မင်းတုန်းမြို့နယ် ၊ပေါက်ကိုင်းကျေးရွာနေ ဦးသောင်းရွှေနှင့်ဇနီးဖြစ်သူ ဒေါ်လှလှ တို့သည် အောက်တိုဘာ(၁၅)ရက်နေ့ နံနက်(၁၀)နာရီချိန်က နေအိမ်နောက်ဖေး ခြံစည်းရိုးတွင် သန့်ရှင်းရေးပြုလုပ်ခဲ့စဉ် ဗုံသီးဟောင်း တစ်လုံးတွေ့ရှိခဲ့သဖြင့် မင်းတုန်းမြို့မရဲစခန်း ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ထွန်းအောင်နှင့်နယ်ထိန်းအဖွဲ့၊ စရဖ တပ်ကြပ်ကြီး ခင်ဦးနှင့်အဖွဲ့၊ဒေသ ခံကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် အတူသွားရောက် စစ်ဆေးရာ ဗုံးသီးဟောင်းသည် အလျား(၁၇)လက်မ၊လုံးပတ်(၁၁) လက်မခန့်ရှိကြောင်း ဗုံးမှာပြောင်ချော၍သံချေးများတက်နေကြောင်းစစ်ဆေးတွေ့ရှိရကြောင်း  အဆိုပါ ဗုံးပေါက်ကွဲမှုမဖြစ်စေ ရေး အတွက် သဲအိတ်များဖြင့်ကာရံထိန်းသိမ်းထားရှိကာ သက်ဆိုင်ရာ ခလရ(၄၄)မှ တပ်ရေးဗိုလ်ကြီး တင်မောင်ညွန့်ထံ ဆက်သွယ်    ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

About Hlaing Zar Chi

Ohnmar Khin has written 64 post in this Website..