ကိုရီးယားပဲကြာဇံကြော် easy cook

weiweiOctober 16, 20131min29117

အခုတလော ကိုရီးယားစတိုင်တွေ မြန်မာပြည်ထဲမှာ ခေတ်စားနေပါတယ်။ အဝတ်အထည်တွေလဲ ကိုရီးယားစတိုင်မှ ခေတ်မှီနေသလိုဖြစ်နေတယ်။ ကိုရီးယားဇာတ်ကားတွေထဲက ကြော်ညာကောင်းလွန်းလို့ ကိုရီးယားအစားအစာတွေလဲ လူကြိုက်များနေကြတယ်။
ဘာပဲဖြစ်ဖြစ် စားနေကျအရသာကနေ အပြောင်းအလဲဖြစ်အောင် ဒီနေ့ ကိုရီးယားပဲကြာဇံကြော် လုပ်စားဖြစ်တယ်။ ပထမဆုံးအကြိမ် လုပ်တာဖြစ်ပေမယ့် အဆင်ပြေပြီး အရသာရှိတယ်။ အရမ်းလဲ လွယ်တဲ့အတွက် ကြော်ညာပေးလိုက်ပါတယ်။

ပါဝင်သောပစ္စည်းများ
ရယ်ဒီမိတ်ပဲကြာဇံအထုတ်ကြီးတစ်ထုပ်၏ သုံးပုံတစ်ပုံ
ကြက်သား အနည်းငယ်
ဂေါ်ဖီ … ပန်းဂေါ်ဖီ … မုန်လာဥနီ … မှိုဖြူ …. ငရုတ်ပွစိမ်း .. ဆီ … ဆား … သကြား … ပဲငံပြာရည် အကြည် … အနောက် .. ခရုဆီ

ပြုလုပ်ပုံအဆင့်ဆင့်
ပဲကြာဇံများကို တစ်နာရီခန့် ရေစိမ်ထားရပါတယ်။ ရေစိမ်ထားစဉ်မှာ ထည့်ကြော်ချင်သည့် အသီးအနှံများကို အနေတော်လှီးဖြတ်ပြီး ရေဆေး ရေစစ်ထားပါမယ်။ ရေစိမ်ပြီးသား ပဲကြာဇံများကို ရေနွေးပွက်ပွက်ဖြင့် တစ်မိနစ်ခန့်ပြုတ်ပြီး ရေအေးဖြင့် ပြန်ဆေးပြီး စစ်ထားမယ်။ အကြော်အိုးထဲ ဆီထည့်ပြီး ကြက်သားသေးသေးလှီးထားတာအရင်ထည့်ပါမယ်။ ခဏလောက်နေမှ အသီးအရွက်တွေကို ထည့်ကြော်မယ်။ နူးခါနီးဖြစ်လာရင် ဆား၊ သကြား၊ ပဲငံပြာရည် အကြည် အနောက်နဲ့ ခရုဆီထည့်ပါမယ်။ အရည်ခပ်ရွှဲရွှဲအနေအထားမှာ ကြာဇံကို ထည့်ပြီး အားလုံးရောမွှေပါတယ်။ တရုတ်နံနံအနံ့ကြိုက်တတ်ရင် မီးပိတ်ခါနီး တရုတ်နံနံနဲနဲအုပ်ပေးလိုက်လို့ရပါတယ်။

စီးတီးမတ်မှာ ဝယ်လို့ရတယ်
စီးတီးမတ်မှာ ဝယ်လို့ရတယ်
ကဲ ... စားလို့ရပါပြီ ...
ကဲ … စားလို့ရပါပြီ …

17 comments

  • ဦးကျောက်ခဲ

    October 16, 2013 at 3:29 pm

    ကိုရီးယားဆိုရင်တော့ ဓာတ်မကျလို့ ကြက်ဥကြော်လေး ငုံးဥလေး ထပ်ဖြည့်ပြီး…
    ရိုးရိုး ခေါက်ဆွဲကြော်၊ ကြာဆန်ကြော်ပဲ ကြော်စားတော့မယ်… ဟီး ဟီး
    😀

  • Ma Ma

    October 16, 2013 at 4:24 pm

    လုပ်ရတာ လွယ်သားပဲ။
    ကြည့်ရတာလည်း စားကောင်းမယ့်ပုံပဲ။
    ပဲကြာဇံလည်း ကြိုက်တယ်။
    လုပ်စားကြည့်အုံးမယ်။ 🙂

  • KZ

    October 16, 2013 at 7:13 pm

    ဟယ်။
    ကြိုက်တယ်တော့
    ကြာဇံကို ဘာလုပ်လုပ်။
    ကိုရီးယားကြာဇံကြော်လေး စားပြီးတော့ ကိုရီးယားကားလေးကြည့်ရင်း ကိုရီးယားမင်းသားလေးတွေ ငမ်းရမယ်။

    😀

  • padonmar

    October 16, 2013 at 8:21 pm

    ပဲကြာဇံက ဆန်ကြာဇံထက် စားကောင်းတယ်။
    ခပ်မာမာလေးဆိုတော့ ပိုအရသာရှိသလိုပဲ။
    အီးဇီးလည်းဖြစ်တော့ လေးဇီးတွေတွက် အကြိုက်ပေါ့။

  • alinsett

    October 16, 2013 at 9:07 pm

    ကျွန်တော်ကတော့…ထုံးစံအတိုင်းပဲ…

    :kwi:

  • ဦးဦးပါလေရာ

    October 17, 2013 at 8:09 am

    ပဲကြာဆံက အရသာနှစ်မျိုးကိုပေးတယ်-
    စားရတဲ့ အရသာရယ်
    ဝါးစပ်ထဲမှာ အခြားအရာတွေနဲ့ကွဲပြီး လျှာကိုထိတွေ့တဲ့အရသာရယ် … ပေါ့
    ပြောရရင် မြန်မာအစားအစာထဲမှာ အဲသလို ပါးစပ်ထဲအထိအတွေ့ကိုအရသာခံတာ သိပ်တောင်မရှိဘူး…။

    ဒါကြောင့် အသုပ်စုံလိုဟာမျိုးမှာ ကျန်တဲ့ ပါဝင်ပစ္စည်းတွေ ဘယ်လို တထပ်ထဲတူအောင်ထည့်ထည့်
    ပဲကြာဆံပါတာနဲ့ မပါတာ အရသာ အများကြီးကွာတယ်..။

    လက်လုပ်ခေါက်ဆွဲကောင်းကောင်းတို့ ပဲကြာဆံတို့ကို ကြော်စားရင်-
    အဲဒါမှ တကယ် စား တဲ့ အရသာထွက်တာ…။

  • Wow

    October 17, 2013 at 9:06 am

    ဗမာပဲကြာဇံနဲ့ကော လုပ်စားလို့ ရလားဟင်… ပဲကြာဇံသုတ်ကို ချဉ်ငံစပ်လေး ကြိုက်တယ် 🙂

    • weiwei

      October 17, 2013 at 7:27 pm

      ဒါက ပဲကြာဇံအလုံးကြီးကြီးတွေကို အသားပေးတာပါ ..
      ဗမာပဲကြာဇံနဲ့မတူဘူး …
      အရသာလဲ ကွဲပါတယ် … တစ်ခါလောက် လုပ်စားကြည့်လိုက်ပါလား …

  • မဟာရာဇာ အံစာတုံး

    October 17, 2013 at 10:51 am

    ကြာဆံကြော်ဆို
    ဒီက ကိုကိုအံ က သိပ်သိပ် ခိုက်ဒါ ..
    ဒါလေး မှတ်ထားလိုက်ဒယ် …
    သန်းကျူးးး ရှဲရှဲ ဂျီးဒေါ်

  • TNA

    October 17, 2013 at 10:56 am

    တခါမှမစားဖူးဘူး။ လုပ်စားကြည့်လိုက်အုံးမယ် မဝေရေ။ ဆွမ်မွှေးကျောက်ကျောလုပ်နည်းလေးလဲ တင် ပေးပါအုံး။ မလုပ်တတ်လို့။ စမ်းလုပ်ချင်လို့။

    • weiwei

      October 17, 2013 at 7:34 pm

      ဆွမ်းမွှေးကျောက်ကျော တင်ပေးမလို့ ကော်နက်ရှင် မကောင်းတာနဲ့ မတင်ဖြစ်တာ …
      မကြာခင်တင်ပေးမယ် … အရသာက အဆင်ပြေပေမယ့် သိပ်မလှဘူးဖြစ်နေတယ် …

      • TNA

        October 17, 2013 at 8:48 pm

        မလှလဲ အရသာကောင်းပီးရောပေါ့နော့မဝေရာ။ အာဟိ။ လုပ်နည်းလေးသိချင်လို့ပါ။ ကွန်နက်ချင်ကောင်းရင်စောင့်မျှော်နေဘာမည်။

      • blue lady

        October 18, 2013 at 12:23 pm

        ဆွမ်းမွှေးကျောက်ကျော အရမ်းကြိုက်ပါတယ် မဝေ၊ မဝေတင်ပေးမယ်ဆိုလို့ မျှော်နေပါတယ်။ ကြိုပြီးလဲ ကျေးဇူးတင်လိုက်ပါတယ်။

  • Ma Ei

    October 17, 2013 at 11:46 am

    ပဲကြာဇံကိုတော့ ကြော်တာ၊သုတ်တာ အပြင်
    ကြာဇံချက် ၊ ပဲဟင်းထဲခတ်၊ ဟင်းချိုခတ်
    အကုန်ကြိုက်တော့တာပါဘဲ…
    🙂

  • manawphyulay

    October 17, 2013 at 4:33 pm

    မမဝေရဲ့ အကြော်အလှော်တွေ မစားရတာ ကြာလို့ ပဲကြာဇံကြော် လာစားတာပါ။
    နောက်လည်း အမြဲလာစားမယ်နော်။

  • အရီးခင်

    October 17, 2013 at 5:13 pm

    စားပြီးပါပြီ။ ကျေးဇူးကြီးပါ ဝေ။ 😛

  • တညင်သား

    October 24, 2013 at 8:05 pm

    ခိုယီးရားကြာဇံကို မြန်မာ စားလို့ရအောင် တရုတ်လို ကြော်ထားတာထင်တယ်… ခိုယီးရားတွေ ပန်းဂေါ်ဖီပွင့် မစားဘူးးးးးးးးးးးးးးးး

Leave a Reply