ပွင့်ဖြုုမြို့နယ် သစ်တောဦးစီးဌာနရုံး မီးလောင်မှုဖြစ်ပွားခဲ့၍ သစ်တောဦးစီးအားအမှုဖွင့်အရေးယူ

Hlaing Zar ChiOctober 16, 20131min670

    ပွင့်ဖြူမြို့နယ် သက်တော်ရှည်ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်းအတွင်း အောက်တိုဘာ(၁၆)ရက်နေ့ည(၁) နာရီ(၅)မိနစ်ချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် တစ်ထပ်လူနေအိမ်(၁)လုံးနှင့်မြို့နယ် သစ်တော ရုံးတစ်ခု မီး လောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အဆိုပါနေည(၁)နာရီ(၅)မိနစ်ချိန်က ဝါယာရှော့ဖြစ်ပြီးမီးစတင်လောင်ကျွမ်းခဲ့ကြောင်းမီလောင်မှု ကြောင့် သစ်တောဝန်းအတွင်းရှိ မြို့နယ် သစ်တော ဦးစီးမှူး ဦးသီဟစော နေထိုင်သည့် တစ်ထပ်နေအိမ်(၁)လုံးနှင့် တစ်ထပ်ခြေ တံရှည် မြို့နယ်သစ်တောရုံးတစ်ရုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်(၃၄၂၂၀၀၀)ရှိကြောင်း အဆိုပါမီးလောင်ရာ သို့ မြို့နယ် မီးသတ်တပ်ဖွဲ့ မီးသတ်ယာဉ်(၂)စီး၊အရန်မီးသတ်တပ်ဖွဲ့မှမီးသတ်ယဉ်(၁)စီး၊နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ လူအင်အား(၇၀)ကျော်မှ ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရကြကြောင်း သိရှိရ သည်။အဆိုပါ မီးလောင်မှုအား မြို့နယ်မီးသတ် တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးရှိန်မင်းထက်မှအရေးယူပေးရန်တိုင်တန်းသဖြင့် မြို့နယ်သစ်တောဦးစီးမှူး  ဦးသီဟစောအား ပွင့်ဖြူမြို့မရဲစခန်းမှ (ပ)၇၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။