ငှက်ပျံကြီးသို ့ မွေးနေ ့ဆုတောင်း

ဂ်စ္စူOctober 17, 20131min28641

 

အရင်ကတော့ ရွာထဲမယ် ဘုရားဒဂါ ကျောင်းဒဂါ အဖျော်ဆရာ တံခါးမူး ဂိတ်မူး ရွှေပေါက်တူး ဆို တစ်ရွာလုံး

ဖိန် ့ဖိန် ့တုန်ပဲ။

မတုန် ခံနိုင်ရိုးလား…အဲတုန်းက ငလျင် ခဏခဏလှုပ်ဆိုပဲ..အဲလေ..ဟုတ်ပါဘူး..ရွာဝင်တံခါးဝမှာ မူးမူးပြီး ဂိတ်စောင့်နေ ့တတ်လို ့ ရွာဝင် ရွာထွက် ၊ ဘယ်သူဘာလုပ် သူအကုန်သိ။

ရုတ်စွအဆုံး သဂျီးလိပ်ဂေါင်းထွက်တာကအစ အူးဗိုက်နဲ ့ နန်းခင်ဇယာ မရှင်းမရှင်း ဖြစ်တာအဆုံး သူအကုန်သိ။

မရှင်းမရှင်း ဆိုတာ တခြားမဟုတ်ပါဘူး။ အူးဗိုက်ကရှင်းပြီးသား။ မရှင်းတာက မစ်စ် နန်းခင်ဇယာ ရူးရူးနေတဲ့ ရွာထိပ်က

ဗယာကြော်ကလမ မဆာမိက ဒန်ဖလားတစ်လုံးကိုင်ပြီး နွားလှည်းနဲ ့ လယ်ကွင်းတစ်ပတ် ပတ်ချင်တယ်ဆိုပြီး အူးဗိုက်ကိုလိုက်လိုက်ဆွဲတတ်လို ့ မနဲ ထွက်ပြေးရတဲ့ မရှင်းမရှင်း ကိစ္စတွေဆိုလိုတာပါ။

အဲလို ဘသူဘာလုပ်လုပ် ဂိတ်ဝက ထိုင်ထိုင်ကြည့်တတ်တော့ ကျီးမိုက်လား….စာဂလေးမိုက်လားတော့မသိ ဦးပြောင်စိန်လိုလို ဦးကျော်ဟိန်းလိုလို လူကြီးဆို

မာဆတ်က ပြန်လာတိုင်း တံခါးမူးကို ဝက်ခေါက်ကြော်တစ်ပွဲ လာဘ်သိပ်ထိုးရတယ်ဆိုကလားပဲ။

ဝက်ခေါက်တို ့  ငါးရှဥ့်မြေအိုးတို ့ တစ်ပွဲပွဲ မပါလာရင် အူးမိုက်ဂဒေါ်ကို ကေတီဗီမာဆတ်ကိစ္စ နောက်နေ ့ပြန်ဖွတယ်ဆိုပဲဗျာ။

(သူကျတော့ လှည်းတန်းကအငယ်လေးနဲ ့စုံတွဲခုတ်နေကျဆိုလားပဲ လေယာဉ်မူး ဦးနို ့ဇို ့မိပေါဒါ .သားလဲသိဘူး)

အဲလို မဟုတ်တာမလုပ်ရဲအောင် ဂိတ်စောင့်နေတတ်တဲ့ လူကြီး၊ အရင်က တံခါးမူး..အဲ..မှူ း လို ့ခေါ်ကြတဲ့လူကြီး ။

ခုတော့ သူ ့ကို ဘယ်လိုခေါ်ကြလဲမသိ၊ ပုံမှာတော့ ငှက်ပျံကြီး တင်ထားတာတွေ ့တာပဲ..ဆိုတော့ ငှက်ပျံကြီးပေါ့လဗျာ။

အဲဒီငှက်ပျံကြီးက လာမဲ ့ ဒီလ ၂၁ ရက်၊ တနင်္လာနေ ့ဆို အသက် (- – ) နှစ်ပြည့်ပါပြီဗျာ။

သူ ့ရဲ့ အသက် ကွက်လပ် ကွက်လပ်ပြည့် မွေးနေ ့ကို ရွာသူားတွေ အချိန်မီလေး မေတ္တာဆုမွန်ကောင်းတောင်းပေးနိုင်ကြအောင် ကျော်လဲ ချိန်မီလေး ပြေးသတင်းပို ့လိုက်တာပါ။

အဲလေ ..ထိုင်ပြီး သတင်းပို ့လိုက်တာပါ။

ပြေးပီးစာရေးလို ့မှ မရပဲ..နောစ်..။

 

သိတဲ့အတိုင်း ကျော်က ဘာလုပ်လုပ်ပြတ်ပြတ်သားသားဆိုတော့ လိုရင်းတိုရှင်းပဲပေါဒေါ့မယ်ဗျာ ။ သွပ်ပျားတွေလို အဲ သများတွေလို အဲလေ ဟုတ်ပါဘူး သူများတွေလို ဝေ့ ဝိုက်စကားပလ္လင် ခံတတ်တာမဟုတ်ဘူးရယ်။

ဒဲ့ဆို ဒဲ့၊ တွတ်ဆို တွတ်၊ ဘွတ်ဆို ဘွတ်ပဲ။ ခုလဲ ဘွတ်ချင်နေပြီ ချဉ်ပေါင်ကြော်နဲ ့ ပဲဟင်းနဲ ့၂ပန်းကန် ဆွဲထားလို ့၊ ဒါတောင် နောက်တစ်ပန်းကန် ဆွဲမယ်လုပ်တော့ အလှူအိမ်က ကုန်ပြီဆိုပြီး ပြောလို ့ ရှက်ပြီး မဆွဲခဲ့တာ။ အဲတာ..

အီးနှစ်လုံးလောက်ပေါက်ချင်လို ့ ခဏ ၂ ခေါင်းပိတ်ထားကြပါ။ ကန်တော့ပါရဲ့ ဘွတ်ခ်စ်…ဘွတ်ခ်စ်..။

အောင်ဘုဆိုတဲ့ လိင်တူချစ်သူက ဗုံး ၂ လုံး ပေါက်တယ်ထင်ပြီး ရွာသဂျီးကို ပြေးသတင်းပို ့တယ်။

အဲလေ ရှုပ်ကုန်ပြီ..ဒဲ့ပဲပေါမယ်..။

လာမဲ့ အောက်တိုဘာ ၂၁ မှာ ကျရောက်မဲ့ ကျော့်တိုရီး ၊ ဒဂါးမူးကြီး၊ လှည်းတန်းက အငယ်လေးနဲ ့စုံတွဲခုတ်တဲ့ တိုရီး (ကျော်ပေါဒါဟုတ်ဘူး အူးနို ့စို ့မိပေါဒါ)၊ တိုရီး တိုနှက်ပျံ အဲ..ကိုငှက်ပျံရဲ့ ကွက်လပ်ကွက်လပ်ပြည့် မွေးနေ ့မှသည် နှစ်ပေါင်းများစွာထိ အူးဗိုက်ကို ဘီအီးအဝတိုက်နိုင်ပါစေ..လို ့မဆိုလိုဘူး။

နှစ် ၁၂ဝ တိုင်တိုင်၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ ့ မိသားစုအကျိုး၊ ရပ်ကျိုးရွာကျိုး နိုင်ငံ့အကျိုး ဆထက်တိုးပြီး ထမ်းဆောင်နိုင်ပါစေဗျာ။

အူးဗိုက်လိုပဲ စော်ကြည်ထီပေါက် နိုက်ကလပ်ရောက်၊ အိမ်ပြန်ရောက်တော့ မိန်းမခေါက် အဲလေ…

အူးဗိုက်လိုပဲ ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့် ဖြစ်ပါစေဗျာ။

အောင်မယ်..အူးဗိုက် ဗလတောင့်တယ်ဆိုတော့ ဟိုလူကြီးက လာပြောင်ပြနေတယ်..ကဲလဟယ် ဗလတစ်လုံး ထုတ်ပြလိုက်မယ်..အွတ်ခ်စ်..ဘွတ်ခစ်..။

အူးဗိုက် ဗလထုတ်တာ ဗလမထွက်ပဲ အီးထွက်သွားတော့ လိင်တူချစ်တူကြီးက တတိယမြောက် ဗုံးပေါက်တယ်ဆိုပြီး သဂျီးကို အပြေးသတင်းပို ့ပြန်လေရဲ့။ သဂျီးလဲ ဗုံးဆိုတာမဆုံးခင် ဗုံအဆင့်ပဲ ရှိသေး မြေအောက်ကတုတ်ကျင်းထဲ ဒိုင်ဗင် ခုန်ဆင်းတာ ပြောင်နေတာပဲတဲ့။ဘာပြောင်တာလဲ ရန်ကုန်ရောက်မှမေးကြည့်တော့။

ကဲပါဗျာ..ပေါက်ကရ မနောက်တော့ပါဘူး

Oct 21st  ရောက်တိုင်း ကိုဘလက်တစ်ယောက် ဘလက်ခ် သောက်ပြီး ဟပ်ပီးဘသ်ဒေး များကြီးပိုင်ဆိုင်နိုင်ပါစေရယ်လို ့

မြောင်းတကာ အူးဗိုက် ဘီအီးခိုက်မှ မွေးနေ ့ဆုမွန်ကောင်း စတင် တောင်းပေးလိုက်ပါတယ်ခင်ဗျား။

 

အားလုံးပဲ သီတင်းကျွတ်မှာ ကျွတ်ကြပါစေ။

(ကျွတ်ပြီးသားသူများ မပါ)

 

41 comments

  • Ma Ma

    October 17, 2013 at 9:46 am

    သူ့တိုရီးမွေးနေ့ကျမှပဲ ပေါ်လာဖော်ရတော့တယ်။

    မတွေ့ရတာကြာလို့လား မသိဘူး စိန်ဗိုက် ပိုရမ်းလာတယ်။ (အဗာတာက ပုံ ပြောပါတယ်။) 😀

    မွေးနေ့ရှင်အဖျော်ဆရာအကျော်လည်း နောက်ထပ်နောက်ထပ် မွေးနေ့ပေါင်းများစွာဆင်နွှဲနိုင်ပြီး မော်စရာအပျော်လေးတွေ ပြည့်ပါစေလို့……… 🙂

  • surmi

    October 17, 2013 at 9:47 am

    စိန်​ဗိုက်​​ရေ…
    ဝမ်​းသာလိုက်​တာကွာ
    တစ်​ရွာလုံးက ​မောင်​ရင်​့ကိုသတိယ​နေတာ
    ကဲကဲ … ြြြြပြန်​စလိုက်​ကြမယ်​​ ​နော…

    စိန်​ဗိုက်​ပြန်​လာခြင်​း သည်​လည်​း မင်္ဂလာ တတစ်​ပါးဖြစ်​သလို….
    ကိုဘလက်​ကြီးလည်​း ​မွေး​နေ့မှသည်​ သက်​ဆုံးတိုင်​ ​ပျော်​ရွှင်​ပါ​စေဗျား….

    ​လေးစားလျှက်​
    ရာဇာသံ​ချောင်​း 🙂

  • မဟာရာဇာ အံစာတုံး

    October 17, 2013 at 9:48 am

    ကျံဒါ မတိဘူးးး
    နင့်ပို့စ်တွေ့ဒေါ့ ဟိုသချင်း ဆိုလိုက်မိဒယ် …

    အခုလို ပျံလည် စုံတွေ့ရဒါ ဝမ်းသာ မဆုံးနိုင်ဘေ ..
    မီးဘုံးလှလှလေးဒွေ ရောင်စုံထွန်းး ထွန်းး လို့လေ …

    တားဂျီးးး
    အာဘွားးးး

    • မဟာရာဇာ အံစာတုံး

      October 17, 2013 at 9:57 am

      အခုမှ ပို့စ်ဖတ်ပီးတာ … ဟီးးးး

      ဥဘလက်ဂျီးတစ်ယောက် လာမယ့် ၂၁ ရက်မှာ ကျရောက်တဲ့ နှစ် ၆ဝ မွေးနေ့မှစလို့
      စိတ်အိ ချမ်းသာခြင်း၊ ကိုယ်အိ ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ဘာစေဂျောင်းး
      ညီငယ် ပူတူးတူးလေး အံချာဒုံးမှလည်း ဆုမွန်ဂေါင်း တောင်းပေးလိုက်ဘာဂျောင်းး

      • စိန်ဗိုက်ဗိုက်

        October 17, 2013 at 9:59 am

        ဟဲ့..
        ၆ဝ ပြည့်မွေးနေ ့မဟုတ်ပါဘူး
        အခုက ၅၉ နှစ်ပဲ စိပါသေးတယ်ဟဲ့

        • မဟာရာဇာ အံစာတုံး

          October 17, 2013 at 10:06 am

          နင်ဂ ဘာနဲ့ တိုင်းဒါဒုန်း
          ငါက ဟိုဒင်းနဲ့ တိုင်းဒါ …
          ဒါဂျောင့် ၆ဝ လို့ အတိအကျ ပေါဒါဘာ …

  • ဦးကျောက်ခဲ

    October 17, 2013 at 9:49 am

    ပြန်လာပြီလား ကိုရင်ဗိုက်… ဝမ်းသာတယ်ဗျာ….
    ကိုဂျီးဘလက်က ကျောက်စ်ထက် ၁နှစ်နီးနီး အသက်ကြီးတာမို့…
    ကြို… ဆုတောင်းပေးလိုက်မယ်… ဟတ်ပီးဘတ်ဒေး ချစ်ကိုဂျီး… ဟီး ဟီး
    😀

    • TNA

      October 17, 2013 at 10:53 am

      ဟယ်အိုက်လာဆိုကျောက်စ်က ၆ဝ ပေါ့ :mrgreen:

  • လုံမလေးမွန်မွန်

    October 17, 2013 at 10:00 am

    ပေါက်ဖော် ပြန်ရောက်တယ်ဆိုလို့ အပြေးလာခဲ့တာ ရောက်ရောက်ချင်း အီးနံ့သင်းသွားတယ် ။ 🙂

    မွေးနေ့ရှင် အူးလေးဘလက်ရော ပို့စ်တင်ပေးတဲ့ ပေါက်ဖော်ပါ ပျော်ရွှင်ကြပါစေနော

  • KZ

    October 17, 2013 at 10:01 am

    ကြိုဆိုပါတယ်။
    စိန်ဗိုက် ပြန်လာပြီဆို ဟိုတခါပြောထားတဲ့ အင်္ဂလိပ်စာသင်တန်းလေးဖွင့်လိုက်တော့မယ်နော်။

    😀

    ကိုဘလက် က အောက်တိုဘာသားပဲကိုးးးးး
    မွေးနေ့ရက်ရောက်မှ လက်ဆောင်ပေးတော့မယ်လို့ ဒီလူဂျီးကို။

    :mrgreen:

  • Wow

    October 17, 2013 at 10:07 am

    ဟယ် မူလလက်ဟောင်း စိန်ဗိုက် အစစ်နော်… ဂယ်ပြန်လာဘီပေါ့….
    လက်ကော ကောင်းသွားဘီလားဟင်…..

    • စိန်ဗိုက်ဗိုက်

      October 17, 2013 at 10:18 am

      ဟုတ်..
      ကောင်းပါတယ် ဒါပေမဲ့ အရင်လို တစ်စက္ကန် ့ကို လက်သီးလုံး တစ်ရာတော့ မထွက်တော့ဘူး
      ကိုးဆယ့်ရှစ်လုံးပဲ ထွက်တော့တယ်..
      ဝှစ်စ်..ဝှစ်စ်..ကိုးဆယ့်ရှစ်..

      • မဟာရာဇာ အံစာတုံး

        October 17, 2013 at 10:22 am

        ဟဲ့ .. ဟဲ့ …
        ရွာစောင့် အပျိုကြီး ကို ဘယ့်နှယ့် သွားထိုးတာဒုန်းး
        (လက်သီးနဲ့ ပေါဘာဒယ် …)

        • စိန်ဗိုက်ဗိုက်

          October 17, 2013 at 10:26 am

          ထိုးတော့ဘူးနော်..ဆိတ်စိုးနဲ ့..တိတ်တိတ်…

        • Wow

          October 17, 2013 at 10:30 am

          ဒီအံချာတော့ ပြားအောင် အထုခံချင်နေဘီ…
          စိန်ဗိုက်က ရပ်ကွက်ထဲက အရူးမဂျီးနဲ့ စေ့စပ်ထားတာ.. ဘာမှလဲ မသိပဲနဲ့.. အာ့ဂျောင့် နိဂို နာတို့ လုံမက အသေနှိပ်ကွပ်တာ… (ကြုံတုံး ရန်တိုက်မှ) :mrgreen:

  • Ma Ei

    October 17, 2013 at 10:15 am

    ကိုဘလက်မွေးနေ့ ဆုတောင်းနဲ့
    ဗိုက်ကလေး ပြန်လာခဲ့တာကိုး…
    ကြိုဆိုပါတယ်…
    မွေးနေ့ရှင်နဲ့အတူ ကျန်းမာပါစေကြောင်း
    ဆုတောင်းပေးပါတယ်နော်…

  • Myo Thant

    October 17, 2013 at 10:17 am

    ဘယ်လို ဘယ်လို

    သူက အောက်တိုဘာ ၂၁ ၊ ကောင်းရောကွာ

    ငါနဲ့ အတူတူပေါ့ ၊ ကဲ လာမယ့် တနင်္လာ ဝိုင်းလိုက်ရရင်ကောင်းမယ်

    အန်းနီးဝေး ဟက်ပီးဘတ်ဒေး

    ( အောက်တိုဘာ ၂၁ မှ အောက်တိုဘာ ၂၁ သို့ မွေးနေ့ဆုတောင်း )

    • Ko chogyi

      October 18, 2013 at 8:56 am

      ၂၁ ဖွား
      အောက်တိုဘာသားတို့
      ရာသီချိန်ခွင်
      တူရာသီတွင်
      မွေးဖွားကြသူ
      ကိုရွာသူတို့(ရွာသား)
      ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

  • alinsett

    October 17, 2013 at 10:43 am

    လေးဘလက် မွေးနေ့ ဆုတောင်းစကားလေးတွေနဲ့
    ဦးဗိုက်ကိုပြန်တွေ ့ရတာ
    မင်္ဂလာပါပဲဗျို့
    ကျနော်တို့ ဦးဗိူက်ကို လွမ်းနေတာ

    လေးဘလက်လည်း
    ပျော်ရွှင်ကြည်နူးဖွယ်ရာ နေ့ရက်များ
    ပိုင်ဆိုင်မြဲ ပိုင်ဆိုင်ပါစေ လို ့

  • TNA

    October 17, 2013 at 10:50 am

    အောင်မယ်လေး မသေလို့တွေ့ရဝမ်းသာလှ အဲဟုတ်ပေါင် ညီအေ ပျောက်လိုက်တဲ့အချက်နှယ့်နော်။ နာဒို့ကလွမ်းနေဒါအေ့။ ပြန်လာခဲ့ဘာအေ။ နောက်ကိုလဲညီးပိုစ့်ကလေးတွေဖတ်ချင်သေးတယ်အေ။
    ဦးဘလက်ရေ (–) နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သာမီးမော်ဒယ်လေးများနှင့်ပျော်နိုင်ပါစေ။ အသက်ရာကျော်ရှည်ပါစေ

  • Wow

    October 17, 2013 at 11:20 am

    မွေးနေ့ရှင်ကို ဆုတောင်းပေးဖို့ကျန်ခဲ့လို့ ပြန်လာတာ…
    အူးဘလက်တစ်ယောက် ဖြစ်ချင်ရာဖြစ်ပါစေ… (ခွက်ဒစ် မိဗုံ) :mrgreen:

  • ဦးဦးပါလေရာ

    October 17, 2013 at 12:31 pm

    ဒီလိုဆို​တော့ ကျုပ်​လဲဝင်​ဆု​တောင်​းရ​ပေမ​ပေါ့ ………..
    ချစ်​​သောတိုဘလက်​​ချောတစ်​​ယောက်​ ၃၃ နှစ်​မြောက်​​မွေး​နေ့မှာ ချမ်​း​မြေ့​ပျော်​ရွှင်​ပါ​စေ။

    (ဒါမှ ကီးမားပလာတာ​​ မ​ကျွေး​သေးရင်​ ဒင်​့ကို ​သေခန်​းဖြတ်​မယ်​)

    🙂

  • Yin Nyine Nway

    October 17, 2013 at 12:47 pm

    ဟယ် ဦးဘလက်က အနော်ထက် 1ရက်ပဲ ကြီးတယ်တော့ …
    ဟက်ပီဘက်တေးပါ ဦးဘလက်

  • Yin Nyine Nway

    October 17, 2013 at 12:48 pm

    ဟယ် ဦးဘလက်က အနော်ထက် 1ရက်ငယ်တာပဲ
    ဟက်ပီဘက်တေးပါ ဦးဘလက်

  • ရွှေတိုက်စိုး

    October 17, 2013 at 1:27 pm

    ဟဲ့ကောင်မ ငဗိုက် ညည်းနှယ့်အေ နေရက်လိုက်တာ တကယ်ပဲ… ဘယ်သွား သဝေထိုး သငယ်ရှာနေသဒုံး..
    ညည်းဟာကလဲ ဗုံးတွေကွဲမှ ပဲ ပေါ်လာတော့တာပဲအေ………….

    ဟိုလူကြီးအသက်က ၄၄ နှစ် တိတိ ဗျို..
    ဟိုကျန်ခဲ့တဲ့နှစ်က ကျုပ်အဖေ ၄၂ မှာ ဆုံးသွားတာ… သူက ကျော်သွားတော့ အားရဝမ်းသာပြောသွားသေးတယ်..ဟိဟိဟိ
    အသက်ဘယ်လောက်ဖစ်ဖစ် ဟက်ပီးဘတ်ဒေး ဘက်ဒေးမှာ မိန်းမှဆီက ဘက်ထားတဲ့ ငွေယားလေးတွေနဲ. ကျွန်တော်တို.ကို ဘီဘီတိုက်………. ခွိ

  • amatmin

    October 17, 2013 at 1:40 pm

    ပြန်တွေ့လို့ ဝမ်းသာသဗျ ကပေါက်ဖော် ။
    အူးလေးကျောင်းဒကာကြီးလည်း လှည်းတန်းကစမောလေးနဲ့တင်မက..
    အနိတ်ဂလေးဒွေ နဲ့ ခန ခန .စနိုင်ဘာဇေ.။
    မွေးနေ့မှာလည်း ကျော်ဒို့ကို ရွှေရည်လောင်းနိုင်ပါစေ နော့..။
    😀

  • ငဂျစ်

    October 17, 2013 at 1:54 pm

    အများဒကာက ကိုရင်ဗိုက်ကို ဝိုင်းဝန်းကျိုဇိုနေဒေါ့ ကျနော်လည်းရောယောင်ပြီး ကျုိုဇိုလိုက်ပါတယ်
    သဘက်ခါရဲ့ သဘက်ခါနေ့မှာ ကျရောက်မယ့် ဘဘဘလက်ရဲ့ အသက် (—) ပြည့်မွေးနေ့အတွက်လည်း
    မွေးနေ့လက်ဆောင် comment အတိုအထွာတစ်ခု ရေးပေးထားခဲ့ပါတယ်………

  • Swal Taw Ywet

    October 17, 2013 at 2:09 pm

    စိန်ဗိုက်ဗိုက်ရေ။
    ဝမ်းမြောက်စွာကြိုဆိုပါတယ်ဗျာ။
    Happy Birthday ကိုဘလက် ။ဦးမျိုးသန့်။ နွေးသီး။
    ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
    With respect,
    Swal Taw Ywet.

  • kai

    October 17, 2013 at 2:22 pm

    ဘာလိုလိုနဲ့.. သိကြတဲ့နှစ်တွေကြာခဲ့ပြီပေါ့..
    အရင်ကဆုတောင်တွေသတိရရင်း.. ပြောပါတယ်..
    နှစ်တွေကျိုးကျိုးကျသွားတာ… ဒီနှစ်ကိုယ်ခေါင်းကိုယ်ဆံပင်အဖြူတွေအရမ်းမြင်ရတော့မှ.. သတိပိုပိုထားမိတယ်…။

    ဆိုတော့…
    ထုံးစံအတိုင်း… :mrgreen:

  • Mr. MarGa

    October 17, 2013 at 2:46 pm

    ဝဲလ်ကမ်းဘတ် ကပေါက်ဖော်
    ဟက်ပီးဘက်ဒေး ဘဘ ဘလက်
    ဆက်လက် ဆက်လက် ကာ ပို့စ်တွေလည်းတင်
    ပျော်ပျော်ရွှင်ရွှင်နဲ့
    ဒီရွာထဲမှာ ကဲနိုင်ကြစေသဒီးးးး

  • kyeemite

    October 17, 2013 at 3:40 pm

    မိစိန်ဗိုက်…
    ညည်းနှယ်အေ..နေနိုင်လိုက်တာ..
    ခုမှပေါ်တော်မူလာပေတော့တယ်
    ရွာထဲ ငါအော်ခေါ်နေတာလည်း အသံတွေတောင်ပြာနေပြီ
    ဟို နားစွန်နားဖျားရပ်ကွက်က တွံတေးဘလက်ချော မွေးနေ့တော့ ညည်းမမေ့ဘူဘဲကိုး
    ကိုင်း..ရဲဘော်ဘလက်ရေ…ဘလက်လေဘယ်လေးနဲ့ကြွခဲ့ဗျို့…

    ဒီအောက်တိုဘာက မွေးနေ့တွေကျင်းပရမှာများသားကလား မိစိန်ဗိုက်ရဲ့…
    မဒမ်မိုက်က ၁၉ ရက်နေ့
    ဘေဘီမိုက်က ၂၃ ရက်နေ့
    ကိုဘလက် နဲ့ ကိုမျိုးသန့်က ၂၁ ရက်နေ့….
    ဆိုတော့..အောက်တိုဘာလအတွင်းကျရောက်သောမွေးနေ့ ရှင်များအားလုံး
    စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းဖြင့် ချစ်သောမိသားစုများနဲ့
    ပျော်ရွှင်ချမ်းမြေ့စွာ..နေချင်သလောက်နေသွားနိုင်ပါစေသတည်း…
    😀

    • ဦးဦးပါလေရာ

      October 17, 2013 at 4:04 pm

      မဝေဝေ ရဲ့ မွေးနေ့ကိုရော ထည့်မပြောတော့ဘူးလား ကိုမိုက်ရဲ့ …

      သူက ကြာဆံကြော်တောင် ကျွေးထားတဲ့ဟာကို

      :harr:

      အဲ .. ဒီလရော အရင်လကရော နောက်လရော မွေးသမျှ မွေးနေ့ရှင်တွေ နှလုံးစိတ်ဝမ်း ချမ်းမြေ့သာယာကြပါစေ ….

  • စိန်ဗိုက်ဗိုက်

    October 17, 2013 at 3:53 pm

    သဒင်းမေးတဲ့လူတွေကော ကြိုစိုတဲ့လူဒွေကော အော်ခေါ်တဲ့ အူးမိုက်ကော ကျော် ကျေးဇူးတင်ပါတယ်..ဗျား..
    အားလုံးပဲ စော်ကြည်ထီပေါက် နိုက်ကလပ်ရောက်ကြပါစေလေး..

    • ဦးဦးပါလေရာ

      October 17, 2013 at 4:07 pm

      စော် ကတော့ နေပါစေကွယ်- အဘတို့က အသက်လဲကြီးလှပါပြီ
      ထီ ကလဲ ကိုယ်က ထိုးလေ့မရှိတော့ သူများပဲ ပေါက်ပါစေတော့ …
      အဲ … နိုက်ကလပ်ကတော့ မောင်ရင်သွားရင် ကျုပ်ကိုလဲ လက်တို့ဦး…
      :mrgreen:

  • အရီးခင်

    October 17, 2013 at 4:57 pm

    စက်တင်ဘာ ၂၃ ကနေ အောက်တိုဘာ ၂၂ ထိ ချိန်ခွင်ကိုင် သော Libra zodiac များ
    ကဘလက်၊ ကိုမျိုး၊ ဝေဝေ၊ မဒမ်မိုက် တို့ နဲ့ အောက်တိုဘာ ၂၃ ဖွား လက်မအကြီးကြီးနဲ့ Scorpio zodiac ဘေဘီမိုက်လေး ရေ …….
    A Very Happy Birthday!!!!!
    စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒများ အားလုံး ပြည့်ဝကြပါစေ။

    Libra zodiac Positive Traits
    T hey are gifted with a strong sense of justice and fair play, and have fine analytical abilities.
    Librans are sensitive to others and understand the emotional needs of their associates.
    They are optimistic and cheerful people and have an ability to charm and delight their friends and acquaintances.
    Librans are not loners, and do better in partnership both in their personal, and in their business life.

    Main positive traits: Romantic, cooperative, gracious, sociable, tactful, diplomatic.

    ကက်သရင်းဇီတာဂျုံး လဲ Libra zodiac ပါရှင်။ 😉

    အထူးမှတ်ချက် –
    ဘာအတွက်ကြောင့်ဘဲ အသံလာပေးပေး။
    ဒီ အသံလေး မြင်လိုက်ရတာဘဲ ဝမ်းသာမဆုံးပါ မောင်ဗိုက် ရေ။ 😛

  • koyinmaung

    October 17, 2013 at 5:38 pm

    ဟဲ့…စိန်ဗိုက်ဗိုက်ရေ ခုလိုရွာထဲပြန်ရောက်လာတာတွေ့ရလို့
    ဝမ်းသာပါတယ်…
    မင်းမရှိတော့ရွာထဲခြောက်ကပ်ကပ်နဲ့သရဲခြောက်ခံရတာလဲခဏခဏ…
    ကိုကြီးမိုက်ဆို ရွာသူရွာသားတွေကို သတိဆွဲ တပ်တွေဘာတွေလှန့်ယူရပါရောလာ….
    စိန်ဗိုက်ဗိုက်ကျန်းမာရေးကောင်းလာပြီဆိုလို့အထူးဝမ်းသာပါတယ်..စိန်ဗိုက်ဗိုက်ရေ…….
    ကိုဘလက်ချေားကြီးမွေးနေ့ဆိုတော့ယခုမွေးနေ့မှနောင်မွေးနေ့ပေါင်းများစွာ
    ပျော်ရွင်စရာမိသားစုနဲ့အတူဖြတ်သန်းနိုင်ပါစေဗျာ……….

  • padonmar

    October 18, 2013 at 9:16 am

    မိစိန်ဗိုက်ခေါ် ပြာပြာဖော်
    ညည်းနှယ်အေ။
    စိမ်းကားလိုက်တာ။
    ကလေး ဘယ်နှစ်ယောက်ရမှ ရွာပြန်လာတာဒုံး။
    ကျိဇမ်း၊ခါးထစ်ခွင်ထားတာက တယောက် ၊လက်ဆွဲထားတဲ့ တောက်တောက်ပြေးက တယောက် ၊
    ဗိုက်ထဲမှာရော ပါလာသေးလား။
    ရွာထဲမလည်း လူဦးရေတိုးနေပြီ။
    ဒက်ဒီတိုက်တို့ မာမီနွေးသီးတို့ မာမီဆူးတို့ဖြစ်ကုန်ကြပြီ။
    ညည်းပြန်လာတော့ ခုထိ ရွာကို လှည့်မကြည့်ကြသေးတဲ့
    လူစိမ်းကားတွေကို လွမ်းတယ်အေ။
    ………..
    အောက်တိုဘာမွေးနေ့ရှင် အားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။
    ကိုယ်ကျန်းမာ၊စိတ်ချမ်းသာကြပါစေ။

  • ရွှေ ကြည်

    October 18, 2013 at 5:49 pm

    အူးဗိုက် ပျံလာဘီ ပျံလာဘီ 😀
    လေးဘလက်ရေ သက်ဆုံးတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ

  • Nyein Nyein

    October 18, 2013 at 7:11 pm

    လေးဘလက်ရော၊ ဦးမျိုးပါ….. ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေလို့ဆုတောင်းပါတယ်။ 🙂
    အူးဗိုက်ရေ….. မတွေ့ရတာကြာပေါ့။ ကျန်းမာရေးအခြေအနေကော ဘယ်လိုလဲ။ အဆင်ပြေတယ်ဟုတ်။

  • ကိုရင်စည်သူ

    October 19, 2013 at 11:33 am

    ပေါက်ဖော်.. မင်း.. မင်း.. တော်တော် အသည်းနှလုံး အူ ကလီစာ ကျောက်ကပ်မရှိတဲ့သူဂျီး
    နှစ်ချီအောင် ရွာကို ပစ်ထားရက်တယ်… ဖားကန့်တက်ပီး ကျောက်တူးတာ အောင်တယ်လဲ
    သတင်းကြားဒယ်.. ဘီအီးတော့ တိုက်အုလေကွာ… :mrgreen:
    အူးဘလက်မွေးနေ့နဲ့ အတူ ပြန်ပေါ်လာလို့ ဝမ်းသာပါဒယ်ဂွာ..
    အသက် ၂ဝကျော် ဦးဘလက် စော်ကြည်၊ ထီပေါက်၊ နတ်ပြည်ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်..

Leave a Reply