သက်သေအတို့ ခက်ပေသမို့ ဆက်မဖြေစို့ Richer

Normal
0

false
false
false

EN-US
X-NONE
X-NONE

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}

ချမ်းသာပြီးရင်း ချမ်းသာကုန်တာ သူဌေးတွေပါ..။

ကမာ္ဘပေါ်ရှိ ဓနဥစ္စာတန်ဖိုး ၄၆%အား ထိပ်ပိုင်းလူ ၁% အုပ်စီးထားပြီး ကမာ္ဘ့ကြွယ်ဝမှု ၈၆%အား ၁၀%သော သူကြွယ်များ ပိုင်ဆိုင်သည်။ အရွယ်ရောက်ပြီးသူ ကမာ္ဘ့လူဦးရေ သုံးပုံနှစ်ပုံမှာ လက်ထဲ ဒေါ်လာတသောင်းပင် ပြည့်အောင် မကိုင်နိုင်ရှာပေ။ ခရက်ဒစ်ဆွိစ်ဘဏ်မှ စုစည်းထုတ်ဝေသော နောက်ဆုံးထုတ် ကမာ္ဘ့ကြွယ်ဝမှု အစီရင်ခံတွင် ဝင်ငွေ မညီမျှမှုမှာ နိုင်ငံတကာ ပြသနာ ဖြစ်လာနေကြောင်း အသားပေး ဖော်ပြသည်။ ခရက်ဒစ် ဆွိစ် ခန့်မှန်းချက်တွင် လာမည့် မျိုးဆက်၂ခုအတွင်း မီလျံနာ သန်းတထောင်နှင့် ထရီလျံနာ (သန်းထောင်ပေါင်း ၁၀၀ဝ ချမ်းသာသူ၊ စဂါးချပ်။) ရှိမည်ဆိုသည်။ နေရာတိုင်းမှာ မီလျံနာ ဖြစ်တော့မည်ဟု အစီရင်ခံစာ ပြုစုသူများ မှတ်ချက်ပြုသည်။

၂၀၁၂ခုနှစ်နှင့် နှိုင်းယှဉ်လျင် ယခုနှစ်တွင် မီလျံနာအသစ် ၂သန်းနီးပါး တိုးပွားလာပြီး ယူအက်စ်တွင် နေထိုင်သူ အများစုဖြစ်သည်။ အိမ်ခြံမြေဈေးကွက် ဦးမော့လာမှုနှင့် တက်ရိပ်ပြနေသော စတော့ရှယ်ယာဈေးကွက်တို့က အမေရိကန်တို့အား ငါးနှစ်ဆက်တိုက် တဦးခြင်း ကြွယ်ဝမှု မြင့်တက်လာစေရန် ထောက်ကူပြုသည်။

ဘဏ္ဍာရေး အကြပ်အတည်း မဖြစ်ခင်ကထက် မီလျံနာများ ပိုမိုချမ်းသာရန် အခွင့်အလမ်း ပွင့်နေကြပုံရသည်မှာ ၂၀၁၃ခုနှစ်တွင် ချမ်းသာကြွယ်ဝမှု ၁၂.၇% တိုးပွားလျက် ၇၂.၁ ထရီလျံဒေါ်လာသို့ ရောက်ရှိနေပြီး စီးပွားရေး ပြသနာမဖြစ်ခင်၂၀၀၆ခုနှစ်ကထက် ၂၀%၊ ပြသနာဖြစ်ချိန် ၂၀၀၈ခုနှစ်ကထက် ၅၄% ပိုများသည်။ တကမာ္ဘလုံး ကြွယ်ဝမှုမှာ ၂၀၀ဝခုနှစ်မှစ၍ နှစ်ဆ ပိုများလာပြီး ၂၄၁ ထရီလျံဒေါ်လာဖြင့် မှတ်တမ်းစံချိန် ချိုးလိုက်သည်။

မျက်စေ့ မမှောက်ပါဘူး၊ ၂၄၁ ထရီလျံဒေါ်လာ မှန်ပါတယ်။

အလယ်ဆုံမှတ် ဘေးဝဲယာ ပျံ့နှံ့မှု (လူလတ်တန်းစား ကြွယ်ဝမှု) အားကောင်းထားရင် ထိပ်ပိုင်း သွားစုနေတဲ့ မူမမှန်တဲ့ ဓနဥစ္စာ တိုးပွားနှုန်း သိပ်မသိသာဘူး။ အခုတော့ ဆင်းရဲသားသူများ အခြေအနေ ပိုဆိုးလာသည်။ အောက်ခြေ လူတန်းစား ပိုင်ဆိုင်မှုမှာ နောင်လာမည့် နှစ်၆ဝလုံးလုံး တစိုက်မက်မက် ကျဆင်းနေကြောင်း ခန့်မှန်းထားသည်။

More Proof that the Rich Are Getting Richer and the Poor Poorer

The rich are getting even richer.

The top 1% control 46% of the world’s assets — and 86% of global wealth is owned by the richest 10%. Yet two-thirds of the world’s adults have wealth of less than $10,000. These numbers, compiled by Swiss bank Credit Suisse in its latest World Wealth Report, underscores that income inequality has become an international crisis. Credit Suisse also expects there will be a billion millionaires and 11 trillionaires within two generations. “Billionaires will be commonplace,” note the report’s authors.

Related: Top Secrets of Penny-Pinching Billionaires: Warren Buffett Has Company

There are nearly 2 million new millionaires this year compared to 2012, the majority of which are living in the U.S. A recovery in the housing market and a bull market for stocks helped the U.S. post its fifth consecutive year of increases in personal wealth.

Related: U.S. Economy Poised for Liftoff, Sonders Says: Pray Pols Don’t Blow It

Millionaires are experiencing even better times now than before the financial crisis: “wealth ownership grew by 12.7% [in 2013] to $72.1 trillion, 20% more than the pre-crisis high in 2006 and 54% above the recent low in 2008,” according to Credit Suisse. Overall global wealth has more than doubled since 2000, reaching a new all-time high of $241 trillion.

Yes. $241 trillion.

The “increasing lopsidedness in terms of wealth accumulation at the top end” would not be so dramatic if median wealth was also increasing, says Yahoo Finance senior columnist Mike Santoli. And it gets worse for poor families and individuals: Credit Suisse projects wealth for those in the bottom percentile will steadily fall over the next 60 years.

Watch the video above to see which country has lost $5.8 trillion in household wealth since January.

 

 

11 comments

  • MAUNG

    November 1, 2013 at 7:37 am

    ဗဟုသုတ ရလို့ မှတ်သားသွား တယ်ဗျာ 🙂

  • kyeemite

    November 1, 2013 at 9:01 am

    ကျုပ်ကတော့ “ထိပ်ပိုင်းလူ ၁% ” ထဲပါလုလုဗျ..ခွိခွိ 😀

  • မဟာရာဇာ အံစာတုံး

    November 1, 2013 at 9:29 am

    အခုတော့ ရှိဘာစေဒေါ့ …
    လောလောဆယ် …
    ကြောင်မျက်ရှင် ရှာနေဘာဒယ် …
    ရရင် သူခိုးဂျီး ငတက်ပြားရဲ့ နည်းနဲ့
    ကမ္ဘာဂျီး မျှမျှတတ ဖစ်စေရမယ် ….

  • မင်းခန့်ကျော်

    November 1, 2013 at 9:57 am

    ဆင်းရဲတာ ပိုက်ဆံမရှိလို့

    ချမ်းသာတာ ပိုက်ဆံအများကြီးရှိလို့ :mrgreen:

  • TNA

    November 1, 2013 at 11:26 am

    ဒို့ကတော့ ၁% ပဲ နဲနဲမှမလျော့ဘူး

  • အရီးခင်

    November 1, 2013 at 3:48 pm

    သိပ်မဆိုင်ပေမဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ လူတိုင်းသိတဲ့ အချက်တစ်ချက် –

    ချမ်းသာတဲ့ လူတွေ က သားသမီးမများ ဘဲ ဆင်းရဲ တဲ့ သူတွေက သားသမီး တွေ မပြတ်မွေးနေကြတာ ဆွေးနွေး တဲ့ အကြောင်း ရေဒီယို က နားထောင်ရတယ်။
    မပြောမရှိနဲ့ ကကြောင်ကြီးရေ။
    အဲဒီမှာ တရုတ် နိုင်ငံ ရဲ့ ခလေးတစ်ယောက် စီမံကိန်း ကို မသိမသာ ချီးကျူးထားတာ။
    အရင်က လူ့အခွင့်အရေး တွေ ကို အသေရှေ့တန်းတင် ထားတဲ့ အနောက်တိုင်းနိုင်ငံ တွေ တရုတ် ကို အားကိုး ရမဲ့ အခြေဆိုက်လာပြီကိုး။
    တရုတ်နိုင်ငံ က လူတွေ အတွက် တိုးရစ်ဗီဇာ ကိုတောင် စပယ်ရှယ် ပေးဖို့ စီစဉ်နေပါ့။
    ဒီတစ်ခါတော့ အချိန် က အဓိပ္ပါယ်ရှိရှိ စကားပြောတာ မြင်ရပြီ။ (အချိန် ဆိုတာ အင်္ဂလိပ် လို ကို ဆိုလိုသည်။)
    နိုင်ငံ ရဲ့ အနာဂါတ် ကလေး တစ်ယောက် ကို အားကုန်ပြုစုပြီး နိုင်ငံ ကိုချမ်းသာအောင် လုပ်နိုင်တာ လဲ အရေးကြီး တဲ့ အချက် ဖြစ်နေမလားဘဲ။
    ဒါကတော့ ဘာသာရေး အစွန်းရောက် ကက်သလစ်တွေ၊ မူဆလင် တွေကတော့ ဘယ်လိုမှ လျှော့မှာမဟုတ်။

    ဂျပန်မှာတော့ လူတွေ အစဉ်းစားလွန်ပြီး ကလေး မမွေးကြလို့ အနာဂါတ် အတွက် စိုးရိမ်နေကြရပြန်ရော တဲ့။

    ဒီတော့ ချမ်းသာသူတွေ ရဲ့ လူသားချင်းစာနာတတ်တဲ့ စိတ် ဒီဂရီပေါ် မူတည်ပြီး နောင်အနာဂါတ် ကမ္ဘာပြောင်းသွားနိုင်တယ်။
    ကောင်းချင်ပိုကောင်းမယ်။
    ဆိုးချင်ပိုဆိုးမယ်။
    ဥပမာ -ငတ်လာတဲ့ သူတွေ ပိုပိုများလာရင် တကယ်ချမ်းသာ တဲ့ လူတွေ က နဲနဲ လာပြီး သူတို့မှာရော ဘယ်လောက် စိတ်ဓာတ်ရေးရာ လုံခြုံ မှုရှိနိုင်မလဲ ဆိုတာပေါ့။
    ဒါကြောင့် အဂါင်္ဂြိုလ် ဆီပြောင်းနေကြဖို့ စီစဉ်နေကြတာ နေမှာ။ 😉

  • kai

    November 1, 2013 at 4:14 pm

    နိုင်ငံကြီးတွေဆီ.. တတိယနိုင်ငံသားတွေ ဗီဇာတွေနဲ့အဝင်အထွက်ခက်နေတာတွေကြည့်ပြီး.. ဖွံ့ဖြိုးပြီးနိုင်ငံရဲ့….. မြို့ကြီးထဲက… အထူးရှယ်လူတန်းစားတွေနဲ့.. မြို့ဆင်ခြေဖုံးကလူတန်းစားတွေ လူနေမှုကွာနေပုံကြည့်ပြီး…

    နာဆာကလူတွေ.. အာကာသတက်.. အင်္ဂ ါဂြိုလ်ခြေဆန့်.. အခုဆို… ကမ္ဘာသစ်ရှာနေကြတာရဲ့.. ရည်ရွယ်ချက်သဘောပေါက်သလိုလိုရှိလာတယ်…

    ဆိုတော့…
    နောက်တကမ္ဘာက… ဒီကမ္ဘာနဲ့..တော်တော်နီးစပ်ဆိုပဲ… :mrgreen:

    Alien planet is ANOTHER EARTH – except for ONE tiny detail
    Four hundred light-years away in the constellation Cygnus there lies a G-type star very much like our own Sun. Orbiting it is a world scientists believe is very similar to Earth in both size and composition.

  • ဦးဦးပါလေရာ

    November 1, 2013 at 5:31 pm

    ကျုပ် လက်လှမ်းမီရာအနီးတဝိုက်မှာတော့
    (လူလတ်တန်းစားလို့ အများက ခေါ်လေ့ရှိတဲ့) ဆင်းရဲသားအထက်လွှာ အတန်းအစားဝင်
    အသေးစားလုပ်ငန်းရှင်လေးတွေ တဖြုတ်ဖြုတ် ဆက်တိုက်ကြွေကုန်တာ သုံးနှစ်လောက်ရှိပြီ
    ဆင်းရဲသားအထက်လွှာကနေ ဆင်းရဲသားအလယ်လွှာ
    (ကိုယ့်ကိုယ်ကို ဆင်းရဲမှန်း သတိပြုမိတဲ့ အဆင့်) ကို ရောက်ကုန်ပြီ။

    အဆိုးဆုံးကတော့ အဲဒီအထဲ ကျုပ်ကိုယ်တိုင်ပါသွားတာပဲ….
    😥

    • Foreign Resident

      November 1, 2013 at 7:01 pm

      ဦးဦးပါလေရာ says:
      ” အသေးစားလုပ်ငန်းရှင်လေးတွေ တဖြုတ်ဖြုတ်
      ဆက်တိုက်ကြွေကုန်တာ သုံးနှစ်လောက်ရှိပြီ
      အဆိုးဆုံးကတော့ အဲဒီအထဲ ကျုပ်ကိုယ်တိုင်ပါသွားတာပဲ….
      😥 ”

      ဖစ်မှဖစ်ရလေ ဦးပါရယ် ။
      ဟုတ်တယ် ကျနော်လည်း သတိပြုမိတယ် ။
      အလုပ်သမားတွေ လစာတိုး ဆန္ဒပြရင်း ပြရင်း နှင့် ၊
      စက်ရုံ ပိုင်ရှင်တွေ တော်တော် ပြုတ်နေပြီ ။

  • alinsett

    November 1, 2013 at 5:54 pm

    ဒို ့နိုင်ငံကြည့်ရင်လည်း
    ချမ်းသာတဲ့လူဒွေ တပုံဂျီးဘာ
    ချမ်းသာတဲ့ ပုံစံ မနေတတ်ကြသေးတာပဲခက်တယ်။

    သထေးဖြစ်တာတောင် သထေးရုပ်မပေါက်တဲ့သူတွေ ကို
    ရီချင်တယ်

    အဟိ

  • နေတိုး

    November 5, 2013 at 3:27 pm

    အကြွေးသန်းထောင်ချီ ထူနေတဲ့ သူတွေရော လူချမ်းသာ စာရင်း ပါမလား မသိ

    အဟိ

Leave a Reply