အရောက်လှမ်းခဲ့ကြရန် မကွေးမြို့အစွန် မြသလွန်ဘုရားပွဲတော်

Thiha Phone MoOctober 15, 20131min2674

မကွေးမြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲကို 14.10.2013 ရက်နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ

ကျင်းပခဲ့ကြောင်းသိရသည်။အနယ်နယ်အရပ်ရပ်မှ အညာထွက်ကုန်မျိုးစုံရောင်းချသော ဆိုင်ခန်းများစွာဖြင့် ဘုရားဖူးများစတင်စည်ကားလျှက်ရှိနေပြီဖြစ်သည်။

အညာဒေသဂုဏ်ဆောင် လူအစည်ကားဆုံး ဘုရားပွဲတော်တခုဖြစ်သည်နှင့်အညီ ဘုရားလည်းဖူးရင်း အညာထွက်ကုန်မျိုးစုံကိုလည်း sh0pping ထွက်ခဲ့ကြဘို့

မိတ်ဆွေအပေါင်းကို ဖိတ်ကြားလိုက်ရပါသည်။

4 comments

  • KZ

    October 15, 2013 at 3:30 pm

    မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ
    မေ့မရနိုင်ပါသည်။
    အခွင့်ရယ်သာတဲ့ တစ်နေ့မှာ
    ဪ အရောက်တော့ လာခဲ့ဦးမည်။
    ရွှေညာသူရေ
    ကိုယ်လာရင် ကြိုမှာလားလို့ အတည်!

    😀

    • Mr. MarGa

      October 15, 2013 at 3:43 pm

      ရွှေညာသူတော့ မဖြစ်နိုင်
      ရွေညာသားပဲ ဖြစ်မယ်ထင့်
      :mrgreen:

  • မဟာရာဇာ အံစာတုံး

    October 15, 2013 at 4:19 pm

    မကွေးနယ်သား ဆိုပေမယ့်
    မြသလွန် ဘုရားပွဲနဲ့ တစ်ခါမှ ဆုံဖူး ကြုံဖူးတယ်ဆိုတာ မရှိခဲ့ဘူး
    ဟိုယခင်ကတော့ ကျောင်းတစ်ဖက်နဲ့မို့
    အခုတော့ အလုပ်တစ်ဖက်နဲ့မို့
    ဒါမယ့် .. မသေသေးသရွှေ့ ကြုံတော့ ကြုံဦးမှာပါလေ …။

    • Myo Thant

      October 15, 2013 at 4:25 pm

      နှစ်ကိုယ်တူ ဆွေပြမျိုးပြ သွားကြပေါ့ အံစာရာ 🙂

Leave a Reply