တောင်တွင်းကြီးမြို့နယ် ပုဂံကုန်းကျေးရွာနေ အသက်(၃၇)နှစ်ရှိအမျိုးသမီးတစ်ဦးသည် အောက်တိုဘာ(၁၂)ရက်နေ့ နေလည်(၂)နာရီချိန်ကနေအိမ်မှ ပန်းရောင်းရန်တစ်ဦးတည်းထွက်လာခဲ့စဉ် အင်ကုန်းရွာမရောက်မီ ကန်သုံးဆင့်ရေကန် အနီး လှည်းလမ်းပေါ်တွင် တစ်ရွာတည်းနေအစ်ကိုဝမ်းကွဲတော်စပ်သူ သောင်းငွေ အသက်(၄၄)နှင့်တွေ့သဖြင့်မေးမြန်းရာ ငါးလာဖမ်း ကြောင်းပြောသဖြင့် ဆက်လက်လျှေက် လာခဲ့ ရာ  သောင်းငွေမှနောက်မှလိုက်လာပြီး တရားလိုမိန်းကလေးအား တွန်းလှဲပြီးကိုယ် ပေါ်တက်ဖိကာသားမယားအဖြစ်ပြုကျင့်ရန်ပြုလုပ်သဖြင့် တရားလိုမိန်းကလေး မှ အော်ဟစ် တွန်းထိုး ထွက်ပြေးခဲ့ပြီး အစ်မဖြစ် သူများပြောပြကာ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ သောင်းငွေ အားအရေးယူပေးပါရန်တိုင်တန်းသဖြင့် တောင်တွင်းကြီး မြို့နယ်၊မြို့မရဲစခန်းမှ (ပ) ၁၉၃/၂၀၁၃၊ ပုဒ်မ ၃၇၆/ ၅၅၁ ဖြင့်အမှုဖွင့် ထားကြောင်းသက်ဆိုင်ရာမှသိရှိရသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..