မီလျံနာ U.S ကမာ္ဘပတ်

အမေရိကန် နိုင်ငံရေးစနစ် ပျက်ယွင်းကောင်း ပျက်ယွင်းနေပေမဲ့ သူကြွယ်အသစ် မွေးထုတ်ပေးရာမှာ ကမာ္ဘကို ဆက်လက် ဦးဆောင်နေဆဲ ဖြစ်သည်။ 

အသစ်ထုတ်ပြန်သော ခရက်ဒစ်ဆွိစ် အစီရင်ခံစာက လွန်ခဲ့သည့်နှစ် နောက်တိုး မီလျံနာ ၁.၈သန်း စာရင်းတွင် ၁.ရသန်းမှာ ယူအက်စ်ဖြစ်ပြီး ယခုအခါ အမေရိကန် မီလျံနာ ၁၃.၂သန်း ရှိနေပြီဖြစ်သည်။ မြင့်တက်လာသော စတော့ရှယ်ယာဈေးကွက်၊ အိမ်မြေခြံဈေး ပြန်ဦးမော့လာမှုနှင့် ကျယ်ကျယ်ပြန့်ပြန် တိုးပွားလျက်ရှိသော ပစ္စည်း ဥစ္စာတန်ဖိုးများကြောင့် သူကြွယ်အရေအတွက် တဟုန်ထိုး မြင့်တက်လာသည်။

အံ့အားသင့်ဖွယ်အဖြစ် ပြင်သစ်နိုင်ငံသည် ကမာ္ဘ့ မီလျံနာ သန်းကြွယ်သူဌေး မွေးဖွားမှုနှုန်းတွင် ၂၈ရ ဝ၀ဝဖြင့် ဒုတိယလိုက်သည်။ သူ့နောက်တွင် ဂျာမနီ ၂၂၁ ဝ၀၀၊ အီတလီ ၁၂ရ ဝ၀၀၊ ဗြိတန် ၁၁ရ ဝ၀ဝ တို့လိုက်ပြီး တရုတ်နိုင်ငံက လွန်ခဲ့သော ၁၂လအတွင်း မီလျံနာ ကိုသောင်းမျှသာ မွေးထုတ်ပေးနိုင်ခဲ့သည်။ (နဲသွားမှာပေါ့၊ မြစ်ဆုံရေကာတာ၊ ဝမ်ပေါင်ကြေးနီတောင် စီမံကိန်းတွေ ရပ်ထားရဒယ်၊ ဖားကန့်က ကျောက်စိမ်းတွင်းတွေလဲ နားသွားပြီ၊ ရိုးမတောတွေလည်း ကုန်ပြီဆိုဒေါ့… ကြေးမုံဂျီးရေ အောင်ဖျာလိပ် ပေသီးထမ်းပြီး ပြန်ဗေဒေါ့.. မျံမြံ)

အထိအနာဆုံးမှာ ဂျပန်ဖြစ်ပြီး မီလျံနာ တသန်းကျော် ဆုံးရှုံးခဲ့ရသည်။ ပထမဆုံး အကြိမ်အဖြစ် အနည်းဆုံး နှစ် ၃ဝအတွင်း ကမာ္ဘ့မီလျံနာဦးရေမှ ဂျပန်၏ဝေစု ၁၀%အောက် လျောကျသွားသည်။ ဘရာဇီးနိုင်ငံက မီလျံနာ ၁၂၀၀၀၊ အာဂျင်တီးနားနိုင်ငံက မီလျံနာ ၅၀၀ဝ ဆုံးရှုံးသည်။

ကမာ္ဘ့မီလျံနာ ၃၂သန်းတွင် ၄၂% ယူအက်စ်၊ ၃၉% ဥရောပတွင် နေထိုင်ကြောင်း ၂၀၁၃ ခရက်ဒစ်ဆွိစ် ကမာ္ဘ့ ကြွယ်ဝမှု အစီရင်ခံစာ၌ ဖော်ပြသည်။

ဓနဥစ္စာများ တနေရာတွင် စုပုံနေ…

ကမာ္ဘ့ကြွယ်ဝမှုသည် ထိပ်ဆုံးပိုင်းတွင် နင်းကန် သွားရောက် စုပုံလျက်ရှိကြောင်း တွေ့ရသည်။ ၎င်းတို့သည် ကမာ္ဘ့လူဦးရေ၏ ၁% မပြည့်သော်လည်း ၄၁% (သို့) ဒေါ်လာ ၉၈.ရ ထရီလီလျံ (၁ထရီလျံ = ၁၀၀ဝဘီလျံ ) မီလျံနာများ လက်ဝယ်ရှိသည်။ ထိုကိန်းဂဏန်းမှာ ၆၈% (သို့) ၃.၂ ဘီလျံရှိသော အောက်ခြေ လူတန်းစား လက်လုပ်လက်စားများထက် ၁၂ဆ၊ ဒေါ်လာ ၁ဝ ဝ၀ဝ မှ ၁၀ဝ ဝ၀ဝ ပိုင်ဆိုင်မှု တန်ဖိုးရှိ သူများထက် သုံးဆ ပိုများနေကြောင်း ခရက်ဒစ်ဆွိစ်မှ ပြောသည်။

တကမာ္ဘလုံးတွင် ဒေါ်လာငါးသန်းမှ ဆယ်သန်းအကြား ကြွယ်ဝသူ ၂သန်းကျော်ရှိပြီး လူ ၉၈၇၀ဝ ဦးမှာ ဒေါ်လာ သန်း၅ဝနှင့်အထက် ချမ်းသာပြီး ဒေါ်လာသန်း၁၀ဝနှင့်အထက် ပိုင်ဆိုင်သူမှာ ၃၃၉၀ဝ ရှိမည်ဟု ခန့်မှန်းသည်။

http://finance.yahoo.com/news/us-created-90-worlds-millionaires-194309907.html

US created 90% of world’s new millionaires

By Robert Frank | CNBC – Wed, Oct 9, 2013

America may have a dysfunctional political system, but it continues to lead the world in significant wealth creation.

A new report from Credit Suisse shows that 1.7 million of the 1.8 million millionaires added to the ranks in the past year were created in the U.S., which now boasts 13.2 million millionaires. Rising stock markets, the housing rebound and a broader increase in asset values have fueled the surge.

Surprisingly, France came in No. 2 in millionaire creation worldwide, with 287,000. That was followed by Germany (221,000,) Italy (127,000) and the United Kingdom (117,000). China generated just 90,000 millionaires in the past 12 months.

Japan was the biggest loser, with more than 1 million erased. For the first time in at least 30 years, Japan’s share of the global millionaire pie has fallen to below 10 percent. Brazil lost 12,000 and Argentina 5,000.

The 2013 Credit Suisse Global Wealth Report said that 42 percent of the world’s 32 million millionaires live in the U.S., and 39 percent live in Europe.

Wealth is concentrated

It also pointed to the increasingly top-heavy nature of global wealth. Though they represent less than 1 percent of the world’s population, millionaires control 41 percent of its wealth-or $98.7 trillion. That’s more than 13 times as much as the 68 percent (3.2 billion people) on the bottom and three times as much as those with net worth of $10,000 to $100,000, according to Credit Suisse.

Credit Suisse estimate that, globally, more than 2 million people are worth between $5 million and $10 million, and that 98,700 people are worth $50 million or more. It estimates that 33,900 are worth $100 million or more.

 

 

5 comments

  • KZ

    October 28, 2013 at 8:44 am

    ကြောင် ပြန်လာပြီလားးးးး

    တို့ တရုတ်ပီဂျီးရဲ့ ကြွယ်ဝချမ်းသာမှုတွေ မြင့်တက်လာစေဖို့ ကျနော်တို့ မြန်မှာပီဒူ ပီဒါးတွေမှာ တာဝန်ချိပါဒယ်။

    😀

  • Wow

    October 28, 2013 at 8:51 am

    တရုပ်ကျေးဇူးဆပ်မကုန်ပါဘူး ကြောင်ကြောင်.. ဒီတော့ ကြောင့်ကို ကြေးမုံကြီးလက် ဖုတ်လိုဖုတ် ကင်လိုကင် မျိုးတုံးလိုတုံး အပ်ပါမယ်… :mrgreen:

  • Mr. MarGa

    October 28, 2013 at 3:44 pm

    ကောင်းလေစွ
    ဘယ်အချိန်များ တို့ မြန်မာတွေ အဲဒီထဲ ဝင်မယ်မသိ
    ပြောလို့ ရတာတော့ ဟုတ်ဖူးနော့
    အဲ့ US က မီလျှံနာတွေထဲ မြန်မာတွေလဲ ပါချင် ပါနေမှာ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2013 at 6:18 pm

    အမည်ဆိုတာ ပညက်ဘဲဗျ
    သဘောတရားထဲ အရည်တွက်နဲ့ခိုင်းနှိုင်းပြောရရင်
    ကျူပ်စီမှာ အင်ဒိုနီးရှားဆယ်သိန်းနဲ့ ညီမျှတဲ့
    ငွေတွေရှိတယ်
    ဒါ့ကြောင့်
    ကျူပ်ကို မြန်မာမီလျှံနာလို့သတ်မှတ်ပါ

Leave a Reply