of the Soviet Union that Russia would turn into a high skilled economy with fair wealth distribution but “this is almost a parody of what happened in practice.”

The 35 percent of wealth that Russian billionaires own is equivalent to $420 billion.

“Russia has the highest level of wealth inequality in the world, apart from small Caribbean nations with resident billionaires,” the bank said in the report.

 

7 comments

  • Wow

    October 15, 2013 at 11:40 am

    အာ့တစ်ခု INGO တွေမှာတော့ လစာသတ်မှတ်ချက် တာဝန်ဝတ္တရားက ရှိပြီးသား။ လစာဒီလောက် ဒီတာဝန်ယူရမယ် …တခြားလုပ်ငန်းတွေလဲ အိုက်လိုဆိုကောင်းမာ.. 🙂

    • TNA

      October 16, 2013 at 12:32 pm

      နာ့ဒီကွန်မင့်ညင်ဖူးဘာဒယ်ကျိနေဒါ :mrgreen:

  • Wow

    October 15, 2013 at 11:47 am

    ဟီး… ဟိုဘက်ပို့စ်နဲ့မှားပီး လာမန့်မိဘီ.. :mrgreen:
    ရုရှအကြောင်း သိချင်ဝူး.. ဗမာပြီ ကိစ္စဘဲပြောဘာ ကြောင်ကြောင် :byee:

  • kai

    October 15, 2013 at 11:39 pm

    ဗမာပြည်လည်း.. ချမ်းသာဆင်းရဲ မညီမျှမှုအရမ်းမြင့်မယ်သေချာတယ်..။
    အနည်းဆုံးတော့.. ဆေးပေးမီးယူ..ဆီးစစ်သွေးဖေါက်တာလောက်ကို.. တလတခါလောက်.. လေယဉ်ခအကုန်ခံ.. ရန်ကုန်ကနေ..အယ်လ်အေလာလာပြီးလုပ်နေတဲ့.. ဘုန်းဘုန်းတွေရှိသဗျ..။ :mrgreen:

    • TNA

      October 16, 2013 at 12:34 pm

      အလကားအိုက်ဒါ ဒကာတွေအားကိုးနဲ့ ဘုန်းကြီးတွေလဲကြီးကျယ်နေကြတာပါသဂျီးရယ်။ အိုက်လိုလုပ်မှအသက်ရှင်ရမယ်ဆိုရင် မြန်မာပြည်ကဆင်းရဲသားတွေတယောက်မှတောင်မရှိလောက်တော့ဘူး သေကုန်လို့။

    • ဦးဦးပါလေရာ

      October 17, 2013 at 3:49 pm

      အဲ့ဒါကတော့ သူကြီးရယ်
      ဘုန်းဘုန်းတွေကလဲ သွားချင်တာ တပိုင်း
      ဒကာတွေကလဲ ကြွားချင်တာ တပိုင်းလေ…

      ကျုပ်တို့ဖြင့် ပိုက်ပိုက်မရှိလို့
      ဘယ်ဘုန်းကြီးကျောင်းနားမှ မကပ်နိုင်တာ ကြာပေါ့ ….

      🙁

  • alinsett

    October 17, 2013 at 2:00 pm

    ညန်မာပျီဂဒေါ့
    ချမ်းသာတဲ့လူတွေက သိန်းခုနှစ်ထောင်ကျော်ဘဒမြားဆွဲကြိုးတွေတောင် ဘက်ခနဲ ချဉ်ပေါင်ရွက်ဝယ်သလိုဝယ်နိုင်တယ်

    ဆင်းရဲသူကျတော့လည်း ကုန်းကောက်လည်း ဖင်ပေါ်ရုံပဲရှိတယ်

    ဒီတော့ ဒဂျီးပြောသွားသလိုပါပဲ

Leave a Reply