ဥယျာဉ်မှုး ( ငယ်ငယ်တုန်းက ရေးတဲ့ကဗျာ )

sorrowOctober 15, 20131min27721

စိုက်တဲ့အတိုင်းပဲ…ရိတ်ရမတဲ့…..

အဲ့လိုမဟုတ်ခဲ့ပါဘူးကွယ်…..

ဘာမှလဲ..မမျှော်လင့်ခဲ့ပါဘူး..လွမ်းတတ်နေယုံ..

ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ….

မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်…

ဆုလာဒ်တွေက …ဆူးမဟုတ်ရင်တော်ပြီ……

တိုးတက်ဖို့လား ဒီပုခုံးကို….နင်းတက်သွားလိုက်ပါကွယ်..

ခက်ခဲတဲ့လောကကြီးထဲ ….

တရက်တနေ့….မလိုအပ်ခဲ့ရင်…ဒီလွင်ပြင်နဲ့..ဒီရင်ခွင်က

ဒီရင်ဘတ်ကြီး..ထားပြီးထွက်ပေးမယ်…ပျော်မယ်မလား

မတ်မတ်ဖြောင့်ဖြောင့်..သူ့အကိုင်းနဲ့သူ့အခက်..သူ့ခြေထောက်ပေါ်.မတ်မတ်ရပ်နိုင်ပါစေ.

ပျိုးကြဲတဲ့လက်….ရိတ်ဖို့မဟုတ်ခဲ့ဘူးကွယ်

စိုက်တဲ့အတိုင်း ပြန်ရိတ်သိမ်းချင်တာ …

ခပ်ညံ့ညံ့ ဥယျာဉ်မှုးတွေပါ ….

21 comments

  • KZ

    October 15, 2013 at 3:18 pm

    ငယ်တုန်း က ရေးတာ ငယ်တုန်းက ရေးတာနဲ့ ၊
    လုပ်စားပေါင်းများနေပြီ ဘကြီးရိုးးးးးး

    😀

    • sorrow weaver

      October 15, 2013 at 4:24 pm

      ငယ်ငယ်တုန်းက ရေးတာပါဂျ…ခုအဲ့လိုအတွေးရှိတော့ဘူး..ရိတ်ပြီးတာနဲ့ အမြစ်ပါတူးပစ်တာ…အဟိဟိ

  • Mr. MarGa

    October 15, 2013 at 3:41 pm

    စိုက်တဲ့အတိုင်းပဲ ရိတ်ရမတဲ့
    ကြားမှာ အလေအလွင် ့ရှိသေးတယ်လေ
    တိုးတက်ဖို့လား ဒါဆို ပိန်ရင်ပိုကောင်းတယ် (ကားပေါ်တိုး တက်ဖို့)
    တစ်ရက်တစ်နေ့ မလိုအပ်ခဲ့ရင်
    သုံးလစာပေးပြီး ထုတ်လိုက်ပါ
    ပျိုးကြဲတဲ့လက်က မရိတ်ရရင်
    ဘာနဲ့များ သွား စားပါလိမ့်
    စိုက်တာထက်ကို ပိုရိတ်ချင်တာ
    အကြွေးရှင်တွေပါ……

    ငိငိ :mrgreen:

    • sorrow weaver

      October 15, 2013 at 4:26 pm

      တဂျား…နာ့အဖေက လယ်တွေပိုင်တယ်လေ…အငိငိ ..အလွတ်ကြွားစိန်လုပ်တာ

      • Mr. MarGa

        October 15, 2013 at 5:02 pm

        ဂလောက် ကြွားချိန်မရအောင် ရေးထားတာကို မရရအောင် ကြွားသွားသေးတယ် ချဉ်ထှာ
        :mrgreen:

        • sorrow weaver

          October 18, 2013 at 12:03 pm

          နာပြန်မပြောနိုင်ဘူး…နာတို့ရွာထဲ က စီနီယာတစ်ယောက်ပြောသလို …ခြေချုပ်ပြီး မြေဘုတ်ကဝေလိုနမ်းတယ်ဆိုလား …သိသလား…အဲ့မျိုးလုပ်ခံလာရလို့ …ခု ပါးနာနေတယ်…အဟီးဟီး

        • Mr. MarGa

          October 18, 2013 at 3:18 pm

          ဒါ ဒုတိယမြောက် ကြွားချင်း ပဲ….
          နောက်ခါကျ ဖွဘုတ်ကပါ လာကြွားမလား မသိ….
          ဪ…..
          အနိစ္စ :mrgreenn:

        • lele kyi

          October 18, 2013 at 4:27 pm

          ပါးနာတယ်ဆိုတော့ နမ်းတာဖြစ်နိုင်ဘူး။ အရိုက်ခံရတာပဲနေမှာ။ သနားစရာ။ ရိုးသားချင်ယောင်ဆောင်ပြန်ပြီ။
          ဆောရိုးကိုသနားလို့ရှေ့နေလိုက်ပေးမယ်။ ဟုတ်တယ် ကိုယ်စိုက်တာ ကိုယ်ရိတ်ရဘူး။ သူများရိတ်ခိုင်းရတာ။ အဲ့လိုပဲ သူများစိုက်တာကိုယ်သွားရိတ်။ ဝင်ငွေများများရတယ်။ ဖေ့ဘွတ် က farm town ထဲမှာလေ။ နမိတ်ပုံတွေနဲ့ မပြောကြေးဆို ဥယျာဉ်မှူးဘဝ ကို ကံအကောင်းဆုံး လို့သတ်မှတ်ထားတယ်။ 🙂

  • Myo Thant

    October 15, 2013 at 3:57 pm

    ဟုတ်ရယ် ဟုတ်ရယ်

    ဒါ ငယ်ငယ်က အတွေး ဟုတ်လောက်ဝူး 🙂

    • sorrow weaver

      October 15, 2013 at 4:26 pm

      တကယ်ပါဂျ…ဦးဦးသန့်ရ

  • TNA

    October 15, 2013 at 4:16 pm

    ငယ်ငယ်တုန်းကသာရေးခဲ့တာအမှန်ဆိုရင်တော့ ဒါလေဗျန်စပါယ်ယာမလေးဟုတ်လောက်ဘူး။ ဘာဒဲ့ ယောင်္ကျားဒွေအော်အော်နေဒဲ့ အချစ်ဦးဆိုလားဘာလား :mrgreen: အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • sorrow weaver

      October 15, 2013 at 4:27 pm

      ပါးမကျိုးချင်ဘူးးးးးး အူးးးးး ဟူးးးးးးဟူးးးးးးးးးအဟိဟိ

      • TNA

        October 15, 2013 at 5:27 pm

        တောက်ကောင်မားးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
        ဖျောင်းဟောင်းဟောင်းဟောင်းဟောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး 😥

  • alinsett

    October 15, 2013 at 5:53 pm

    အင်းးး
    တချို့ ဥယျာဉ်မှုးတွေကတော့
    ကိုယ်ပျိုးတဲ့ပန်းကို ကိုယ်မခူးရတာကိုပဲ
    ကိုယ့်ကို ကိုယ် လူညံ့လို့ မှတ်ယူတယ်။
    သားသတ်သမားဆန်တဲ့ ဥယျာဉ်မှုးတွေပေါ့။

    အဲဒီလို ဥယျာဉ်မှုးတွေ တွေ ့ဖူးတယ်။
    အဲဒီလို ဥယိာဉ်မှုးတွေရဲ့လက်ထဲမှာ အရိတ်သိမ်းခံနာကျင်ခံစားလိုက်ရတဲ့ ပန်းကလေးတွေလည်း တွေ့ဖူးတယ်။
    ==========

    ဒီ ကဗျာလေးကိုတော့ စွဲသွားပြီဗျာ

  • ငဂျစ်

    October 15, 2013 at 8:30 pm

    ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ….

    မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်…

    ဆုလာဒ်တွေက …ဆူးမဟုတ်ရင်တော်ပြီ……

    ဒီစာသားလေးတွေကို မြင်ရတော့ အတိတ်က ကျနော့အဖြစ်လေးကို ပြန်သတိရပြီး
    ရင်ထဲတစ်မျိုးကြီးခံစားရတယ်……..
    စာသားလေးတွေကို နည်းနည်းပြင်ပြီးခံစားရရင်……..

    ကိုယ်ချစ်တဲ့ပန်း…လန်းနေရင်တော်ပြီ….

    မြတ်မြတ်နိုးနိုးနဲ့…ပန်းပျိုးသူအတွက်…

    ဆုလာဒ်တွေက …ဆူးဖစ်ချင်ဖြစ်ပါ……

    ညိုးနွမ်းသွားတာမျိုးထက်စာရင် ဆူးဖြစ်ပြီး ဆူးခံရတာလေးကိုပဲ ကျေနပ်နေချင်ပါတယ်……..

  • ကျော်စွာခေါင်

    October 16, 2013 at 12:28 am

    ငယ်ငယ်တုန်းက…
    လက်မသွက်ဘူး ဆိုတဲ့ သဘောပေါ့…
    ခု ကြီးလာပြီဆိုတော့လည်း……။။
    ……..
    ယုံရတာမဟုတ်ပါဘူး.. ဒီကောင်လေး.။

    ကိုယ်ကတော့…ပန်းဆိုရင်
    ဂေါ်ဖီပန်းနဲ ့ မုန်ညှင်းစိုက်တယ်..
    ပြီးရင် ကြော်စားတယ်.. ဝေဒနာ ကင်းတယ် ရင်မနာရဘူး…။

    • sorrow weaver

      October 18, 2013 at 11:58 am

      ခုများတော့..အငိငိ …နှစ်ပါးသွားတောင် ကပလိုက်အုံးမယ်..ဦးခေါင်လိုမျိုး…အဟီးဟီး

  • ငယ်တုန်းကရေးလို့သာပဲ…
    ခံဇားဂျက်တွေက သောကမျက်ရည်ဘူးသီးလုံးလောက်ခပြီးရေးထားပုံ
    😀

  • Wow

    October 17, 2013 at 11:09 am

    တုံးခုလို့မှ လှန်းမရရင် တပင်လုံးခုတ်ပစ်မယ်….
    အုယင်မူး တယောက်အိ ခံဇားချက် :mrgreen:

  • ဗုံဗုံ

    October 18, 2013 at 2:11 pm

    (စိုက်တဲ့အတိုင်းပဲ…ရိတ်ရမတဲ့…..
    အဲ့လိုမဟုတ်ခဲ့ပါဘူးကွယ်…..)
    ွှဲိုစိုက်တဲ့အတိုင်းမရိတ်လို့ဘဲ…နီက သူညားအခင်းဝင်ရိတ်ချင်တာလားဟင်င်င်
    (တိုးတက်ဖို့လား ဒီပုခုံးကို….နင်းတက်သွားလိုက်ပါကွယ်.)
    ခေါင်းပါနင်းအူးမှာ..နင်းအူးမှာ
    (ပျိုးကြဲတဲ့လက်….ရိတ်ဖို့မဟုတ်ခဲ့ဘူးကွယ်)
    ရေသာခိုတာာ..ရေသာခိုတာ….ကြဲချိန်ကြဲ…ရိတ်ချိန်ရိတ်ရမှာဘဲ….
    မရိတ်ရင်ထမင်းမစားနဲ့…..
    ကရိုးဒီကဂျာက…နီငယ်ငယ်တုန်းက လယ်ကွင်းထဲနွားကျောင်းနေတုန်း
    ခေါင်းပေါ်က လေပျံကြီးဖြတ်သွားတာ မော့ကြည့်ပြီး စိတ်ကူးယဉ်ပြီး စပ်လိုက်တာမို့လား
    နာသိဒယ်..နာသိဒယ်…. :mrgreen: :mrgreen:

    • sorrow weaver

      October 18, 2013 at 2:24 pm

      နာမို့လို့ ..နာမို့လို့…နာ့တပည့် အိုမာခယမ် ကို သွားပြောကြည့်ပါလား…ဟိုကစားလက်စပေါင်မုန့်နဲ့ ဝိုင်ခွက်နဲ့ ကောက်ထုလိုက်လိမ့်မယ်….အငိငိ

Leave a Reply