စိုက်တဲ့အတိုင်းပဲ…ရိတ်ရမတဲ့…..

အဲ့လိုမဟုတ်ခဲ့ပါဘူးကွယ်…..

ဘာမှလဲ..မမျှော်လင့်ခဲ့ပါဘူး..လွမ်းတတ်နေယုံ..

ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ….

မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်…

ဆုလာဒ်တွေက …ဆူးမဟုတ်ရင်တော်ပြီ……

တိုးတက်ဖို့လား ဒီပုခုံးကို….နင်းတက်သွားလိုက်ပါကွယ်..

ခက်ခဲတဲ့လောကကြီးထဲ ….

တရက်တနေ့….မလိုအပ်ခဲ့ရင်…ဒီလွင်ပြင်နဲ့..ဒီရင်ခွင်က

ဒီရင်ဘတ်ကြီး..ထားပြီးထွက်ပေးမယ်…ပျော်မယ်မလား

မတ်မတ်ဖြောင့်ဖြောင့်..သူ့အကိုင်းနဲ့သူ့အခက်..သူ့ခြေထောက်ပေါ်.မတ်မတ်ရပ်နိုင်ပါစေ.

ပျိုးကြဲတဲ့လက်….ရိတ်ဖို့မဟုတ်ခဲ့ဘူးကွယ်

စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းချင်တာ …

ခပ်ညံ့ညံ့ ဥယျာဉ်မှုးတွေပါ ….

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ